2 d - Translate

ဒီဘဲက လူ၁၀ယောက်လောက်အရှောခံပြီးကျွန်းကိုသွားတာ၊ အစ်ကိုဘာလို့အဲ့လိုလုပ်တာလဲပဲမေးလိုက်ရတယ်၊ ဟိုကဘာမှပြန်မပြောသွားတဲ့အပြင် ကလေးကိုသူ့စီပို့ဖို့သတိရသွားလို့ အရောက်ပို့လိုက်တာ ကလေးတစ်ယောက်ပါအဖတ်တင်သွားတယ် 🥲
အားမရတဲ့အခန်းတွေထဲသူအဆိုးဆုံးပဲ ကျွန်းကိုဝင်စီးပြီးကယ်တော့မလား၊ အစ်ကိုကိုစိတ်နာပြီးကြိတ်တော့မလားမှတ်တာ ငါ့နှယ့် 🥲

image
2 d - Translate

open-source ပေးမယ့် Huawei ထုတ် programming language သစ်

Huawei က ကိုယ့်နည်းပညာနဲ့ကိုယ် ဘယ်သူ့မှ မှုစရာမလိုတဲ့အနေအထားကို သွားနေတာပါ။

Google service တွေ သုံးမရတော့ ကိုယ်ပိုင် HarmonyOS ပလက်ဖောင်းထုတ်ပြီး ကိုယ်ပိုင် ecosystem ထောင်တယ်။ အခု apps တွေ ရေးဖို့ ကိုယ်ပိုင် programming language ထုတ်တယ်။ ဒီ language ကို Cangjie လို့ ခေါ်ပါတယ်။

Cangjie ဆိုတဲ့ နာမည်ကတော့ တရုတ်အက္ခရာတွေ တီထွင်ခဲ့တယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ထူးရဲ့နာမည်ကို ယူထားတာပါ။ native AI စွမ်းရည်ပါပြီး security ကောင်းသလို app အမျိုးမျိုးနဲ့ ကိုက်အောင် ဒီဇိုင်းထုတ်ထားတာလို့ ဆိုပါတယ်။ မနှစ်က စပြီး မိတ်ဆက်ခဲ့တဲ့ Cangjie က လာမယ့် ဇူလိုင် ၃၀ မှာ developers တွေအတွက် open-source ထုတ်ပေးဖို့ ရှိပါတယ်။

third-party developers တွေက source code ကို ယူပြီး ကိုယ့်ဘာသာ ဒီဇိုင်းပြင် ၊ ချို့ယွင်းချက်တွေ ပြင်ပြီး ဒီ language ကို မွမ်းမံကြတော့မှာပါ။ Cangjie က HarmonyOS Next ပေါ်က apps တွေအတွက် အဓိက support ပေးဖို့ဆိုပေမယ့် Android နဲ့ iOS apps တွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

Huawei က အခု programming language အတွက် ၅ နှစ်နီးပါး development လုပ်ထားတာပါ။ iOS ရော Android အတွက်ပါ support ပေးထားတာ ဖြစ်လို့ Android developers တွေ သုံးနေတဲ့ နာမည်ကြီး Java နဲ့ iOS developer သုံး Swift တို့ကို ယှဉ်ဖိုက်ပါလိမ့်မယ်။ developer community မှာတော့ သီတင်းပတ်အနည်းငယ်အတွင်း trai application ၁ သောင်းကျော် ရနေပြီလို့လည်း ဆိုပါတယ်။

တရုတ်နာမည်ကြီးကုမ္ပဏီတွေကလည်း Cangjie သုံးပြီး မိုဘိုင်း app တွေ ထုတ်လာပါတယ်။ နာမည်ကြီး delivery ကုမ္ပဏီ Meituan ဆို ပစ္စည်းပို့တဲ့ riders တွေအတွက် app ကို Cangjie နဲ့ ရေးနေပါတယ်။ ဒီနှစ် တတိယသုံးလပတ်ထဲ HarmonyOS ပေါ်မှာ ဒီ app တင်မှာပါ။

