5 w - Translate

#transfer_news

ချယ်လ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွင် မန်ယူအသင်းထံမှခေါ်ယူနိုင်ခဲ့သည့် အဂ်လန်တောင်ပံကစားသမား ဆန်ချိုအား တရား၀င်မိတ်ဆက်ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၄)နှစ်အရွယ်ဆန်ချိုအား ကနဦးတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ပေါင်သန်း (၂၀)ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မန်စီးတီးအကယ်ဒမီထွက်ကစားသမားဆန်ချိုသည် ဒေါ့မွန်၊ မန်ယူအသင်းများတွင်ကစားခဲ့ပြီး မန်ယူအသင်းတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆန်ချိုသည် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၁၉) ဝတ်ဆင်သွားမည်ဖြစ်သည်။

#football

image
5 w - Translate

#transfer_news

ချယ်လ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွင် မန်ယူအသင်းထံမှခေါ်ယူနိုင်ခဲ့သည့် အဂ်လန်တောင်ပံကစားသမား ဆန်ချိုအား တရား၀င်မိတ်ဆက်ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၄)နှစ်အရွယ်ဆန်ချိုအား ကနဦးတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ပေါင်သန်း (၂၀)ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မန်စီးတီးအကယ်ဒမီထွက်ကစားသမားဆန်ချိုသည် ဒေါ့မွန်၊ မန်ယူအသင်းများတွင်ကစားခဲ့ပြီး မန်ယူအသင်းတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆန်ချိုသည် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၁၉) ဝတ်ဆင်သွားမည်ဖြစ်သည်။

#football

image
5 w - Translate

#transfer_news

ချယ်လ်ဆီးအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွင် မန်ယူအသင်းထံမှခေါ်ယူနိုင်ခဲ့သည့် အဂ်လန်တောင်ပံကစားသမား ဆန်ချိုအား တရား၀င်မိတ်ဆက်ကြေညာခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသက် (၂၄)နှစ်အရွယ်ဆန်ချိုအား ကနဦးတစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ပေါင်သန်း (၂၀)ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မန်စီးတီးအကယ်ဒမီထွက်ကစားသမားဆန်ချိုသည် ဒေါ့မွန်၊ မန်ယူအသင်းများတွင်ကစားခဲ့ပြီး မန်ယူအသင်းတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆန်ချိုသည် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၁၉) ဝတ်ဆင်သွားမည်ဖြစ်သည်။

#football

imageimage
5 w - Translate

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။

မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကျဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။

အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း
အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကြတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။

Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။

မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း
သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။

မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း
Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ဒီ့အတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်။

Credit: ရေးသားသူ Dr. Thiha Phyo Myint ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
#beauty

image
5 w - Translate

ဆီဆိုင်ဝန်ထမ်း မိတ်ဆွေအတွက် စုဘူးဖောက်ပြီး စက်ဘီးဝယ်ပေးခဲ့တဲ့ ကလေးငယ်

တောင်အာဖရိကနိုင်ငံမှ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ သူနဲ့ ခင်နေတဲ့ ဆီဆိုင် ဝန်ထမ်း အလုပ်သွား၊ အလုပ်ပြန်လုပ်ရတာ အဆင်ပြေစေဖို့ သူ့စုထားတဲ့ငွေတွေနဲ့ စက်ဘီးတစ်စီး ဝယ်ပေးခဲ့ဖူးပါတယ်။ အဲဒီကောင်လေးနာမည်က ဗော်ဂန်ပါ။ သူ့အမေက ကားဆီ ဝင်ဖြည့်ရင်း ဗော်ဂန်က တိုနီနဲ့ ခင်သွားတာပါ။

