ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျပန်ထုတ် ဒီဇယ်လျှပ်စစ်ရထားဖြင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ပြေးဆွဲပေးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ဂျပန်နိုင်ငံကနေ ဝယ်ယူရောက်ရှိလာတဲ့ ဒီဇယ်လျှပ်စစ်သုံး DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ နေပြည်တော်-ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်လာပါတယ်။
DEMU ရထားတွဲဆိုင်းတွေနဲ့ စမ်းသပ်ပြေးဆွဲခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကနေ ရန်ကုန်အထိ ဘူတာစဉ်ရပ်တန့်ချိန်တွေအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်တယ်လို့ ဆိုပါတယ်။
အဆင့်မြှင့်တင်ပြီးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းမှာ DEMU ရထား ပြေးဆွဲခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်သွားမယ်လို့ သိရပါတယ်။
DEMU ရထားမှာ ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ၊ စုစုပေါင်းတွဲဆိုင်း ခြောက်တွဲနဲ့ ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မှာပါ။
ရထားအချိန်စာရင်းနဲ့ လက်မှတ်ခနှုန်းထားတွေကို မြန်မာ့မီးရထားကနေ ထပ်မံထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
ခရီးသည်တွေအနေနဲ့ မူလပြေးဆွဲနေတဲ့ လေအိတ်ရထားနဲ့ DEMU ရထားတွေကို နေပြည်တော်ဘူတာမှာ ပြောင်းလဲလိုက်ပါ စီးနင်းနိုင်ကြောင်း အသိပေးထားပါတယ်။
ရန်ကုန်-မန္တလေးခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်နဲ့ သာစည်ဘူတာတွေမှာ ရပ်တန့်ပေးသွားမယ်လို့လည်း သိရပါတယ်။
ဟိုတယ်ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲမီးလောင်မှု မန္တလေးရှိ ရှင်းသန့်ဟိုတယ်တွင် ယနေ့ဖြစ်ပွား၊ ဟိုတယ်မန်နေဂျာ မီးပေါ့ဆမှူဖြင့် အရေးယူခံရ
ဖေဖော်ဝါရီ ၂၄
ဟိုတယ်ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲ မီးလောင်မှု မန္တလေးမြို့ရှိ ရှင်းသန့်ဟိုတယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၈ (A) လမ်း၊ (ဇ) ရပ်ကွက်ရှိ ရှင်းသန့်ဟိုတယ်၏ ဝန်ထမ်းအိပ်ဆောင်တွင် အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
“ဟိုတယ်ဝန်ထမ်းတွေ အိပ်နေတုန်းလောင်တာ။ ဖုန်းအားသွင်းတာကနေ Shock ဖြစ်တာပါ။ အဲဒီကနေ မွေ့ယာကို မီးကူးတာကနေ လောင်တာ။ ဒဏ်ရာအနာတရမရှိကြပါဘူး”ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၀’×၆၀’ အရွယ်အစမီးလေရှိ)ထပ် အထပ်သားခင်း အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယင်း မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် ဟိုတယ်မန်နေဂျာ အသက် ၃၃ နှစ်အရွယ်ရှိသူ အမျိုးသားအား စက်မှုနယ်မြေရဲစန်းတွင် (ပ-၂၆/ ၂၈၅/၂ဝ၂၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#centralnewsnaypyitaw
အိမ်မှာ ကားတွေအများကြီးရှိပေမယ့် ကျောင်းကားနဲ့မှ ကျောင်းတက်ချင်တဲ့ ဆုပန်ထွာရဲ့သားလေး Roar Roar 🥰
