Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Philanthropy Management Software Market to Grow Significantly as Charitable Organizations Embrace Digital Solutions
The global Philanthropy Management Software market is poised for significant growth as charitable organizations, foundations, and non-profits increasingly adopt digital tools to streamline their operations, enhance donor engagement, and improve transparency in fundraising. As the philanthropic sector continues to evolve, technology has become a vital enabler for organizations seeking to better manage their resources and impact. Philanthropy management software is enabling these organizations to automate donation processing, manage donor relations, track grants, and provide detailed reports that improve decision-making and accountability.
Read Full Research Study: https://marketintelo.com/repor....t/philanthropy-manag
Course Authoring AI Market Poised for Robust Growth Driven by Digital Learning Expansion
The global Course Authoring AI market is witnessing remarkable growth as educational institutions, corporate training programs, and online learning platforms increasingly adopt artificial intelligence technologies to streamline course development. Course authoring AI leverages advanced machine learning algorithms to automate content creation, personalize learning experiences, and enhance engagement, enabling faster deployment of high-quality educational modules. The rising adoption of e-learning and digital training initiatives is a key factor propelling market expansion.
Read Full Research Study: https://marketintelo.com/repor....t/course-authoring-a
How Digital Freight Brokerage Is Transforming Logistics
The Digital Freight Brokerage Market is undergoing a transformative shift as logistics providers increasingly adopt digital platforms to improve efficiency, transparency, and scalability. With rapid technological advancements and rising demand for real-time freight matching, the market is expected to register a strong CAGR of 30.2% from 2025 to 2031, signaling a major evolution in global logistics operations. Digital freight brokerage platforms are redefining how shippers, carriers, and intermediaries interact, paving the way for a more connected and data-driven freight ecosystem.
For More: https://www.theinsightpartners.....com/reports/digital
Medical Spa Software Market: Growth Strategies Explained
The Medical Spa Software Market is entering a phase of sustained expansion as medical spas worldwide increasingly adopt digital tools to enhance operational efficiency, patient engagement, and revenue management. From 2026 to 2034, the market is anticipated to witness consistent growth, supported by evolving industry requirements, rising client expectations, and continuous technological advancements. As medical spas blend clinical treatments with wellness services, software solutions are becoming a foundational component of modern spa management.
