ဆား စားသုံးမှု နဲ့ ကျန်းမာရေး
ဆားတွေ အများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ ကျန်းမာအောင်အငန်လျှော့စားလေဆိုတဲ့စကားတွေက ပုံမှန်လိုလိုကြားနေရတဲ့ စကားသံပါနော်။ ဒါဆို ဆားက မစားဘဲနေရမှာလား။ ဆားလုံးဝမစားရတော့ဘူးလား။ ဆားက စားတာနဲ့ ကောင်းကျိုးမပေးဘဲ ဆိုးကျိုးတွေပဲဖြစ်နေတာလားဆိုပြီးမေးစရာလေးရှိလာပါပြီ။ ဒီအမေးတွေကို ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။

ဆားက သွားနဲ့ခံတွင်းအတွက်ကောင်းတယ်ဆိုတာကပြောနေစရာမလိုအောင်အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါဆို ဆားက ကျန်းမာရေးအတွက်ကောင်းတယ်ပြောရမှာလား။ တကယ်တော့ ဆားက လုံးဝမစားဘဲနေရမယ့် အရာတော့မဟုတ်ပါဘူး။ ဆားက သွားနဲ့ခံတွင်းရောဂါအတွက်တင်မဟုတ်ပါဘူး။ ဆားက ကူးစက်ရောဂါအတွက်ရော အနာတွေကို သက်သာစေဖို့အတွက်ပါ အသုံးတည့်ပါတယ်။

နေ့စဉ်စားသုံးမှုမှာ ဆားထည့်စားသင့်တဲ့အကြောင်းအရင်း

ဆားကို စားနေကျအစားအသောက်တွေထဲမှာ ဆားထည့်စားတာ ဒီလိုကျန်းမာရေးအကျိုး ကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

ရေဓါတ်ပြည့်ဝစေတယ်

ခန္ဓာကိုယ်မှာ ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ် မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာပါ။ ဒါမှလည်း လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းနိုင်မှာပါ။ ခန္ဓါကိုယ်မှာရေဓါတ်မျှတချင်တယ်ဆိုရင် ဆားကို အတန် အသင့်စားသုံးပေးပါ။

နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်

ဆားက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပင်လယ်ဆားက စားပွဲတင်ဆားနဲ့မတူပါဘူး။ဆေးဖက်ဝင်ပါတယ်။ ပင်လယ်ဆားမှာ သဘာဝအတိုင်း သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

ကြွက်မတက်အောင်ကာကွယ်ပေးတယ်

ပင်လယ်ဆားမှာပါတဲ့ ဓါတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်ဓါတ်ကိုထောက်ပံ့ပေးပြီး ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့က ကြွက် သားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကိုထောက်ပံ့ပေးပြီး ကြွက်သားတွေကို ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားဓါတ်မလုံလောက်တဲ့အခါ နှလုံးခုန်မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက် ပန်းကျတာ၊ တက်တာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။

အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်

ဆိုဒီယမ်က ခန္ဓာကိုယ်ထဲကရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက အာရုံကြောစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။ ဦးနှောက်အနေနဲ့ကလည်း ကျန်းမာနေဖို့က ဆိုဒီယမ်နဲ့ အခြားဓါတ်တွေမျှတနေဖို့လိုပါမယ်။ ဒါကြောင့်ဆားကို အတန်အသင့်လောက်တော့ စားသုံးဖို့လိုပါမယ်။

အိပ်ရေးဝစေတယ်

ဆားက အိပ်စက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီး အိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။ ဆားက ကိုယ်တွင်းရဲ့ ဆိုဒီယမ်မညီမျှမှုမဖြစ်အောင် ထိန်းညှိပေးပြီး ကိုယ်တွင်းရေဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးတာကကောင်းကောင်းအိပ်စက်ဖို့အထောက်အပံ့ပေးနိုင်တာပါ။

ဆားနည်းနည်းပဲစားတဲ့အခါ

ဆားကအများကြီးစားရင် သွေးတိုးတယ်ဆိုပေမယ့် နည်းနည်းပဲစားမယ်ဆိုရင်လည်း ခန္ဓာ ကိုယ်မှာ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
• သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုမြင့်တက်စေနိုင်တယ်။
• နှလုံးရောဂါဖြစ်စေနိုင်တယ်။
• ရုတ်တရက်နှလုံးရပ်သွားရတာမျိုးခံစားရနိုင်တယ်။
• အင်ဆူလင်မတိုးတာမျိုးခံစားရနိုင်တယ်။
• အမျိုးအစား (၂) ဆီးချိုခံစားရနိုင်တယ်။

