ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ တရားဝင် ကွာရှင်းပြတ်စဲ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၅
ရတီ(VOM)

နာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှုကို လော့အိန်ဂျလိစ် တရားရုံး တရားသူကြီးက ဇန်နဝါရီ ၆ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ၂၁ ရက်မှ စတင်သက်ဝင် အတည်ဖြစ်ခဲ့ပါတယ်။ ဂျီနီဖာလိုပက်ဇ်ဟာ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို လျှောက်ထားပြီးနောက် ခြောက်လအကြာမှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့တာပါတယ်။

သူတို့ရဲ့ အိမ်ထောင်သက်ဟာ နှစ်နှစ်သာရှိပြီး အခြားသော နာမည်ကျော်စုံတွဲများ ကွာရှင်းပြတ်စဲသလို တရားရုံးမှာ အငြင်းပွားမှုတွေ မကြုံခဲ့ရဘဲ စက်တင်ဘာလအတွင်းက နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများအရ ပြေလည်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

သူတို့မှာ သားသမီးလည်းမရှိတဲ့အတွက် အုပ်ထိန်းမှုဆိုင်ရာ ပြသနာတွေမရှိခဲ့ပါဘူး။ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က လျှောက်ထားခဲ့ပါတယ်။

ဘန်အက်ဖလက်ခ်ဟာ သားသမီးသုံးယောက်ရတဲ့ထိ ပေါင်းသင်းခဲ့တဲ့ ဂျီနီဖာဂါနီကို ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပြီး လေးကြိမ်တိုင်လက်ထပ်ထားတဲ့ ဂျီနီဖာလိုပက်ဇ်ကတော့ အဆိုတော်မာ့ခ်အန်တိုနီတဲ့ အမွှာလေးမွေးဖွားခဲ့ပြီး ကွာရှင်းခဲ့တာဖြစ်ပါတယ်။

Ref:AFP
Photo:Getty Images

#centralnewsnaypyitaw

image

ပြုသူ အသစ် ဖြစ်သူ အဟောင်း🙏••••••••••••••••••••••••••••••••••••••••

"အရှင်ဘုရား----
တပည့်တော်လည်း မကောင်းတာ မလုပ်
မိဘဲ တပည့်တော် လုပ်လုပ် အကောင်း
မမြင်ကြဘူး၊နည်းမျိုးစုံနဲ့ တိုက်ခိုက်နေပါတယ်
ဘုရား၊အဲဒါ ဘာ့ကြောင့်ပါလဲဘုရား"

(အဲဒီမေးခွန်းက မကြာခဏ မေးလေ့ရှိတယ်၊
ခု ပြန်ဖြေပေးလိုကိပါပြီ။)

အဲဒါက---
မိမိပြုခဲ့တဲ့ အတိတ်က ကံကြွေး ပြန်ပြီး
ပေးဆပ်ရတယ်လို့ ခေါ်ပါတယ်။

ကိုယ် ဘာလုပ်လုပ် အကောင်း မမြင်တာ
ကိုယ်ဘယ်လောက်ကောင်းကောင်း
တိုက်ခိုက် ပုပ်ခတ် ခံနေရတာက အတိတ်က
အလားတူ မိမိကိုယ်တိုင် ပြုဖူးတဲ့ မကောင်း
မှု အကုသိုလ်ကံကြောင့် ဘဲဖြစ်ပါတယ်။

တခါက ဆရာတော်ကြီးတစ်ပါးဟာ
ကျောင်းက တိုင်ကပ်နာရီကြီး ခိုးခံရလို့ တုံးမောင်း
ရိုက်ပြီး ရွာကို သိစေခဲ့တယ်၊ပြီးမှ ဆရာတော်
ကြီးက တရားနှလုံးသွင်း ဆင်ခြင်ပြီး ဒကာတို့
ခိုးသူလည်း ရှာမနေနဲ့တော့၊လက်စသတ်တော့
ငါက အတိတ်က သူခိုးကြီး ဖြစ်ဖူးတယ်ကွ"
လို့ ဆိုဖူးပါတယ်။

ဘုန်းကြီးကိုယ်တိုင်လည်း ကြုံဖူးတယ်၊
ခရီးသွားရင်း ဒုက္ခရောက်လာလို့ တစ်ည အိပ်
ခွင့်ပြုလိုက်တဲ့ သူက နှစ်သိန်းလောက်တန်တဲ့
ဖုန်းကို ခိုးသွားတယ်၊ဒကာတွေက မကျေနပ်ဘဲ
လိုက်မယ်ဖမ်းမယ် တစ်ခုခု လုပ်မယ် ပြောကြ
တော့ "ဒကာတို့ မလိုက်ကြနဲ့ ဘာမှ မလုပ်ကြနဲ့၊
ငါကိုယ်တိုင် အတိတ်က ခိုးဖူးလို့ ပြန် အခိုးခံ
ရတာပါ၊ဝဋ်ကြွေးတခု ကျေတာပေါ့" လို့
နှစ်သိပ်ခဲ့ဖူးတယ်။

တကယ်တမ်း မိမိက ကောင်းပါလျှက်၊
မကောင်းတာ မပြုပါဘဲလျှက် ကိုယ့်ကို
အကောင်းမမြင်တာက ဖြစ်သူက(ခံရသူက)
ကံ အဟောင်း ကို ပေးဆပ်ရတာပါ။

