1 w - Translate

တရုတ်နိုင်ငံဟာ ကိုယ်ပိုင် ယွမ်ငွေကို အခြေခံတဲ့ Stablecoin တွေကို အချိန်မဆွဲဘဲ အမြန်ဆုံး ဖန်တီးဖို့လိုနေပြီလို့ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းက ကမ္ဘာ့ငွေကြေးလောကမှာ လှုပ်ခတ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဘာကြောင့် အခုမှ ဒီလိုတိုက်တွန်းရတာလဲ?
၁။ အမေရိကန်ကို အမီလိုက်ဖို့ ကြိုးပမ်းခြင်း
အခုအချိန်မှာ အမေရိကန်ဒေါ်လာကို အခြေခံတဲ့ Stablecoin တွေ (ဥပမာ USDT, USDC) က ကမ္ဘာ့ Crypto ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ တရုတ်အနေနဲ့ ဒီအတိုင်းထိုင်စောင့်နေရင် နောက်ကျကျန်ခဲ့မှာဖြစ်လို့ ကိုယ်ပိုင် Stablecoin ကို အမြန်ဆုံးဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
၂။ ယွမ်ငွေကို ကမ္ဘာသုံးငွေကြေး ဖြစ်စေလိုခြင်း
Yuan Stablecoin တွေ ဖန်တီးခြင်းအားဖြင့် တရုတ်ယွမ်ငွေကို နိုင်ငံတကာမှာ ပိုမိုသုံးစွဲလာအောင် တွန်းအားပေးပြီး ဒေါ်လာရဲ့ဩဇာကို စိန်ခေါ်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ တရုတ်ရဲ့ Digital Silk Road စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လာနိုင်ပါတယ်။
၃။ ဟောင်ကောင်ကို “Sandbox” အဖြစ် အသုံးချဖွယ်ရှိခြင်း
Morgan Stanley လို ဘဏ်ကြီးတွေရဲ့ သုံးသပ်ချက်အရ, တရုတ်ဟာ ဒီစီမံကိန်းကို စတင်စမ်းသပ်ဖို့အတွက် ဟောင်ကောင်ကို “Sandbox” (စမ်းသပ်ကွင်း) အဖြစ် အသုံးချနိုင်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ Stablecoin နဲ့ပတ်သက်တဲ့ ဥပဒေမူဘောင်တွေ ရှိနှင့်ပြီးသားဖြစ်လို့ စတင်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်နိုင်ပါတယ်။
ဒီခြေလှမ်းက ကမ္ဘာ့ငွေကြေးဈေးကွက်နဲ့ Crypto လောကကို ဘယ်လိုတွေပြောင်းလဲသွားစေနိုင်မလဲ?

image
1 w - Translate

နောက်တစ်ပတ်ထဲမှာ မိတ်ဆက်တော့မယ့် Honor Magic V5 ရဲ့ အထူ ခေါက်ထားရင်တောင် 8.8mm ပဲရှိမယ်လို့ ဖော်ပြလာပါတယ်။ ကမ္ဘာ့အပါးဆုံးဆိုပြီး သူ့ရှေ့က ထွက်ခဲ့တဲ့ Honor Magic V3 တောင်မှ 9.3mm ရှိခဲ့တာကိုး။ Oppo Find N5 ကတော့ 8.9mm အထူဆိုတော့ Honor Magic V5 က နည်းနည်းလေးပိုပါးသွားမယ်ဆိုတဲ့သဘော....
Samsung နဲ့ Apple ကျေးဇူးကြောင့် ဘယ်လောက်ပါးပါး ဘတ်ထရီကို ထရော်မာရနေတဲ့ကာလဆိုပေမဲ့ Honor တို့ကတော့ ပါးလည်းပါးပေမယ်၊ 6100mAh Battery လည်း ထည့်ပေးသွားမယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။ သေချာတာကတော့ အာ့လောက်မများနိုင်တောင် အာ့လောက်နီးပါးပါလာမှာပါ။
Honor Magic V5 ကို အရောင် ၄ ရောင်ရွေးနိုင်မယ်။ Ram 16GB အထိ ပါဝင်မှာဖြစ်ပြီး Storage 1TB အထိ ရနိုင်ပါမယ်။ Snapdragon 8 Elite Chips, IPX8-rating, 6.45-inch LTPO OLED cover screen နှင့် 8-inch 2K inner display တို့နဲ့ဖြစ်မယ်။