အဲဒီတုန်းက ဗော်ဂန် နေမကောင်း ဖြစ်နေတဲ့အချိန် တိုနီနဲ့ စကားပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားခဲ့တာကို သူ့အမေက မြင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဗော်ဂန်က တိုနီ့ဆီ မကြာခဏ လာလည်လေ့ရှိပါတယ်။ တစ်ရက်တော့ တိုနီက စက်ဘီးတစ်စီး ဝယ်ချင်တယ်၊ ပိုက်ဆံလည်း သိပ်မတတ်နိုင်ဘူး။ ဈေးသင့်တာလေးရှိရင် ပြောပါဦးလို့ ဗော်ဂန်ကို အကူအညီ တောင်းခဲ့တာပါ။

အဲဒီနောက်မှာ ဗော်ဂန်က အားလပ်ရက် ခရီးထွက်ရင် သုံးဖို့ သူ စုထားတဲ့ စုဘူးကို ဖောက်ပြီး တိုနီအတွက် စက်ဘီးအသစ်တစ်စီး ဝယ်ပေးခဲ့တာပါ။ ဗော်ဂန်က စုဘူး မဖောက်ခင် သူ့မိခင်ထံ ခွင့်တောင်းခဲ့ပြီး သူ့မိခင်ကလည်း ဗော်ဂန်ရဲ့ စိတ်စေတနာကောင်းရှိမှုကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ခွင့်ပြုပေးခဲ့တာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Ref: 10-year-old boy uses his savings to buy gas station attendant a bicycle: 'Most proud of you'
#news

image
5 w - Translate

အန်နိထောင့်လိုင်ခါ

image
5 w - Translate

ဘာလို့ ဒူးနာသလဲ

သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

အဆစ်အမြစ်ရောင်ခြင်း

အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)

Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်း ပျက်စီး ရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင် ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်း နာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက် ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ် သက်သာသွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပို ထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေစုပုံနေလို့ ဖြစ်ပါတယ်။

Rheumatoid အဆစ်အမြစ်ရောင်ရောဂါ

မိမိခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ဒီ အဆစ်အမြစ်ရောင်ရောဂါဟာ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်ပါတယ်။ Rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှုဟာ ပြင်းထန်ပြီး နာတာရှည် ဖြစ်လာနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။

ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွါးသော အဆစ်အမြစ်ရောင်ရောဂါ

သင့်ဒူးဟာလည်း ပိုးဝင်နိုင်ပြီး နာကျင် နီရဲ ဖောင်းကားလာနိုင်ပါတယ်။ အဖျားလည်း တက်နိုင်ပါသေးတယ်။ ကူးစက်ပိုး မဝင်ခင်မှာ ထူးထူးခြားခြား ထိခိုက်မိတာ၊ ဒါဏ်ရာ အနာတရဖြစ်တာ ဒါမှမဟုတ် တခြား ပြဿနာတခုခု ဖြစ်တာမျိုး မရှိတတ်ပါဘူး။

ဂေါက်ရောဂါ

ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲ ရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က uric acid ထုတ်လုပ်တဲ့အခါ ဂေါက်ရောဂါ ဖြစ်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ဆစ်က ခရစ်စတယ်လ် အခဲလေးတွေကို အဆစ်အမြစ်တွေမှာ အနည်ထိုင်စေတဲ့အတွက်ကြောင့်ပါ။ ဂေါက်ရောဂါဟာ သင့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပစ်လိုက်နိုင်ပါတယ်။

ဒူးဒါဏ်ရာများ
ဒူးတဝိုက်မှာရှိတဲ့ ကြွက်သား၊ အရွတ်၊ အရွတ်ကြော၊ အရိုး ဒါမှမဟုတ် အရိုးနုတွေမှာ ထိခိုက်ဒါဏ်ရာရရင် ဒူးနာနိုင်ပါတယ်။

အရွတ်စုတ်ပြဲခြင်း

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ အရွတ်လေးခုရှိပြီး သူတို့ထဲက တခုဖြစ်တဲ့ anterior cruciate ligament (ACL) စုတ်ပြဲရင်၊ အလွန်အကျွံ ဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။ ဒူးအရွတ် စုတ်ပြဲတာကို ဘောလုံးသမား၊ ဘတ်စကတ်ဘောကစားသမား စတဲ့ အားကစားသမားတွေမှာ အဓိက တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ကစားနေရင်း ခန္ဓာကိုယ် ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက် ပြောင်းရတာကို အရွတ်က ခံနိုင်ရည် မရှိပါဘူး။