For More: https://www.theinsightpartners.....com/reports/medical
မအူပင်မှာ စက်သုံးဆီဆိုင် မီးလောင်လို့ တယောက်သေပြီး ငါးယောက် စိုးရိမ်ရ
ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းက စက်သုံးဆီ အရောင်းဆိုင် တခုမှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်က မီးလောင်မှု ဖြစ်ပွားပြီး တယောက် သေဆုံးကာ နောက်ထပ် ငါးယောက် လည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှု အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ ငါးယောက်က အမျိုးသမီး တယောက်နဲ့ အမျိုးသား လေးယောက် ဖြစ်ပြီး မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့အတွက် မအူပင်ဆေးရုံမှာ အတွင်းလူနာ အဖြစ် အရေးပေါ် ကူသမှု ခံယူနေရတယ်လို့ သိရပါတယ်။
" မီးလောင်မှု ဖြစ်စဥ်က ဓာတ်ဆီ ပေပါထဲကနေ ဆီလှယ်ရင်း ပွတ်တိုက်မှု ဖြစ်ပြီး မီးစတင်လောင် တာပါ။ ဒဏ်ရာတွေက အကုန်လုံး မီးလောင်ဒဏ်ရာတွေနဲ့ ချည်းပဲ ။ဒဏ်ရာပြင်းထန် တယ် ။ အတွင်းလူနာနဲ့ ကုနေတုန်းပဲ ။စက်သုံးဆီ ဆိုင်ဆိုတော့ မီးအားပြင်းတယ်။ ကျွန်တော်တို့ ရောက်တော့ မီးက တအားပြင်းနေပြီ။ အထဲမှာ ဆီသိုလှောင်ကန် နှစ်ကန်လည်း အတွင်းထဲထိ ဝင်ငြှိမ်းရမယ်။ အနီးကပ် ဝင်ငြှိမ်းရတော့ ဘေးတွေတော့ မကူးခဲ့ပါဘူး ။ " လို့ မအူပင်မြို့နယ် မီးသတ်ဦးစီး ဌာနမှူးက ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးသူက အမျိုးသား တယောက်ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်မှာ ဓာတ်ဆီ လာဝယ်သူ ဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိ သူတွေကတော့ ဆီဆိုင်က အရောင်းဝန်ထမ်း တွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကိုတော့ မအူပင် မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ်(၅)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့တာ ဖြစ်ပြီး မီးငြိမ်းသတ်ချိန် ၁၅ မိနစ်ကျော်လောက်သာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်နဲ့ ခင်ဦးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ခင်ဦးနယ်မှာ နှစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်၊ မနက် ၉ နာရီ ၄၇ မိနစ်ဝန်းကျင်ကနေ စတင်ကာ မြို့အရှေ့တောင်ခြမ်းက ပေါက်ကံဘူတာ ဘောလုံးကွင်း အနောက်ဘက်ရှိ ရပ်ကွက်တွေနဲ့ ရေသောက်ကန်ရွာ ဘုန်းကြီးကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး ငါးယောက် သေဆုံးကာ တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်သွားတာပါ။ လူထိခိုက် သေဆုံးတာတွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ပျက်စီးသွားတာတွေလည်း ရှိတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီလိုပဲ ခင်ဦးမြို့နယ်မှာလည်း မနေ့ ဇန်နဝါရီ ၅ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ခင်ဦးနယ် အရှေ့ခြမ်း၊ လမ်းဆုံအရှေ့ဘက်ရှိ ကုန်းကြီးကျေးရွာ စာသင်ကျောင်းနဲ့ အဲဒီကျောင်းနဲ့ ကပ်လျက်က ဆီသိုလှောင်ခြံမှာ မနေ့ ည ၈ နာရီ ၂၈ မိနစ်ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“သေဆုံး ငါးယောက်က နေရာမှာတင် ပွဲချင်းပြီး ဖြစ်သွားတာ။ ဒီနေ့ပဲ သင်္ဂြိုဟ်ဖို့ လုပ်နေပါပြီ။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း ပြင်းထန်အဆင့်တွေ တော်တော်များများပါတယ်။ အခု လုံခြုံတဲ့နေရာမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၅ ရက်နေ့က ခင်ဦးမြို့နယ်အပြင် ကောလင်း၊ ကျွန်းလှနဲ့ ကသာမြို့နယ်တွေမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့အတွင်း မနေ့ နေ့လယ် ၁ နာရီ ၄၆ မိနစ်ဝန်းကျင်နဲ့ ၁ နာရီ မိနစ် ၅၀ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်ခံရမှုတွေမှာတော့ တယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှုဟာ ကသာမြို့ မြောက်ဘက်ခြမ်းက အောင်မြေသာစည်၊ စေတီကုန်းကျေးရွာတွေနဲ့ ကသာမြို အရှေ့ဘက်ကမ်း ပုလွေကျေးရွာတွေဘက်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ပုလွေကျေးရွာက နေအိမ် လေးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာလ အတွင်းကလည်း စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ရေဦး၊ ဘုတလင်၊ ဝက်လက်၊ ဒီပဲယင်း၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကသာနဲ့ ဗန်းမောက် စတဲ့ မြို့နယ် ၁၆ မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈၈ ယောက်ဝန်းကျင် ရှိခဲ့ကာ ဒဏ်ရာရသူ အယောက် ၁၇၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။
ကသာမြို့ ၈ ရပ်ကွက်မှာ မီးလောင်မှု နေအိမ် ၁၅ လုံးထက် မနည်း ရှိထားပြီး ခုထိလည်း မီးမငြိမ်းသေး
စစ်ကိုင်းတိုင်း ၊ ကသာမြို့ ၊ ရပ်ကွက် ၈ မှာ နေအိမ်တွေ မီးလောင် ကျွမ်းမှု ဖြစ်ပွားနေပြီး ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့အထိ မီးလောင်ကျွမ်း နေဆဲ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
အဆိုပါ ရပ်ကွက် ၈ က ၊ ကသာမြို့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိတာဖြစ်ပြီး နေအိမ်တွေ မီးလောင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး နေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီး သွားကြောင်း ကနဦးသိရှိရပါတယ်။
ရပ်ကွက် ၈ မှာက မနေ့က ဇန်နဝါရီ ၅ ရက်နေ့ ၊ နေ့လယ်ပိုင်း လောက်ကတည်းက စပြီး နေအိမ်တွေ မီးလောင် ကျွမ်းနေတာ ဖြစ်ကြောင်း ၊ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ မရှိတော့ တဲ့အပြင် စစ်ရေး အခြေအနေ အရလည်း မီးငြိမ်း သတ်နိုင်ခြင်း မရှိဘဲ ဖြစ်နေတယ် လို့ သိရပါတယ်။
" လေယာဥ်ကြဲ တာက မနေ့က ၂ နာရီ ဝန်းကျင်ပါ။ ရပ်ကွက် ၈ မှာက တာရိုးတန်း ၊ ပိန္နဲကုန်း ၊ စေတီကုန်း ၊ နတ်ကြီးကုန်းဆိုပြီး အပိုင်းတွေ ခွဲထားတယ် ။ အခုလောင်နေတာ နတ်ကြီးကုန်း နဲ့ စေတီကုန်း ဘက် လို့သိရတယ်။ ရပ်ကွက် ၈ ဆိုတာက ရွာ တွေကို ပေါင်းစည်း ထားတာပေါ့။ အကုန်လုံး ရပ်ကွက်လုပ်လိုက်တာ ။ မီးက ခုမနက်က ၁၀ နာရီလောက် ထိတော့ မငြိမ်းသေးဘူး ။ငြှိမ်းမယ့် သူလဲ မရှိဘူးလေ။ လောင်တာ ကုန်မှပဲ ငြိမ်းမယ့် သဘောထင်ပါတယ် ။အိမ်ခြေ အတိအကျ အတည် ပြုလို့ မရပါဘူး ။ ဘယ်သူမှ သွားမကြည့်ရဲတဲ့ နေရာဖြစ်နေလို့ပါ ။ " လို့ ကသာ မြို့ထဲ ကျန်နေခဲ့သူနဲ့ အဆက်အသွယ် ရှိတဲ့ ဒေသခံက ပြောပါတယ်။
ကသာ မြို့မှာ ဇန်နဝါရီ ၃ ရက်နေ့ ကတည်းက ဇန်နဝါရီ ၆ ရက်နေ့ အထိ အစိုးရတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား အပစ်ခတ် ရပ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပေမယ့် ဒရုန်းနဲ့ ဗုံးကြဲ ခြင်း ၊ လေကြောင်းကနေ ဗုံးကြဲမှုက ရံဖန်ရံခါ တော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
" ကသာ အခြေအနေ ကောင်းပါတယ် ။ ဒရုန်းတော့ တခါ တခါ ကြဲချတယ် ။ဒီနေ့လည်း ကြဲတာ သီဟိုခြံဘက် ကျတယ် ။မြို့ပြင်ပေါ့ ။ " လို့ သူက ထပ်ပြောပါတယ် ။
တိုက်ပွဲ ရပ်သွားတဲ့အတွက် ကသာမြို့ပေါ်မှာ ဘူတာ စျေးမှာ စျေးသည်တချို့ စျေးရောင်းချမှု ရှိနေသလို ရောင်းဝယ် သွားလာ လှုပ်ရှားမှုလည်း ရှိလာတယ်လို့ သိရပါတယ်။
ကသာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကသာမြို့ခံ အများစုဟာ နေရပ်စွန့်ခွာပြီး တောတောင်ထဲ အပါအဝင် မိုးညှင်း ၊ မြစ်ကြီးနား ၊ မော်လူး ၊ နဘား ၊မဲဇာ ၊ ရွှေကူ ၊ အင်းတော် မြို့ တို့ကို စစ်ဘေးရှောင် ခဲ့ကြရပြီး ငွေကြေး ပြည့်စုံပြီး မြို့ကနေ အစောဆုံး ထွက်ခွာ နိုင်ခဲ့သူကတော့ ရန်ကုန် နဲ့ မန္တလေး ကို စစ်ရှောင် နေကြရ တယ်လို့ သိရပါတယ်။
ကသာ စစ်ရှောင်အများစုဟာ မြို့ပြ ဧရိယာ ပျက်စီးဆုံးရှုံး မှု ဖြစ်မှာကို စိုးရိမ်နေ ကြပါတယ်။
