2 ပတ် - ဘာသာပြန်ပါ။

နည်းပညာတိုက်ပွဲတွေပါ ပါဝင်လာပြီလား

အမေရိကန်စစ်တပ်ကနေ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta, OpenAI နဲ့ Palantir (ဆော့ဖ်ဝဲထောက်လှမ်းရေး နည်းပညာကုမ္ပဏီ) တို့ရဲ့ အကြီးတန်းနည်းပညာရှင်များကို စစ်တပ်အရာရှိအဖြစ် တစ်ပတ်အတွင်း တာဝန်ထမ်းဆောင်ရန် အမိန့်ပေးလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်စစ်တပ်ကနေ “Executive Innovation Corps” လို့ အမည်ရတဲ့ Detachment 201 အထူးတပ်ခွဲအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပြီး ဒီအထူးတပ်ဖွဲ့အသစ်မှာ Meta, OpenAI နဲ့ Palantir တို့ရဲ့ အကြီးတန်းနည်းပညာရှင်များက ပါဝင်ထမ်းဆောင်ရမယ်လို့ ဆိုလာတာပါ။
ဒီအဖွဲ့မှာဆိုရင် Andrew Bosworth (Meta CTO), Kevin Weil (OpenAI CPO) , Shyam Sankar (Palantir CTO) နဲ့ Bob McGrew (OpenAI အရင်က သုတေသနအကြီးအကဲ) တို့ ပါဝင်ပြီး Lieutenant Colonel (စစ်တပ်အရာရှိ) အဆင့်ဖြင့် ခန့်အပ်ထားတဲ့အပြင် အချိန်ပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။

နည်းပညာတိုက်ပွဲတွေပါ ပါဝင်လာပြီလား

အမေရိကန်စစ်တပ်ကနေ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta, OpenAI နဲ့ Palantir (ဆော့ဖ်ဝဲထောက်လှမ်းရေး နည်းပညာကုမ္ပဏီ) တို့ရဲ့ အကြီးတန်းနည်းပညာရှင်များကို စစ်တပ်အရာရှိအဖြစ် တစ်ပတ်အတွင်း တာဝန်ထမ်းဆောင်ရန် အမိန့်ပေးလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်စစ်တပ်ကနေ “Executive Innovation Corps” လို့ အမည်ရတဲ့ Detachment 201 အထူးတပ်ခွဲအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပြီး ဒီအထူးတပ်ဖွဲ့အသစ်မှာ Meta, OpenAI နဲ့ Palantir တို့ရဲ့ အကြီးတန်းနည်းပညာရှင်များက ပါဝင်ထမ်းဆောင်ရမယ်လို့ ဆိုလာတာပါ။
ဒီအဖွဲ့မှာဆိုရင် Andrew Bosworth (Meta CTO), Kevin Weil (OpenAI CPO) , Shyam Sankar (Palantir CTO) နဲ့ Bob McGrew (OpenAI အရင်က သုတေသနအကြီးအကဲ) တို့ ပါဝင်ပြီး Lieutenant Colonel (စစ်တပ်အရာရှိ) အဆင့်ဖြင့် ခန့်အပ်ထားတဲ့အပြင် အချိန်ပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

imageimage
2 ပတ် - ဘာသာပြန်ပါ။

ဂျက်အင်ဂျင်တပ် ကမ္ဘာ့ပထမဆုံး မိုးပျံ AI စက်ရုပ်

AI စက်ရုပ်တွေ လေပေါ်ပျံတဲ့ခေတ်ကို မြင်ရတော့မှာပါ။

အခုကိုပဲ ကမ္ဘာ့ပထမဆုံး မိုးပျံ humanoid တစ်မျိုး အီတလီနိုင်ငံ IIT က ပညာရှင်တွေ စမ်းသပ်နေပါပြီ။ ဒီစက်ရုပ်ကို iRonCub3 လို့ ခေါ်ပါတယ်။ ကျောဘက်မှာ Jetpack အသေးနှစ်ခု ၊ လက်မောင်းမှာနှစ်ခု စုစုပေါင်း မိုက်ခရိုဂျက်အင်ဂျင် ၄ လုံးတပ် ပထမဆုံး လူတူစက်ရုပ်ပါ။

