ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Medical Sales Representative - Yangon
Company: Mahar Loka Company Limited
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/23159
◾️HR Executive - Yangon
Company: Mahar Loka Company Limited
Salary Range: MMK 500,000 - 600,000
https://joimyanmar.com/job/detail/23181
◾️Assistant Chief Accountant - Yangon
Company: RDC Company Limited
Salary Range: Negotiation
https://joimyanmar.com/job/detail/23411
◾️Content Writer - Yangon
Company: NAING FAMILY CHERRY OO COMPANY LIMITED
Salary Range: MMK 300,000 - 400,000
https://joimyanmar.com/job/detail/23406
တမာရွက်ချဉ်စပ်သုပ်
တမာရွက်..................၃စည်း
ကြက်သွန်နီ................၁လုံး
ခရမ်းချဉ်သီး..............၁လုံး
ကြက်သွန်ဖြူ..............၃တက်
ငရုတ်သီးစိမ်း.. ...........၅တောင့်
နံနံပင်.......................အနည်းငယ်
ပုစွန်ခြောက်မှုန့်...........၁ဇွန်း
မြေပဲထောင်း..............၁ဇွန်း
တမာရွက်သုပ်မယ်ဆိုရင်စျေးတွေထဲကအချဉ်သပ်ပြီးသားတမာကိုရွေးပြီးဝယ်ရပါမယ်။အခုလိုအချိန်မှာတမာဖူး၊တမာညွှန့်တွေလှိုင်လှိုင်ပေါနေပါပြီ။
တမာချဉ်လေးတွေကိုရေစင်အောင်အထပ်ထပ်ဆေးပါ။
နုတဲ့အညွှန့်အဖူးလေးတွေကိုရွေးချယ်သန့်စင်ယူပြီးရေစစ်ထားကာခပ်နုပ်နုပ်လေးလှီးထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊နံနံပင်တွေကိုပါးပါးလှီးပါ။
ဇလုံတစ်ခုအတွင်းမှာပါဝင်ပစ္စည်းအားလုံးကိုရောထည့့်ပါ။
မြေပဲထောင်း၊ပုစွန်ခြောက်မှုန့်၊ဆား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ပြီးခပ်ဖွဖွလေးနယ်ပါ။
တမာရွက်ရဲ့ခါးသက်တဲ့အရသာကိုမပျက်စေပဲချို၊ချဉ်၊စိမ့်တဲ့အရသာအသစ်လေးကိုမြည်းစမ်းကြည့်ပါ။
စံပယ်ပန်း လှလှလေး ကပေးတဲ့ အသားအရေလှပမှု
စံပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။ စံပယ်ပန်း လှလှလေးတွေက အသားအရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။
စံပယ်ပန်းမွှေးမွှေးလေး ကပေးတဲ့ အသားအရေ ကျန်းမာရေး
အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။
ဝက်ခြံတွေကို သက်သာစေနိုင်တယ်
စံပယ်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် ခြောက်သွားအောင် ခဏထားလို့ ရေနွေးနဲ့ ဆေးချလိုက်ပါ။
အသားအရောင်မညီတာကို သက်သာစေတယ်
အသားအရောင်မညီတာကို သက်သာစေဖို့ဆိုရင် စံပယ်ရွက်ကို ကြိတ်ပြီး အုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်လိမ်းပြီး အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ရေနွေးနွေးလေးနဲ့ သစ်ချလိုက်ပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာက အသားအရောင်မညီတာကို သိသိသာသာ သက်သာစေမှပါ။
အသားအရေ နူးညံ့စေတယ်
စံပယ်ပန်းအဆီကို ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောစပ်လို့ ရလာတဲ့အရောကို အိပ်ရာမဝင်ခင် အရေပြားပေါ်မှာ လိမ်းပြီး အိပ်ရာဝင်ပါ။ ဒီလို ပုံမှန်လုပ်ပေးတာက အသားအရေကို တင်းရင်းစေပြီး နူးညံ့စေမှာပါ။
ဦးရေပြား ပြဿနာကင်းစေတယ်
စံပယ်ပန်းအဆီက အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြားမှာဖြစ်တဲ့ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဦးရေပြား ကျန်းမာရေးအတွက် စံပယ်ပန်းအဆီနဲ့ အုန်းဆီကို ဆတူရောလို့ ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။
အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ စံပယ်ပန်းအဆီက အသားအရေကို ဓာတ်တိုးပစ္စည်းတွေနဲ့ ခရမ်းလွန်ရောင်ခြည်၊ ညစ်ညမ်းမှုတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။စံပယ်ပန်းအဆီကို လိမ်းပေးတာက အမာရွတ်တွေ၊ အရေးအကြောင်းတွေ နဲ့ အမဲစက်တွေကို သက်သာစေပြီး အရွယ်တင် နုပျိုနေစေမှာပါ။
ရေဓာတ်ဖြည့်ပေးနိုင်တယ်
စံပယ်ပန်းက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေပြီး ချွေးပေါက်တွေ ပိတ်ဆို့မှု ကင်းစေပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
စံပယ်ပန်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတဲ့ စံပယ်ပန်းအဆီက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးကနေ ကာကွယ်နိုင်မှာပါ။
ချွေးပေါက်တွေကို သန့်စင်ပေးတယ်
စံပယ်ပန်းကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ရလာတဲ့ ရေနွေးကို ဂွမ်းစလေးနဲ့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်စင်စေပြီး ချွေးပေါက် ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ဆားဝက်ခြံနဲ့ အဆီပြန်တာတွေကို သက်သာစေမှာပါ။
ကဲ …စံပယ်ပန်းလှလှလေးကို သုံးလို့ အသားအရေလေးကို အခုပဲ ထိန်းသိမ်း လိုက်ရအောင်လား……………..