သားလေး Roar Roar ကတော့ ကျောင်းသွားရင် ကျောင်းကား School Bus နဲ့သာသွားချင်ကြောင်း ဖခင်ဖြစ်သူက ဆိုပါတယ်။ ပြည့်စုံတဲ့မိသားစုတွေဖြစ်တဲ့အလျှောက် အိမ်မှာ စီးစရာကားတွေအများကြီးရှိပေမယ့် သားလေး Roar Roar က ကလေးပီပီ ကျောင်းကားနဲ့သာ ကျောင်းတက်တယ်လို့ ဖေဖေက ပြောပါတယ်။ သားသားလေး Roar Roar ကိုကျောင်းကားစီးဖို့ လိုက်ပို့ရင်း အမှတ်တရဗီဒီယိုလေးကို သူက ဖော်ပြလာခဲ့တာပါ။
#celenews
သန်လျင်မှာ ရထားလမ်းပေါ် အိပ်ပျော်နေတဲ့အမျိုးသား ရထားကြိတ်ခံရပြီးသေဆုံး
ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာဖွံ့ဖြိုးရေးလမ်း မီးရထားလမ်းမှာ အိပ်ပျော်နေတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတယောက် ရထားကြိတ်ခံရပြီးသေဆုံးမှုဒီနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါအမျိုးသားက ညတုန်းက အရက်မူးပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်နေချိန် ခြေထောက်ကိုရထားကြိတ်ခံရတာဖြစ်ကြောင်း၊ ခြေထောက်ကသွေးထွက်လွန်ပြီး မနက်စော ၅ နာရီလောက်မှာ ရထားကြိတ်ဒဏ်ရာကြောင့်ပဲသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
" ရုံပိုင်ကြီးမေးတော့ ရထားက မနက် ၁ နာရီလောက်ဝင်တယ်ဖြစ်တော့ အဲဒီအချိန်ဖြစ်တယ်ယူဆတယ်။ ညကသူတို့ကအရက်သောက်ကြပြီးအဲဒီမှာအိပ်ကြတယ်။အိမ်ခြေယာမဲ့ ၊ အိမ်မရှိဘူး။တနယ်တကြေးကနေလာပြီးလုပ်ကြတာ။ညကတော့အရက်တွေ အရမ်းမူးပြီးအိပ်ရင်းဖြစ်ကြတာ။မနက်၅ နာရီလောက်မှာရေတောင်း သောက်သေးတယ်တဲ့။သူ့အကိုလားညီလားမသိဘူး ရေတိုက်ပြီးမှ သေသွားတာပေါ့။ရထားကြိတ်ခံရပြီး ညာဘက်ခြေထောက်ပြတ်သွားတယ်။နောက်တဖက်က ပြတ်ဖို့နည်းနည်းလေးပဲကျန်တော့တယ်။ ညကတည်းကသွေးထွက်လွန်နေတာပေါ့။" လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့တဲ့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူကပြောပါတယ်။
ရထားကြိတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားကတော့ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး ဘူးခွံပလုံးခွံကောက်သူတွေဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားရုပ်အလောင်း ကိုတော့ သန်လျင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်းရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီဘူတာမှာ အမျိုးသမီးတယောက် ရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုမ်းကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ရထားလမ်းပေါ်အိပ်ပျော်နေတဲ့ အမျိုးသားရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
အလားတူ ဇူလိုင် ၂၀ ရက်နေ့ကလည်း ရန်ကုန်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာ သံလမ်းမှာ အမျိုးသားတယောက် ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
Photo - လောကအလင်း
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇
🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့.....
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။
သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။
“အားလုံး ကျန်းမာချမ်းသာကြပါစေ”
#crd_to_owner_with_respect
#photo_crd_to_owner
#ကျန်းမာရေး
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇
🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့.....