အရိုးကျိုးခြင်း

အရိုးကျိုးတာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ အမြင့်က ပြုတ်ကျခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ အားကစားလုပ်စဉ် ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွါးခြင်းတွေကြောင့် အရိုးကျိုးနိုင်ပြီး အရိုးကျိုးရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးခေါင်းရိုးကို ငြိမ်အောင်ထားခြင်းအားဖြင့် အရိုးကျိုးခြင်းကို ကုသနိုင်ပါတယ်။

အရိုးနုစုတ်ပြဲခြင်း

ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်,မပေးထားတဲ့ အရိုးနု နှစ်ခုရှိပြီး တော်ရုံ ထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ပေးပါတယ်။ သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှုမရှိဘဲ ကွေးနိုင် ဆန့်နိုင်တာ ဖြစ်ပါတယ်။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် အဆိုပါ အရိုးနုလေးတွေ စုတ်ပြဲသွားနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
ဒီပြဿနာတွေကြောင့်လည်း ဒူးနာနိုင်ပါတယ်။

ဂုံညင်းရိုးလွဲခြင်း

ဂုံညင်းရိုးလို့ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက် ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါ လက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း တို့ပဲ ဖြစ်ကြပါတယ်။

တင်ပါး သို့မဟုတ် ခြေထောက်နာခြင်း

တင်ပါး သို့မဟုတ် ခြေထောက်နာရင် သင်လမ်းလျှောက်တဲ့ ပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။ ဖိအားတွေအားလုံးက ဒူးနှစ်ဖက်လုံးကို ညီညီမျှမျှ မရောက်ရှိတဲ့အတွက် ဒူးပိုလာနိုင်ပါတယ်။

ဒူးနာခြင်းဟာ နောက်ခံအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အတွက် သူတို့အကြောင်းကို သိထားမယ်ဆိုရင် သင့်ရဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်မယ့်အပြင် ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။
#knowledge

