2 ရက် - ဘာသာပြန်ပါ။

Ilia Topuria က Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့ကို ဆက်တိုက်အလဲထိုးပြီး UFC P4P Ranking မှာ အဆင့် (၁) ဖြစ်သွားပြန်တော့ Islam Makhachev ရဲ့ မန်နေဂျာ Ali Abdelaziz က ထိခိုက်ပူဆွေးနေရှာတယ်။
လူမှုကွန်ရက်မှာ မန်နေဂျာ Ali Abdelaziz က ဆက်ပြောသေးတယ်။ Islam Makhachev က နိုင်ပွဲဆက်နေတဲ့ Alexander Volkanovski နဲ့ Charles Oliveira တို့ကို ဦးချိုးလာတာပါတဲ့။ အခုချိန်မှာ Ilia Topuria လို Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့လို အိုကြီးအိုမဖြစ်နေတဲ့ ကစားသမားတွေကို နိုင်ခဲ့တာမဟုတ်ပါဘူးတဲ့။
မန်နေဂျာ Ali Abdelaziz ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ Ilia Topuria အလဲထိုးဖူးတဲ့ Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့က Prime Time ကျော်နေပြီလေ။ Islam Makhachev က UFC P4P Ranking မှာ အဆင့် (၂) ဖြစ်သွားလို့သာ အခုလို မလိုတမာပြောလာတယ်လို့ ယူဆနိုင်ပေမယ့် စကားပြောရာမှာ အချက်အလက်ကင်းလွတ်သွားတာမျိုး မဟုတ်ပါဘူး။
Islam Makhachev က Charles Oliveira ကိုနိုင်ပြီး ချန်ပီယံဖြစ်သလို ချန်ပီယံကာကွယ်ပွဲ (၄) ကြိမ်ထိုးနိုင်တာမို့ ခါးပတ် (၅) ခုရှိတယ်။ Ilia Topuria က ခါးပတ် (၃) ခုတည်းရှိတာပါ။ အဲဒါကြောင့်မို့ Islam Makhachev က P4P Ranking မှာ အဆင့် (၁) ဖြစ်သင့်တယ်ပေါ့လေ။ ဒါဆိုရင် UFC P4P Ranking မှာ အဆင့် (၁) ဖြစ်၊ မဖြစ်ကို ခါးပတ်အရေအတွက်အတိုင်း သတ်မှတ်ရမှာလား။ ဒါဆိုရင် မန်နေဂျာ Ali Abdelaziz ကိုလည်း ထောက်စရာဖြစ်လာတယ်။ ခါးပတ်အတိုင်းဆိုရင် Islam Makhachev လည်း UFC P4P Ranking မှာ အဆင့် (၁) ဖြစ်မှာ မဟုတ်ဘူး။
UFC အဖွဲ့အစည်းမှာ Jon Jones ထက် ခါးပတ်များတဲ့ ကစားသမားမရှိပါဘူး။ ချန်ပီယံကာကွယ်ပွဲတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ပွဲဝေးနေတာမို့ Islam Makhachev က အဆင့် (၁) ဖြစ်သွားရတာပါ။ အခုလို Islam Makhachev က ပွဲဝေးနေချိန်မှာ Ilia Topuria က အဆင့် (၁) ဖြစ်နေချိန်မှာ သောကဝေလို့ မဖြစ်ပါဘူး။ ကိုယ်တိုင်ကလည်း ခါးပတ်ဘုရင် အဆင့် (၁) Jon Jones ပွဲဝေးတုန်းမှာ ကြားဖြတ်ဝင်ဦးထားတာပဲမလား။

image
2 ရက် - ဘာသာပြန်ပါ။

အခြားလူကို ပန်းပေးရင်
အရင်ဆုံး ကိုယ့်လက်မှာ ရနံ့တွေ ကျန်ရစ်သတဲ့...

ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။

2 ရက် - ဘာသာပြန်ပါ။

Conor McGregor အကြောင်းကို တွေးမိတာပါ။ သူကောင်းတုန်းက လွှတ်ကောင်းတာပါ။ ပြိုင်ဘက်တွေကို လုပ်ချင်တိုင်းလုပ်ပြလာတယ်။ ဘယ်လက်ကလေးကို ဝင့်ကာဝင့်ကာနဲ့။ စတိုင်ကလည်း မိုက်၊ ကစားဟန်ကလည်း လှ၊ တော်ကီကလည်း ကောင်း၊ ပါဝါကလည်း ရှိ။
ထုတ်ဖော်ဝန်ခံတာ ရှိဖူးသလို ရေငုံနှုတ်ပိတ်နေတာလည်း ရှိနိုင်ပေမယ့် ဒီနေ့ခေတ်ထိပ်တန်းအများစုက နုစဉ်ဘဝမှာ Conor McGregor ကို အားကျဖူးတာပဲ။ Khamzat Chimaev တို့ Ilia Topuria တို့ဆိုရင်လည်း သူ့လွှမ်းမိုးမှုမကင်းဘူး။
အကောင်းဆုံးအချိန်မှာ Conor McGregor က ပြိုင်ဘက်တွေထက် နှာတစ်ဖျားတင်မကဘဲ ခေါင်းတစ်လုံးသာတယ်။ ဒါပေမယ့် သန်းရာချီချမ်းသာလာတော့ အားကစားကို အရင်လောက် အာရုံမစိုက်တော့ဘူး။ အဲဲဒီအချိန်မှာ ပြိုင်ဘက်တွေက တိုးတက်လာပြီး ကျော်တက်သွားကြတာပဲ။
Conor McGregor နဲ့ Floyd Mayweather တွဲဆိုင်းက လူစိတ်ဝင်စားမှုများတယ်။ သူ့ခေတ်သူ့အခါကပေါ့လေ။ အခုချိန်မှာ စဉ်းစားကြည့်ရအောင်။ UFC Top Striker နဲ့ Boxing Champion ကို ဘောက်ဆင်ပွဲတည်ပေးရင် ပရိသတ်တွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ Boxing Champion ကပဲ စားသွားမယ်ဆိုတာ ကြိုသိနေပြီလေ။ ဟိုးအရင်က ဒီလိုဘယ်ဟုတ်ပါ့မလဲ။ အဲဒါကြောင့်မို့ Conor McGregor က အချီကြီးရသွားတာပါ။
"လူဘဝဆိုတာ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါ။ ဒါပေမယ့် နေ့ရက်တိုင်းမှာ ငွေဝင်နေဖို့ ကြိုးစားပါ"
Conor McGregor နဲ့ Michael Chandler တွဲဆိုင်းက ဖြစ်မလာခဲ့ဘူး။ ခြေချောင်းကျိုးလို့ ပွဲပျက်သွားတယ်ဆိုပေမယ့် ဒဏ်ရာသက်သာရင် ပြန်ထိုးလို့ရသားပဲ။ Conor McGregor ကိုက စာမလိပ် စိတ်မလာတော့တာပါ။ ဟိုတလောက ဘားမှာ အရပ်သားတစ်ယောက်ကို ထိုးလိုက်သေးတယ်။ ဟိုဘက်က တရားပြန်မစွဲတော့ အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်လိုက်ပါဘူး။ တကယ့်လူ။
Conor McGregor ရဲ့ Mindset က တစ်မျိုး။ ပွဲထိုးမယ်၊ ငွေရှာမယ်၊ နားမယ်။ အသက်ကြီးတဲ့အထိ ပွဲထိုးနေမှာ မဟုတ်ဘူးတဲ့။ ထိုးကြေးက ဆေးဖိုးဖြစ်သွားရင် မကောင်းဘူးလေ။ ငွေကြေးဖူလုံရင် လှည့်မကြည့်ဘဲ အပြီးနားချင်တာပါ။ အခုလည်း လူကုံထံဖြစ်နေပြီဆိုတော့ အရင်လို စိတ်အားတက်ကြွမှုမရှိတာဖြစ်မယ်။
Conor McGregor ဘာလုပ်နေလဲလို့မေးရင် ပြောဖို့ခက်ပါတယ်။ သမ္မတရွေးကောက်ပွဲပဲ ဝင်မလိုလို၊ မိသားစုကိုပဲ အချိန်ပေးမလိုလို၊ ရွက်လှေပေါ်မှာ ဇိမ်ခံမလိုလို။ အားလုံးက လိုလိုလိုလိုတွေချည်းပါပဲ။ ပွဲထိုးဖို့ ပြင်ဆင်နေတာ မဟုတ်တာတော့ သေချာတယ်။ ပြိုင်ဘက်တွေက စကားစရင်တောင် လှည့်မကြည့်တော့ဘူး။ အေးတာပဲကွယ်။

image
2 ရက် - ဘာသာပြန်ပါ။

ဒီရက်ပိုင်းမှာ ထူးခြားဖြစ်စဉ်ကို ပြောရရင် Tyson Fury နဲ့ Oleksandr Usyk တတိယပွဲကို ဧပြီလ (၁၈) ရက်မှာ ကစားမယ်တဲ့။ လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေဘောလုံးကွင်းတဲ့။
Oleksandr Usyk နဲ့ Turki Alalshikh တို့က ဘာမှမပြောသေးပါဘူး။ Tyson Fury ကပဲ ထုတ်ဖော်ပြောတာမို့ ယုံရခက်ကြီးပါ။ အနားမယူသေးဘဲ ပွဲပြန်ထိုးမှာက သေချာလောက်ရှိပြီ။
Jake Paul က ဘောက်ဆင်မှာ အဆင့်ချိတ်သွားပါပြီ။ WBA Cruiserweight Ranking မှာ အဆင့် (၁၄) ဖြစ်သွားတာပါ။ (၆) ပွဲဆက်နိုင်ထားတာမို့ ပုံရိပ်အရ အဆင့်ချိတ်သွားပုံပေါ်တယ်။
သမ္မတကြီး Donald Trump က အိမ်ဖြူတော်မှာ UFC Event လုပ်မယ်တဲ့။ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ထူးခြားဖြစ်စဉ်ပါ။ နောက်နှစ်မှဆိုတော့ ဒီကြားထဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။
အိမ်ဖြူတော်မှာ ကျင်းပမယ့် UFC Event မှာ Conor McGregor က ကစားချင်ပါတယ်တဲ့။ ကျွန်တော်လည်း ပါမယ်လို့ သမ္မတကြီး Donald Trump ကို လှမ်းပြောထားပါတယ်။