image
1 w - Translate

3K Video Recording အပြင် AI နည်းပညာအသစ်တွေပါဝင်သည့် Meta ရဲ့မျက်မှန်
Meta သည်ယခင်က Ray-Ban အမျိုးအစားအပြင် AI နည်းပညာများတိုးမြှင့်ထားသည့်နောက်ထပ် AI မျက်မှန်တစ်မျိုးကိုမိတ်ဆက်လိုက်ပါပြီ။ Oakley HSTN smart glasses အသစ်ကို $399 ဈေးနှုန်းဖြင့် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး အားကစားသမားများအတွက် အထူးဒီဇိုင်းထုတ်လုပ်ပေးထားသည်။အဆိုပါမျက်မှန်မှာ 3K ဗီဒီယိုရိုက်ကူးခြင်း၊ ဘက်ထရီသက်တမ်းအားဖြင့် 8 နာရီအသုံးပြုနိုင်ခြင်း၊ ရေစိုခံခြင်း၊ Hand-Free ခေါ်ဆိုမှုများ၊ Music Control ၊ ပတ်ဝန်းကျင်နှင့်အပြန်အလှန်တုံ့ပြန်မှုစသော AI စွမ်းရည်များကို မြှင့်တင်ပေးထားသည်။

အထူးဒီဇိုင်းဖြစ်တဲ့ရွှေရောင် version ကို $499 Limited Edition အဖြစ်ပထမဖြန့်ချိမည်ဖြစ်ပြီးနောက်တွင်အခြားသော အရောင်များနှင့်ရွေးချယ်စရာများကိုလည်းထပ်မံထုတ်လုပ်မည်ဖြစ်သည်။

Oakley HSTN သည် Meta ၏ AI နည်းပညာပေါ်အခြေခံပြီး ထုတ်လုပ်ထားသော ပစ္စည်းတစ်ခုဖြစ်ပြီးမျက်မှန်နှင့်အသုံးပြုလို့ရသောနည်းပညာများ၊ AR (Augmented Reality) ဆိုင်ရာဆန်းသစ်မှုများကိုထည့်သွင်းပေးထားသည်။

အဆိုပါစွမ်းဆောင်ရည်မြင့် wearables များကိုဖန်တီးရောင်းချပေးခြင်းအားဖြင့် Meta သည်နေ့စဉ်အသုံးချနိုင်သည့် AI စွမ်းရည်များကိုပိုမိုအသုံးချနိုင်ရန် နှင့် အားကစားဘက်တွင်လည်းပိုမိုသင့်လျော်သောပေါင်းစပ်မှုများထဲ့သွင်းပေးထားတယ်လို့ ဖော်ပြထားပါသည်။

image
1 w - Translate

၁၆ ဘီလီယံသော Account များမှ Data ခိုးယူခံရပြီး ကမ္ဘာ့စံချိန်သစ်အဖြစ်မှတ်တမ်းဝင်
အကြီးမားဆုံး ဒေတာခိုးယူမှုကြောင့် login credentials (အကောင့်ဝင်ရောက်အသုံးပြုသောအချက်အလက်များ) အရေအတွက်အားဖြင့် ၁၆ ဘီလီယံကျော် ခိုးယူပေါက်ကြားသွားပြီး ၎င်းသည် အင်တာနက်သမိုင်းတွင် မှတ်တမ်းတင်ရမည့်ဒေတာခိုးယူမှုဖြစ်လာသည်။

Cybersecurity ကျွမ်းကျင်သူများက ခိုးယူထားသော ဒေတာများကို infostealer malware ဖြင့်စုစည်းပြီး ယခုအခါ dark web စျေးကွက်များတွင်ရောင်းချနေသည်ဟုဆိုသည်။သုံးစွဲသူများအား ဖြားယောင်းခြင်း၊တိုက်ခိုက်ခြင်း၊အထောက်အထားခိုးယူမှုနှင့်အကောင့်သိမ်းယူမှုတို့ကိုပြုလုပ်ခဲ့သည်ဟုလဲသိရသည်။