image
5 w - Translate

ကြက်အူဆီပြန်ဟင်း ***

ကြက်အူကို မညှီပဲ အနံ့လေး မွှေးနေအောင် ချက်ကြရအောင်...
ကြက်အူဆီပြန်လေးကို မဆလာနံ့လေး တသင်းသင်းနဲ့ မွှေးနေအောင် ချက်ထားပါတယ်။ စားနေချိန်မှာရော စားပြီးသွားရင်ရော လက်မှာ မဆလာအနံ့လေး သင်းပြီး ဆွဲနေအောင် ကောင်းလှပါတယ်..
ကြက်အူကို မညှီအောင် ဆေးရတာကတော့ လက်ဝင်ပါတယ်။ အချိန်လဲကြာတယ်။
ကြက်အူကို ဆေးမယ်ဆိုလျှင် ပထမဆုံး ဆားကြမ်း၊ ဆနွင်းနဲ့ခပ်ကြမ်းကြမ်းလေး နယ်ဆေးပြီး ရေများများနဲ့ ဆေးချပါ။
နောက်တထပ်ဆို ပဲမှုန့်အစိမ်းထည့်ပြီး လက်နဲ့ အားရပါးရနယ်ပြီး ဆေးပါ။
အညှိအရွဲတွေဟာ ပဲမှုန့်စိမ်းနဲ့အတူ ပါသွားပါလိမ့်မယ်။ ရေအေးနဲ့ပြန်ဆေးချပါ။ လေးငါးထပ်ပေါ့ ။
နောက်ဆုံးမှ ရေနွေးနွေးလေးထည့်၊ ရှာလကာရည် နှစ်ဇွန်းလောက် ထည့်ပြီး မြန်မြန်ဆေးချပါ။
စိမ်ပြီးဆေးလျှင် အချဉ်ဓာတ်တွေ စိမ့်ဝင်သွားမှာ ဆိုးလို့ပါ။
ပြီးရင်ရေနဲ့ အထပ်ထပ်ပြန်ဆေးရင် မညှီတော့ပါဘူး။ အားလုံး သန့်စင်သွားရင် ဆေးတဲ့ရေလေး ကြည်သွားတာ တွေ့ရပါမယ်။
အဲ့ဒီတော့မှ ထုံးပြီးချက်ချင်တယ်ဆိုရင်လည်း အူတွေကို အနေတော်အရှည်လေးတွေ ဖြတ်ပြီးထုံးပါ။
မထုံးချင်လည်း ကပ်ကြေးနဲ့ အနေတော်အပိုင်းလေးတွေ ဖြတ်ပါ။
ပြီးရင် ကြက်သားမှုန့်၊ ဆနွင်း၊ မဆလာ ထည့်နယ်ထားပါ။ ဆားမထည့့်ပါဘူး။
ကြက်သွန်နီဖြူ ၊ ချင်းကို ထောင်းထားပါ။
ငရုတ်သီးအပုတောင့်ကို ရေနွေးနဲ့ စိမ်ပါ။ ပွလာရင် အစေ့ထုတ် ညက်အောင် ထောင်းထားပါ။
စပါးလင်တပင်ကို အရိုးထုပြီး သေချာစည်းထားပါ။
ချက်လို့ရပါပြီ။ ဆီအိုးပူရင် ကြက်သွန်နီဖြူ၊ ချင်းထောင်းတာထည့်၊ ဆီသတ်ပြီး ကရဝေးရွက်ပါ တခါတည်း ထည့်ပါ။
အနံ့မွှေးရင် ဆနွင်း၊ ငရုတ်သီးထောင်းတာ ထည့်ပါ။
အရောင်လည်းလှ အနံ့လေး မွှေးနေပြီဆိုမှ ကြက်အူတွေကိုထည့်ပြီးမွှေပေးပါ။ ရေမထည့်ပါနဲ့။
ကြက်အူက သူ့ရေနဲ့သူ ထွက်လာတာ အများကြီးမို့လို့ ပါ။
စပါးလင် ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ အိုးထဲ ဆီပြန်တဲ့ အသံကြားမှ အဖုံးဖွင့်ပါ။
အနံ့လေး အတော်မွှေးနေပြီဆိုရင် ရေထပ်ထည့့်ပြီး အူမနူးမချင်း တည်ပေးပါ။
အရသာအတွက် ဆားငံပြာရည်ကို ထည့်ပါ။
ဆီလည်းပြန် အူလည်းနူးပြီဆိုရင် စားရန်အသင့်ဖြစ်ပါပြီ။
အရမ်းမွှေးပြီး ခပ်စပ်စပ်လေးပေါ့။ညှီနံ့လည်းမရှိတော့ပါဘူး။
ထမင်းနဲ့စားရင် အရမ်းထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ကြိုက်ရင် ချက်စားကြည့်နော်...

#cooking

image
5 w - Translate

ယောင်္ကျားကိုမရလိုက်ပါဘူးကွယ် 😆🤒

image
5 w - Translate

ကျွန်တော် ပင်ပန်းနေပြီထင်တယ် ...

နေရတာ ပျော်မနေတော့ဘူး
မနက်ဖြန်တွေကို မျှော်စရာအကြောင်းပြချက်တွေ
ရေရေရာရာရှိမနေတော့ဘူး

ပြီးတော့ ...
ရီရတယ်ဆိုတဲ့ရက်တွေ ရှားလာပြီ
ပင်ပန်းလိုက်တာလို့ မညည်းချင်တော့လောက်အောင်
တချို့ရက်တွေက
ရှင်သန်ရတာ ပင်ပန်းတယ် ။

ကျွန်တော် ပင်ပန်းနေပြီထင်တယ်
ပြီးတော့ ...
ကျွန်တော် နာကျင်နေပြီထင်တယ် ။

#crd

image