Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Xiaomi Power Bank တွေထက် မိုက်တယ် 👀
.
မနေ့တုန်းက vivo ကနေ X Fold 5 Foldable ဖုန်းအသစ်ကို မိတ်ဆက်ခဲ့တယ်.. ဖုန်းအကြောင်းက ပျင်းတာနဲ့ ပြန်မရေးချင်ပေမယ့် သဘောကျသွားတာက အတူမိတ်ဆက်သွားတဲ့ Power Bank ပါ။
အဓိကသဘောကျသွားတာက vivo Power Bank အသစ်က တော်တော်လေးကို ပါးပြီး ပေါ့တယ်။ အထူက 1.5cm နဲ့ အလေးချိန်က 181g ပဲရှိမယ်။ သုံးနေတဲ့ Xiaomi Power Bank လိုမျိုးပဲ USB-C ကြိုးကလည်း တခါတည်းပါပြီးသား... Xiaomi လိုမျိုးပဲ 22.5W Output ရမယ်၊ ပိုမိုက်တာက 10000mAh အတူတူကိုမှ Xiaomi ထက် ပိုပါး၊ ပိုပေါ့တာပဲ။
အရင်ကတော့ Silver နဲ့ Pink ဆိုပြီး ၂ မျိုးထွက်တယ်။ Pink လေးက လက်ဆောင်ပေးလို့ကောင်းလောက်မယ်။ စျေးကလည်း 99 Yuan ဆိုတော့ ၆ သောင်း၊ ၇ သောင်းလောက်ပဲဆိုရင် တော်တော်လေး တန်တယ်လို့ မြင်တာပဲ 🫠
Camera တွေကို စားပွဲပေါ် အံစာပစ်သလို ပစ်ပြီး ကျတဲ့အတိုင်း ဒီဇိုင်းထုတ်နေသလားပဲ 🫠
.
လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ Nothing ကနေ Qualcomm Snapdragon 8s Gen 4 Chipset ကို သုံးလာမယ့် Nothing Phone 3 ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။
အခုဆိုရင် Nothing Phone 3 ရဲ့ ဒီဇိုင်းပုံစံကို Android Headlines ကနေ ကြိုတင်ဖော်ပြလိုက်ပါပြီ။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး ၂ မျိုးထွက်လာမယ်။
အရှေ့မှာ ပြောထားသလိုပဲ Nothing ရဲ့ Signature လို့ပြောရမယ့် Glyph Interface Lighting က မရှိတော့ဘူး။ အဲ့ဒီအစား အနောက်ဖက် ညာဘက်ခြမ်း အပေါ်ထောင့်မှာ Mini LED Display လိုမျိုး အသေးလေးပဲ ပါတော့မယ်။ ဒါပေမယ့် Color နဲ့မဟုတ်ပဲ Black & White ပဲဖြစ်မယ့်ပုံစံပဲ။
ပြီးတော့ ကင်မရာတွေမှာ လက်ရှိအတည်ပြုထားတာက 50MP 3x Periscope Telephoto Camera တစ်ခုပါမယ်။ ကင်မရာဒီဇိုင်းက လုံးဝကို Symmertical မဖြစ်တော့ပဲ တွေ့ရာနေရာကောက်တပ်ထားသလိုပဲ။ Telephoto Camera ဆိုရင် ဘယ်ဘက်အပေါ်ထောင့်မှာ သီးသန့်တပ်ထားတယ်။
ကောင်းတာတစ်ခုကတော့ Display က ဘေးဘောင်တွေ ပိုပြီး ပါးသွားမယ်။ Punch-hole Selfie Camera နဲ့ပဲ။
Personally ကတော့ အရှေ့တုန်းက Glyph Interface နဲ့ Nothing Phone ဒီဇိုင်းတွေကို ပိုသဘောကျမိတယ်။ Phone (3a) Pro မှာ စပြီး ကင်မရာဒီဇိုင်းကို တကယ် တလွဲတွေ ဆက်တိုက်လုပ်နေတာပဲ 🫠
Fujifilm Camera ကိုင်နေရင် FUJI STYLE App တကယ် သုံးသင့်ပြီ 👀
.
