မိန်းကလေး တစ်ယောက် အချစ်ခံရတဲ့ ခံစားချက်ကို ပြသထားတဲ့အပြင် Relationship တစ်ခုကို အကောင်းဆုံးဖော်ပြထားတဲ့ ရုပ်ရှင်တွေထဲက တစ်ခုကို ပြပါဆိုရင် "The Vow" ရုပ်ရှင်ကို ပြောရပါလိမ့်မယ့်။ကိုယ်ကလည်း Relationship တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
လက်ထပ်ပြီးတာ မကြာသေးတဲ့ လီယို နှင့် ပိခ်ျ့ တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နား‌လည်မှု အပြည့်နဲ့ပေါ့။လီယို ကအသံသွင်း studio တစ်ခုထောင်ထားပြီး ပိချ့်ကတော့ အိမ်က အတင်းထားတဲ့ ဥပဒေ တက္ကသိုလ်ကနေ ထွက်ပြီး ပန်းပု အနပညာ တက္ကုသိုလ်ကို ပြောင်းတက်နေပါတယ်။
သိပ်မကြာခင်မှာပဲ နှစ်ယောက်လုံး ကားမတော်တဆ ဖြစ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။လီယို ကတော့ ဘာမှသိပ်မဖြစ်ပေမယ့် ပိခ်ျ့ကတော့ လီယိုနဲ့ လက်မထပ်ခင် အချိန်အထိပဲ မှတ်မိပါတော့တဲ့ မှတ်ဉာဏ်နဲ့ အတိတ်မေ့သွားပါတယ်။ဒီ‌တော့ လီယိုကို သူ့ချစ်သူမှန်းတောင် မသိတော့တဲ့အပြင် သူလုပ်နေတဲ့ ပန်းပု အနုပညာတွေကိုလည်း ဘာမှမမှတ်မိဘဲ ဥပဒေ ကျောင်းခဲ့တဲ့အချိန်ထိပဲ မှတ်မိပါတော့တယ်။
“ကိုယ်အရမ်းသဘောကျတဲ့ စာအုပ်လေးကို မဖတ်ဖူးတဲ့ သူတစ်ယောက်တစ်နေနဲ့ နောက်တစ်ခေါက်ပြန်ဖတ်ချင်လိုက်တာလို့ တွေးမိဖူးလား ပိခ်ျ့ ”
“ကိုယ်တို့လည်း အဲ့လိုတွေးသင့်တယ်။ကိုယ်တို့ရဲ့ အကောင်းဆုံး အချိန်တွေကို နောက်တစ်ကြိမ် ပြန်တွေ့ရမယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲလို့ ကိုယ်တွေးနေတာ”
လီယိုတစ်ယောက် သူတို့နှစ်ယောက်စတွေ့တဲ့ နေရာလေးကစပြီး ပိခ်ျ့သူ့ကို ပြန်ချစ်လာစေဖို့ လိုက်ပြပေးတာလေးတွေကို ကြည့်ရတာ တကယ်ကို ရိုမန့်တစ်ဆန်လွန်းပါတယ်။ဒါပေမယ့်လည်း နောက်ဆုံးမှာ ပိခ်ျ့တစ်ယောက် အတိတ်တွေကို ပြန်သတိရပြီး လီယိုကို အရင်အတိုင်း ပြန်ချစ်သွားမှာလား၊အတိတ်မေ့နေတဲ့ ပိခ်ျ့ နှင့် လီယို တို့နှစ်ယောက်ကို ကံကြမ္မာက မျက်နာသာ ပေးပါ့မလားဆိုတာကို စိတ်၀င်တစားကြည့်ရှုဖို့
"The Vow”ဆိုတဲ့ အချစ်ဇာတ်ကား‌ကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
Author : JinX

image
1 w - Translate

Anime Adaptation လာဖိုကြေညာသွားတဲ့ Teenage Mercenary Manhwa

image

ထိုင်းရုပ်ရှင်တစ်ခု ရုံမှာတင်တုန်းကတည်းက သွားကြည့်တဲ့သူတော်တော်များများ ကြည့်နေရင်းကို မျက်ရည်တွေကျလာစေတဲ့ ရုပ်ရှင်တစ်ခုဆိုပြီး တော်တော်များများကြိုက်ခဲ့ကြပါတယ်။အဲ့ရုပ်ရှင်လေးကို ဒီနေ့အတွက် ပြောပြချင်ပါတယ်။

