Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...
နေပျော်သလိုသာ နေပါ
စကားတွေ အများကြီးမပြောတော့ဘူး
မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး
စကားတွေ အများကြီးပြောရင်
ရန်တွေ ဖြစ်ရတယ်
ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့
ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်
ပြီးတော့ ...
မမျှော်တော့ဘူးသိလား
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး
ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး
မျှော်နေရင်း မောသွားတဲ့
လူတစ်ယောက်လို့ပဲထားပါ
ပြီးတော့ ... ကျွန်တော်က
အတွေးသိပ်များပြီး
ပွစိပွစိလုပ်တတ်တဲ့
လူတစ်ယောက်လို့ပဲ ထားပါ ...
နေပျော်သလို နေလို့ရပါပြီ
ပြီးတော့ ...
ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ
ကျွန်တော် ... ပင်ပန်းနေပြီမို့
ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။
#ကျေးကို
ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...
ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။
#ကောက်ရိုး
မဝေးရဲဘူးဆိုတာကလည်း
တကယ့်
တကယ်
မဝေးကြသေးလို့ပါ ။ ။
#မောင်ခက်လူ
#နှစ်တစ်ရာပြက္ခဒိန်
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮
အခုတလော ညညဆို တော်ရုံနဲ့အိပ်မရဘူး
ခန္ဓာကိုယ်က အိပ်ချင်ပေမဲ့ စိတ်နဲ့အတွေးက
အိပ်မရဘူး တကယ် ပင်ပန်းရတယ်
အိပ်ဖို့ကြိုးစားလေ မအိပ်လေပါပဲ
#1918a
ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့
ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ်
သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့
စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်းရှိတယ် ။
#နွေသစ်ငြိမ်း