1 ပတ် - ဘာသာပြန်ပါ။

#နိုင်ငံတကာသတင်း
◼ထရန့်အခွန်များကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု အမေရိကန်နိုင်ငံသား၇၃ ရာခိုင်နှုန်းယူဆ
ကမ္ဘာ့နိုင်ငံအများစုမှ သွင်းကုန်များအပေါ် အခွန်သစ်များ စည်းကြပ်ရန် သမ္မတဒေါ်နယ်ထရန့် ၏ လုပ်ရပ်ထွက်ပေါ်လာခဲ့ပြီးနောက် စားသုံးသူကုန်ပစ္စည်း အမြောက်အမြားဈေးနှုန်းမြင့်တက်လာခြင်းကိုရင်ဆိုင်ရန် အမေရိကန်နိုင်ငံသား အများစုက ပြင်ဆင်နေကြကြောင်း Reuters/Ipsos စစ်တမ်းက တွေ့ရှိခဲ့သည်။
သွင်းကုန်ပစ္စည်းအားလုံးနီးပါးအပေါ်အခွန်သစ်များစည်းကြပ်ခဲ့ပြီးနောက်လာမည့်ခြောက်လတွင် ၎င်း တို့ နေ့စဉ် ဝယ်ယူနေကျ ပစ္စည်းဈေးနှုန်းများ မြင့်တက်လာလိမ့်မည်ဟု စစ်တမ်းတုံ့ပြန်သူ ၇၃ ရာခိုင်နှုန်းက ယူဆကြောင်း သုံးရက်ကြာပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့ကအဆုံးသတ်ခဲ့သည့် စစ်တမ်းက တွေ့ရှိခဲ့သည်။
စစ်တမ်းတုံ့ပြန်သူ ၄ ရာခိုင်နှုန်းကသာ ဈေးနှုန်းများ ကျလာမည်ဟု ထင်မြင်ကြောင်း ပြောကြားကြပြီး ကျန်ဖြေဆိုသူများတွင် အပြောင်းအလဲမရှိဟု ပြောသူများပါဝင်သလို မတုံ့ပြန်သူများလည်း ပါဝင်သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ အကြီးမားဆုံးအခွန်တိုးမြှင့်မှုများကို ဒေါ်နယ်ထရန့် က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကြေညာခဲ့ပြီးနောက် စတော့ရှယ်ယာဈေးကွက်များတွင် အမေရိကန်ဒေါ်လာ ထရီလီယံ နှင့် ချီ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည် ။
အခွန်များကြောင့် ဈေးနှုန်းများကို မြင့်တက်လာစေကာ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးကျဆင်းမှုကပ်ဖြစ်လာနိုင်ကြောင်း စီးပွား‌ရေးပညာရှင်များက ဟောကိန်းထုတ်ကြသည်။
စစ်တမ်းတုံ့ပြန်သူ ၅၇ ရာခိုင်နှုန်းက ထရန့်၏ အခွန်သစ်များကို ဆန့်ကျင်ကြောင်း ပြန်ကြားခဲ့ကြပြီး ၎င်းတို့အနက် လေးပုံ တစ်ပုံသည် ဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန်ပါတီဝင်များ ဖြစ်သည်။
အခွန်သစ်များကို ‌ထောက်ခံကြောင်း ပြောကြားသူမှာ ၃၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံတကာကုန်သွယ်ရေးတွင် အခြားနိုင်ငံများက အမေရိကန်အပေါ် အခွင့်ကောင်းယူနေကြကြောင်း ထရန့်၏အစိုးရ၏ ပြောကြားမှုကို သဘောတူသူမှာလည်း ၅၂ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။
ယင်းအမြင်မှာ ကုန်သွယ်ရေးအတားအဆီးများ လုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ဒေါ်နယ်ထရန့် က မကြာခဏပြောကြားလေ့ရှိပြီး ယင်းအမြင်နှင့် သဘောမတူကြောင်း ပြန်ကြားသူ ၄၄ ရာခိုင်နှုန်းက ပြောကြားကြသည်။
ယခုစစ်တမ်းအား နိုင်ငံတစ်ဝန်းမှ အရွယ်ရောက်ပြီးသား အမေရိကန်နိုင်ငံသား ၁၀၂၇ ဦးကို အွန်လိုင်းမှတစ်ဆင့် မေးမြန်းပြုစုထားပြီး ရာခိုင်နှုန်းမှာ ၃ ရာခိုင်နှုန်း အတိမ်းအစောင်းဖြစ်နိုင်ကြောင်း သတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

