19 w - Translate

တောက်လောင် ပေါက်ကွဲနေတဲ့ နေကြောင့် မျက်လုံးတွေ ကျိန်းစပ်နေတာ ခံစားနေရတယ်။ ပင်လယ်ပြင်ကတော့ အမောတကော အသက်ရှူနေရသလိုမျိုးနဲ့ ရေလှိုင်းကလေးတွေကို ကမ်းစပ်ဆီ ပို့လွှတ်ရင်း သဲတွေ
ကို တိုက်စားနေတယ်။ ကျွန်တော်လည်း ကျောက်တုံးကျောက်ဆောင်တွေဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့မိတယ်။ ကျွန်တော့်နဖူးကတော့ နေအပူဒဏ်ကြောင့် ရောင်နေသလို ခံစားရလာတယ်။ ပြင်းထန်လှတဲ့ အပူရှိန်က ကျွန်တော့်ကို အနိုင်ယူဖို့ ကြိုးစားနေတယ်။ နောက်ပြန်လှည့်ဖို့တွန်းအားပေးနေတယ်။ မျက်နှာပေါ်က အပူရှိန်က တိုက်ခိုက်လာလေ
တိုင်း ကျွန်တော့်အဖို့တော့ အံကြိတ်လိုက်ရင်း ဘောင်းဘီအိတ်ထဲက လက်
တွေကိုလည်း လက်သီးဆုပ်ပြီး ရှိရှိသမျှ အားမာန်တွေ၊ ဇွဲတွေနဲ့ ပူလောင်
မူးနောက်လာစေတဲ့ နေအပေါ် အနိုင်ရဖို့ ကြိုးစားနေမိတယ်။
- - - - - -