အဆိုပါခိုးယူမှုမှာ Google၊ Apple၊ Facebook နှင့် အစိုးရ website များကဲ့သို့သောအဓိကပလက်ဖောင်းများမှအကောင့်များကိုအဓိကအခိုးခံခဲ့ရသည်ဟုသိရသည်။

ဆိုက်ဘာရာဇ၀တ်မှုခြိမ်းခြောက်မှုများ ဆက်လက်တိုးပွားလာနေသဖြင့် နည်းပညာကုမ္ပဏီများနှင့် တာဝန်ရှိသူများက အသုံးပြုသူများအားမိမိတို့ password များကိုဂရုတစိုက်အသုံးပြုရန်နှင့် သံသယဖြစ်စရာ link များကိုဝင်ရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။

image
1 w - Translate

မနှစ်ကထွက်ခဲ့တဲ့ Galaxy Z Fold 6 နဲ့ ယှဉ်တဲ့အခါမှာ သိသိသာသာပါးသွားမယ့်အပြင် ပိုကျယ်သွားတာကိုလည်း တွေ့ရမှာပါ။ Dummy unit ဆိုပေမဲ့ အတော်လေးနီးစပ်တယ်လို့ ဖော်ပြထားပုံအရရော အရင်ထွက်ရှိထားတဲ့ Leak တွေအရရော Z Fold 7 က ပါးကို ပါးမယ့်ပုံပါ။
မနက်က ဖော်ပြခဲ့သေးတဲ့ Honor Magic V5 နဲ့ ယှဉ်ရင်တော့ Z Fold 7 က နည်းနည်းထူသေးတယ်လို့ ဆိုရမှာပါ။ Honor Magic V5 က ခေါက်ထားရင်တောင် အထူက 8.8mm ပဲရှိမယ်လို့ ဆိုထားပါတယ်။ Z Fold 7 ကတော့ 9mm ရှိမယ်လို့ သတင်းတွေထွက်ထားလို့ပါ။ (အတိအကျတော့ မကြေညာထားပေမဲ့)
ဒါပေမဲ့ မနှစ်က Z Fold 6 ထက်စာရင်တော့ သိသိသာသာပါးသွားတာကို လက်ခံရမှာပါ။ Z Fold 6 ရဲ့အထူက 12.1mm တောင်ရှိတာမို့ပါ။ နောက်ပြီး Z Fold 6 ရဲ့ အလေးချိန်က 239g ရှိပြီး Z Fold 7 ကတော့ 215g ပဲ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆိုတော့ Z Fold 7 က ပိုပေါ့လာမယ် ပိုပါးသွားပါမယ်။
လောလောဆယ်တော့ Leak တွေပဲမို့ နောက်လ မိတ်ဆက်ခါမှ စောင့်ကြည့်ရမှာပါ။ ဘယ်လောက်ပါးပါး S25 Edge လို ဘတ်ထရီနဲ့ပတ်သက်ပြီး ဂျင်းထည့်ဦးမလားကိုလည်း စိုးရိမ်နေကြပြန်။ Samsung အနေနဲ့ကတော့ S25 Edge ကနေ ရနေတဲ့ bad comment တွေကို Z Fold 7 နဲ့ ပြန်ထိန်းသွားမလားဆိုတာကိုတော့ …

image
1 w - Translate

ဝေလငါးလို ဆိုဒ်ကြီိးတယ်ဆိုတဲ့ Battery ပါတယ်ဆိုပြီး official ဝင်ရောက်လာတဲ့ HUAWEI nova Y73
Huawei nova Y73 ကိုအရောင်အနေနဲ့ Black နဲ့ Blue နှစ်ရောင်ရွေးချယ်ဝယ်ယူလို့ရမှာဖြစ်ပြီး 6620 mAh battery ကိုထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။ 40W Huawei SuperCharge Turbo နဲ့ အားပြန်သွင်းနိုင်မယ်လို့လဲသိရပါတယ်။ AI ကိုတစ်ချက်ထဲနဲ့ဖွင့်လို့ရတဲ့ X-Button လည်းပါဝင်လာပြီး Huawei ရဲ့ AI က မြန်မာလိုလည်းကောင်းမွန်စွာအလုပ်လုပ်တာ တွေ့ရပါတယ်။ Ai ရဲ့အကြိုက်ဆုံးအချက်ဖြစ်ခဲ့တာက နာမည်ကြီး Celebrity ဒါမှမဟုတ် ရုပ်ရှင်၊ ကာတွန်းဇာတ်ကောင်တွေ ကိုရွေးချယ်ပြီး ဒီဇာတ်ကောင်တွေနဲ့ တိုက်ရိုက်စကားပြောလို့ရတဲ့ function ပါဝင်လာပါတယ်။ Google Application တွေကိုလည်း Huawei App Gallery ကနေ တိုက်ရိုက် download ပြုလုပ်ပြီး အသုံးပြုနေနိုင်ပြီလို့သိရပါတယ်။
✨ HUAWEI nova Y73