သူမ၏အနွံနာခံမှု

1 ပတ် - ဘာသာပြန်ပါ။

ဒေါ်နယ်ထရမ့်ရဲ့ အခွန် တိုးမြှင့်မှုကြောင့် iPhone ဈေးနှုန်းဟာ ဒေါ်လာ ၂,၃၀၀ လောက်အထိ တက်သွားနိုင်
===========================================================
Apple ဟာ iPhone အပါအဝင် တခြား ကုန်ပစ္စည်းတွေကို တရုတ်မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မကြာခင်က ဒေါ်နယ်ထရမ့်က တရုတ်ကို အခွန်တိုးမြှင့်လိုက်တဲ့အတွက် Apple iPhone တွေရဲ့ ဈေးနှုန်းဟာ တော်တော်တက်သွားနိုင်ပါတယ်။
ပညာရှင်တွေက Apple အတွက် ရွေးချယ်စရာ ၂ ခု ရှိတယ်လို့ ပြောပါတယ်။ တစ်ခုက အခွန်တိုးမြှင့်မှုဒဏ်ကို Apple က ခံမလားဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ခုက Customer တွေကို ဈေးနှုန်းတိုးမြှင့်ရောင်းချမလားဆိုတာ ဖြစ်ပါတယ်။
Apple က ဒုတိယ နည်းလမ်းကို ရွေးချယ်ရင်တော့ iPhone 16 ရဲ့ ဈေးဟာ ၇၉၉ ဒေါ်လာ ကနေ ၁,၁၄၂ ဒေါ်လာ ဖြစ်သွားမှာပါလို့ လေ့လာဆန်းစစ်သူ Rosenblatt Securities က ပြောပါတယ်။ iPhone 16 Pro Max ဟာ ၁,၅၉၉ ဒေါ်လာ ကနေ ၂,၃၀၀ ဒေါ်လာအထိ တက်သွားနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ Apple Watch ဈေးနှုန်းဟာ ၄၃ ရာခိုင်နှုန်း၊ iPad ဟာ ၄၂ ရာခိုင်နှုန်းနဲ့ AirPods , Macs ဟာ ၃၉ ရာခိုင်နှုန်း တက်သွားနိုင်ပါတယ်။

image
1 ပတ် - ဘာသာပြန်ပါ။

" တကယ်လို့ မပေါင်းဖက်ခဲ့ကြရရင်ရော "
“ ချစ်သူဖြစ်ပြီးမှ ကွေကွင်းရတဲ့အခါ
ရလာတဲ့ နာကျင်မှုရယ် ”
“ တစ်ယောက် နှင့် တစ်ယောက် ချစ်ရဲ့သားနဲ့
ချစ်ခြင်းကို ရင်ထဲမှာပဲ တစ်သက်လုံးမျိုသိပ်ရင်း
ဝေးရတဲ့ နာကျင်မှုရယ် "
" ဘယ်နာကျင်မှုက ပိုနာကျင်စေသလဲ "
#ပန်းကြာဝတ်မှုန်

image
1 ပတ် - ဘာသာပြန်ပါ။

The death toll has continued to rise after the roof of a Dominican Republic nightclub collapsed during a concert.
At least 98 people were killed and another 160 injured in the roof collapse at the Jet Set nightclub, officials said.

https://abcnews.go.com/Interna....tional/dominican-rep

image
1 ပတ် - ဘာသာပြန်ပါ။

အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ တည်ရှိတဲ့ Valles Marineris ချောက်ကြီးဟာ နေစကြဝဠာအတွင်းမှာ အရှည်ဆုံးနဲ့ အနက်ဆုံး (Canyon) ချောက်နက်ကြီးဖြစ်ပါတယ်။
အကယ်၍ Valles Marineris ချောက်နက်ကြီးသာ ကမ္ဘာပေါ်မှာ ရှိခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ဖြတ်သန်းသွားနိုင်လောက်အောင် ရှည်လျားပါတယ်။
NASA ရဲ့အဆိုအရ Valles Marineris ဟာ အရှည် မိုင် ၃,၀၀၀ ကျော် (၄,၈၀၀ ကီလိုမီတာကျော်) ရှိပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဘက်ကမ်းရိုး တန်းကနေ အနောက်ဘက်ကမ်းရိုးတန်းအထိ အရှည်နဲ့ ညီမျှပါတယ်။
အနံ အားဖြင့် မိုင် ၂၀၀ (ကီလိုမီတာ ၃၂၀) အထိ ကျယ် ဝန်းပြီး အနက် ကတော့ ၄ မိုင် (၇ ကီလိုမီတာ) အထိ နက်ရှိုင်းပါတယ်။
#area51 #vallesmarineris #mars #solarsystem

