ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗထူးစစ်ဆေးရေးဂိတ်မှာ အတက်ကားတွေပေးမဖြတ်တော့လို့ ရှမ်းတောင်ကကုန်တွေ ရှမ်းမြောက်ကို သယ်ခွင့်မရတော့
နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၁ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်မယ့် ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်တင်ပို့မယ့် ကုန်တင်ယာဉ်တွေကို ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ ကုန်တင်ကားသမားတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ရာ အဲဒီလမ်းကြောင်းမှာ အတက်ကားတွေကို ပိတ်ပင်လိုက်တာကြောင့် ရှမ်းတောင်က ကုန်စည်တွေ ရှမ်းမြောက်ကို တင်ပို့ခွင့်မရတော့သလို နေရပ်ပြန်လိုသူတွေအနေနဲ့ တခြားလမ်းကြောင်းကနေသာ ပြန်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
“မနက်ကတည်းက ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီဆိုပြီး ပြောလာတာ။ ကားအစီးရေ ၁၀၀ကျော်လောက် အဲဒီမှာ ပိတ်မိနေကြတယ်။ အခုတော့ ပြန်လှည့်ဖို့ပြင်ဆင်နေကြပြီ။ ကုန်စည်တွေ ပျက်စီးတာမျိုးတော့ မရှိဘူး။ စိတ်ရော၊ လူပါ ပင်ပန်းရတာပေါ့ဗျာ။ အဆင်းကားတွေကိုလည်း ဗထူးတပ်နဲ့ တမိုင်ကျော်ကျော်လောက်မှာ SSPPက ဂိတ်လုပ်ပြီး ပိုက်ဆံတောင်းနေတယ်။ ဘယ်သူမှ ဘာမှမပြောရဲကြတော့လည်း ကျနော်တို့လို ကားကြီးသမားတွေ၊ ခရီးသည်ကားသမားတွေပဲ ခံရတာပေါ့”လို့ ကားသမားတယောက်က ပြောပါတယ်။
အတက်ကားတွေကို ပိတ်ထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းကို ဆင်းလာတဲ့ ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကိုတော့ စစ်ဆေးမှုတွေပြုလုပ်ကာ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။
အဲဒီဗထူး-အင်တော-ကျောက်ဂူလမ်းပိုင်းကို ကျော်ဖြတ်လာပါက နစကအမြောက်တပ်စခန်း လေးခုအခြေစိုက်ရာ တောင်းခမ်းဒေသမှာ နစကတပ်ဖွဲ့နဲ့ TNLAပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွယ်ထားတဲ့ ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာသွန်းမှုကြောင့် ဗွက်ပြန်ထကာ ယာဉ်တွေ ဗွက်နစ်တာ၊ ထွန်စက်နဲ့ ဆွဲတင်ရတာတွေကြောင့် ယာဉ် အစီးရေ (၃၀၀) ကျော်ပိတ်ဆို့မှုဖြစ်ပွားခဲ့ပေမယ့် နိုဝင်ဘာလ ၁၁ရက်၊ ညနေပိုင်းကစတင်ပြီး ပုံမှန်အတိုင်း သွားလာလို့ ရနေပြီဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM
#သတင်းဟင်းလေးအိုးကြီး
၁၂လရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း Part(1)
1. Aries ♈ March 21-April 20
ဒီရာသီဖွားများအနေနဲ့စိတ်ခံစားလွယ်နေတတ်ပြီးအပြောင်းအလဲအတက်အကျများနေတတ်ပါမယ်။စီးပွားရေး နှင့်ငွေကြေးတွင်အမျိုးသမီးများငွေကြေးကံကောင်းနေတတ်ပြီးလုပ်ငန်းရှင်များအနေဖြင့်ပူးပေါင်းလုပ်ဆောင်မှုများလုပ်ဆောင်သင့်သောကာလဖြစ်သည်။ပညာရေးကံကောင်းမွန်ပြီးတီထွင်စမ်းသစ်မှုအားကောင်းနေသောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့အရိုးအဆစ်ဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးအချင်းချင်းစိတ်ခွန်အားပေးရန်လိုအပ်နေတတ်သောကြောင့်နားလည်မှုရှိပါကအဆင်ပြေနိုင်ပါလိမ့်မယ်။
2. Taurus ♉ April 21-May 20