ကသာမြို့ဟာ ခရီးသွား လုပ်ငန်းကို ဖွံ့ဖြိုးတိုးတတ်ဖို့ ရည်ရွယ် ထားတဲ့မြို့ တခုဖြစ်ပြီး ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အိုဝဲလ်ရဲ့ ဗြိတိသျှခတ် ကျန်သမိုင်းဝင် အဆောက် အအုံတွေရှိ တဲ့အတွက် မြို့နေဒေသခံ တွေက မြို့ပြဧရိယာ ပျက်စီးဆုံးရှုံးသွားမှာကိုစိုးရိမ် နေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ကသာမြို့ အရှေ့ဘက်ကမ်း နဲ့ ကသာမြို့(အောင်ပုံရွာ) ဘက်တွေမှာ ထိခိုက်၊ သေဆုံး ဒဏ်ရာ ပြင်းထန် ရရှိခဲ့သူ တွေ ရှိခဲ့တယ် ။ တိုက်ပွဲကြီး ပုံစံဖြစ်လာ လို နေ့စဉ် လေယာဉ်တွေလာရောက် ဗုံးကြဲ နေသလို၊ အသေခံ ဒရုန်း လည်း ဝဲချတာမို့ နှစ်ဘက် ထိခိုက်သေဆုံးတာ တွေလည်း ရှိလာပါတယ်။ စေတီကုန်း၊ မိဿလင်း၊ ကြံ တောဘက်နေအိမ်တွေ နဲ့ အထက(၂)ကျောင်း ၊ တောင်ပေါ်ဘုန်းကြီးကျောင်း၊တပ်ဦးကျောင်း မီးလောင်ထား တာရှိနေ ပါတယ်။ " လို့ တောတောင် ထဲမှာ စစ်ရှောင်နေသူ ကသာ ဒေသခံက ပြောပါတယ် ။
စစ်ပွဲကြောင့် ကသာမြို့ခံတွေ စစ်ရှောင် နေရချိန်မှာ မြို့ထဲ ထားခဲ့ရတဲ့ နေအိမ် တချို့မှာ ဖောက်ထွင်း ခံရပြီး ပစ္စည်း ခိုးယူမှု တွေ ဖြစ်ပွားကာ နေအိမ် မီးရှိုး ဖျက်ဆီးခံရ တဲ့အထိ ပင်ရှိလာ နေတယ်လို့ သိရပါတယ်။
" ရပ်ကွက် ၅ က တအိမ်ကတော့ ဝင်ဖောက်ထွင်း ခိုးယူပြီး မီးရှို့ ခံရတယ် " လို့ ကသာ နယ်ခံက ပြောပါတယ် ။
ကသာမြို့မှာ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက် နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ၊ ၂ ရက်နေ့အထိ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပြီးနောက် ဒီကနေ့ အထိ တိုက်ပွဲ ငြိမ်နေတာ ဖြစ်တယ် လို့သိရပါတယ်။
ကသာမှာ တိုက်ပွဲ ငြိမ်သွားပေမယ့် မြို့အဝင် အထွက် ကိုတော့ ပိတ် ထားဆဲ ဖြစ်တယ်လို့ လည်းသိရပါတယ်။
မူဆယ် ၁၀၅ မိုင်မှာ တပ်ပြေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေကို ဖမ်းဆီး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာ တပ်ပြေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလကုန်ရက်တွေကတည်းက ဖမ်းဆီး နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တချို့ TNLA စစ်သားတွေ တပ်ပြေးပြေးလို့ လိုက်ဖမ်းတာ။ တချို့က ဘိန်းစားတွေ၊ မူးယစ်ဆေးဝါးရောင်းသူတွေကို နေအိမ်တွေမှာ လာဖမ်းတာပါ” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
ညအချိန် အိမ်တံခါးတွေ ရိုက်ချိုးပြီး လူဖမ်းတာတွေပြုလုပ်တယ်ဆိုတာနဲ့ ဖမ်းသွားတဲ့ အကြောင်း မသိရဘူးဆိုတာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“ဘယ်သူက ဘိန်းစားလဲဆိုတာ ညည ဆိုရင် လိုက်ပြပြီး တကယ် ဖမ်းတဲ့ အချိန်ကျတော့ လိုက်ပြတဲ့ လူတွေတော့ မပါတော့ဘူး။” လို့ ဒေသခံအမျိုးသမီး တယောက်က ပြောပါတယ်။
ဘိန်းစားတွေကို လိုက်ဖမ်းတာဖြစ်ပြီး စစ်သားတွေပဲ လာဖမ်းခေါ်သွားတာလို့ သူက ပြောပါတယ်။
နောက်ထပ်ဒေသခံ အမျိုးသမီး တယောက်ကလည်း ၁၀၅ မိုင်မှာ လူ လိုက်ဖမ်းနေတာ AA တပ်ဖွဲ့ မဟုတ်ပဲ MNDAA တပ်ဖွဲ့တွေဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ဖြစ်နိုင်ကာ ရိုက်နှက်တာကြမ်းတယ်လို့ ပြောပါတယ်။
MNDAA တပ်ဖွဲ့တွေကတော့ ပြစ်မှု သေချာရင် တန်း လာဖမ်းပြီး လာဖမ်းပြီဆိုရင် ဘာမှ ပြန်ပြောချိန် မပေးသလို ပြန်မေးတာတွေလုပ်ရင် အဖမ်းခံရသူက ပိုအရိုက်ခံရတယ်လို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူကတော့ မူဆယ် ၁၀၅ မိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူ တွေ၊ လူကုန်ကူးသူတွေကို ဖမ်းဆီး အရေးယူနေတာရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင်မှာ မြောက်ပိုင်း မဟာမိတ်ညီနောင် တပ်ဖွဲ့တွေဖြစ်တဲ့ AA, MNDAA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတာ ဖြစ်ပါတယ်။