Huawei ကတော့ mobile OS တင် မဟုတ်ဘဲ open-source ပေးတဲ့ programming language နဲ့ပါ ကိုယ်ပိုင် ecosystem အင်ပါယာကြီးကို အရှိန်ရရ သွားနေပြီလို့ ဆိုရမှာပါ။

image

ဒီဘဲက လူ၁၀ယောက်လောက်အရှောခံပြီးကျွန်းကိုသွားတာ၊ အစ်ကိုဘာလို့အဲ့လိုလုပ်တာလဲပဲမေးလိုက်ရတယ်၊ ဟိုကဘာမှပြန်မပြောသွားတဲ့အပြင် ကလေးကိုသူ့စီပို့ဖို့သတိရသွားလို့ အရောက်ပို့လိုက်တာ ကလေးတစ်ယောက်ပါအဖတ်တင်သွားတယ် 🥲
အားမရတဲ့အခန်းတွေထဲသူအဆိုးဆုံးပဲ ကျွန်းကိုဝင်စီးပြီးကယ်တော့မလား၊ အစ်ကိုကိုစိတ်နာပြီးကြိတ်တော့မလားမှတ်တာ ငါ့နှယ့် 🥲

image

တစ်နေ့မှာ ငါတို့ချစ်ရတဲ့ လူတွေဟာ
ငါတို့ဘေးကနေ ထွက်ခွာသွားကြမှာ
တချို့က ရုတ်တရက် ပျောက်ကွယ်သွားကြတယ်
တချို့က တဖြည်းဖြည်း တိတ်ဆိတ်ရင်း
ပျောက်ဆုံးသွားကြတယ် ။
အဲဒီလို အဆုံးသတ်မရောက်ဖို့
ဘယ်လိုနည်းနဲ့ တားပါစေ
အဲဒီတစ်နေ့ ရောက်လာမှာပါပဲ ။
ရုတ်တရက်တော့ သိပ်နာကျင်ရတာပေါ့ ။ တစ်ယောက်တည်းဖြစ်သွားတဲ့ ခံစားချက်မျိုး
ငါ ဒီလောက် ကောင်းပေးရဲ့သားနဲ့
စွန့်ပစ်ခံလိုက်ရသလိုမျိုး ။
ဒါပေမဲ့ လက်လွှတ်ပေးလိုက်ပါ
ငါတို့ဘဝထဲကနေရော ငါတို့စိတ်ထဲကနေပါ
ထွက်သွားခွင့်ပေးလိုက်ပါ
တကယ်နွေးထွေးပေးတဲ့သူ ရောက်လာဦးမှာပါ ။
တစ်ခါတလေကျ
ဒီလူကိုပဲ ချစ်လွန်း တွယ်တာလွန်းတာကြောင့်
ကျန်တဲ့ လူတွေကို
တံခါးပိတ်မိထားတာမျိုး ဖြစ်တတ်တယ် ။
တခြားလူတွေနဲ့ စပြီး စကားပြောရင်းနှီးပါ
သူ့ကြောင့် သေးငယ်ထားတဲ့
ကိုယ့်ကမ္ဘာလေးကို ဖွင့်လိုက်ရင်း
ပျော်ပျော်ရွှင်ရွှင်နဲ့ လူတချို့ထပ်ဝင်လာဖို့
ခွင့်ပြုလိုက်ပါ။
တိုတောင်းတဲ့ ဘဝလေးထဲမှာ
လူတချို့ကို အမြဲရှိဖို့
ငါတို့ ဘယ်လိုတတ်နိုင်ပါ့မလဲ
ထပ်ချစ်ပါ ထပ်ခင်တွယ်ပါ
ထပ်ပြီး လက်လွှတ်လိုက်ပါ ။
ဒီလူတစ်ယောက်တည်းအတွက် မရှင်သန်ပါနဲ့
တစ်ရက်ပဲ နာကျင်ခံစားလိုက်ပြီးရင်
Move on ။
ငါတို့ဖြစ်တည်မှုတွေကို
တကယ် ချစ်ပေးတဲ့သူတွေ ရဦးမှာပါ ။
သေချာပေါက် ပျော်ရွှင်ရဦးမှာ
အမှတ်တရတွေ ထပ်ဖန်တီးနိုင်ဦးမှာပါ ။
#lavenderpen #အညိုရောင်မေပလ်ရွက်လေးသို့