ဆားအများကြီးစားတဲ့အခါ

အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပါ။ ဆားက မစားရင်လည်း ခန္ဓါကိုယ်အတွက် မကောင်းသလို အရမ်းစားလွန်းပြန်ရင်လည်း ထိခိုက်တာတွေရှိလာနိုင်ပါတယ်။
• သွေးတိုးမယ်။
• အစာအိမ်ကင်ဆာဖြစ်မယ်။
• အစာအိမ်အူလမ်းကြောင်းတလျှောက်မှာရောဂါပိုးတွေဖြစ်စေနိုင်တယ်။
• အစာအိမ်နံရံတွေပျက်စီးစေနိုင်တယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆားပမာဏ

ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့နေ့စဉ် ဆားကို ၆ ဂရမ်လောက်ထက်တော့ ပိုမစားသင့်ပါဘူး။ တစ်နေ့တာမှာ လူတစ်ယောက်အနေနဲ့ ဆိုဒီယမ်ပမာဏ ၂.၅ ဂရမ်ပဲလိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်နေမှာဖြစ်တဲ့အတွက်နေ့စဉ် ဆားကို လက်ဖက် ရည်ဇွန်းတစ်ဇွန်းစာလောက်ပဲ စားသုံးပေးဖို့လိုပါမယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဒီပမာဏက အကောင်းဆုံးပါ။ အရမ်းငယ်လွန်းတဲ့ကလေးတွေအနေနဲ့ ကတော့ ဆားကို ၁ ဂရမ်လောက်ပဲစားသုံးပေးသင့်ပါတယ်။

image
19 w - Translate

မြောင်လေး သနားပါတယ်ကွာ
😂

ဆန္ဒလေးတစ်ခု :

image
19 w - Translate

" မမများအဖွဲ့က အန်တီတူးကို လာမကြည့်ဘူးဆိုပြီး ပြောလိုက်မိရာကနေ နားလည်မှုတွေလွဲသွားတယ်။ အဲ့အချိန်တုန်းက အန်တီတူးက ဆေးအရှိန်နဲ့ ပုံမှန်မဟုတ်ပဲ ဝမ်းနည်းနေချိန်ဖြစ်နေတော့ ဘာပြောလို့ ပြောခဲ့မိတယ်ကို မသိတော့ပါဘူး။ တကယ်တော့ မတူးက အမေများအဖွဲ့ကို ရောက်နေပါပြီ။ အခုလို ဖြစ်သွားတာ မမများအဖွဲ့ကို အားနာမိလို့ တောင်းပန်ပါတယ်။ ကိုအောင်ခိုင်နဲ့ မဝါကိုလည်း အားနာပါတယ်။ ပရိသတ်တွေဆူချင်ရင် အန်တီတူးကိုပဲ ဆူကြပါ။ အခုတော့ စိတ်က ပုံမှန် ပြန်ဖြစ်လာပါပြီ " ဆိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင် မတူး။

image
19 w - Translate

" မမများအဖွဲ့က အန်တီတူးကို လာမကြည့်ဘူးဆိုပြီး ပြောလိုက်မိရာကနေ နားလည်မှုတွေလွဲသွားတယ်။ အဲ့အချိန်တုန်းက အန်တီတူးက ဆေးအရှိန်နဲ့ ပုံမှန်မဟုတ်ပဲ ဝမ်းနည်းနေချိန်ဖြစ်နေတော့ ဘာပြောလို့ ပြောခဲ့မိတယ်ကို မသိတော့ပါဘူး။ တကယ်တော့ မတူးက အမေများအဖွဲ့ကို ရောက်နေပါပြီ။ အခုလို ဖြစ်သွားတာ မမများအဖွဲ့ကို အားနာမိလို့ တောင်းပန်ပါတယ်။ ကိုအောင်ခိုင်နဲ့ မဝါကိုလည်း အားနာပါတယ်။ ပရိသတ်တွေဆူချင်ရင် အန်တီတူးကိုပဲ ဆူကြပါ။ အခုတော့ စိတ်က ပုံမှန် ပြန်ဖြစ်လာပါပြီ " ဆိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင် မတူး။

image
19 w - Translate

" မမများအဖွဲ့က အန်တီတူးကို လာမကြည့်ဘူးဆိုပြီး ပြောလိုက်မိရာကနေ နားလည်မှုတွေလွဲသွားတယ်။ အဲ့အချိန်တုန်းက အန်တီတူးက ဆေးအရှိန်နဲ့ ပုံမှန်မဟုတ်ပဲ ဝမ်းနည်းနေချိန်ဖြစ်နေတော့ ဘာပြောလို့ ပြောခဲ့မိတယ်ကို မသိတော့ပါဘူး။ တကယ်တော့ မတူးက အမေများအဖွဲ့ကို ရောက်နေပါပြီ။ အခုလို ဖြစ်သွားတာ မမများအဖွဲ့ကို အားနာမိလို့ တောင်းပန်ပါတယ်။ ကိုအောင်ခိုင်နဲ့ မဝါကိုလည်း အားနာပါတယ်။ ပရိသတ်တွေဆူချင်ရင် အန်တီတူးကိုပဲ ဆူကြပါ။ အခုတော့ စိတ်က ပုံမှန် ပြန်ဖြစ်လာပါပြီ " ဆိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင် မတူး။

imageimage

?