L'Étranger

အလ်ဘတ် ကမူး ရဲ့ တစိမ်းတရံစာ”
ဝတ္ထုမှ ကောက်နုတ်ချက်

image
19 w - Translate

အဲဒီအချိန်က 1990 ကျော်လောက်ဖြစ်မယ် ဂျပန်ရဲ့ အတိုးတက်ဆုံးအချိန်ပေါ့ စီးပွားရေး၊ ပိုက်ဆံ၊ ကား၊ နည်းပညာ အားလုံး တကယ့်ကိုထောင်‌တက်နေတဲ့အချိန် ကျွန်တော်ကလည်း အကြောင်းအမျိုးမျိုးကြောင့် ဂျပန်ကိုပြောင်းနေရဖို့ ဖြစ်လာတယ် စီးပွားရေးက အရမ်းကောင်းနေပြီး ကောင်းပေ့ဆိုတဲ့ ကားတွေကိုလည်း ဖောဖောသီသီတွေ့ရတယ် Celsior လား President လား Aristo လား ကြိုက်တာသာပြော အဲ့အချိန်မှာ အကုန်အသစ်စက်စက်တွေချည်းပဲ ကျွန်တော်ကလည်း ကားရူးဆိုတော့ လမ်းပေါ်မှာသွားသမျှ ကားတိုင်းကို လိုက်ငေးရတာ အမော အဲ့လို ကားတွေ အမျိုးစုံရှိတဲ့ထဲကမှ တစ်ချို့ တစ်ချို့သောကားတွေကတော့ သွားရှုပ်ဖို့မပြောနဲ့ အနားတောင်မကပ်သင့်တဲ့ ကားတွေပဲ အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားပြီး ခပ်မိုက်မိုက်အကြည့်နဲ့ ဘဲကြီးတွေပါ အထဲမှာထိုင်နေရင်တော့ ခင်ဗျားအနေနဲ့ သဘောပေါက်လိုက်သင့်ပြီ တစ်စီးလုံး မှန်‌တွေကအစမဲနက်နေတဲ့ Century, Celsior, Lorinser, Brabus, AMG S600 လိုဆီဒန်ကားကြီးတွေထဲကဆင်းလာတဲ့ လူတွေဟာ အဲဒီအချိန်မှာ ဂျပန်ယာကူဇာဂိုဏ်းသားတွေကလွဲပြီး တစ်ခြားမရှိဘူး
ယာကူဇာကားဆိုတာကို ဘယ်လိုသိနိုင်လဲဆိုတော့ နံပါတ်ပြားကိုကြည့်လိုက်၊ 33 6666 88 တို့လိုနံပါတ်အထပ်တွေနဲ့ဆိုရင် သေချာပြီ အဲ့ဒါယာကူဇာကားပဲ ဝေးဝေးကရှောင်ပေတော့ ဂျပန်ဒဏ္ဍာရီထဲက နဂါးနဲ့ပက်သက်ပြီး သူတို့က ဒီနံပါတ်တွေကိုကြိုက်ကြတယ် ဒါပေမယ့် ဂျပန်မှာက နံပါတ်အလှတွေဘာတွေ ဝယ်လို့မရဘူး အစဉ်လိုက်ထုတ်ပေးတဲ့ နံပါတ်ကိုပဲ ယူရတယ် အဲ့တော့ ဒီဘဲတွေက ဘယ်လိုပါဝါပြလဲဆိုတော့ အပေါ်ကလို သူတို့ကြိုက်တဲ့ နံပါတ်ထွက်လာရင် ထုတ်ပေးတဲ့ရုံးကိုသွား၊ ကြားဖြတ်ပြီးပေါ်တင်ပဲယူကြတယ် Ginza, Shibuya, Shinjuku တို့လို‌နေရာ၊ ညပိုင်းတွေမှာ အဲဒီလို 3 6 8 နံပါတ်ပြားနဲ့ကားတွေ၊ Full Suit ဝတ်ထားတဲ့လူတွေကို ရံဖန်ရံခါတွေ့ရလိမ့်တယ်
ဝေးဝေးရှောင်လို့သာပြောနေပေမယ့် အဲ့တုန်းက သူတို့နဲ့ သွားရှုပ်မိတဲ့သူက ကျွန်တော်ကိုယ်တိုင်ပဲ
တော်တော်မိုက်ခဲ့တာပေါ့ဗျာ
အဲ့ခေတ်မှာ ဂျပန်မှာ ခိုးကူးခွေတွေတအားပေါတယ် ဟောလီးဝုဒ်ရုပ်ရှင်ကားတွေကို copyright တွေဘာတွေ ဘာမှဂရုမစိုက်ပဲ ဒီတိုင်းကို pirate လုပ်ပြီးရောင်းကြတဲ့ဈေးကွက်ကတော်တော်ကြီးတယ် ကျွန်တော်ကလည်း ပုံမှန်လုပ်တဲ့ အလုပ်က လစာသိပ်မကောင်းတော့ အဲ့ကိစ္စကို ဖော်လိုက်ရင် တစ်ဖက်ဖက်က‌တော့ ပိုက်ဆံရကောင်းပါရဲ့‌လို့ တွေးလိုက်မိတယ်၊ အဲ့ဒါနဲ့ ဒီကိစ္စကို ငါရှင်းပေးမယ်ဆိုပြီး ဟိုဖက်က ကုမ္ပဏီတွေကိုအကြောင်းကြား၊ ရှေ့နေတစ်ယောက်လိုက်ရှာငှားပြီး အဲဒီခိုးကူးခွေတွေဖြန့်နေတဲ့ ဘဲတွေဆီကို အကြောင်းကြားစာပို့ပေးလိုက်တယ် နောက်တစ်ရက်မှာပဲ ကျွန်တော့်ဆီကိုဖုန်းဝင်လာတယ် ငါတို့မင်းပေးလိုက်တဲ့စာကိုရတယ် မင်းနဲ့စကားပြောချင်တယ်ဆိုပြီး ကျွန်တော့်ကို ရထားဘူတာတစ်ခုမှာတွေ့ဖို့ ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းချသွားတယ်