ဒီရာသီဖွားတွေအနေနဲ့အခုလတ်တလောမှာရွေးချယ်စရာများနေတတ်ပါတယ်။ဆုံးဖြတ်ချက်ချရန်ခက်ခဲနေတတ်ပြီးမိမိ၏ရှေ့ရေးနှင့်ပါတ်သက်၍လမ်းပျောက်နေတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးရွေးချယ်မှုတခုနှင့်တခုကြားသတိပြုရန်လိုပါလိမ့်မယ်။ငွေကြေးနှင့်ပါတ်သက်၍စကားပြောရသည့်အခါညှိနှိုင်ူမှုများပြုလုပ်ရပါလိမ့်မယ်။ပညာရေးတွင်နိုင်ငံခြားကံကောင်းမွန်ပြီးရွေးချယ်စရာများတတ်သော်လည်းဆုံးဖြတ်ချက်မှားတတ်သောကြောင့်သတိပြုရန်လိုအပ်ပါတယ်။ကျန်းမာရေး တွင်မျက်စိနှင့်အာရုံကြောဆိုင်ရာရောဂါများနှင့်ပါတ်သက်၍သတိပြုရပါမယ်။အချစ်ရေးတွင်တဖက်ဖက်ကပြိုင်ဘက်ပေါ်လာတတ်ပြီးရှေ့ဆက်ရန်တွေဝေနေတတ်ပါတယ်။စိတ်ဖိစီးမှုများနေတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုရပါလိမ့်မယ်။
3.Gemini ♊️ May 21-June 20
ဒီရာသီဖွားတွေအနေနဲ့ တွေးမိတွေးရာတွေးနေတတ်ပြီးစိတ်အာရုံစုစည်းမှုအားနဲနေပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်သော်လည်းလိမ်လည်လှည့်ဖြားမှုခံရခြင်း ဆုံးဖြတ်ချက်မှားခြင်းစသည်တို့နှင့်ပါတ်သက်၍သတိထားရန်လိုပါလိမ့်မယ်။ပညာရေးပိုင်းတွင်မိမိလျှောက်နေသောလမ်းနှင့်မိမိအတွက်သင့်တော်သောလမ်းကိုက်ညီမှုမရှိဖြစ်တတ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးစိတ်ခံစားချက်နှင့်အာရုံကြောပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးမှာသင့်တင့်သောကံရှိသော်လည်းမိမိ၏စိတ်လိုက်မာန်ပါပြောဆိုခြင်းတဇွတ်ထိုးဆန်ခြင်းတို့ကြောင့်မဖြစ်သင့်သောပြသနာများကြုံလာရတတ်ပါတယ်။
4. Cancer ♋ June 21-July 22
ဒီရာသီဖွားတွေအနေနဲ့အခုရက်ပိုင်းမှာ အကြံဥာဏ်အသစ်များ သတင်းထူးများ အကြောင်းကြားချက်များလက်ခံရရှိတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးမိမိအားစိုက်ထုတ်သလောက်အကျိုးခံစားရတတ်ပါတယ်။ပညာရေးပိုင်းဆိုင်ရာအတွေးအမြင်အသစ်များရရှိတတ်ပြီးတီထွင်ဖန်တီးမှုဥာဏ်အားကောင်းသောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ကိုယ်လက်ကိုက်ခဲခြင်းနှင့်ခါးအောက်ပိုင်းဆိုင်ရာရောဂါများသတိပြုဖို့လိုပါလိမ့်မယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးကာလတိုပျော်ရွှင်မှု သာယာမှုများ ခံစားရပါလိမ့်မယ်။စိတ်အတက်အကျများနေတတ်သေးကြောင့်စိတ်ခံစားလွယ်ပြီး စကားများရတတ်ပါတယ်။
5. Leo ♌ July 23-August 22
ဒီရာသီဖွားတွေအနေနဲ့က အခွင့်အရေးများ အပြောင်းအလဲများ နဲ့ကြုံရတတ်ပါတယ်။အလုပ်အကိုင်အသစ်များအသစ်အသစ်သောစတင်မှုများပြုလုပ်ရန်ကောင်းသောကာလဖြစ်ပါတယ်။စီးပွားရေး နဲ့ငွေကြေးအသင့်အတင့်ကောင်းမွန်ပြီးအခက်အခဲများရှိပါကစတင်ပြေလည်လာနိုင်ပါတယ်။ပညာရေးတွင်မိမိရယူသင့်သော ရရှိသင့်သောအခွင့်အရေးများပေါ်လာတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်အအေးမိခြင်း ကိုယ်လက်ကိုက်ခဲခြင်းများအပြင် ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။အချစ် ရေးကံအနေဖြင့်ပျော်ရွှင်စရာများကြုံရတတ်ပြီးအဆင်ပြေနေပါလိမ့်မယ်။သို့သော်မိမိပြောသောစကားများကိုသတိထားရန်လိုအပ်ပါတယ်။
6. Virgo ♍ August 23-Sep 22
ဒီရာသီဖွားတွေအနေနဲ့ လေ့လာသင်ယူမှုပြုစရာပညာဗဟုသုတအသစ်များ အသိအမြင်အသစ်များရရှိလာပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံအဆင်ပြေကောင်းမွန်ပြီး ပုံမှန်ဝင်ငွေများရရှိပါလိမ့်မယ်။ငွေအဝင်အထွက်မျှနေတတ်သောကြောင့်မိမိ၏ငွေကြေးစီမံမှုချင့်ချိန်တတ်ဖို့လိုပါမယ်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်ပြီးပညာအသစ်များဆည်းပူးလေ့လာရန်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ထားအထက်ပိုင်းဆိုင်ရာရောဂါများသတိပြုရန်လိုပါမယ်။အချစ်ရေးမှာတော့မိမိ၏ခေါင်းမာမှုကြောင့်စကားများရတတ်ပါတယ်။စိတ်အတက်အကျများနေတတ်သောကြောငိ့မိမိစိတ်ကိုထိန်းချုပ်နိုင်ရန်လိုအပ်ပါလိမ့်မယ်။
#tatot_queen