ဇာတ်လမ်းလေးကတော့ M ဆိုတဲ့ကောင်လေးနဲ့ စတင်ထားပါတယ်။ယောကျာ်းလေးလည်းဖြစ် ခုခေတ်လူငယ်တစ်ယောက်ဆိုတော့ ဂိမ်း‌လေးဆော့ပြီး အရာရာကို ဘာမှသိပ်စဉ်းစားမနေဘဲ ပေါ့ပျက်ပျက်နေတဲ့ ကောင်လေးတစ်ယောက်‌ပေါ့။ဒီလိုနဲ့ သူ့သူငယ်ချင်းတစ်ယောက် အမွေရတာကို ‌မြင်ပြီး M လည်း အားကျသွားပါတယ်။အဲ့တာကြောင့်ပဲ M ကလည်း သူ့အဖွားကိုပြုစုဖို့ သွားပါတော့တယ်။အကြောင်းကတော့ သူ့အဘွားက ကင်ဆာနောက်ဆုံး အဆင့်ကိုခံစားနေရပြီး သူသာ ပြုဆုပေးမယ်ဆိုရင် သူ့ကိုအမွေတွေပေးခဲ့မယ်လို့တွေးမိလို့ပါ။ဒီလိုနဲ့ပဲ လူ့လောကကြီးမှာ အချိန်အကြာကြီး ‌နေလာခဲ့တဲ့ အဘွား နှင့် အခုမှ လူ့လောကကြီးကို ဖြူသလားမဲသမလားမသိဘဲ ခြေစလှမ်းမယ့် မြေးတို့ရဲ့ အတွေးအမြင်တွေက ဘယ်လိုတွေရှိနေနိုင်မလဲ... ‌ကိုယ်သေဆုံးမယ့်နေ့ကို သိရက်နဲ့နေရတဲ့သူတစ်ယောက်အတွက်လည်း သူလုပ်ချင်တဲ့ နောက်ဆုံးဆန္ဒက ဘာများဖြစ်မလဲ... မြေးနဲ့အဘွားကြားက ပြောမပြတတ်အောင် လှပလွန်းတဲ့ မေတ္တာတရားတွေ လူ့လောကရဲ့ လက်ခံရမယ့်အချက်တွေ မိသားစုအကြောင်းတွေ ဒါတွေကိုကြည့်ရင်း ကျွန်တော်တို့ကိုပါ ဘ၀ရဲ့ အနှစ်သာရကို မှန်တစ်ချပ်လို ပြသသွားမှာဖြစ်ပါတယ်။ကိုယ်တိုင်ကလည်း အဘွားနဲ့အချိန်ကုန်ဆုံးခဲ့ဖူးတဲ့သူဆိုရင်တော့ မျက်ရည်တွေထိန်းဖို့ တစ်ရှုးဗူးလေးတစ်ခုတော့ လိုမယ်ထင်ပါတယ်။အဲ့တာကြောင့် 2024 ထွက် "How To Make Millions Before Grandma Dies " ရုပ်ရှင်ကိုကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image

မေ့လွယ်ပျောက်လွယ်မဟုတ်တဲ့‌ အိန္ဒိယ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်

ဒီအိန္ဒိယ ရုပ်ရှင်လေးကတော့ IMdb မှာလည်း 7.6 အထိ ရရှိထားပြီး တကယ်လည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။