မိမိက ကောင်းပါလျှက် တိုက်ခိုက်နေသူ၊
တဖက်သားကို နိုင်လိုမင်းထက် ပြုနေသူ
များဟာ ကံ အသစ်ပြုနေသူတွေ လို့ မှတ်ရ
ပါမယ်။အဲဒီ ကံအသစ် အကုသိုလ်က
မသေခင်စပ်ကြားနဲ့ သေပြီးသည့် နောက်
သံသရာထိ ခံရတတ်ပါတယ်။

ခွေး သတ္တဝါက ပစ်တဲ့ ခဲ ကိုလိုက်တတ်တယ်၊
ပစ်သူကို လိုက်ရကောင်းမှန်မသိဘူး၊
ခြင်္သေ့ သတ္တဝါက ခဲနဲ့ပစ်လျှင် ပစ်သူကိုသာ
လိုက်တတ်တယ်၊ခဲ နောက်မလိုက်ဘူး။

ထို့အတူမှတ်ရမှာက---
ပစ္စုပ္ပန်မှာ တိုက်ခိုက်ပုပ်ခတ်နေသူကို အပြစ်
မြင်နေ၊ လက်တုံ့ပြန်နေသူများက ခဲ ကိုလိုက်တဲ့
ခွေးနဲ့ တူလိမ့်မယ်။

တကယ်တမ်း ကိုယ်ကံမကောင်းတိုင်း
ကိုယ့်ရဲ့ အတိတ်ကံ ကို ပြန်မြင်ပြီး အဓိက
တရားခံက ကိုယ်ကိုယ်တိုင်ပါလား လို့
တရားခံ အစစ်ကို မြင်နိုင်သူက ခြင်္သေ့ နဲ့ တူတဲ့
တကဲ့ ပညာရှိ မည်ပါတယ်နော်။

ဒါ့ကြောင့်---
ပြုသူက ကံအသစ်ကိုပြုလိုက်တာ၊
ဖြစ်သူ(ခံရသူ)က ကံအဟောင်းကို ခံရတာ
လို့ တရားနဲ့ဖြေပါလို့ ဆိုချင်ပါတယ်နော်။ ။

(သဗ္ဗေသတ္တာ ကမ်မဿကာ )

image
19 w - Translate

မန်ချက်စတာစီးတီးအနေနဲ့ လာမယ့်နွေရာသီမှာ ပက်ဂွာဒီယိုလာ အတွက် ထိပ်တန်းကစားသမား 4-5 ယောက်ခန့် ခေါ်ယူပေးသွားမှာဖြစ်ပါတယ် 🔵

image
19 w - Translate

March လ Season End ရင် First Purchase Skin တွေကို Elite ကနေ Special Skin ဆိုပြီး Upgrade လုပ်ပေးတော့မှာ ဖြစ်ပါတယ် 💥

image

တန်ဖိုးရှိအောင်နေပါ
နေရာတကာ ဝင်မပါနဲ့
သူများ အမြင်ကပ်တယ်
သူများ အကြောင်းကို မပြောနဲ့
ရှေ့လဲ မပြောနဲ့
နောက်ကွယ်မှာလည်း မ​ပြောနဲ့
ကိုယ့်အတွက် အကျိုးမရှိသလို
သူတစ်ပါးအတွက်လည်း မကောင်းဘူး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်သာချင်ရင်
ကောင်းတာလေးတွေ ရွေးလုပ်ပါ
မကော.င်းတာ လုပ်ရင်တော့ ပြန်ခံရမှာပဲ
လူတိုင်း အပေါ် စေတနာ မေတ္တာထားပေးပါ၊ လူချစ် လူခင်ပေါများတယ်
ကိုယ့်က သူတို့ အပေါ် စေတနာထားပြီး
လုပ်ပေးရင် သူတို့ကလဲ ကိုယ့်အပေါ် မှာစေတနာထားတယ်ဆိုတာ တကယ်ပါ။

image
19 w - Translate

Vonetis ကျွန်းပေါ်မှာနေကြတဲ့ Hero 3 ကောင်ကို Vonetis Sea Background ပြောင်းပေးဖို့ရှိပါတယ် 💥

Vonetis Island ဟာ Land of Dawn ရဲ့အလှဆုံးကျွန်းစု ဖြစ်ပါတယ် ❤️

ဒီကျွန်းမှာ Kadita, Lapu Lapu, Badang တို့နေထိုင်ကြပါတယ် ✨

image
19 w - Translate

July လအတွက် Starlight Skin ကတော့ Phoveus ပဲဖြစ်ပါတယ်

image

#

19 w - Translate

May လအတွက် Collector Skin ဖြစ်နိုင်တဲ့ထဲမှာ Aamon လည်းပါနေပါတယ် 💥
Aamon မဟုတ်ခဲ့ရင် Yin နဲ့ Melissa ဖြစ်နိုင်ပါတယ် ❤

image

အဆင်မပြေဘူး
လေထဲက တိုက်အိမ်ကလေးတောင်
ဆေးမသုတ်ဖြစ်တာ ကြာပြီ ။ ။

-ကျော်ထက်ထွေး