1 w - Translate

🚨သတိ ဂျပန်မှာ လမ်းဘေးက ပေါက်တဲ့အပင်တွေကို စိတ်ရှိတိုင်း မကိုင်ကြပါနဲ့။
ဂျပန်နိုင်ငံ က စိတ်ချရတယ်ဆိုပြီး ဘာရယ်မဟုတ်ဘူး လမ်းဘေးမှာ အလေ့ကျ ပေါက်နေတဲ့ အပင်တွေကို ထိတာတွေ့တာတွေ လုပ်ကြမယ်ဆိုရင် အထူးသတိပြုဖို့လိုပါတယ်။
ဂျပန်ပြည်တွင်းကသက်ဆိုင်ရာဌာနတွေမှာ တရားဝင်အချက်အလက်တွေရှိတဲ့ အပင်တွေ(အန္တာရယ်မရှိ)ကို ကိုင်မိရင် ပြသနာမရှိပေမယ့် ပြည်ပက မျိုးစိတ်တွေက
လမ်းဘေးမှာ ပေါက်နေတာမျိုးတွေလည်းရှိပါတယ်။
အခုပုံမှ မြင်ရတဲ့ပုံကတော့ လက်ရှိ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးဘက်မှာတွေ့ရတဲ့ Heracleum mantegazzianum လို့ထင်ရတဲ့ မျိုးစိပ်အပင်လို့ ဆိုပါတယ်။စပြီး အပင်ပေါက်စဉ်ကတော့ ဟိုကိုင်းဒိုးမှာတွေ့ရလေ့ရှိတဲ့ Japanese parsley နဲ့တူတဲ့အတွက် စောင့်ကြည့်နေရင်းကနေ ကြီးထွားလာတဲ့အခါမှာတော့ လုံးဝမတူတဲ့အတွက် သက်ဆိုင်ရာကို သတင်းပေးထားတယ်လို့သိရပါတယ်။
တကယ်လို့များ ကိုင်မိခဲ့မယ်ဆိုရင် အရေပြားထိခိုက်မှု့ရှိနိုင်ပြီး ရေကြည်ဖုတွေထွက်လာပြီး ပေါက်သွားရင်တောင် အမာရွတ်က တသက်လုံးကျန်ခဲ့မယ်လ်ို့ သိရပါတယ်။
အသက်တစ်ချောင်းက ဘာမဟုတ်တဲ့ အပြုအမူလေးတစ်ခုနဲ့ ဒုက္ခမရောက်ရလေအောင် လမ်းဘေးက အလေ့ကျပေါက်နေတဲ့ အပင်တွေဆိုရင် ဘယ်နိုင်ငံကဘဲဖြစ်ဖြစ်
မကိုင်တာ ကောင်းပါတယ်။လမ်းဘေးက အပင်ဆိုတာ
လူဘဲ ဖြစ်ဖြစ် ခွေးဘဲဖြစ်ဖြစ် မစင်စွန့် သွားနိိုင်တဲ့နေရာပါ။သတိလေးထားရအောင်ဖော်ပြပေးလိုက်ပါတယ်။

image
1 w - Translate

ခေတ်လွန်သိပ္ပံစူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။

Mutant Ghost War Girl 2022


ဇာတ်လမ်းအကျဉ်းလေးကတော့......
အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။
ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျိုဝှက်အဖွဲအစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။
သူတိုဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး
သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။

ဒီအမှုကိုစုံစမ်းသက်သေယူဖိုအတွက် မီဒူဆာအဖွဲမှာအသွင်ယူစုံစမ်းရင်း
ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့
မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး
သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့
သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံလာပြီး
မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။

သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖိုအတွက်
နိင်ငံတကာလုံခြုံရေးအဖွဲအစည်းတွေပူးပေါင်းပြီး
ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့
ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့
တိုက်ပွဲဟာစတင်လာပါတော့တယ်.....
ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို
ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ......
မီဒူဆာအဖွဲအစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ......

➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️

https://t.me/+3YzsZpLDrG9lMWZl

➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️

https://t.me/c/2001620303/2942

image
1 w - Translate

နောင်ဘဝဆိုတာ တစ်ကယ်ရှိကြောင်းအတည်ပြုဖို့ ကိုယ့်ကိုကိုယ်သက်သေပြီး ဝိညာဉ်အဖြစ်နေဖို့ကြိုးစားတဲ့အခါ


IMDb Rating 6.6, Rotten Tomatoes 85 % အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။နောက်ဘဝဆိုတာ တကယ်ရှိကြောင်း အတည်ပြုထားတဲ့ အနာဂတ်ကာလတစ်ခုမှာရို့စ်ဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ နောက်ဘဝကို ကူးပြောင်းပြီးဝိညာဥ်အဖြစ်နေနိုင်အောင် ကူညီပေးတဲ့ Life Beyond ဆိုတဲ့ လေ့လာရေးအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးခဲ့ပါတယ်။အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့ဆီ သွားရမှာပါ။သို့သော် ရို့စ်ဟာ အစီအစဉ်ကပေးတဲ့ လေယာဉ်နဲ့ မသွားချင်ဘဲကားနဲ့ သွားချင်တာကြောင့် အငှားကားငှားဖို့ အငှားကားကုမ္ပဏီဆီကိုရောက်ခဲ့ပါတယ်။တက်ဒီဆိုတဲ့ လူတစ်ယောက်ဟာလည်း ထိုအစီအစဉ်မှာပါဝင်ဖို့ သွားရမှာဖြစ်တာကြောင့် အငှားကားကုမ္ပဏီကို ရောက်လာပါတယ်။သို့သော် အငှားကားကုမ္ပဏီမှာ အဆင်မပြေဖြစ်ရာကနေ နှစ်ဦးသား သွားမယ့်နေရာကလည်း တူနေတာမို့နှစ်ယောက်သား ကားတစ်စီးတည်းနဲ့ ခရီးအတူတူသွားဖို့ ဖြစ်လာပါတော့တယ်။

➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️

https://t.me/+xhBwtcKqPoU2MzI1

➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️

https://t.me/c/2167898929/203

image
1 w - Translate

“လူတစ်ယောက်ကို ချစ်တာ အပြစ်မဟုတ်ဘူးလေ”၇ နှစ်တာကြာအောင် စာမရေးနိုင်တဲ့ စာရေးဆရာ ဟျွန်း….


Perhaps Love (2021)

စာရေးဆရာဟျွန်းနဲ့ သူ့အကြောင်းကို ဝတ္ထုအဖြစ်ဖန်တီးတဲ့ ကောင်လေးယူဂျင်း…
အိမ်ထောင်နှစ်ဆက်၊ သားတစ်ယောက် သမီးတစ်ယောက် ရှိထားတဲ့ စာရေးဆရာဟျွန်းကမိန်းမတွေကိုပဲ စိတ်ဝင်စားတဲ့ အဖြောင့်သမားလေးပါ

အဲလိုလူမျိုးကိုမှ သွားစိတ်ဝင်စားမိတဲ့ ကောင်ကွေးလေးယူဂျင်းဟာ
တစ်ဖက်သတ်အချစ်နဲ့ပဲ အဆုံးသတ်မလား ပေးထားတဲ့အချစ်ကို ပြန်ရနိုင်မလားဆိုတာ ကြည့်ရှုပေးကြပါဦးနော်

Comedy Romance ဆိုပေမဲ့ ထင်ထားတာထက် အတိုင်းထက်အလွန်ပါပဲ
လူတွေနဲ့ဆက်ဆံရေး၊ အိမ်ထောင်မှုအဆင်မပြေတဲ့ မိဘတွေရဲ့ သားသမီးတွေ၊
သဘာဝကျတဲ့ လူတွေရဲ့စိတ်ကို အလှပဆုံးဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ

➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️

https://t.me/+pHqDoexe0q9kMzZl

➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️

https://t.me/c/2249486571/994

image

အမေရိကန် ပြည်ထောင်စုမှာ အဖြူအမဲ အသားရောင် ခွဲခြားမှုတွေ ကြီးစိုးနေတဲ့ အချိန် လူမဲ တွေအတွက် အခွင့်အလမ်း နှင့် တန်းတူညီမျှမှု‌ကို ရအောင်လုပ်ခဲ့ကြတဲ့ လူမဲအမျိူးသမီးတွေ အကြောင်းတွေကို ပျင်းမသွားအောင် တစ်ကားလုံး ဆွဲဆောင်သွားတဲ့ ရုပ်ရှင်တစ်ခုအကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းကိုတော့ Kathryn Stokett ရဲ့ Best Seller ဆိုတဲ့ စာအုပ်ကို အခြေုပြုရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။တကယ်ကို ကြည့်ရတဲ့ တန်မယ့် ရုပ်ရှင်တစ်ခုကိုရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက သင့်အတွက်ပါပဲ။
ဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksok မြို့က လူမဲတွေဆိုတာ လူဖြူတွေ ရဲ့ အိမ်မှာ ကလေးထိန်း အ၀တ်လျှော် ချက်ပြုတ်ရတဲ့ အိမ်ဖော်တွေဖြစ်ပါတယ်။လူမဲ‌အမျိုးသမီးတွေအနေနဲ့ သူတို့ကလေးကိုတောင် မစောင့်ရှောက်နိုင်ဘဲ လူဖြူ အမျိုးသမီးတွေရဲ့ ကလေးကိုပဲ တနေကုန် စောင့်ရှောက်ပေးရပါတယ်။လူမဲ အိမ်ဖော် အမျိုးသမီးတွေအတွက် ဇွန်း၊ခရင်းကအစ သန့်စင်ခန်းက အဆုံး အကုန် သီသန့်ခွဲခြားခံထားရပါတယ်။အစိုးရကလည်း ဒီလို ဖိနပ်ခံထားရတဲ့ လူမဲတွေအကြောင်း ရေးသားတဲ့ စာရေးဆရာတွေအပြင် ပြောပြတဲ့ လူမဲ တွေကိုပါ ထောင်ချပစ်ပါတယ်။ဒါကြောင့် လူမဲတွေအတွက် တန်းတူ အခွင့်အရေးဆိုတာ အိမ်မက်ထဲတောင် ထည့်မမက်ရဲကြပါဘူး။အဲ့လို အမျိူးသမီးတွေထဲမှာ အေဘလင် နှင့် မန်နီ ဆိုတဲ့ လူမဲအမျိူးသမီး‌တို့လည်း ပါ၀င်ပါတယ်။သူတို့လည်း အိမ်ဖော်တွေဘဲ ဖြစ်ပြီးတော့ ဒီအလုပ်က မပြုတ်ဖို့အရေး နေ့တိုင်း အဖိနပ်ခံနေရရင်း ဖြတ်သန်းနေရပါတယ်။ဒီလို အကြောင်းအရာတွေကို စာအုပ်ထုတ်ချင်တဲ့ လူဖြူ အမျိုးသမီး စကီတာ ကတော့ လူမဲဖြစ်တဲ့ အဘလင် ကို အကူအညီတောင်းပါတယ်။အဘလင် အတွက် သူပြောတာသာ သိသွားရင် သူအတွက် ထောင်ကျခံရမှာဖြစ်တာကြောင့်မလို့ မကူညီရဲပါဘူး။ဒါပေမယ့်လည်း နေ့တိုင်း လူဖြူတွေရဲ့ အဖိနပ်ကို ခံနေရတော့ လူဖြူတွေရဲ့ အိမ်မှာ လူမဲ အိမ်ဖော် အမျိူးသမီးတွေ ဘယ်လိုမျိုး အလုပ်လုပ်ရတယ်ဆိုတာကို
စကီတာ ကို ပြောပြပါတော့တယ်။အခြားလူမဲ အမျိုးသမီးတွေကတော့ မပြောပြရဲပေမယ့် နောက်ပိုင်း အဘလင် သူငယ်ချင်း မန်နီကပါ သူရဲ့ အတွေ့အကြုံတွေပြောပြရင်း နောက်ဆုံး သူတို့ရဲ့ ဖိနပ်မှုတွေကို လူဖြူ အမျိုးသမီး စကီတာ တစ်ယောက် စာအုပ်အဖြစ် ထုတ်ဝေနိုင်သွားမှာလား... နောက်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရဲရင့်မှုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