image
1 ပတ် - ဘာသာပြန်ပါ။

ဖယောင်းနံ့သင်းသင်း မွန်ရိုးရာသၚ်္ကြန်ထမင်း❤
သင်္ကြန်နားနီးပီးဆိုတော့ ငရုပ်သီးတောင့် ကြွပ်ကြော်လေးကိုက်ပြီး မွန်သင်္ကြန်ထမင်း စားကြရအောင် 😍
တိုင်းရင်းသား လူမျိုးတိုင်းမှာ သူတို့ရဲ့ နာမည်ကျော် ရိုးရာ အစားအသောက်တွေ ရှိကြပါတယ်။
အထူးသဖြင့် ရိုးရာ ပွဲတော်တွေမှာ ပြင်ဆင် ချက်ပြုတ်ကြတဲ့ အစားအစာတွေထဲက မွန်လူမျိုးတို့ရဲ့ နာမည်ကျော် “မွန်သင်္ကြန်ထမင်း” လုပ်နည်းကို စာဖတ် ပရိသတ်တွေအတွက် ဝေမျှ ပေးချင်ပါတယ်။
မွန်လူမျိုးတွေက အခုလိုနွေရာသီ ပူလာတဲ့အချိန် မတ်လ၊ ဧပြီလတွေမှာ “သင်္ကြန်ထမင်း” လုပ်စားလေ့ရှိပြီး သင်္ကြန် အချိန်ခါမှာ သင်္ကြန်စာအဖြစ် ချက်စားလေ့ ရှိကြပါတယ်။
#မွန်ရိုးရာသင်္ကြန်ထမင်း#သင်္ကြန်ကြော် ပြုလုပ်နည်း 😋
ထမင်း
~~~~
ဆန်ကို ရေများများနဲ့ ဆန်ပြုတ် ပြုတ်သလို ဆန်လုံးကွဲပြီး နူးအိလာအောင်ချက်ပါ ဆန်လုံးတွေ နူးအိသွားပြီဆို ထမင်းတွေကို ဇကာနဲ့ရေစစ်ပါ။ ထမင်းမှာစေးနေတာတွေကုန်အောင် ရေအေးနဲ့ထပ်ခါထပ်ခါလောင်းပြီး ဇကာကိုလှုပ်ကာရေဆေးရေစစ်ပေးပါ ပြီးရင် ရေခဲသေတ္တာထဲထည့်ထားပေးထားပါ (သို့) ထမင်းထဲရေခဲတုံးကြီးကြီးတစ်တုံးထည့်ထားပေးပါ
ဖယောင်းရေ (သင်းရေလို့လဲ ခေါ်ကြပါတယ်)
~~~~~~
ကြွေပန်းကန်ပြားပေါ်မှာ မီးရဲနေတဲ့မီးသွေး အနည်းငယ် တင်ပါ။
နံ့သာတုံးနဲ့ပျားဖယောင်းကို ဓါးနဲ့ပါးပါးခြစ်ထားပါ (ပျားဖယောင်းကို ပရဆေးဆိုင်တွေမှာဝယ်လို့ရပါတယ် မလွယ်ရင် ရိုးရိုးဖယောင်းတိုင်ကိုသုံးလို့ရပါတယ်)
ပူနေတဲ့မီးသွေးပေါ်ကို နံ့သာနဲ့ဖယောင်းဖတ်ကလေးတွေတင်ပါ
အငွေ့ထွက်လာရင် ခြောက်သွေ့နေတဲ့အိုးတစ်လုံးကို ပန်းကန်ပြားပေါ်မှာမှောက်အုပ်ပြီး အငွေ့များ စုယူပါ။ (အနံ့ဖမ်းဖို့မြေအိုးအသေးကို သုံးရင် အနံ့ပိုစုပ်ပြီး ပိုကောင်းပါတယ်)
ပြီးရင်အိုးကိုလှန်ပြီးရေဆွတ်ထားတဲ့အဝတ်ပါးနဲ့ အိုးမျက်နှာဝကိုလုံအောင်ချက်ချင်းအုပ်ပါ။အဝတ်ပါးပေါ်မှအိုးထဲသို့သောက်ရေကို