image
1 w - Translate

ဩစတေးလျမှာ YouTube အကြီးအကျယ် ပြဿနာတက်၊ အစိုးရနဲ့ ထိပ်တိုက်တွေ့နေ
ဩစတေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မယ့် ကမ္ဘာ့ပထမဆုံး ဥပဒေကို ပြဋ္ဌာန်းဖို့ ပြင်ဆင်နေချိန်မှာပဲ YouTube ဟာ အစိုးရနဲ့ ပြဿနာကြီးကြီးမားမား တက်နေပါတယ်။


ဒီဇင်ဘာလမှာ စတင်အသက်ဝင်မယ့် ဒီဥပဒေကနေ YouTube ကို ကင်းလွတ်ခွင့်ပေးဖို့ အစိုးရက စီစဉ်ထားခဲ့ပေမယ့် ဩစတေးလျရဲ့ အင်တာနက်ဘေးကင်းရေးကော်မရှင် (eSafety Commissioner) က ဒီကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ အစိုးရကို တရားဝင် တိုက်တွန်းလိုက်ပါတယ်။

ဘာကြောင့် ဒီလိုတိုက်တွန်းရတာလဲ?
ကော်မရှင်နာ Julie Inman Grant က ဆက်သွယ်ရေးဝန်ကြီးကို ပေးပို့တဲ့စာမှာ ဒီဥပဒေကနေ ဘယ်ပလက်ဖောင်းကိုမှ ကင်းလွတ်ခွင့် မပေးသင့်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

သူမရဲ့ အဓိကအကိုးအကားကတော့ သုတေသနစစ်တမ်းတစ်ခုပါ။ အဲ့ဒီစစ်တမ်းအရ အသက် ၁၀ နှစ်ကနေ ၁၅ နှစ် 사이 ကလေး ၃၇% ဟာ YouTube ပေါ်မှာ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ (harmful content) ကို ကြည့်ရှုခဲ့ရပြီး ဒါဟာ တခြား လူမှုကွန်ရက်အားလုံးထက် အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကြားဝင်တိုက်တွန်းမှုကြောင့် YouTube ကို ကင်းလွတ်ခွင့်ပေးမယ့် အစိုးရရဲ့ အစီအစဉ်ဟာ လှုပ်ခတ်သွားပြီး၊ ဥပဒေမလိုက်နာတဲ့ ပလက်ဖောင်းတွေကို ဒဏ်ငွေ ဒေါ်လာသန်း ၅၀ အထိ ချမှတ်နိုင်တဲ့ အခြေအနေနဲ့ YouTube ရင်ဆိုင်ရနိုင်ခြေ ရှိလာပါတယ်။

YouTube ဘက်က ချက်ချင်းတုံ့ပြန်
YouTube ကလည်း ဒီစွပ်စွဲချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ပြီး ကော်မရှင်နာရဲ့ အကြံပြုချက်ဟာ “တစ်သမတ်တည်းမရှိဘဲ ရှေ့နောက်မညီညွတ်ဘူး” လို့ ပြောပါတယ်။
YouTube ရဲ့ တာဝန်ရှိသူတစ်ဦးက “မိဘ ၆၉% က YouTube ဟာ အသက် ၁၅ နှစ်အောက် ကလေးတွေအတွက် သင့်တော်တယ်လို့ ယူဆကြောင်းပြတဲ့ အစိုးရရဲ့ သုတေသနကို ကော်မရှင်က လျစ်လျူရှုခဲ့တယ်” လို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် YouTube ကို စာသင်ခန်းတွေမှာ ဆရာ၊ ဆရာမ ၈၄% က လစဉ်ပုံမှန်အသုံးပြုနေပြီး၊ သူတို့ဟာ လူမှုကွန်ရက်မဟုတ်ဘဲ ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှု (video distribution service) တစ်ခုသာ ဖြစ်တယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။