image
1 w - Translate

Wrong Place (2022)
==================

Action, Crime, Thrillerကတုံးမင်းသားကြီး Bruce Willis ပါ၀င်ထားတဲ့ အက်ရှင်
ဇာတ်ကြမ်းကားသစ်လေးပါ။ဇနီးဖြစ်သူကို ကားမတော်မဆမှုမှာ ဆုံးရှုးလိုက်ရတဲ့ ရဲမှူးကြီး
ဖရန့်( Bruce Willis)ဟာ ရဲဘ၀ကနေ အနားယူပြီး ကင်‌ဆာ
ရောဂါသည် သမီး‌ကို စောင့်ရှောက်ရင်းနဲ့ ဘ၀ကို‌ဇာတ်မြှုပ်နေခဲ့ပါ
တယ်။ ဒါပေမယ့် မူးယစ်ဂိုဏ်းတစ်ခုရဲ့ ရန်ပွဲတစ်ခုကိုမျက်မြင်တွေ့
လိုက်ပြီး ၀င်ရောက်ပတ်သတ်မိသွားပါတယ်။ အဲ့ဒီတော့ ဖရန့်ရဲ့ ဘ၀
ထဲကို အန္တာရာယ်တွေ တစ်ဖန်ပြန်လည်ကျရောက်လာတဲ့အခါ တရား
ဥပဒေဘက်တော်သားပီပီ ကိုင်တွယ်ဖြေရှင်းပုံကို ပရိတ်သတ်ကြီးကပဲ ဆက်လက်စောင့်ကြည့်ရမှာပါ.....

image

ကိုယ်ချစ်တဲ့သူအတွက် အချိန်သာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကိုယ်မှားခဲ့တဲ့ အမှားတွေ အတွက် ပြင်ဆင်နိုင်မယ်လို့ ထင်လား။အရင်နှစ်ကမှ ထွက်ရှိထားတဲ့ အချစ်ရုပ်ရှင်ကားကောင်းလေးတစ်ခုဖြစ်တာမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ကူးယိရွှမ်း ဆိုတဲ့ကောင်လေးကတော့ ငယ်ငယ်ကတည်းက အမေမရှိတော့တဲ့ အပြင် အဖေကပါ အမြဲ မူးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲ့တာကြောင့် သူ့မွေးနေ့ကို တစ်ယောက်တည်းဖြတ်သန်းဖို့ ဆုံးဖြတ်ထားပေမယ့်လည်း ရှုရန်ဆိုတဲ့ ကောင်မလေးက
ကူးယိရွမ်းမွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ တစ်ယောက် နှင့် တစ်ယောက် သိသွားကြပေမယ့်လည်း သူတို့နှစ်ယောက်ကွဲသွားကြပါတယ်။ဒါပေမယ့် သူတို့ နှစ်ယောက်ကကို ရေစက်ပါနေတော့လည်း အရွယ်ရောက်လာချိန်မှာတော့ ပြန်တွေ့ကြပါတယ်။ပြီးတော့ အချစ်ကားတွေ ထုံးစံအတိုင်း ချစ်မိသွားကြတာပေါ့။ပြီးဝောာ့ ချစ်သူတွေ သ‌ဘာ၀ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာပေါ့။ဒါပေမယ့်လည်း သူတို့ရဲ့ ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပါဘူး။သူတို့နှစ်ယောက် စကားများရန်ဖြစ်ကြရင်း ရှုရန် က ကားမတော်တဆ တစ်ခုဖြစ်သွားရင်း အသက်ပါ ဆုံးရှုံးသွားရပါတယ်။ဒီလိုနဲ့ နောင်တတွေ အပြည့်နဲ့ ယိရွမ်းက ရှုရန် လုပ်ပေးထားခဲ့တဲ့ ကိတ်မုန့်လေးကို ဖယောင်းတိုင်လေးထွန်းပြီး သူ့ချစ်သူကောင်မလေး ရှုရန်ကိုပြန်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။နောက်နေ့ မနက် ယိရွမ်း အိပ်ရာထလာတော့ ရှုရန် ကိုမဆုံးရှုံးရသေးခင် တစ်ရက်အလို အချိန်ကိုပြန်ရောက်သွားပါတယ်။အဲ့ဒီမှာပဲ အခြား အချစ်ကားတွေနဲ့ မတူတဲ့ အနှစ်သရ တစ်ခုကို ပေးသွားမှာဖြစ်ပါတယ်။ဒီလိုနဲ့ ယိရွမ်းတစ်ယောက်
ရှုရန်ကို ပြန်အသက်ရှင်လာအောင် ကယ်ဆယ်နိုင်မလား....
ဇာတ်ကားကတော့ ကြည့်တဲ့သူတွေ မျက်ရည် ဘူးသီးလောက်ကျအောင် ရိုက်ကူးထားတာမလို့ စိတ်ညစ်နေတဲ့သူတွေတော့ မကြည့်ဘဲ ပျော်နေတဲ့ ကိုယ့်သူငယ်ချင်းတွေကို စိတ်ညစ်သွားအောင် ကူညီပေးလိုက်ပါ :3။ရုပ်ရှင်နာမည်လေးကတော့ "Yesterday Once More (2023) ဖြစ်ပြီး မတူတဲ့ အနှစ်ရသကို ပေးတဲ့ အချစ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image

2011 ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ခုကိုဖြစ်ပြီး IMDB 8.5 တောင်ရရှိထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။

ဇာတ်လမ်းကတော့ မီလီယံ သူဌေးကြီး ဖီးလစ် ဟာ လေထီးခုန်ချရင်း မတော်တဆ တစ်ခုဖြစ်ပြီး ဒဏ်ရာအကြီးအကျယ် ရသွားပါတယ်။ဒီ မတော်တဆမှု ကြောင့် သူဌေးကြီး ဖီးလစ် ဟာ ခန္ဓာကိုယ် အောက်ပိုင်းကို ဆုံးရှုံးလိုက်ရပြီး သူ့ကျန်ရှိတဲ့ တစ်ဘ၀လုံးကို ဝှီးကျဲပေါ်မှာပဲ ရှင်သန်ရပါတော့တယ်။သူဌေးကြီး ဖီးလစ်ရဲ့ လူနာစောင့် အလုပ်ခေါ်တော့ ဒရစ် ဆိုတဲ့ကောင်လေး ရောက်လာပါတယ်။ဒရစ်က လူမဲ ထောင်ထွက်တစ်ယောက်ဖြစ်ပြီးဝောာ့ သူမိသားစု‌အတွက် ကြိုးစားရုန်းကန်နေရတဲ့ကောင်လေးတစ်‌ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ မီလီယံ သူဌေးကြီး ဖီးလစ် နှင့် လူမဲ ဒရစ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်သန့်သန့်နဲ့ ဆက်ဆံကြတဲ့အခါ သူတို့ဘ၀ရဲ့ အတွေ့အကြုံ အမြင်တွေကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီလိုရုပ်ရှင်တွေကြည့်ရတာ အတွေးတစ်ခုမဟုတ် တစ်ခု‌တော့ ကျန်ခဲ့တာပါပဲ။ဟာသလေးတွေရောပြီး ရင်ထဲရောက်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ "The Intouchables (2011)" ကို ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image
1 w - Translate

July လ 25 ရက်နေ့မှာဇာတ်သိမ်းမယ်လိုကြေညာလာပြီဖြစ်တဲ့ Vinland Saga manga

image
1 w - Translate

September လ 19 ရက်နေ့ ဂျပန်မှာစတင်ရုံတင်ပြသမယ့် Chainsaw Man – The Movie: Reze Arc

image