ကျွန်တော်နည်းနည်း လန့်သွားတာတော့အမှန်ပဲ ငါတော့ လူမသိ သူမသိများ ရှော့ခံရတော့မလားပေါ့
ဒါပေမယ့် ကြောက်တဲ့စိတ်ကိုနည်းနည်းလျှော့ပြီး ချိန်းထားတဲ့ဘူတာကိုရောက်သွားတော့ ဘူတာဘေးကလမ်းကြားလေးထဲကိုထွက်ခဲ့၊ Celsior တစ်စီးဝင်လာလိမ့်မယ်တဲ့ သိပ်မကြာခင်မှာပဲ ပြောင်လက်နေတဲ့ All black Celsior ကြီးကွေ့ဝင်လာတယ် မှန်တွေက အကုန်အမဲ၊ နံပါတ်မှာ 3 တွေနဲ့၊ ကားရဲ့ emblem တွေကပါ ရွှေရောင်နဲ့ဖြစ်‌နေတော့ ဒီဘဲတွေဆိုတာ သေချာ‌နေပြီ ယာကူဇာကားတွေရဲ့ အထာကအဲ့ဒါပဲ တစ်စီးလုံးအမဲ emblem တွေက ရွှေရောင်
ကျွန်‌တော်ရပ်နေတဲ့နားရောက်တော့ မှန်ချပြီး တက် လို့တစ်ခွန်းထဲပြောတယ် ဒီလို suit ၊ ဒီလို ဆံပင်ပုံစံ ၊ ဒီလိုအကြည့်နဲ့ ဒီလိုသွေးအေးနိုင်တဲ့လူတွေက တော်တော်တော့ကြောက်ဖို့ကောင်းသား ကားပေါ်မှာ Driver ရယ် နောက်တစ်ယောက်ရယ်ပဲပါတယ် ဘယ်သူမှစကားတစ်ခွန်းမပြောဘူး အဲ့လိုနဲ့ သူတို့ရဲ့ ခြံထဲကိုရောက်သွားတော့ ကျွန်တော်တို့ကားကိုစောင့်နေတဲ့လူတင် ၂၅ ယောက်လောက်ရှိတယ် အကုန် full suit နဲ့
ကားဝင်လာတော့ တစ်ညီတည်း ဦးညွှတ်ကြတယ် ခင်ဗျားတို့ ယာကူဇာရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ဟာတွေက လုပ်ရိုက်ထားတာမဟုတ်ဘူး အပြင်မှာလည်း တကယ်အဲဒီအတိုင်းပဲ ခြံကြီးထဲမှာ Lorinser S class တွေ၊ Century ၊ Celsior ၊ President တွေတန်းစီလို့ပေါ့ အမဲ‌ရောင်၊ 3 6 8 နံပါတ်ပြား
အကုန်တစ်ပုံစံထဲပဲ
အဲ့လိုနဲ့ သူတို့ရဲ့ ဘော့စ်ဆီကို ကျွန်တော့်ကိုခေါ်သွားတယ်
မင်းလာပက်သက်နေတာ ဘယ်သူတွေလဲဆိုတာသိလားတဲ့ ဘဲကြီးကကျွန်တော့်ကိုအဲ့လိုမေးပြီး အင်္ကျီလက်ကိုခေါက်တင်ပြီး တက်တူးတွေကိုပြတယ် လက်သန်းကလည်း တစ်ဆစ်၊ နှစ်ဆစ်လောက် ရှိမနေဘူးဆိုတော့ ဒီဘဲက တော်တော်ဝါရင့်နေပြီ ဒါပေမယ့် ကျွန်တော်လည်း ခင်ဗျားတို့လုပ်နေတာ copyright နဲ့ညိတယ် တရားမဝင်ဘူးလို့ ဒဲ့ပဲပြောလိုက်တယ် သူဘာပြန်ပြောလဲသိလား
ဟုတ်ပြီ မင်းပြောတာလက်ခံတယ်တဲ့ ငါတို့မှားတယ် အဲ့တော့ တရားဝင်ဖြစ်အောင် မင်း ကြားထဲကလုပ်ပေးမှတော့ရမယ်လို့ပြောတယ် အဲ့တော့မှ ကျွန်တော်လည်း နည်းနည်း စိတ်လျှော့လိုက်နိုင်တယ် အခုတော့ နေ့လည်စာသွားစားကြတာပေါ့တဲ့ သဘောက ကျွန်တော့်ကို partner အဖြစ်အသိအမှတ်ပြုမယ်ပေါ့ဗျာ အဲ့လိုနဲ့ ဆူရှီဆိုင်တစ်ဆိုင်ကိုခေါ်သွားတယ် စားဖူးသမျှထဲအကောင်းဆုံးဆူရှီပဲ
ဒီဘဲတွေက ဂန်းစတားတွေဆိုပေမယ့် Business men တွေဆိုလည်း ဟုတ်တယ် တစ်ဖက်မှာ စီးပွားရေးတွေ တရားဝင်ရော မဝင်ရော လုပ်နေကြတာချည်းပဲ နောက်ပိုင်း အစိုးရက ယာကူဇာတွေကို ပိုဖိပြီး တင်းကျပ်လာတော့ ဒီဂိုဏ်းတွေက အရင်ကလောက် ထင်ထင်ရှားရှားမဟုတ်တော့ပဲ သာမန်လူတွေလိုပဲ ဇာတ်မြှုပ်ပြီးပဲနေကြတော့တယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါ အနောက်နိုင်ငံက ဘေ့စ်ဘောလ်တုတ်နဲ့ ဟစ်ပီတွေ၊ လူရမ်းကားတွေနဲ့မတူပဲ class တစ်ခု၊ အရှိန်အဝါတစ်ခုနဲ့နေပြီး ကားအကောင်းစားကြီးတွေ စီးကြတဲ့ ဒီလို အဖွဲ့အစည်းတစ်ခုနဲ့ ဆက်ဆံခဲ့ရတဲ့ အတွေ့အကြုံကိုတော့ ကျွန်တော်တစ်သက်လုံးမေ့နိုင်လိမ့်မယ်မထင်ဘူး

