🍮❛ကြက်ဥပူတင်း❜🍮
__________________
မွှေးမွှေးစိမ့်စိမ့်ပူတင်းလေး
ကိုယ်တွေကပူတင်းဆိုရင် အိတုံတာထက် အဲ့လို စေးစေးလေးပိုကြိုက်တာ🤭
ဦးစွာ......
🥚ကြက်ဥ ၅လုံး
🥛နွားနို့ 300ml(ပို့ထည့်လို့လည်းရ)(ရေရောထည့်လည်းရ)
🍼နိူ့ဆီ ထမင်းစားဇွန်း 2ဇွန်း
🌾ဂျုံမှုန့် ထမင်းစားဇွန်း 2ဇွန်း
🍯သကြား ထမင်းစားဇွန်း 2ဇွန်း(အချိုကလိုသလိုထည့်ပါ)
🧂ဆားလေးနဲနဲ
အပေါ်ကဟာတွေအကုန်ကို သကြားေကြတဲ့ထိရောမွှေထားပါ၊
ပေါင်းမည့်ဗန်းအောက်ခံတွက် အကြားတူးရည်လုပ်ပါမယ်.... အိုးတခုတွင် သကြား ထမင်းစားဇွန်း ၃ဇွန်းလောက် ရေနဲနဲနှင့် အရောင်ညိုလာသည်ထိ မွှေပြီးကြိုပေးပြီး ပေါင်းမည့်ခွက်ထဲ လောင်းထည့်ပါ....
သကြားတူးရည်ထည့်ပြီး ခနနေပြီးမှ
ပူတင်းအရည်ကို ဇကာလေးနှင့်စစ်ထည့်ပါ ၊ သေချာလေးရေလုံအောင် ပိတ်ပြီး
ပေါင်းမည့်အိုးထဲ ရေနွေးပူရင် ပူတင်းဗန်းထည့်ပြီးမိနစ် ၂၀/၂၅ လောက်ပေါင်းပြီး ခနလောက်အအေးခံပြီးရင် လိုသလိုလှီးဖြတ်စားသောက်လို့ရပါပြီ။
(ကိုယ်တွေက စားခါနီးကြိုပြီး နို့စိမ်း သို့ နွားနို့လေးစမ်းပြီးမှစားတယ်ရှင့်🤭😁)
❗(ပူတင်းကျက်မကျက်သေချာသိချင်ရင် သွားကြားထိုးတံလေးနဲ့ ပူတင်းခွက်အလယ်လကိုစိုက်ပြီးထုတ်ကြည့်လို့ ပူတင်းအရည်တွေမပါရင်ကျက်ပါပြီ)