ဇာတ်လမ်းကတော့ ဘာသာရေး ကိုင်ရှင်းတဲ့မိသားစုတစ်ခုမှာ ဆာရူးဆိုတဲ့ သမီးတစ်ယောက်ရှိပါတယ်။သူက ရိုးလည်းရိုး၊ညာဏ်လည်းကောင်းပေမယ့် လည်လည်၀ယ်၀ယ်လည်းမရှိတဲ့ ကောင်မလေးဖြစ်ပါတယ်။ဆာရူးကို မိဘတွေက ယောကျာ်းပေးစားဖို့ ကြိုးစားပေမယ့်လည်း သူတို့ စိတ်တိုင်းကျတဲ့ မျိုးရိုးလည်းမြင့် ပညာအရည်အချင်း‌လည်း မနည်းတဲ့ သမက်မျိုးဆိုတော့ အဲ့လိုကောင်လေးတွေကလည်း ရိုးအ တဲ့ ဆာရူးကို မလိုချင်ပြန်ပါဘူး။ဆာရူး အောက်မှာတော့ နောက်ထပ် ညီမလေး တစ်ယောက်ရှိပါသေးတယ်။သူကတော့ သွက်သွက်လက်လက်နဲ့ ခေတ်ဆန်တဲ့ကောင်မလေးဆိုတော့ ကောင်လေးတွေက သဘောကျပေမယ့်လည်း အကြီးပြီးမှ အငယ်က မဂ်လာ ဆောင်ရတဲ့ အိန္ဒိယ ရဲ့ထုံးစံကြောင့် အငယ်မကတော့ ဆာရူးကို ကြည့်မရပါဘူး။ဆာရူးတို့ အငှားချတဲ့ တိုက်ခန်းမှာ အင်ဒါ ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရှိပါတယ်။နာမည်ဆိုး၊အကျင့်ဆိုး တွေရှိပေမယ့် ဗလတောင့်တောင့်နဲ့ ရုပ်ဖြောင့်တဲ့ကောင်လေးတစ်ယောက်ပေါ့။အဲ့လို ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက် နဲ့မှ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုက ဆာရူးတို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်က မထင်မှတ်ပဲ ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း သူ့မိဘတွေရဲ့ ဘာသာရေး အစွဲကြီးမှု‌တွေကြောင့် ဆာရူးကို ခွင့်လွှတ်ပေးနိုင်ပါ့မလား ၊ အင်ဒါကရော သူရဲ့ ဖူးစာရှင်အစစ်များ ဖြစ်ပါ့မလား ဆိုတာကတော့ စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

တစ်ကားလုံး မျက်ရည်နဲ့မျက်ခွက် ကို တိပ်နဲ့ကပ်ထားသလို ၀မ်းနည်းရမယ့် ၊ကြည်နူးရမယ့် ရုပ်ရှင်လေးဖြစ်ပါတယ်။ဒါကြောင့် အိန္ဒိယက အချစ်ရုပ်ရှင်လေးဖြစ်တဲ့ "Sanam Teri Kasam(201" ကိုကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image
1 w - Translate

မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ဆီက သိန်း ၅ သောင်းမကတန်တဲ့ နောက်ဆုံး ပေါ် ဂျက်လေယာဥ်တစ်စင်းရရှိခဲ့တဲ့ စမိုလ်း🥰🥰🥰
ကံကောင်းလိုက်တာ 🤍🤍🤍

image
1 w - Translate

သမီးလေး ဖွေးဖွေးကို မိခင်ရင်းနဲ့ မခြား ရင်ဝယ်ပိုက်ပြီး.ပြုစုထိန်းသိမ်းပေးနေတဲ့ ပိုးကြာဖြူခင် ကိုကျေးဇူတင်ပါတယ်ဆိုတဲ့ အကိုထွန်း 🥰🥰🥰
မေတ္တာတွေလွှမ်းခြုံတဲ့မိသားစုလေး🤍🤍🤍🤍