ဂျက်အင်ဂျင်တွန်အားက နျူတန် ၁၀၀၀ ကျော်ပြီး စက်ရုပ်အလေးချိန်က ၇၀ ကီလိုဂရမ်ရှိပါတယ်။ တာဘိုင်တွေကနေ ဂတ်စ် ၈၀၀ ဒီဂရီစင်တီဂရိတ်အထိ ထုတ်လွှင့်နိုင်ပါတယ်။ အင်ဂျင်အပူကို ခံနိုင်အောင် တိုက်တေနီယမ်ကျောရိုး spine နဲ့ လာပြီး အရေးကြီးအစိတ်အပိုင်းတွေကိုလည်း အပူခံပြားနဲ့ ကာထားတာပါ။

လေထဲမှာ ပျံသန်းချိန် ဟန်ချက်ထိန်းနိုင်ဖို့ flight control models တွေနဲ့ အချိန်နဲ့တပြေးညီ လေခွင်းအားတွက်စနစ်တွေပါ ထည့်ထားပါတယ်။ iRonCub3 ရဲ့ ခြေလက်တွေက လူအတိုင်း ဖြစ်ပြီး လေထဲရောက်ရင် လက်ခြေအနေအထားတွေ အလိုက်သင့် ပြောင်းနိုင်မယ့် ဒီဇိုင်းနဲ့ လာပါတယ်။

IIT ပညာရှင်တွေက မီလန်ပိုလီတက္ကနစ်က ပညာရှင်တွေနဲ့ ပေါင်းပြီး လေလမ်းကြောင်း wind tunnel စမ်းသပ်ခဲ့သလို စက်ရုပ်မှာ machine learning ထည့်ဖို့အတွက်လည်း စတန်းဖို့ဒ်တက္ကသိုလ်နဲ့ အလုပ်လုပ်ခဲ့တာပါ။ ဒီ AI စနစ်တွေက စက်ရုပ်ကို လေထဲ လက်ခြေ အလိုက်သင့် ပြောင်းနိုင်ပြီး အဆင်းအတက်တွေ အဆင်ပြေစေမှာပါ။

အခု စမ်းသပ်ချိန်မှာတော့ iRonCub3 က မြေပြင်အထက် ၅၀ စင်တီမီတာ (၁ ပေခွဲကျော်) ပျံဝဲပြတာ တွေ့ရပါတယ်။ ဒါက နှစ်နှစ်ကြာ ကြံဆလာတဲ့ ပရောဂျက်ဖြစ်ပြီး လောလောဆယ် IIT ရဲ့ lab ခန်းထဲမှာပဲ စမ်းတာပါ။ နောက်ဆို ဂျီနိုအာလေဆိပ် သီးသန့် ပျံသန်းဇုန်မှာ စမ်းသပ်ဖို့လည်း ရှိပါတယ်။

တချိန်မှာ iRonCub3 လို မိုးပျံစက်ရုပ်တွကို ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးမစ်ရှင်တွေဘက် အသုံးပြုနိုင်ဖို့ အိပ်မက်ရှိကြပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။

ChatGPT အသုံးများရင် ဦးနှောက်ထိခိုက်နိုင်

MIT က ပညာရှင်တွေ ပြောသလိုဆို AI chatbot သုံးရတာ သိပ်ပျော်ဖို့ မကောင်းတော့ဘူး။

အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား လူ ၅၄ ယောက်ကို အုပ်စု ၃ စုခွဲပြီး MIT ပညာရှင်တွေ သုတေသနလုပ်ပါတယ်။ သူတို့သုတေသနလုပ်ပုံက အုပ်စုတစ်စုကို ChatGPT သုံးပြီး SAT အက်ဆေးတွေ ရေးခိုင်းပါတယ်။