image
2 ရက် - ဘာသာပြန်ပါ။

နေကြာပန်းလေးတွေရဲ့ အဓိပ္ပါယ်က

“ အချိန်မရွေးပြန်လာလိုရတယ် စောင့်နေပါမယ်တဲ့ ”
🌻💛

image
2 ရက် - ဘာသာပြန်ပါ။

အေးအေးဆေးဆေးနေတတ်ရုံကလွဲရင် ကိုယ်ကချေမိုးနေတာမဟုတ်ပါဘူး

ရင်းနှီးတဲ့လူတချိုနဲ့ ပေါတောတောနေတတ်ပေမယ့်
ကိုယ်က ရောချင်တိုင်းရောလိုရတဲ့ လူမျိုးမဟုတ်ပြန်ဘူး။

ကိုယ်ကရှင်းတယ် သာလဲမပေါင်းသလို ညာလဲမစားဘူး

စိတ်မပါရင် ဘယ်သူနဲ့မှ အရောအဝင် မလုပ်တတ်ဘူး
တခါတလေ အေးစက်တယ်၊ တိတ်ဆိတ်တယ်ဆိုတာက မလိုတဲ့သူတွေအတွက်ပါဘဲ

မေတ္တာဖြစ်စေ၊ စေတနာဖြစ်စေ ထိုက်တန်တဲ့လူတွေကိုဘဲ ပေးတာမို တကိုယ်ကောင်းဆန်တယ်လို ပြောချင်ပြောနိုင်ပါတယ်။

image
2 ရက် - ဘာသာပြန်ပါ။

ဘာလိုအပ်နေလဲ မေးတဲ့သူထက်
လိုတာလေး အလိုက်တသိ လုပ်ပေးတဲ့သူကို
သဘောကျတာ မမှားပါဘူး

ဂရုစိုက်ပေးပါလို တောင်းဆိုစရာမလိုပဲ
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုတာမမှားသလို

ကြင်နာပေးပါလို ပြောစရာမလိုပဲ
ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ
ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်

လိုအပ်နေတာက
ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ လိုတာပါ။

image
2 ရက် - ဘာသာပြန်ပါ။

ဆက်ဆံရေးတိုင်းမှာ
ငါ့စိတ်နဲ့ ငါ ဆိုတဲ့ အတွေးနဲ့ လုပ်ချင်ရာလုပ် ပြောချင်ရာပြောခဲ့ပြီးမှ...
ဒါလေးပြောလိုက်မိတာများဆိုတာတော့ မဟုတ်သေးဘူး။
" ဒါလေး"များဆိုတဲ့ စကားလုံးလေးထဲမှာ တဖက်လူရဲ့
အရှက်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ စိတ်ခံစားမှုတွေပါနေတယ်ဆိုတာကို
မေ့ထားလို့မရဘူး။
လူသားဆန်ချင်ရင် စာနာစိတ်ကို အရင်းတည်ပြီး
ပြောဆိုဆက်ဆံ ပေါင်းသင်းရတယ် ။
စည်းနဲ့ ကမ်းနဲ့ လေးလေးစားစား
ဆက်ဆံတတ်ရတယ်တဲ့။
[ပုဆိန်က မမှတ်မိပေမဲ့ သစ်ပင်ကတော့ မမေ့ဘူးဆိုတဲ့
စာသားလေးကို တကယ် သဘောကျမိတယ်]

image
2 ရက် - ဘာသာပြန်ပါ။

အကောင်းဆုံးပါ
အချို့ပြသနာတွေက ဖြေရှင်းတာထက်
ရှောင်ထွက်လိုက်တာ အကောင်းဆုံးပါ..။
အချို့ စကားလုံးတွေက ပြောလိုက်တာထက်
မျိုသိပ်လိုက်တာ အကောင်းဆုံးပါ..။
အချို့ လူတွေက အလျော့ပေးပြီးနေတာထက်
ဥပေက္ခာ ပြုပေးလိုက်တာ အကောင်းဆုံးပါ..။
အချို့ မျော်လင့်ချက်တွေက မျော်လင့်နေတာထက်
ကိုယ်တိုင် ရိုက်ချိုးပစ်လိုက်တာ အကောင်းဆုံးပါ..။
အချို့ အသံတွေက နားစွင့်နေတာထက်
နားပိတ်ထားလိုက်တာ အကောင်းဆုံးပါ..။
အချို့ မြင်နေရတာတွေက ကြည့်မိတာထက်
မမြင်ချင်ယောင် ဆောင်ပေးလိုက်တာ အကောင်းဆုံးပါ..။
အချို့ ဆက်ဆံရေးတွေက
သံသယနဲ့ လက်တွဲနေတာထက်
လက်တွဲဖြုတ်လိုက်တာက အကောင်းဆုံးပါ..။

image
2 ရက် - ဘာသာပြန်ပါ။

稻田

image