image
19 w - Translate

ဆိတ်ဒေါက်ဖိနပ် 🔥ဖုတ်ကို ကုလားပဲနဲ့ချက်မှာ။ညီမလေးအတွက် ဆေးတခွက်

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၃၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၄၅ ကျပ်
ဝယ်ဈေး - ၄၅၅၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၅ ကျပ်
ဝယ်ဈေး - ၂၉.၁၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၂၇ ကျပ်
ဝယ်ဈေး - ၅၀.၂၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၀ ကျပ်
ဝယ်ဈေး - ၅၅၀၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၀ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
19 w - Translate

ပုံထဲမှာမြင်တွေ့ရတဲ့ Huracán Tecnica ကတော့ ကျွန်တော်တို့မြင်တွေ့နေကျ သာမန် Lamborghini တစ်စီးမဟုတ်ဘဲ Mansory ကိုယ်တိုင် Andrew Tate အတွက် သီးသန့် tailored လုပ်ပေးထားတဲ့ Sepcial Project (သို့မဟုတ်) Bespoke Masterpiece တစ်ခုပါ။ Andrew Tate ကိုတော့ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်းရှိနိုင်ပေမယ့် အကယ်၍မိတ်ဆွေက ကနေ့ခေတ်လူငယ်တစ်ယောက်ဖြစ်သည့်တိုင် ဒီနာမည်ကိုတစ်ခါမှမကြားဖူးသေးရင်တော့ "you've probably been living under a rock" ပါ။

image

2025 မှာ လက်ရှိ Meta ထဲမှအကောင်းဆုံး Mid များ

မိမိဘဝကိုထိန်းသိမ်းလိုလျှင်(သို့)ပူလောင်မှုမှကင်းလိုလျှင်
ရုပ်ပူလျှင်.....ယပ်ခပ်ပါ။
စိတ်ပူလျှင်.....တရားမှတ်ပါ။
လောကမှာ
ရုပ်ကိုဆိုးစေတာက.....ဒေါသ။
စိတ်ကိုပူလောင်စေတာက.....လောဘ။
ဘဝကိုဖုံးလွှမ်းစေတာက.....မောဟ။
ဒါကြောင့်
အသိ သတိ ထားပြီး
မိမိဘဝကို ထိန်းသိမ်းထားမည်ဆိုလျှင် ပူလောင်မှုမှ ကင်းဝေးပါလိမ့်မည်။

image
19 w - Translate

"American Muscle" လို့တောင် မ‌ခေါ်ထိုက်တော့ပြီ
1969 Dodge Charger R/T with blown supercharger
vs 2025 Dodge Charger Daytona "Electric"

image
19 w - Translate

"American Muscle" လို့တောင် မ‌ခေါ်ထိုက်တော့ပြီ
1969 Dodge Charger R/T with blown supercharger
vs 2025 Dodge Charger Daytona "Electric"

image
19 w - Translate

"American Muscle" လို့တောင် မ‌ခေါ်ထိုက်တော့ပြီ
1969 Dodge Charger R/T with blown supercharger
vs 2025 Dodge Charger Daytona "Electric"

imageimage