image

လူတစ်ယောက်ကို ကိုယ်ဖြစ်စေချင်သလို သူ မဖြစ် ၊ ကိုယ်နေစေချင်သလို သူ မနေတတ်လည်း နားလည်ပေးလိုက်ပါ။ နားလည်ပေးလိုက်ရင် သူလည်း ကိုယ့်ကြောင့် စိတ်မွန်းကျပ်တာ ၊ စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ အနေအထိုင် အပြောအဆို ခက်တာမျိုးတွေ မဖြစ်တော့သလို ကိုယ်လည်း သူ့ကြောင့် စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ စိတ်လေးနေတာမျိုးတွေ မဖြစ်တော့ပါဘူး ။ သူလည်း စိတ်သက်သာရာရသွားသလို ကိုယ်လည်း စိတ် သက်သာရာ ရပါတယ် ။ နားလည်ပေးတယ်ဆိုတာ ကိုယ်ချင်းစာပေးတာပါ ။ သူ့နေရာမှာ ကိုယ်စား ဝင်ခံစားပေးတာပါ ။ သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်လည်း သူလိုပဲ ဖြစ်တတ်ပါတယ်ဆိုတဲ့ စာနာစိတ်လေး ထားပေးပါ ။ သူ့အပေါ်မှာ သနားငဲ့ညှာပေးတာပါ ။ သူ့ရဲ့အားနည်းချက်ကို လက်ခံဖြည့်တွေးပေးတာပါ ။ လူတစ်ကိုယ် စိတ်တစ်မျိုး သူကမှ ကိုယ် မဟုတ်တာ ၊ သူ့အနေနဲ့ ကိုယ့်အလိုကျတော့ ဘယ်နေနိုင်ပါ့မလဲလို့ တွေးကာ ဆင်ခြင်သတိထား ဖြေသိမ့်နိုင်သွားတာပါ ။
#မောင်ဘုန်း (သပြု)

image
2 d - Translate

#knowledge #ဗဟုသုတ

image
2 d - Translate

❝ မ သေ သေး တဲ့ ငါ ❞
ငါ့ရဲ့မိတ်ဆွေတွေက သေကုန်ပြီး
ငါက မသေသေးတာဟာ
ကံကောင်းလို့သာ ဖြစ်တယ်။
ဒါကို ငါ သိပါတယ်။
ဒါပေမဲ့ မနေ့ညက အိပ်မက်ထဲမှာ
အဲဒီမိတ်ဆွေတွေက ပြောတယ်။
❛ လိုက်လျောညီထွေ နေနိုင်တဲ့ကောင်
ကျန်တာပေါ့တဲ့ ❜
ငါ့ကိုယ်ငါ မုန်းလိုက်တဲ့ဖြစ်ခြင်း ။
▪️ ဘားတော့ထ် ဘရက်(က်ရှ်ထ်)
▫️I, the Survivor
by Bertolt Brecht (Germany)
▪️ မောင်ဒေး - မြန်မာပြန်
▫️နိုင်ငံတကာ ကဗျာ ၁၀၀