ဒီ Post က ဖုန်းအကြောင်းနဲ့တော့ သိပ်ဆိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် Fujifilm Camera တစ်လုံးကို ဝယ်ထားတယ်၊ သုံးနေတယ်ဆိုရင် ကိုယ်တိုင်သုံးဖြစ်နေတဲ့ App တစ်ခုရဲ့ Update Feature အသစ်က အရမ်းမိုက်နေတာဆိုတော့ ပြန်ပြီး Sharing လုပ်ပေးတာပါ...။
ဒီ App က ဘာလဲဆိုရင် Fuji Style ဆိုတဲ့ App ပဲ။ ဒါက Fujifilm Camera တွေအတွက် Default Film Simulation အပြင် ထပ်ပြီး Custom Film Simulation Settings တွေ၊ Sample ပုံတွေနဲ့ ကင်မရာနဲ့ ရိုက်တဲ့ပုံတွေကို Watermark Frame လှလှလေးတပ်ဖို့အတွက် ထုတ်ထားတဲ့ App တစ်ခုပါ။
အရင်ဆုံး Fujifilm Camera နဲ့ Film Simulaton တွေအကြောင်းကို နည်းနည်းပြောရရင် ဒီ Fujifilm Camera တွေက RAW ပုံတွေရိုက်၊ ပြီးမှ သေချာပြန်ပြီး Lightroom လိုမျိုးနဲ့ Edit ပြန်လုပ်တာမျိုးထက် မရိုက်ခင်ထဲက Film Simulation ဆိုပြီး ရိုက်တဲ့ ဓါတ်ပုံတွေကို ဘယ်လို Film Look မျိုး တန်းထွက်အောင် ရိုက်ပေးနိင်တယ်။ Fujifilm ရဲ့ ကိုယ်ပိုင် Film Look - Film Simulation တွေ - Classic Chrome တို့၊ Eterna | Acros နဲ့ Classic Negative တွေဆိုရင် နာမည်ကြီးတယ်၊ Classic Negative ဆိုရင် အခု vivo X Series ဖုန်းတွေမှာတောင် ပုံစံတူ Look တွေ ဖန်တီးနေကြပြီ။
အဲ့အပြင် Fujifilm ကနေ သူ့ကင်မရာတွေပါ Default Fujifilm Film Simulation တွေတင်မဟုတ်ပဲ အသုံးပြုသူတွေကို စိတ်ကြိုက် Custom Film Simulation လုပ်ခွင့်ပေးထားတယ်။ ဒီအတွက်ကိုလည်း Third-party Support ကောင်းကောင်းကြီးကို ရှိနေတယ်။
ပြောရရင် FujiXWeekly တို့၊ အခု Fuji Style တို့ဆိုတာက ဒီ Custom Film Simulation ကို Third-party Support တွေပဲ - FujiXWeekly က တကယ့် Film တွေ - Kodak Portra 400 တို့၊ Kodachrome 64 လိုမျိုး Look တွေဘက်ကို ဦးစားပေးတယ်။ Fuji Style ကြတော့ ကိုယ်ပိုင် နာမည်တွေတပ်ထားတဲ့ Film အစစ်လို Look ထက် ကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့ Preset Look တွေနဲ့ ပိုတူသွားတယ်။
ဒီနေရာမှာ Custom Film Simulation တွေကို ကိုယ်သုံးနေတဲ့ Fujifilm Camera ထဲ ထည့်ဖို့က Custom Settings တွေ သတ်မှတ်၊ ပြီးရင် Third-party က ပြောတဲ့အတိုင်း Base ထားမယ့် Film Simulation ၊ Dynamic Range ၊ Grain Effect ၊ Color Chrome Effect ၊ Highlight တွေ၊ Shadow ၊ Sharpness ၊ Noise Reduction ၊ Color ၊ White Balance အကုန်လုံးကို တစ်ခုချင်းစီ အမှားအယွင်းမရှိအောင် Setting ချိန်ရတယ်။ အဲ့ဒါတောင် Fujifilm Camera တွေက X-Trans Sensor သုံးတာချင်းမတူတော့ ကိုယ့် Sensor Type အတွက် ထုတ်ပေးတာဖြစ်ဖို့ လိုသေးတယ်။
ပြောရရင် Settings မနိုင်၊ Xiaomi မကိုင်နဲ့ ဆိုတာထက်တောင် ဒီ Fujifilm Custom Film Simulation ထည့်ရတာ လက်ပေါက်ကပ်တယ်၊ ဒီကြားထဲ တစ်ခုခုမှားပြီး ပြောင်းမိရင်လည်း လုံးဝ လစ်သွားတာမျိုးဖြစ်ကုန်ရော။
