2 w - Translate

၅ မိနစ် အားသွင်းပြီး မိုင် ၂၀၀၀ မောင်းနိုင်မယ့် Huawei ဘက်ထရီနည်းပညာ
ဒီနည်းပညာသာ ဈေးကွက်ဝင်လာရင် EV ဘက်ထရီလောကတော့ ဝုန်းဒိုင်းကြဲသွားလောက်တယ်။
Huawei က မူပိုင်ခွင့်တင်ထားတဲ့ EV ဘက်ထရီတစ်ခုက ၅ မနစ်အားသွင်းထားရင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၅ မိုင်ခန့်) မောင်းလို့ ရမယ့် ဘက်ထရီနည်းပညာ။ ခေတ်ပေါ် EV တွေ မောင်းနိုင်မယ့် အကွာအဝေးကို အဆပေါင်းများစွာ ဆန့်ထုတ်နိုင်မှာ ဖြစ်လို့ တကယ်သာ အောင်မြင်ခဲ့ရင် လျှပ်စစ်ကားလောက ပြောင်းလဲသွားနိုင်တဲ့ နည်းပညာလို့ ဆိုနိုင်ပါတယ်။
အခု ဘက်ထရီက ဆာလ်ဖိုက်အခြေခံ solid-state ဘက်ထရီကိုမှ လစ်သီယမ်အိုင်ယွန်ဘက်ထရီထက် စွမ်းအင်သိပ်သည်းဆ ၂-၃ ဆပိုမြင့်တယ်လို့ ပြောပါတယ်။ မူပိုင်ခွင့်မှာ တင်ထားတာကတော့ သိပ်သည်းဆ 400 - 500 Wh/kg လို့ ဆိုပါတယ်။
ပုံမှန် လစ်သီယမ်အိုင်ယွန်ဘက်ထရီတွေက ဂရပ်ဖိုက် / ဆီလီကွန် anode အသုံးပြုပြီး Huawei ဘက်ထရီက anode free ဒီဇိုင်းနဲ့ စွမ်းအင်သိပ်သည်းဆ ပိုတိုးလိုက်တာပါ။ electrolyte အခဲ (solid-state) ထားလို့ ဘက်ထရီပိုဘေးကင်းပြီး သက်တမ်းပိုရှည်စေပေမယ့် သူ့မှာလည်း စိန်ခေါ်မှုတချို့ ရှိပါတယ်။
တစ်ခုက solid-state electrolye တွေက အရည် electrolyte ဘက်ထရီတွေလောက် အိုင်းယွန်းလျှပ်ကူးမှု အားမကောင်းတာ ၊ လျှပ်ကူးနဲ့လျှပ်စစ်ဖမ်းတဲ့ electrode အကြား ခုခံအားတွေရှိလို့ ဘက်ထရီစွမ်းအင်စီးဆင်းမှု ကျဆင်းတာတွေနဲ့ ထုတ်လုပ်ရေးစရိတ်ကြီးတာတွေပါ။
Solid-state ဘက်ထရီထုတ်လုပ်ရေးစရိတ်က ၁ ကီလိုဝပ်ကို ယွမ် ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား (မြန်မာငွေ သိန်း ၅၀ ကျော်နဲ့ ၆၃ သိန်းဝန်းကျင်) ရှိပါတယ်။ Solid-state EV ဘက်ထရီတွေ အမြောက်အများထုတ်ဖို့ စိန်ခေါ်ချက်တွေ ရှိသလို မြန်နှုန်းမြင့် ultra-hight voltage အားသွင်းရုံတွေကလည်း ဈေးကွက်ဝင်အဆင့် ဖြစ်မလာသေးပါဘူး။
Solid-state ဘက်ထရီ သုတေသနတွေကတော့ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ။၂၀၂၃ မှာတော့ Toyota ကုမ္ပဏီက ၁၀ မိနစ်အားသွင်းပြီး ကီလိုမီတာ ၁၂၀၀ (မိုင် ၇၅၀ နီးပါး) သွားနိုင်မယ့် solid-state ဘက်ထရီ ရှေ့ပြေးနမူနာတစ်ခု ပြသခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ solid-state ဘက်ထရီမူပိုင်ခွင့်အများဆုံး ပိုင်တာ တရုတ်ကုမ္ပဏီတွေ ဖြစ်ပြီး မူပိုင်ခွင့်ရဲ့ ၃၆.၇% ကို ပိုင်ကြတယ်လို့ ဆိုပါတယ်။
Huawei ရဲ့ ၅ မိနစ်အားသွင်းရုံနဲ့ ကီလိုမီတာ ၃၀၀၀ မောင်းနိုင်မယ့် လျှပ်စစ်ကားဘက်ထရီက အားကျစရာနည်းပညာဆိုပေမယ့် ဈေးကွက်ဝင်ထုတ်ကုန်ဖြစ်လာဖို့ အများကြီးဖြတ်ကျော်ရဖို့ ရှိပါတယ်။