ကျန်တဲ့ အုပ်စုနှစ်စုမှာ တစ်စုကို Google ရဲ့ search သုံးခိုင်းပြီး နောက်ဆုံးအုပ်စုကို ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားရေးဆိုပြီး ခိုင်းတာပါ။ အဖွဲ့တစ်ဖွဲ့ချင်းစီ အက်ဆေးရေးနေချိန်မှာ ဦးနှောက်လှိုင်းတွေကို EEG သုံး စောင့်ကြည့်ပါတယ်။

အဖွဲ့ ၃ ခုမှာ ChatGPT အကူအညီနဲ့ အက်ဆေးရေးတဲ့အဖွဲ့က ဦးနှောက်အနည်းဆုံး သုံးတာ တွေ့ရပြီး ကျန်တဲ့ အုပ်စုတွေနဲ့ ယှဉ်ရင် အာရုံကြော ၊ ဘာသာသိမှု ၊ အပြုအမူ level တွေမှာ အောက်ဆုံး ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးနှောက်အားကိုးတဲ့အဖွဲ့ကတော့ အာရုံကြောချိတ်ဆက်မှု အမြင့်ဆုံးဖြစ်ခဲ့တာ ပြပြီး စူးစမ်းလိုစိတ်ပိုမြင့်ခဲ့တာပါ။ သူတို့ရေးတဲ့ အက်ဆေးအတွက်လည်း ကျေနပ်အားအရဆုံးဖြစ်ခဲ့ပါတယ်။ Google Search သမားတွေကလည်း အားရကျေနပ်မှုမြင့်ခဲ့ပြီး ဦးနှောက်လုပ်ဆောင်ချက်တွေ တက်ကြွခဲ့တာပါ။

ChatGPT သုံးသူတွေကိုပဲ AI မသုံးဘဲ စာရေးခိုင်းချိန်မှာ သူတို့ဦးနှောက်က အချိတ်အဆက်အားနည်းခဲ့တာ ပြပါတယ်။ ဒီလေ့လာမှုမှာ တွေ့လိုက်ရတာ တစ်ခုက ChatGPT သုံးတာက ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ လေ့လာမှုအပိုင်းဆိုင်ရာအပိုင်းတွေ လှုပ်ရှားမှုထိုးကျခဲ့တယ်ဆိုတာပါပဲ။

ChatGPT အားကိုးနဲ့ အက်ဆေးရေးထားတဲ့သူတွေက ကိုယ်ရေးတဲ့စာထဲက အကြောင်းအရာတောင် ပြန်မမှတ်မိနိုင်အောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒါက အက်ဆေးရေးပြီး မိနစ်ပိုင်းနဲ့တင် မေ့သွားကြတာပါ။ နောက်တစ်ချက်ကတော့ ChatGPT သုံးတဲ့သူတွေဟာ ကြာလေလေ အပျင်းထူလေလေလို့လည်း ဆိုပါတယ်။

ဒီသုတေသနက လူနည်းနည်းနဲ့ စမ်းသပ်ထားတဲ့ သုတေသနဆိုပေမယ့် LLM မော်ဒယ်တွေ အားကိုးလွန်းတာက ရေရှည်မှာ လူကို ခပ်ပိန်းပိန်းဖြစ်စေနိုင်တယ်ဆိုတာကို ဂရုပြုမိစေမယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။

ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်ဦးမယ့် Microsoft
ဒီတစ်ခေါက် အလုပ်ပြုတ်မယ့် Microsoft ဝန်ထမ်းတွေက Sales Team က လူတွေပါ။
လူ ၆၀၀၀ ကျော် အလုပ်ဖြုတ်တာ တစ်လလောက်ပဲ ရှိသေးပေမယ့် Microsoft က နောက်ထပ် လူထောင်နဲ့ချီ အလုပ်ဖြုတ်ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ Bloomberg က လာတဲ့ သတင်းအရဆို နောက်လဆန်းပိုင်းမှာ နောက်တစ်သုတ် အလုပ်ဖြုတ်ပွဲ စတော့မှာပါ။
Microsoft ဝန်ထမ်းအင်အားက မနှစ် ဇွန်လအထိ ၂၂၈၀၀၀ ရှိပါတယ်။ အဲ့ထဲက ဝန်ထမ်း ၄၅၀၀၀ လောက်က အရောင်းနဲ့ မားကတ်တင်းပိုင်းကပါ။ မေလလူလျှော့ချိန်က ထုတ်ကုန်နဲ့ အင်ဂျင်နီယာပိုင်းက လူတွေ အဓိကပြုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက် လူလျှော့ချိန်မှာ Sales & Marketing အလုပ်တွေ မပါခဲ့ပေမယ့် အဲ့ဒီကတည်းက အသေးစားနဲ့ အလတ်စား စီးပွားရေးတွေအတွက် ဆော့ဖ်ဝဲလ်ရောင်းတဲ့အလုပ်ကို အပြင် third-party လုပ်ငန်းတွေဆီ တိုးအပ်တော့မယ်ဆိုပြီး အသိပေးထားတာ ရှိပါတယ်။
Microsoft က ဒီနှစ်ထဲ တောက်လျှောက် လူလျှော့လာတာပါ။ အခုထိ လူလျှော့တဲ့ကိစ္စက မရပ်သေးပါဘူး။ တစ်ဖက်မှာလည်း လူလျှော့ပြီး AI ဘက်ကို ငွေပုံအော သုံးလာနေပါတယ်။ Microsoft က ဒီနှစ်ထဲ AI အခြေခံအဆောက်အဦပိုင်းမှာ ဒေါ်လာဘီလျံ ၈၀ အထိ သုံးဖို့ အစီအစဉ်ရှိပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေက တစ်ဖက်က လူလျှော့ပြီး တစ်ဖက်က AI ကို လုပ်ငန်းခွင်ထဲ ပိုသုံးလာနေပါတယ်။ ဒီတစ်ပတ် ဇွန် ၁၇ ရက်နေ့ကပဲ Amazon CEO အန်ဒီဂျက်ဆီက Generative AI နဲ့ AI agent တွေကြောင့် အလုပ်တွေ ထပ်ပြုတ်ကြမယ်လို့ သတိပေးထားပါတယ်။

image

Funny video

2 ပတ် - ဘာသာပြန်ပါ။

အီလွန်မတ်စ်ရဲ့ Starlink ကို စိန်ခေါ်ဖို့ ဥရောပရဲ့ ခြေလှမ်းသစ် 🛰️🇫🇷

ဥရောပရဲ့ ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီကြီး Eutelsat ဟာ ပြင်သစ်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုငွေ ၁.၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံမှု ရရှိသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီငွေကြေးထောက်ပံ့မှုဟာ အီလွန်မတ်စ်ရဲ့ Starlink ကို ယှဉ်ပြိုင်နိုင်ဖို့နဲ့ ဥရောပတိုက်ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင် ဂြိုဟ်တုအင်တာနက်ကွန်ရက်ကို တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုကြောင့် ပြင်သစ်အစိုးရဟာ Eutelsat ရဲ့ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာမှာဖြစ်ပြီး ဥရောပရဲ့ အာကာသနည်းပညာကဏ္ဍမှာ ဦးဆောင်သူဖြစ်လာရေးအတွက် အခိုင်အမာ ပံ့ပိုးပေးလိုက်တာလည်း ဖြစ်ပါတယ်။

📈 ရင်းနှီးမြှုပ်နှံမှုရဲ့ နောက်ကွယ်က မဟာဗျူဟာ

ဒီငွေကြေးကို Eutelsat က ဘယ်လိုအသုံးပြုသွားမလဲဆိုတာက စိတ်ဝင်စားစရာပါ။ သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ ကမ္ဘာပတ်လမ်းကြောင်းအနိမ့် (Low Earth Orbit - LEO) မှာရှိတဲ့ သူတို့ရဲ့ ဂြိုဟ်တုကွန်ရက်ကို တိုးချဲ့ဖို့ပါပဲ။

၁။ OneWeb ကွန်ရက် တိုးချဲ့ခြင်း

Eutelsat ဟာ သူတို့ပိုင်ဆိုင်တဲ့ OneWeb ဂြိုဟ်တုကွန်ရက်အတွက် နောက်ထပ် ဂြိုဟ်တုအလုံး ၁၀၀ ထပ်မံတည်ဆောက်ဖို့ Airbus ကုမ္ပဏီနဲ့ လက်တွဲထားပါတယ်။ ဒီဂြိုဟ်တုတွေဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ခြင်းလိုမျိုး ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