19 w - Translate

ထိုင်းနိုင်ငံတောင်ပိုင်း၊ Phang Nga ပင်လယ်အော်ထဲမှာ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းစုတွေ အများကြီးရှိပါတယ်။
အဲ့ဒီထဲကမှ ထူးခြားဆန်းပြားတဲ့ လူနေမှုပုံစံနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ရွာလေးတစ်ရွာကတော့ Koh Panyi ဆိုတဲ့ ရေပေါ်ရွာလေးပဲ ဖြစ်ပါတယ်။
Koh Panyi ရွာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က အင်ဒိုနီးရှားနိုင်ငံကနေ ရွှေ့ပြောင်းအခြေချလာတဲ့ တိုဘာရူ (Toh Baboo) ဦးဆောင်တဲ့ တံငါသည်မိသားစု ၃ စုက စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။
သူတို့ဟာ ငါးဖမ်းဖို့အတွက် ကမ်းလွန်ပင်လယ်ပြင်မှာ လှေနဲ့ ခရီးထွက်ရင်း ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
အဲ့ဒီအချိန်တုန်းက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြား သားတွေဟာ ကုန်းမြေပေါ်မှာ မြေယာ ပိုင်ဆိုင်ခွင့်မရှိတာကြောင့် ဒီလိုမျိုး ပင်လယ်ပြင်ထဲမှာ ကျောက်တောင်ကို အမှီပြုပြီး ရေပေါ်မှာ ရွာတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွာရဲ့ လူဦးရေ အများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။
ရွာထဲမှာ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ကျန်းမာရေးဌာနလေးတစ်ခုနဲ့ ဈေးဆိုင်တန်းလေးတွေလည်း ရှိပါတယ်။
ခရီးသွားတွေကို ရည်ရွယ်ပြီး အမှတ်တရပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်လေးတွေလည်း ဖွင့်လှစ်ထားကြပါတယ်။
Koh Panyi ရွာလေးဟာ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးရတဲ့ အကြောင်းရင်းတွေထဲမှာ ရေပေါ်ဘောလုံးကွင်းလေးလည်း ပါဝင်ပါတယ်။
ရွာရဲ့ လူငယ်လေးတွေဟာ ဘောလုံးကစားဝါသနာပါကြပြီး နေရာအခက်အခဲကြောင့် သစ်သားဖောင်ပြားလေးတွေပေါ်မှာ ဘောလုံးကွင်းလေးတစ်ခု ဖန်တီးခဲ့ကြပါတယ်။
ဒီဘောလုံးကွင်းလေးဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးလာပြီးနောက်ပိုင်းမှာတော့ ခရီးသွားဧည့်သည်တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
Koh Panyi ရွာလေးကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Phuket (ဖူးခက်) ဒါမှမဟုတ် Krabi (ခရာဘီ) မြို့တွေကနေတဆင့် လှေနဲ့ သွားရောက်နိုင်ပါတယ်။
Phang Nga ပင်လယ်အော်ထဲက တခြားလှပတဲ့ ကျွန်းတွေဖြစ်တဲ့ James Bond ကျွန်း (Khao Phing Kan) တို့ကိုပါ တပါတည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
သဘာဝအလှအပတွေ၊ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေနဲ့အတူ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေကြောင့် Koh Panyi ဟာ ခရီးသွားတွေအတွက် မမေ့နိုင်စရာ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
#knowledge

image

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်း❞

ဖေဖော်ဝါရီ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်ကထက် ထပ်မံကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၃ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၆၉၈၅ ကျပ်ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ မတ်လ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၆၉၀၅ ကျပ်ဖြစ်တာကြောင့် ၈၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

ရက်ပေါင်း(၂၄ ရက်)အတွင်း မြဝတီမြို့တွင် ကျားဖျန့်လိမ်လည်မှု ကျူးလွန်သူ ပြည်ပနိုင်ငံသား (၂၂၂၀)ကို စစ်ဆေးဖော်ထုတ်

ဖေဖော်ဝါရီ ၂၄

ရက်ပေါင်း(၂၄ ရက်)အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျားဖျန့်လိမ်လည်မှု၊ ဒုစရိုက်များ ကျူးလွန်သူ ပြည်ပနိုင်ငံသား (၂၂၂၀)ကို
စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူတို့ကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၃ ရက်)က ပြည်ပနိုင်ငံသား (၁၀၉)ဦးကို ထပ်မံစစ်ဆေး၊ဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ (ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်)အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်းဦးရေ (၂၂၂၀)ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အနက်မှ (၆၇၃)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသော ပြည်ပနိုင်ငံသား (၁၅၄၇)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းလွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image