image
2 w - Translate - Youtube

မောင် FLASH UC 30000 ကျော်နဲ့ The Fool Skin ဖောက်ပြသောအခါ😱

2 w - Translate - Youtube

မြန်မာငွေသိန်း၂၀၀၀ကျော်သုံးထားတဲ့အကောင့်ကြီးကိုတာကီးတစ်ချက်ရှိုးပြီ😱

2 w - Translate

တရုတ်မှာ BCI chip နည်းပညာ စမ်းသပ်အောင်မြင်
တရုတ်က BCI လို့ ခေါ်တဲ့ ခေါင်းထဲ chip ထည့်ပြီး ကွန်ပျူတာကို စိတ်နဲ့ စေခိုင်းနိုင်တဲ့ နည်းပညာ ရသွားပါပြီ။
BCI (Brain-Computer Interface) နည်းပညာ ကို အီလွန်မတ်စ်ရဲ့ Neuralink နဲ့ တွဲသိကြမှာပါ။ မလှုပ်ရှားနိုင်ဖြစ်နေတဲ့ ကိုယ်တစ်ပိုင်းသေ ဝေဒနာရှင်မှာ chip ထည့်ပြီး ဗွီဒီယိုဂိမ်းဆော့ခိုင်းနိုင်တဲ့ နည်းပညာမျိုးပါ။ ဒီနည်းပညာကို ပိုင်တဲ့ ဒုတိယနိုင်ငံက တရုတ်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲမှာ တရုတ်သိပ္ပံအကယ်ဒမီ CEBSIT က ပညာရှင်တွေဟာ BCI နည်းပညာကို လွန်ခဲ့တဲ့ ၁၃ နှစ် လျှပ်စစ်မတော်တဆမှုမှာ ခြေလက်ဆုံးရှုံးခဲ့ရတဲ့ လူနာတစ်ယောက်ရဲ့ ဦးနှောက်မှာ ထည့်သွင်းခဲ့ပါတယ်။ ဝိုင်ယာလက် implant ထည့်ပြီး နှစ်ပတ်သုံးပတ်အကြာမှာ လူနာက စိတ်နဲ့ ဗွီဒီယိုဂိမ်းတွေ ၊ chess တွေ ဆော့နိုင်လာတယ်လို့ ဆိုပါတယ်။
တရုတ်ပညာရှင်တွေ သုံးလိုက်တဲ့ implant က အချင်း ၂၆ မီလီမီတာ ၊ အထူ ၆ မီလီမီတာမပြည့်တဲ့ ကမ္ဘာ့အသေးဆုံး implant လို့ ပြောပါတယ်။ အကြွေစေ့အရွယ်ရှိတဲ့ ဒီ implant ရဲ့ electrode လေးတွေက လူ့ဆံပင်ရဲ့ အပုံ ၁၀၀ ပုံ ၁ ပုံလောက်ပဲ ထူပါတယ်။ Neuralink ရဲ့ BCI implant ထက်လည်း အဆ ၁၀၀ ကျော် ပိုပြီး အလိုက်သင့် ကွေးညွှတ် flexible ဖြစ်တယ်လို့တောင် ဆိုပါတယ်။
ဒီအောင်မြင်မှုက ရှေ့ဆက်မယ့် စီမံကိန်းတွေရဲ့ အစပါပဲ။ နောက်တစ်ဆင့်အနေနဲ့ လူနာကို စက်ရုပ်လက်တပ်ပြီး စိတ်အတွေးအကြံနဲ့ အရာဝတ္ထုတွေ ကောက်ယူနိုင်အောင်လည်း ကြိုးပမ်းနေပါတယ်။ ဖူဒန်တက္ကသိုလ် ဟွာရှန်းတက္ကသိုလ်နဲ့ ပူးပေါင်းပြီး နောက်နှစ်ထဲမှာ ကိုယ်တခြမ်းသေလူနာ ၄၀ ကို ဆက်ပြီး စမ်းသပ်ဖို့လည်း ရှိပါတယ်။
တရုတ်ပညာရှင်တွေက အာဏာပိုင်တွေဆီကနေ BCI နည်းပညာ ခွင့်ပြုချက်တောင်းထားပါတယ်။ ၂၀၂၈ ထဲလောက် ဈေးကွက်ထဲ ဝင်မယ်လို့လည်း ပြောပါတယ်။

