Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရှံကာရ၊ ဝေဒန္တနဲ့ ဟိန္ဒူတွေက
ဒီလောကကို မာယာလို့ ပြောကြပါတယ်။
အိပ်မက်ဘုံလို့ ခေါ်ကြပါတယ်။
အိပ်မက်ထဲမှာ ခင်ဗျားဟာ
ငါအိပ်မက်မက် နေတာလားလို့ ဘယ်တော့မှ
သံသယမေးခွန်း မမေးမိပါဘူး။
သံသယ ဝင်လိုက်တာနဲ့ အိပ်မက်ဆိုတဲ့
စည်းမျဉ်းဟာ ကျိုးပျက်သွားပါပြီ။
ရုတ်တရက် လန့်နိုးသွားပြီး အိပ်မက်ဟာ
ပျောက်ပြယ်သွားပါပြီ။ လောကဟာလည်း
အိပ်မက်ဘုံ တစ်ခုပါပဲ။
ခင်ဗျား သံသယမဝင်မချင်း
အိပ်မက်မှန်း မသိပါဘူး။
နိုးကြားလာတော့မှသာ အိပ်မက်ဟာ
ရုတ်တရက် ပျောက်ကွယ်သွားပြီး
တကယ့်အစစ်အမှန်ဘဝထဲကို
ရောက်သွားမှာပါ။
နိုးကြားသွားတဲ့ ဗုဒ္ဓအားလုံးဟာ
ဉာဏ်အလင်းပွင့်သွားတဲ့အချိန်မှာ
ရယ်ကြပါတယ်။ သူတို့ရဲ့ ရယ်သံဟာ
ကေသရာဇာ ခြင်္သေ့မင်းရဲ့
ဟိန်းဟောက်သံနဲ့ တူပါတယ်။
သူတို့ ခင်ဗျားကိုရယ်တာ
မဟုတ်ပါဘူး။ စကြဝဠာကြီးရဲ့
ဟာသပြက်လုံးကို ရယ်မောကြတာပါ။
ဟီရာကလိုက်တပ်ဟာ
ဒီအချက်တွေကို ရှင်းပြချင်ခဲ့တာပါ။
× × × × × × × × × ×
❛ ပုန်းကွယ်နေတဲ့ သဟဇာတဖြစ်မှု ❜
▫️ကက်စပါဇော်▫️
" ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကို ချွတ်ချလိုက်သလိုပေါ့။
ဘေးလူတွေ အမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။
ဒီလိုကြောင့်သာ
ကျွန်တော် မီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
“ကန်သုံးဆင့်” ကို
ရောက်ဖြစ်ခဲ့သေးတယ်။
ရေလှိုင်းလားရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့လျားနေကြ။
ရေလယ်ကျွန်းက ငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။
တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလယ်မှာ ထိုးထိုးထောင်ထောင်နဲ့
လှမ်းပြီး နှုတ်ဆက်တယ်။
အင်မတန် အထီးကျန်လှပေမယ့်
ခုထိ လဲပြိုခွင့်မရသေးပါဘူးကွာ တဲ့။
တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာ လွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုး ကိုယ်ရှင်းပြီး ထပြန်ကြရုံပါပဲ။
ခက်တယ် ခင်ဖုန်းသက်ဝေရယ် "
▪️သန်းတင့်▪️
" သူ မရှိတော့ ကျွန်တော်ဟာ
အစောပိုင်း ရက်တွေမှာ နေလို့မရခဲ့ပါဘူး။
ရေအိမ်ထဲသွားပြီး
ကလေးတွေမသိအောင် ငိုမိတယ်။
ဟန်ဆောင်ရတယ်။
လူကောင်းတစ်ယောက်လို၊
တည်ငြိမ်နေတဲ့ လူတစ်ယောက်လို၊
အစစ် အမှန်ကိုသာ ပေးချင်သူပါ။
အစစ်အမှန်ကိုသာ ရချင်သူပါ။
သို့ပါသော်ငြား
ကျွန်တော် ဟန်ဆောင်ရတယ်။
အစစ်အမှန်ဆိုတာ ဘာပါလိမ့်။
ပြောပြစမ်းပါ။
အရက်ဆိုင်မှာ ဇက်ကျိုးကျနေတာဟာ
အစစ်အမှန်လား။
ညည အိပ်မပျော်တာဟာ အစစ်အမှန်လား။
ဘုရားစင်ရှေ့ ဒူးထောက် ငြိမ်သက်နေတာ
အစစ်အမှန်လား။
စာရွက်ပေါ်မှာ စာလုံးတွေ ချရေးဖို့ဟာ
အခက်ခဲဆုံးနဲ့ အတုန်လှုပ်ရဆုံးပေါ့ "
▪️နေမျိုး▪️
သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ၊
ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ်..