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အထူးရထားခရီးစဉ်များပြေးဆွဲမည်
မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ၂၀၂၅ ခုနှစ် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရန်ကုန် - ပြ ည် - ရန်ကုန်နှင့် ရန်ကုန် - မော်လမြိုင် - ရန်ကုန်ခရီးစဉ်များ ကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးသွားဖြစ်သည်။
ထို့ပြင် မြန်မာ့မီးရထားအနေဖြင့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရထားလမ်းပိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီ (၅) ရက်တွင် ရန်ကုန် - မန္တလေး လမ်းပိုင်း၌ ရထားများ ပြန်လည်ပြေးဆွဲနိုင်ပြီ ဖြစ်သည်။
ယခုအခါ ငလျင်ဘေးဒဏ်မကျရောက်မီက ပြေးဆွဲခဲ့သော သတ်မှတ်အမြန်နှုန်းများအတိုင်း ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ရထားခရီးစဉ်များကို အချိန်မှန်မြန်ဆန်စွာပြန်လည် ပြေးဆွဲနိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ယင်းအပြင် ရထားစီးခရီးသွားပြည်သူများအတွက် ရထားလက်မှတ်များ လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း သက်ဆိုင်ရာဘူတာများနှင့် လက်မှတ်အရောင်းဌာနများတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲနေသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။
🌷လူတစ်ယောက်ရဲ့
အကျင့်နဲ့ဗီဇဆိုတာဟာ
အတူတူပါပဲလို့ထင်ပါလိမ့်မယ်
အမှန်က မတူပါဘူး။
🌷လူတစ်ယောက်ရဲ့အကျင့်
ဆိုတာကိုပြုပြင်လို့ရတတ်ပါတယ်
ဗီဇ ဆိုတာကတော့မွေးရာပါမို့
ဘာနဲ့မှပြုပြင်လို့မရပါဘူး။
🌷အကျင့်မကောင်းဘူးဆိုတဲ့သူကိုပြုပြင်ဆုံးမရတာလွယ်သလောက်
ဗီဇမကောင်းတဲ့သူကိုဆုံးမဖို့တော့အချိန်ကုန်လေကုန် စိတ်ပန်းလူပန်း
ယုံရလွဲလို့ဘာမှမပြောင်းလဲပါဘူး။
🌷ဗီဇမကောင်းတဲ့သူကို
ချစ်တဲ့စိတ် တစ်ခုတည်းနဲ့
ပြုပြင်ပေးလို့ရမှာပဲလို့မတွေးနဲ့
ဘယ်တော့မှမစဉ်းစားပါနဲ့။
🌷ယုတ်မာတဲ့ဗီဇပါလာရင်
ယုတ်မာတဲ့ဗီဇကြောင့်ယုတ်မာမှာပဲ
လိမ်ညာတတ်တဲ့ဗီဇပါရင်တော့
လိမ်ဖို့ညာဖို့၀န်မလေးတတ်ပါဘူး
ရှုတ်ပွေတတ်တဲဗီဇပါလာရင်
ရှုတ်ပွေနေမှာပါပဲ။
🌷ဗီဇ မကောင်းတဲ့သူကို
အကြိမ်ကြိမ် အခါခါ ဆုံးမပြုပြင်
လို့လည်းပြောင်းလဲလာမှာတော့
မဟုတ်ပါဘူး။
🌷ဗီဇ ဆိုးရှိတဲ့သူကိုချစ်တဲ့ခါ
သူ (ငါ့ကိုချစ်ရင်)(ပြောင်းလဲ
လာမှာဘဲလို့)မထင်ပါနဲ့.
ဗီဇ ဆိုတာကလည်းသေမှ
ပျောက်တဲ့အမျိုးမို့ဘာမှ
မျှော်လင့်မနေပါနဲ့။
🌷ပြုပြင်လို့မရသလို
တနေ့ပြောင်းလဲလာမှာဘဲဆိုပြီး
စောင့်ဆိုင်းမနေပါနဲ့အလုပ်ပို
အချိန်ပိုကုန်တာပါဘဲ။
🌷သူကံတရားနဲ့သူ
သူ့ဗီဇနဲ့သူ.သူ့ထိုက်နဲ့သူကံလို့ပဲ
မှတ်ယူပြီးဥပေက္ခာပြုထားလိုက်ပါ
ဘာအတွက်မှအကျိုးမပြုတူတူ
လစ်လျု့ရှု့ထားတာအာရုံနောက်
သက်သာပါတယ်။
မည်သူ့ကိုမှမရည်ရွယ်ပါဘူး
မေတ္တာထားရေးသည့်တွက်
မေတ္တာထားဖတ်ပါ🙏