image
2 w - Translate

ကား နှင့် ဆိုင်ကယ်များသာမက အာကာသထိခြေဆန့်တော့မည့် Honda
ကားနှင့်မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုများဖြင့် နာမည်ကျော်ကြားသည့် Honda သည်မကြာသေးမီအချိန်က နည်းပညာအသစ်တစ်ခုတီထွင်ခဲ့ပြီးအဆိုပါနည်းပညာမှာအာကာသသို့ Rocket လွှတ်တင်ရန်ဖြစ်သည်။၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် Honda သည်မိမိတို့အပိုင် Reusable (ပြန်အသုံးပြုနိုင်သော) Rocket တစ်စင်းကို Hokkaido ပြည်နယ် Taiki စမ်းသပ်စခန်း၌ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့သည်။

ဤ Rocket သည်အမြင့် ၆.၃ မီတာ (ပေ ၂၁ ခန့်) ရှိပြီး အလေးချိန်အားဖြင့် ၁.၃ တန်ခန့်ရှိသည်။ညင်းသာစွာထွက်ခွာခဲ့ပြီး ၂၇၁ မီတာ (ပေ ၈၉၀) အထိ မြင့်တက်ခဲ့သည်။စမ်းသပ်မှုတစ်ခုလုံး ၅၆.၆ စက္ကန့်သာကြာမြင့်ခဲ့သော်လည်း ဆင်းသက်သည့်အခါတွင်သတ်မှတ်ထားသောနေရာနှင့် ၃၇ စင်တီမီတာ (၁၅ လက်မ) ဝေးရာတွင်တိကျစွာဆင်းသက်နိုင်ခဲ့သည်။ထိုသို့ တိကျစွာဆင်းသက်နိုင်ရန်အတွက် အသေးစိတ် research ပြုလုပ်ထားကာ အောက်ဘက်တွင်တပ်ဆင်ထားသော ခြေထောက် အထောက်အကူများကြောင့်ဟုလဲသိရသည်။

အဆိုပါအောင်မြင်မှုသည် Honda ၏ ပထမဆုံးအကြိမ် Vertical Takeoff and Landing (VTOL) Rocket ကို ကိုယ်ပိုင်သုတေသနအဖွဲ့နှင့်ပြုလုပ်ပြီး စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဆင်းသက်ရာတွင် ရရှိခဲ့သော တိကျမှုအခြေအနေများသည် Honda ၏ ၂၀၂၉ ခုနှစ်တွင်ပြုလုပ်မည့် suborbital spaceflight ရည်မှန်းချက်အတွက် တန်ဖိုးရှိသောစမ်းသပ်မှုနှင့်အောင်မြင်မှုများဖြစ်လာရန်ဖြစ်သည်။

image
2 w - Translate - Youtube

PUBG Mobile 3.9 စကုပ်ချိန်နည်း : Streamer DGRLEVI‬

https://youtu.be/8BWy-MvpdTQ?si=wsv3Oz2rNlQZEMcD

2 w - Translate - Youtube

PUBG Solo Game Play : Streamer Zero

2 w - Translate

Xiaomi Pad 7 Ultra က လှချက်ပဲ 👀
.
လာမယ့် မေလ (၂၂) ရက်နေ့မှာ Xiaomi ရဲ့ ကိုယ်ပိုင် XRING O1 Chip နဲ့ထွက်လာမယ့် Xiaomi Pad 7 Ultra Tablet ရဲ့ သတင်းနဲ့ ဓါတ်ပုံတွေထပ်ထွက်ပေါ်လာပါပြီ...။
ဆိုတော့ Xiaomi Pad 7 Ultra က 14" OLED Display ကို သုံးထားမယ်။ ဘေးဘောင် (၄)​ ဖက်စလုံးက Symmertical ဖြစ်မယ့်အပြင် ဘောင်အထူက 3.95mm ပဲရှိတယ်။ အထူကလည်း 5.1mm ပဲရှိတော့ ပါးချက်ပဲ။
အဲ့ဒါကိုမှ Battery ကို 12000mAh Battery ထည့်ပေးထားတဲ့အပြင် Fast Charging ကိုလည်း 120W အထိ Support ပေးထားမယ်။ ဒီလောက် Battery ပါပေမယ့် အလေးချိန်ကလည်း 609g ပဲ လေးမယ်။
ပြီးတော့ အခုပုံတွေအရဆိုရင် Pen (Stylus) Support လုပ်မယ့်အပြင် First Party Keyboard ကိုပါ အဖြူရော အနက် အရောင် (၂) မျိုးနဲ့ တွဲထုတ်မယ့်ပုံစံပဲ။
Tablet တစ်လုံးအနေနဲ့ကတော့ တော်တော်ကိုလှတာပဲ 👀