၂။ IRIS² စီမံကိန်းမှာ ပါဝင်ခြင်း

ဥရောပသမဂ္ဂ (EU) က ယူရို ၁၀ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် IRIS² လို့ခေါ်တဲ့ လုံခြုံရေးမြင့်မားတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စီမံကိန်းကြီးမှာ Eutelsat က အဓိကအခန်းကဏ္ဍကနေ ပါဝင်သွားမှာပါ။ ဒီစီမံကိန်းဟာ ဥရောပတိုက်ရဲ့ ကိုယ်ပိုင်လုံခြုံရေးနဲ့ ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

Starlink နဲ့ ဘာကွာခြားမလဲ? 💡

Starlink က လူတစ်ဦးချင်းအသုံးပြုသူတွေ (Consumer) ကို အဓိကထားပေမယ့် Eutelsat ကတော့ မဟာဗျူဟာအရ ကွဲပြားတဲ့လမ်းကြောင်းကို ရွေးချယ်ထားပါတယ်။

B2B နှင့် B2G ကို အဓိကထားခြင်း : Eutelsat ဟာ စီးပွားရေးလုပ်ငန်းကြီးများ (Business-to-Business) နဲ့ အစိုးရအဖွဲ့အစည်းများ (Business-to-Government) အတွက် ဝန်ဆောင်မှုပေးဖို့ သီးသန့်အာရုံစိုက်သွားမှာပါ။ လေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများနဲ့ အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ဆက်သွယ်ရေးတွေက သူတို့ရဲ့ အဓိကဈေးကွက် ဖြစ်လာမှာပါ။

ဒီမဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဟာ အာကာသနည်းပညာလောကမှာ အမေရိကန်ရဲ့ Starlink တစ်ဦးတည်း လွှမ်းမိုးနေမှုကို စိန်ခေါ်လိုက်တာဖြစ်ပြီး ဥရောပရဲ့ နည်းပညာနဲ့ အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရန်ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မှ AI နည်းပညာအတွက် ကျင့်ဝတ်ဆိုင်ရာ မူဘောင်ချမှတ်ရန် တောင်းဆို
ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံရပြီး မကြာမီမှာပင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က Artificial Intelligence (AI) နည်းပညာကို သူ၏ ပုပ်ရဟန်းမင်းဘဝ သက်တမ်းအတွင်း အဓိကအာရုံစိုက်မည့် အကြောင်းအရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး၊ ယင်းနည်းပညာအတွက် ကျင့်ဝတ်ဆိုင်ရာ မူဘောင်တစ်ခု ချမှတ်ရန် တိုက်တွန်းလိုက်သည်။
ရောမမြို့၊ ဗာတီကန်တွင် ကျင်းပသော နည်းပညာကုမ္ပဏီကြီးများမှ ထိပ်သီးအမှုဆောင်များ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ တက်ရောက်သည့် နှစ်ရက်ကြာ ညီလာခံသို့ သတင်းစကားပါးရာတွင် ဤသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဓိကစိုးရိမ်မှုများနှင့် တိုက်တွန်းချက်များ
ပုပ်ရဟန်းမင်းကြီးက AI နည်းပညာ၏ အကျိုးကျေးဇူးများကို အသိအမှတ်ပြုသော်လည်း အောက်ပါအချက်များကို အလေးထား စဉ်းစားရန် တိုက်တွန်းခဲ့သည်။
၁။ လူသား၏ ဂုဏ်သိက္ခာ - AI နည်းပညာ တိုးတက်မှုတိုင်းသည် လူသားတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို ထိခိုက်ခြင်းမရှိစေဘဲ အလေးထားသည့် “ကျင့်ဝတ်ဆိုင်ရာ စံနှုန်း” (ethical criterion) တစ်ခုကို လိုက်နာရမည်။ AI သည် လူသားများကဲ့သို့ ကိုယ်ပိုင်အသိစိတ်၊ ကိုယ်ချင်းစာတရားနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူနိုင်စွမ်းမရှိသော “ကိရိယာ” တစ်ခုသာဖြစ်သည်ကို မမေ့ရန် အရေးကြီးကြောင်း သူက အလေးပေးပြောကြားခဲ့သည်။
၂။ လူငယ်များအပေါ် သက်ရောက်မှု - AI ၏ အလွန်အကျွံအသုံးပြုမှုက ကလေးသူငယ်များနှင့် လူငယ်များ၏ ဉာဏ်ရည်ပိုင်း၊ အာရုံကြောပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ခြင်းအပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ အချက်အလက်များကို အလွယ်တကူရရှိခြင်းသည် ဉာဏ်ပညာအစစ်အမှန်နှင့် မတူကြောင်း သူက သတိပေးခဲ့သည်။
၃။ အလုပ်သမားနှင့် တရားမျှတမှု - AI သည် စက်မှုတော်လှန်ရေးသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး၊ ယင်းက အလုပ်သမားများ၏ အခွင့်အရေး၊ တရားမျှတမှုနှင့် လူမှုဘဝအပေါ် စိန်ခေါ်မှုများစွာ သယ်ဆောင်လာနိုင်သည်။
၄။ အမှန်တရားနှင့် သတင်းအမှားများ - “Deepfakes” ကဲ့သို့သော နည်းပညာများဖြင့် သတင်းအချက်အလက်အမှားများကို ဖန်တီးဖြန့်ဝေခြင်း၊ လူထုထင်မြင်ချက်ကို ကြိုးကိုင်ခြင်းတို့အတွက် AI ကို အလွဲသုံးစားလုပ်နိုင်သည့်အပေါ် စိုးရိမ်ကြောင်း အမေရိကန် ဘုန်းတော်ကြီးများအဖွဲ့ကလည်း ပုပ်ရဟန်းမင်းကြီး၏ သဘောထားကို ထောက်ခံတင်ပြခဲ့သည်။
ဗာတီကန်၏ ရပ်တည်ချက်
ဤညီလာခံကို ဗာတီကန်တွင် ကျင်းပခြင်းသည် AI နှင့်ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးမှုများတွင် ချာ့ခ်ျအနေဖြင့် တက်ကြွစွာ ပါဝင်လိုသည့် ဆန္ဒကို ပြသနေသည်။ ဗာတီကန်တွင် တိုက်ရိုက်ထိန်းချုပ်နိုင်သည့် အာဏာမရှိသော်လည်း၊ AI နည်းပညာကို လူသားအကျိုးအတွက် မှန်ကန်စွာအသုံးချရေးနှင့် တာဝန်ယူမှုရှိသော စီမံအုပ်ချုပ်မှုများ ပေါ်ပေါက်လာရေးအတွက် အစိုးရများနှင့် ကုမ္ပဏီများကို ဆက်လက်တိုက်တွန်းသွားမည် ဖြစ်သည်။
OpenAI, Anthropic, IBM, Meta ကဲ့သို့သော AI ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ဤညီလာခံသည် နည်းပညာတိုးတက်မှုနှင့် လူသားတို့၏ တန်ဖိုးထားမှုများအကြား ဟန်ချက်ညီစေရန် ရည်ရွယ်သည်။