လောင်းချပြီး အိုးအဖုံးအုပ်ထားလိုက်ပါ ဖယောင်းနံ့သင်းတဲ့ရေကိုရပါမယ်။ အေးတာကြိုက်ရင် အိုးထဲရေခဲထည့်ထားပါ (သို့) ဗူးနဲ့ပြောင်းထည့်ပြီးရေခဲသေတ္တာထဲထည့်ထားပါ
(ဖယောင်းရေက စားနေကျလူမဟုတ်ရင် စားဖို့နဲနဲခက်ပါတယ် ဖယောင်းရေအစား ရိုးရိုးသောက်ရေသန့်နဲ့သုံးဆောင်ပါရှင့်)
သရက်သီးငါးခြောက်ထောင်းကြော်
~~~~~~~~~~~~~~~~~
ငါးခြောက်ထောင်းကြော်အတွက် အသားများပြီးနူးညံ့တဲ့ငါးခြောက်ကိုသုံးပါ ငါးခြောက်ကိုအရွယ်တော်တုံးပြီး နူးအောင်ရေခမ်းပြုတ်ပါ (သုံးတဲ့ငါးခြောက်ကအငန်ကဲနေရင် ရေဆူလာတဲ့ခါတစ်ရေလောက်ငှဲ့ထုတ်ပါ) ပြုတ်ထားတဲ့ငါးခြောက်ကိုပွလာအောင်ဆုံနဲ့ထောင်းပါ။
သရက်သီးကိုအခွံသင်ပြီး ခြစ်ထားပါ ( သရက်သီးခြစ်ရဲ့ပမာဏက ထောင်းထားတဲ့ငါးခြောက်ထောင်းရဲ့ တစ်ဝက်နီးပါးခန့်ရှိရပါမယ် ကိုယ်သုံးတဲ့သရက်သီးရဲ့အချဉ်အရသာပေါ်မူတည်ပြီး လိုတိုးပိုလျော့အနည်းငယ်ရှိနိုင်ပါတယ်)
ကြက်သွန်နီ လေးစိတ်စိတ်ပြီး အဖတ်ကလေးတွေ ခွာထားပါ
ဆီအိုးတည်ပါ ပူလာရင် ငါးခြောက်ထောင်းကြော်နဲ့တွဲစားဖို့လိုအပ်တဲ့ ကြက်သွန်နီကြော်နဲ့ ငရုတ်သီးအခြောက်တောင့်အရင်ကြော်ထားပါ
ပြီးရင်ငါးခြောက်ထောင်းကြော်ပါမယ် ဆီပူထဲနနွင်းထည့်ပါ ငါးခြောက်ဖွထားတာထည့်ကြော်ပါ အနည်းငယ်နီရောင်သန်းပြီးခြောက်လာတဲ့ခါ ခြစ်ထားတဲ့သရက်သီးထည့်ပါ ငါးခြောက်နဲ့သရက်သီးသမပြီးအရည်အနည်းငယ်ခြောက်တဲ့ထိ အဆက်မပြတ်မွှေပေးနေပါ
အပေါ့အငန်အရသာထည့်ပါ ကြက်သွန်နီအဖတ်ကလေးတွေထည့်ပါ ကြက်သွန်နီကျက်ပြီဆို ငါးခြောက်ထောင်းကြော်ရပါပြီး
အမယ်အားလုံးအဆင်သင့်ဖြစ်ပြီမို့ ပုံမှာပြထားတဲ့အတိုင်းပြင်ဆင်ပြီးစားသုံးနိုင်ပါပြီ
ခုမှ စမ်းပြီး စားကြည့်မယ့်လူတွေတွက် စားတဲ့နည်းကလေးလဲ
ပြောပြချင်ပါတယ် 😀
ငါးခြောက်ကြော်ကိုအရင်ခပ်စားပါ ပြီးရင်ထမင်းတစ်ဇွန်းကိုရေအနည်းငယ်ပါ ပါအောင်ခပ်စားပါ ငရုတ်သီးတောင့်ကြော်လေး ကိုက်ပါရှင့်
(တချို့ကတော့ သရက်သီးနဲ့ငါးခြောက်ကိုရောမကြော်ပဲ ငါးခြောက်ထောင်းကိုသက်သက်အကြွပ်ကြော် သရက်သီးကိုသုပ်ပြီး နှစ်မျိုးတွဲပြီးစားကြပါတယ်)