4:08 Zig ZiGdgafxxk X Pulseworks

19 ပတ် - ဘာသာပြန်ပါ။

(#ဇာတ်ကားသစ်ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား)
IMDb – 8.1/10
ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။
ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ
ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါ
ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို ကောက်ချက်ချခဲ့ပါတယ်။
အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့
ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလိုပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့
အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ……..
ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား …..
ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ ……
ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို
ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

#crd
#storymode

image

#

ဘယ်တတ်နိုင်မလဲ ငါဒီဘဝမှာ

19 ပတ် - ဘာသာပြန်ပါ။

လာမယ့် နွေရာသီကျရင် မန်စီးတီး အသင်းက ဒီဘရိုင်း အပါအဝင် ဂျက်ဂရေးလစ် ၊ ဘာနာဒိုဆေးဗားလ် ၊ ဂွမ်ဒိုဂန် ၊ ဂျွန်စတုန်း ၊ အီဒါဆင် စတဲ့ ကစားသမားတွေ အကုန် ထုတ်ရောင်းပြီး အသင်းကို ပြန်တည်ဆောက် အားဖြည့်မယ်လို့ သိရပါတယ်။
ဒီတော့ ရာသီသစ် မှာ ပပ်ဂွါဒီယိုလာ ရဲ့version2.0 ကို မြင်ရမှာဖြစ်ပြီး ဘယ်ကစားသမား အသစ် တွေ ထပ်ရောက်လာဦးမလဲ စောင့်ကြည့်ချင်စရာပေါ့ဗျာ။

image
19 ပတ် - ဘာသာပြန်ပါ။

ဘဝမှာ
ကျောင်းပိတ်ရက်မရှိ ။

#အောင်ချိမ့်

image

ညီကိုတို့အတွက် ကမ်းခြေ Fashion များ

19 ပတ် - ဘာသာပြန်ပါ။

အသက်အရွယ် ရလာတဲ့အခါမှာ
လွတ်လပ်ပေါ့ပါးတာကို ပိုကြိုက်လာတယ် ။
နေထိုင်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ရှင်သန်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ခန္ဓာကိုယ်ပေါ်မှာလည်း
ဘာနာမည်ကြီးတံဆိပ်မှလည်း မရှိစေချင်တော့ဘူး ။
နှုတ်ခမ်းဖျားပေါ်မှာလည်း
ဘာဂုဏ်ဖော်ကြွားဝါခြင်းမှလည်း မရှိစေချင်တော့ဘူး ။
ရှင်သန်ခြင်းပေါ်မှာလည်း ဘာတိုင်းတာမှု
ချုပ်တည်းနေထိုင်မှု မပေါ့ပါးခြင်းလည်း မရှိတော့ဘူး ။
ဝတ်ဆင်လို့ရတယ်ဆိုတဲ့ အနေအထားမှာပဲ
လွတ်လပ်စွာ ဝတ်မယ် ။
ပေါ့ပါးတယ်လို့ထင်တဲ့ အနေအထားမှာပဲ
လွတ်လပ်စွာရှင်သန်မယ် ။
ပျော်ရွှင်မှုနောက် လိုက်မယ် ။
စိတ်ပေါ့ပါးလန်းဆန်းတဲ့နောက် လိုက်မယ် ။
ပြီးတော့ မလိုလောဘကို ရှောင်တတ်လာတယ် ။
ပြိုင်ဆိုင် ဂုဏ်ယူစိတ်တွေကို ဖယ်ရှောင်တတ်လာတယ် ။ ဒါနဲ့ပဲ လေးလံတဲ့ အထုပ်အပိုးတွေကို လွှတ်ချပြီး လွတ်လပ်တဲ့ဘဝမျိုး ဖြတ်သန်းတတ်လာတယ် ။
#ဦးချေ #happymindhappylife

image

ဟာကွာ

19 ပတ် - ဘာသာပြန်ပါ။

"ကျနော့်အဖေက ကာစီနိုရုံအစောင့်ပါ၊ လုံခြုံရေးပေါ့ဗျာ၊ အမေက သားငါးစျေးတခုမှာ အဝတ်အစားနဲ့ အရုပ်တွေရောင်းတယ်၊ သေတ္တာကြီးတွေနဲ့ ပြည့်နေတဲ့ သူ့ စျေးတွန်းလှည်းကြီးကို လမ်းပေါ်တွန်းတိုင်းမှာ လှည်းဘီးသံတွေကို အခုထိ ကျနော် ပြန်ကြားနေရသလိုဖြစ်နေတုန်းပဲ၊ အဲဒါက The Hulk ကြီးပဲ လုပ်နိုင်မယ့် အရာမျိုးဗျ၊ သနားစရာကောင်းတဲ့ ကျနော့်အမေ့က နေ့တိုင်းလုပ်ခဲ့ရတာပါ၊ ကျနော့်အတွက်တော့ သူရဲကောင်းပဲ၊ နေပူပူ၊ မိုးရွာရွာ ဒီလှည်းနဲ့ သူက စျေးထဲသွားတာပဲ"
"တခါတလေကျ အမေနဲ့လိုက်သွားပြီး သေတ္တာတွေပေါ်ထိုင်ပြီး ဖြတ်သွားတဲ့ ကားတွေကို ငေးကြည့်မိတယ်၊ အမေ စွန့်လွှတ်အနစ်နာခံနေရပါလားဆိုတာကို မမြင်ခဲ့ဘူး၊ အဆိုးဆုံးကတော့ ရှည်လျားတဲ့ နေ့တရက်တာအဆုံးမှာ အဝတ်တွေကို ပြန်ခေါက်၊ သေတ္တာထဲ ပြန်ထည့်၊ အဲဒီ သောက်လှည်းကြီးကို တွန်းပြီး အိမ်ပြန်ရတာပဲ၊ ပြီးရင် ညစာချက်တယ်၊ ညစ်ပတ်နေတဲ့ ကျနော့်ခြေအိတ်တွေကို လျှော်ပေးတယ်၊ ခင်ဗျားစဉ်းစားကြည့်ပေါ့ဗျာ၊ ကျနော့်အမေအကြောင်းပါ၊ ကျနော့်ရဲ့ သူရဲကောင်းပဲ"
-ဗယ်လ်ဗာဒီ

image