~~~~~~~~~~~~
နောက်ဆုံးပို့ဆောင်ဖို့
လာကြိုသည့်သူနှင့်အတူ..
မိန်းကလေးတစ်ယောက်
သေဆုံးသွားသည်။
သူ ... ဒါကို သတိထားမိတဲ့အချိန်
သေမင်းဟုယူဆရသည့်
ဝတ်ရုံနက်ခြုံထားသောလူကြီးက
သူ့ဘေးရောက်နှင့်နေပြီ။
လက်ထဲမှာလည်း
တစ်ဖက်က သူကိုင်နေကျ
တူရွှင်းအရှည်ကြီးနှင့်။
နောက်တစ်ဖက်မှာ
လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။
သေမင်းက ...ထိုမိန်းကလေးကို
ပြောသည်၊
"လာ ... ကလေးမလေး သွားဖို့
အချိန်တန်ပြီ"
မိန်းကလေး -
"ဟင် ... မြန်လိုက်တာ ...
သမီးမှာ လုပ်စရာ အစီအစဉ်တွေ
အများကြီးကျန်သေးတယ်"
သေမင်း -
"တကယ်စိတ်မကောင်းပါဘူး။
အချိန်မရှိတော့လို့ပါ ..."
မိန်းကလေး -
"ဦးလက်ထဲက သေတ္တာထဲမှာ ...
ဘာတွေထည့်ထားတာလဲ?"
သေမင်း -
"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"
မိန်းကလေး -
"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ?
ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊
ရွှေတွေ ငွေတွေကိုလား ..."
သေမင်း -
"အဲဒီဥစ္စာတွေက
မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ...
အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"
သေမင်း -
"မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ ပညာလား"
သေမင်း -
"ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"
သေမင်း -
"မဟုတ်ဘူး... မိတ်ဆွေတွေက
မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့
ဧည့်သည်တွေ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ ချစ်သူ လား"
သေမင်း -
"မဟုတ်ဘူး ... သူက
မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ"
မိန်းကလေး -
"ဒါဆို ကျိန်းသေပြီ၊
အထဲထဲမှာ သမီးရဲ့
ခန္ဓာကိုယ်ပဲဖြစ်ရမယ်"
သေမင်း -
"ဟင့်အင်း ...
ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို နောက်ဆုံးဖြစ်တဲ့
သမီးရဲ့ဝိညဉ်လား"
သေမင်း -
"သနားစရာကောင်းတဲ့
မိန်းကလေးရယ် ...
မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"
မိန်းကလေး မျက်နှာမှာ
အကြောက်တရားတွေနဲ့
ပြည့်လာနေခဲ့ပြီး
ဇောချွေးပြန်လာသည်။
သူ မစောင့်နိုင်တော့ဘဲ
သေမင်းလက်ထဲက သေတ္တာလေးက်ို
ဆွဲယူဖွင့်လိုက်သည်။
အထဲမှာ ဘာမှ မပါ၊
ဗလာနတ္တိဖြစ်နေသည်။
သူ တုန်လှုပ်သွားသည်။
မျက်ရည်အပြည့်နဲ့
သေမင်းကို မေးလိုက်သည်။
မိန်းကလေး -
"သမီး ဘယ်တုန်းကမှ ...
ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ
ဟုတ်သလား ..."
သေမင်း -
"ဟုတ်တယ် ...
မင်း ဘယ်တုန်းကမှ
ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"
မိန်းကလေး -
"ဒါဆို ဘယ်အရာက ...
သမီးနဲ့ ဆိုင်ခဲ့သလဲ ..."
သေမင်း -
"မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊
မင်း အသက်ရှိစဉ်အခါက
မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
မင်းပိုင်ဆိုင်ခဲ့တယ်၊
လူဘဝဆိုတာ
မျက်တောင် တစ်ချက်ခတ်တိုင်းမှာ
ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။
မှတ်ချက် ။ ။
သေမင်းသည် သင်တို့ထင်ခဲ့သလို
ကြောက်မက်ဖွယ်ရာ
ကောင်းသောသူမဟုတ်ပါ၊
သင့်ရဲ့ နောက်ဆုံးခရီးကို
လိုက်လံပို့ဆောင်ဖို့
လာကြိုသည့် သူသာပင်။
သင့်ရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
ကောင်းကောင်း တန်ဖိုးထားပါ။
အသက်ကို တန်ဖိုးထားပါ။
အသက်မှာ ပျော်ရွှင်ပါ။
အသက်ကို ရှင်သန်ပါ။
သေမင်းသေတ္တာထဲမှာ
ထည့်သွားနိုင်တဲ့ ...
ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။
Crd