image
2 ပတ် - ဘာသာပြန်ပါ။

BBC က AI Startup တစ်ခုဖြစ်တဲ့ Perplexity ကို တရားစွဲဖို့ ခြိမ်းခြောက်
ဗြိတိန်အခြေစိုက် နာမည်ကျော်သတင်းဌာန BBC ဟာ AI နည်းပညာကုမ္ပဏီ Perplexity ကို သူတို့ရဲ့ သတင်းအကြောင်းအရာတွေ ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေတယ်ဆိုပြီး တရားဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ် ။
BBC ရဲ့ စွပ်စွဲချက်များ
BBC ရဲ့ အဓိကစွပ်စွဲချက်ကတော့ Perplexity ဟာ သူတို့ရဲ့ သတင်းနဲ့ အခြားအကြောင်းအရာတွေကို ခွင့်ပြုချက်မရှိဘဲ “scraping” (အချက်အလက်များ ဆွဲယူခြင်း) လုပ်ပြီး AI ကို လေ့ကျင့်သင်ကြားပေးရာမှာ အသုံးပြုခဲ့တယ်ဆိုတာပါပဲ ။
ဒါ့အပြင် Perplexity AI ဟာ သတင်းတွေကို အကျဉ်းချုပ်ဖော်ပြရာမှာ မှားယွင်းမှုတွေရှိနေပြီး၊ ဒါက BBC ရဲ့ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ ယုံကြည်ကိုးစားနိုင်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ် ။
ဒါကြောင့် BBC က Perplexity ကို သူတို့ရဲ့ content တွေ သုံးစွဲနေတာ ချက်ချင်းရပ်တန့်ဖို့နဲ့ သိမ်းဆည်းထားတဲ့ BBC နဲ့ သက်ဆိုင်တဲ့ အချက်အလက်အားလုံးကို ဖျက်ပစ်ဖို့ တရားဝင်စာပို့ တောင်းဆိုခဲ့ပါတယ် ။
Perplexity ဘက်က တုံ့ပြန်မှု
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ Perplexity ဘက်ကတော့ BBC ရဲ့ လုပ်ရပ်ဟာ အခွင့်အရေးယူတာဖြစ်ပြီး၊ နည်းပညာနဲ့ မူပိုင်ခွင့်ဥပဒေတွေကို နားလည်မှုလွဲမှားနေတာကို ပြသနေတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ် ။
ဒီအဖြစ်အပျက်ဟာ AI ခေတ်မှာ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး BBC ဘက်က ပထမဆုံးအကြိမ် ကြီးကြီးမားမား ဥပဒေကြောင်းအရ အရေးယူဖို့ လုပ်ဆောင်လာတာဖြစ်လို့ နည်းပညာလောကမှာ အာရုံစိုက်မှု မြင့်တက်နေပါတယ် ။

image
2 ပတ် - ဘာသာပြန်ပါ။

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar Drone
ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြင့်မောင်းနှင်နိုင်သည့် Drone တစ်စင်းကိုမိတ်ဆက်လိုက်သည်။၎င်းသည် ပင်လယ်ပြင်စောင့်ကြည့်ရေးလုပ်ငန်းများအတွက် ရက်ပေါင်း ၃၀ (၁လ)ခန့် မောင်းနှင်နိုင်သောယာဉ်တစ်စင်းဖြစ်သည်။

Boeing 747 ထက်အတောင်ပံပိုကြီးပြီး အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိသောအဆိုပါ Drone သည် နေရောင်ခြည် စွမ်းအင်ကိုအသုံးပြု၍ အလယ်အလတ်အမြင့်ထိပျံသန်းနိုင်သည်။Thales ၏ AI စွမ်းအင်သုံး AirMaster S ရေဒါအမျိုးအစားပါဝင်ပြီး ဒေတာပေးပို့မှုများကို ဝေဟင်၊ကုန်းမြေနှင့်ပင်လယ် တို့မှအချက်အလက်များကိုအချိန်နှင့်တပြေးညီ စောင့်ကြည့်ပေးပို့နိုင်သည်ဟုသိရသည်။

အဆိုပါ Drone ဖြင့် တရားမဝင်မှောင်ခိုကုန်ကူးမှုကို ခြေရာခံခြင်း၊ ပင်လယ်ဓားပြတိုက်ဖျက်ရေး လုပ်ငန်းများကိုလုပ်ဆောင်ရန်နှင့်ပင်လယ်ပြင်ကိုစောင့်ကြည့်ရန် တည်ဆောက်ထားသည်။

Skydweller Aero သည်နာမည်ကြီး Solar Impulse Project မှ မျိုးဆက်အသစ်အဖြစ်ပေါ်ထွက်လာပြီး ယခုပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ခေတ် Transatlantic (အမေရိကန်-ဥရောပ) ကာကွယ်ရေးနည်းပညာပူးပေါင်းမှုအသစ်အဖြစ်ထင်ဟပ်စေသည်။

image