တခြားကုမ္ပဏီတွေရဲ့ သဘောထား
ဒီအငြင်းပွားမှုမှာ Meta (Facebook & Instagram)၊ Snapchat နဲ့ TikTok တို့ကလည်း YouTube တစ်ခုတည်းကို ကင်းလွတ်ခွင့်ပေးမှာကို မတရားဘူးလို့ အရင်ကတည်းက ပြောဆိုထားပါတယ်။

TikTok ကဆိုရင် ဒါကို “အထူးအခွင့်အရေးပေးတဲ့ သဘောတူညီချက် (sweetheart deal)” လို့တောင် သုံးနှုန်းခဲ့ပါတယ်။
ကော်မရှင်နာ Grant ကတော့ YouTube ဟာ သုံးစွဲသူတွေကို “သူတို့ကိုယ်တိုင် မတွန်းလှန်နိုင်တဲ့ တွင်းနက်ထဲ (rabbit holes) ဆွဲချသွားနိုင်တဲ့” recommendation algorithm တွေကို ကျွမ်းကျင်စွာ အသုံးချနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ လက်ရှိအခြေအနေ
အစိုးရဟာ YouTube ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ကင်းလွတ်ခွင့်ပေးဖို့ မူလက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကော်မရှင်ရဲ့ အကြံပြုချက်ကို “ပြန်လည်စဉ်းစားနေပါတယ်” လို့ ပြောပါတယ်။
အစိုးရရဲ့ အဓိကဦးစားပေးကတော့ ကလေးတွေကို လူမှုကွန်ရက်ရဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်ပြီး၊ ဒီဇင်ဘာလမှာ စတင်မယ့် ဒီဥပဒေကို ကမ္ဘာကစောင့်ကြည့်နေပါတယ်။

image
1 w - Translate

"ဒမ်ဘီလီ က ဘောလွန်းဒီအောဆုရဖို့အတွက် ထိုက်တန်ပါတယ်။ အရည်အချင်းနဲ့ပေးမယ်ဆိုရင်တော့ ကျွန်တော့်အကြိုက် လာမိုင်းယာမဲလ်လေးပဲဗျ။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးအြငမ်အရတော့ ပြီးခဲ့တဲ့ရာသီ ပီအက်ဂျီမှာပြသခဲ့တဲ့ ဒမ်ဘီလီရဲ့ ခြေစွမ်းကြောင့် ဘောလွန်းဒီအောကို သူ့ပဲပေးချင်တယ်ဗျာ။"
-Samir Nasri

image
1 w - Translate

ဘယ်လိုပဲကြည့်ကြည့် ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြပဲ။ ဒါကို အရင်ကတည်းက ခံစားနေခဲ့မိတာ။ အခုက ပိုသေချာသွားပြီ။ စေ့စေ့တွေးလေ ကိုယ့်ရဲ့ အဖေလိုမျိုးတောင်မှ ရင်းနှီးနေသလိုပါပဲဗျာ။ 😆😆😆

image
1 w - Translate

• ရွှေဘောလုံးဆု အများဆုံး
• ဥရောပရွှေဖိနပ်ဆု အများဆုံး
• ဆုဖလားအောင်မြင်မှု အများဆုံး
• ဂိုးဖန်တီးမှု အများဆုံး
• ကမ္ဘာ့ဖလားရွှေဘောလုံးဆု အများဆုံး

ဒီိနေ့ကတော့ ဘောလုံးလောကရဲ့အောင်မြင်မှုအများဆုံးနဲ့ အခမ်းနားဆုံးကစားသမားကြီး လီယိုမက်ဆီရဲ့ ၃၈ နှစ်မွေ၊းနေ့ဖြစ်ပါတယ်။ 🐐🥳

image