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။
သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။
“အားလုံး ကျန်းမာချမ်းသာကြပါစေ”
#crd_to_owner_with_respect
#photo_crd_to_owner
#ကျန်းမာရေး
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
#နိုင်ငံတကာသတင်း
◼ဂျာမနီရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်များအနိုင်ရသော်လည်းမျှော်မှန်းထားသည့်ထောက်ခံမှုနှုန်းမရ
ဂျာမနီရွေးကောက်ပွဲတွင် ဖရက်ဒရစ်မားဇ်ဦးဆောင်သော ကွန်ဆာဗေးတစ်များက ပြိုင်ဘက်ပါတီများကို ကျော်ဖြတ်ပြီး ပထမနေရာရရှိခဲ့သော်လည်း ၎င်းတို့ မျှော်မှန်းသည့် ထောက်ခံမဲ ၃၀ ရာခိုင်နှုန်းကိုမူ မရရှိခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
“ ဒီနေ့ညမှာ အောင်ပွဲခံကြရအောင်ပါ။ မနက်ဖြန်ဆိုရင်တော့ ကျွန်တော်တို့ စပြီး အလုပ်လုပ်ကြရမယ်။” ဟု မားဇ် က အားရဝမ်းသာဖြစ်နေသော ထောက်ခံသူများအားပြောကြားသည်။
ယခုအခါ ၎င်းရှေ့တွင် ရှိနေသော တာဝန်ဝတ္တရားများ၏ ကြီးလေးမှုကို သ တိပြုမိကြောင်းလည်း ဂျာမနီအဓိပတိဖြစ်လာရန် ရေပန်းစားနေသည့် မားဇ် က ပြောသည်။
ရွေးကောက်ပွဲတွင် နောက်ထပ်အနိုင်ရသောပါတီမှာ ဂျာမနီအတွက်အခြားရွေးချယ်စရာ Alternative for Germany (AfD) ဟု နာမည်ပေး ထားသော လက်ယာစွန်း ပါတီဖြစ်ကာ ၎င်းတို့က စံချိန်တင်လူထုထောက်ခံမှု ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာသို့ တက်လှမ်းခဲ့သည်။
“ ဂျာမန်နိုင်ငံသားတွေက အပြောင်းအလဲအတွက်မဲပေးခဲ့ကြပါတယ်။” ဟု AfD ပါတီ ခေါင်းဆောင် အဲလစ်ဝီဒယ် က ပြောကြားသည်။
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော CDU ပါတီ ခေါင်းဆောင် ဖရက်ဒရစ်မားဇ် ၏ မဟာမိတ်ဖွဲ့စည်းရေးကြိုးပမ်းမှုများ အဆုံးတွင် ကျရှုံးမည် ဖြစ်ကြောင်း မစ္စက်ဝီဒယ် က ပြောကြားပြီး ယင်းနှင့်အတူ မကြာခင်ရွေးကောက်ပွဲများ ထပ်မံ ကျင်းပရမည်ဖြစ်သည့်အတွက် ၎င်းတို့အနေနှင့် ရွေးကောက်ပွဲများအတွက် လေးနှစ် ထပ်မံ၍ စောင့်ဆိုင်းရမည်မထင် ကြောင်း မစ္စက်ဝီဒယ် က ပြောကြားသည်။
AfD ပါတီ က ဂျာမနီအရှေ့ပိုင်းတွင် အဓိက ထောက်ခံမှုရရှိခဲ့ပြီး ကျန်ဒေသအစိတ်အပိုင်းများတွင်မူ CDU များကို ထောက်ခံမှု များပြားခဲ့သည်။
ဂျာမနီ အဓိပတိအိုလက်ဖ်ရှိုးဇ် ၏ Social Democrats များက ထောက်ခံမှု ၁၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး တတိယနေရာသာ ရရှိခဲ့ကာ ယင်းမှာ ပါတီ၏ သမိုင်းတွင် အနည်းဆုံး ထောက်ခံမှုလည်း ဖြစ်သည်။
ယင်းမှာ ပါတီအတွက် ခါးသီးသောရှုံးနိမ့်မှုဖြစ်ကြောင်း နှင့် ၎င်းအနေနှင့်မဟာမိတ်ဖွဲ့စည်းရေး ဆွေးနွေးမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း အိုလက်ဖ်ရှိုးဇ် က ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အိုလက်ဖ်ရှိုးဇ် ၏ သုံးပါတီမဟာမိတ်အစိုးရပြိုကွဲသွားပြီးနောက် ၎င်းအနေနှင့် အခြားပါတီတစ်ခုနှင့် ရှင်းလင်းသော မဟာမိတ်အစိုးရ ဖွဲ့စည်းနိုင်ရန် ခိုင်မာသောထောက်ခံမှုပြသရေး ဖရက်ဒရစ်မားဇ် က မဲဆန္ဒရှင်များအား တောင်းဆိုခဲ့သော်လည်း မဲဆန္ဒရှင် ၈၃ ရာခိုင်နှုန်းစံချိန်တင်မဲထွက်ပေးခဲ့သော ရွေးကောက်ပွဲမှ မျှော်မှန်းထားသလောက် ထောက်ခံမှု မရခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဒုတိယနေရာရခဲ့သော လက်ယာစွန်း AfD နှင့် မဟာမိတ်ဖွဲ့စည်းသွားရေးကိုမူ မားဇ်က ပယ်ချထားသည်။