image
1 w - Translate

ငယ်ငယ်က စောယုနန္ဒာ ဆိုတဲ့အမည်လေးနဲ့ နေမင်းရဲ့ သမီးလေးလည်း လုပ်ခဲ့သလို မဖွေးရဲ့ငယ်ဘဝတွေကိုလည်း သရုပ်ဆောင်ခဲ့တဲ့ ကလေးမလေးက အခုဆို အရွယ်ရောက်လာပြီး အနုပညာလမ်းကြောင်းပေါ်ကို နာမည်အသစ် နဲ့ ပြန်လည် လျှောက်လှမ်းလာနေပြီ ဆိုတဲ့ နန်းထက်စံ 😍😍

image
1 w - Translate

ပိုင်တံခွန်ရဲ့ မဂ်လာပွဲကို အရမ်းအားကျတယ် သူလဲ့ဆောင်ချင်နေပြီဆိုတဲ့ မေမြင့်မိုရ်

image

ခုလို ပိတ်ရက်မှာတော့ အလေးအနက် စဉ်းစားရတဲ့ ရုပ်ရှင်တွေထက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးတစ်ခုကို ပြောပြချင်ပါတယ်။မင်းသားဂျက်ကီချန်းပါဝင်ပြီးတော့ Hollywood ရုပ်ရှင်လေးဖြစ်ပါတယ်။မင်းသား ဂျက်ကီချန်းဆိုတဲ့အတိုင်း သူများနဲ့မတူတဲ့ Action တွေပါမယ် ပြီးတော့ ဟာသလေးတွေနဲ့အတူ မိသားစုအငွေ့အသက်လေးပါ ခံစားရစေမှာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ Bob ho ( ဂျက်ကီချန်း ) ဟာ အထူးအေးဂျင့်စပိုင် တစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်အခြားသူတွေမသိ‌အောင် လျှို့ဝှက်ထားပြီး အများကတော့ သူ့ကို ဘောပင်ရောင်းတဲ့သူလို့ပဲ သိထားကြပါတယ်။Bob ဟာ အိမ်ဘေးမှာ Gillian နဲ့ရည်းစားတွေဖြစ်ပါတယ်။ Gillian မှာ သားတစ်ယောက် နဲ့ သမီး နှစ်ယောက်ရှိပြီး သူတို့အဖေကတော့ နိုင်ငံခြား ထွက်သွားပြီး ပြန်မလာတော့ပါဘူး။သူတို့က Bob ကို သူ့တို့အမေ နဲ့ ကြိုက်နေတာ ကိုသဘောမကျလို့ Bob နှင့် Gillian တို့နှစ်ယောက် ရှေ့ဆက်လို့်မရဖြစ်နေပါတယ်။ပြီးတော့ Gillian ကလည်း Bob ကို စပိုင်ဆိုတာမသိပါဘူး။
တစ်ရက်တော့ Gillian က သူ့မိဘတွေစီပြန်သွားတော့ သူ့သားသမီးတွေကို Bob နဲ့ရင်းနှီအောင်လို့ သူ့ကလေးတွေကို ထားခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပဲ Bob လည်း ကလေးတွေနဲ့ ရင်းနှီအောင် ကြိုးစားရင်း သူ့စပိုင်အလုပ်ရဲ့ နောက်ဆုံးအလုပ်ကို လုပ်ပြီး အနားယူလိုက်ပါတယ်။နောက်တော့ Bob က စပိုင်အလုပ်ကနေ နားလိုက်ပြီး ကလေးတွေကိုပဲ အချိန်ပေးဖို့ လုပ်နေတုန်း စပိုင်အလုပ်ကရန်သူတွေက သူအိမ်အထိရောက်လာပါတယ်။ဒီလိုနဲ့ Bob တစ်ယောက် ကလေးတွေကိုကာကွယ်ပေးရင်း ရန်သူတွေကို ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဂျက်ကီချန်းရဲ့ ဇာတ်ကားတွေအတိုင်း ပေါ့ပေါ့ပါးပါးလေး နဲ့ ဟာသတွေအပြင် မိသားစု နဲ့အတူ ကြည့်လို့အဆင်ပြေတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့အတွက် 2010 ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Spy Next Door" ရုပ်ရှင်ကို ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image
1 w - Translate

Web spider 🕸️ tattoo designs

image