image
2 d - Translate

#knowledge #ဗဟုသုတ

image
2 d - Translate

❛ ဘုရားသခင်ကိုစိန်ခေါ်သူ ❜
× × × × × ×
❛ လောကမှာ အသက်ရှင်ကျန်ရစ်ဖို့
အသန်မာဆုံး ဥာဏ်အကောင်းဆုံး
သက်ရှိမျိုးစိတ်ဖြစ်စရာမလိုဘူး
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ
ပြောင်းလဲနိုင်ဖို့သာလိုအပ်တယ်
• ချားလ်စ်ဒါဝင် •
_ _ _ _ _ _ _ _ _ _ _ _
ကျွန်တော်တို့ဟာ ပုံပြင်တွေကိုနှစ်သက်တယ်။ အထူးသဖြင့် နားလည်ရလွယ်ကူသော
ပုံပြင်တွေပေါ့။ အာဒံ ဧဝ ပုံပြင်မှာ
ဘုရားသခင် ဟာ လူအပါအဝင်
ဝေနေယျ သတ္တဝါ အလုံးစုံကို
ဖန်ဆင်းတော်မူတယ်။ ဗြဟ္မာကြီးပုံပြင်မှာ
ဗြဟ္မာကြီးတွေ စုတေရာမှ လူသားတွေ
ဖြစ်တည် လာတယ်လို့ ဆိုထားတယ်။
ထိုပုံပြင်တွေဟာ နားထောင်လို့
သိပ်ကောင်း တယ်။ ဘာကြောင့်ဆိုတော့
နားဝင်လွယ်တာကိုး။ နားထောင်သူအဖို့
ကာယ၊ ဉာဏ အထူးတလည် ကြိုးစား
စိုက်ထုတ်စရာ မလိုဘူး။ ထိုပုံပြင်တွေအပေါ်
ယုံကြည် သက်ဝင်နေဖို့သာ လိုအပ်တယ်။
ဆင့်ကဲဖြစ်စဉ်ဟာ
အထက်ပါ ပုံပြင်တွေနဲ့ မတူဘူး။
လူဟာ မျောက်မှ ဆင်းသက်လာတယ်
ပြောတိုင်း မျက်စိစုံမှိတ်
ယုံကြည်လိုက်တာမျိုး မဟုတ်ဘူး။
သိပ္ပံနည်းကျလေ့လာ
ဆန်းစစ်တယ်။ လက်တွေ့ စမ်းသပ်ချက်တွေ
ပြုလုပ်တယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊
မျိုးရိုးဗီဇတွေထဲ အဖြေရှာတယ်။
ဒါကြောင့် ဆင့်ကဲဖြစ်စဉ်ဟာ
အချက်အလက်ပေါ် အခြေခံသော
သိပ္ပံနည်းကျ သီအိုရီတစ်ခု ဖြစ်တယ်။
_ _ _ _ _ _ _ _ _ _
❛ ဘုရားသခင်ကိုစိန်ခေါ်သူ ❜
▫️ခန့်စိုးနိုင်▫️

image
2 d - Translate

❛ ဟိုအရင်ကတော့
လူဆင်းရဲတွေ
ချမ်းအားကြီးလို့ မအိပ်နိုင်ရင်
ထပြီးမီးလှုံနေကြရတယ်၊
ရေနွေးကျို သောက်နေကြရတယ်ဆိုတာမျိုး
လုပ်တတ်ကြသေး တယ်။ ခုတော့
မီးလှုံစရာ၊ ရေနွေးကျိုစရာ
ထင်းတို့ မီးသွေးတို့ကလည်း ရှားပါဘိသနဲ့။
အဲဒီတော့ အမေက
အမေချမ်းလို့ အဝတ်ထူ တွေ
အထပ်ထပ် ဝတ်နေရတဲ့အခါ
ငါ့လို မဝတ်နိုင် ရှာကြသူတွေ
ချမ်းရှာကြလိမ့်မယ်၊ ဖျားကြ၊ နာကြ၊
နှာစေး၊ ချောင်းဆိုးကြ ရှိကြလိမ့်မယ်လို့
သတိရပြီး စိတ်မကောင်းဖြစ်ရတယ် ❜
• ကျောဘက်အဖုံးမှ •
× × ×
❛ အမေ့ရှေးစကားများ ❜
▫️လူထုဒေါ်အမာ▫️

image