ဒါပေမယ့်လည်း ဒီ Custom Film Simulation ထည့်ပြီး ရိုက်တာက တခြား Camera တွေလို ရိုက်ပြီးမှ RAW ပုံကို Lightroom ထဲထည့်၊ Preset အုပ်တာထက် ပိုအဆင်ပြေတယ်၊ ရိုက်ပြီး ပုံကို ဖုန်းထဲကူး၊ တန်းတင်ရုံပဲဆိုတော့ တော်တော်များများမှာ ကိုယ်ရိုက်နေကြ Custom Film Simulation တွေကို အသေ Custom Setting - C1, C2 ထားထားကြတယ်။
အခုကြတော့ Fuji Style App က ဒီ Settings တွေကို ကိုယ်တိုင်တစ်ခုချင်း ပြင်စရာမလိုတော့အောင်လုပ်ပေးလိုက်ပြီ။ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်ရိုက်ချင်တဲ့ Custom Film Simulation ကို ရွေး - Camera ရဲ့ Connection Mode မှာ USB RAW CONV/.Backup ဒါမှမဟုတ် Tether Shooting Fixed ကို ရွေးထားပြီး Camera နဲ့ ဖုန်းကို USB ကြိုးတိုက်ရိုက်ချိတ်၊ Apply နှိပ်လိုက်တာနဲ့ Custom Film Simulation တွေကို ဘာ Settings မှ ကိုယ်တိုင်လုပ်နေစရာမလိုပဲ တန်းပြောင်းပေးနိုင်ပြီ။
ဒါက တကယ်ကို မတရားမိုက်သွားတယ်။ အခု Fujifilm X-S10 နဲ့ စမ်းရသလောက်ဆိုရင် C1, C2 တွေမှာတော့ မရပေမယ့် Manual (M) Mode မှာဆိုရင် အဆင်ပြေနေတယ်။ Apply လုပ်တာလည်း မြန်ချက်ပဲ။
ဆိုတော့ Fujifilm Camera သုံးနေတယ်၊ Custom Film Simulation တွေကို အလွယ် Apply ချင်ရင် ဒီ Fuji Style App က တကယ်ကို ရှိထားသင့်သွားပြီ။
တစ်ခုရှိတာက Fuji Style App မှာ ဒီ Feature ကို သုံးနိုင်ဖို့ Pro ကို တစ်နှစ်စာ $18.99 ပေးပြီး ဝယ်ဖို့လိုမလားကတော့ မသိပါဘူး၊ ကျွန်တော်တို့က အရှေ့မှာထဲက သဘောကျပြီး ဝယ်ထားပြီးသားဖြစ်နေတယ်။
ပြီးတော့ နောက်ထပ်တစ်ခုက လောလောဆယ်အထိ Fuji Style App က iOS အတွက်ပဲထုတ်ပေးထားသေးတယ်။ Android အတွက်လည်း လုပ်နေတယ်ဆိုပြီး ရေးထားပေမယ့် အခုထိတော့ မရှိသေးဘူး။
အဲ့တော့ Fujifilm Camera ရှိရုံနဲ့ လောလောဆယ် မရသေးပဲ iPhone ရှိဖို့လည်း လိုသွားပြန်ပြီ 🫠
Liverpool player Diogo Jota and his brother André Silva were killed in a car accident in Spain when the Lamborghini they were in veered off a road and burst into flames, police said Thursday.
Jota’s death comes weeks after he married Rute Cardoso while on vacation from a season where he helped Liverpool win the Premier League title. He leaves behind three children, the youngest born last year.
https://abcnews.visitlink.me/kWI10w
At least 13 people are dead and more than 20 people were unaccounted for after heavy rain lashed Texas, leading to "catastrophic" flooding, authorities said Friday.
Children are among the dead, and about 23 campers from a summer camp in the area, Camp Mystic, were unaccounted for, according to officials.
Up to 12 inches of rain has already fallen in Kerr County, about 60 miles north of San Antonio, with the rain continuing on Friday evening.
Follow live updates: https://abcnews.visitlink.me/VQ_cIW