Part-5
*“ရှားရှားပါးပါး ဒေါသ”

ဦးဇင်းကြီးလည်း သတင်းကြားလိုက်တော့ စိတ်ထဲမှာ ကျန်ရစ်တဲ့ မလေးနွယ် အတွက် ဆုံးရှုံးမှုကြီး ခံစားလိုက်ရပြီး စိတ်မကောင်းဖြစ်သွားတယ်။ တစိမ့်စိမ့်နဲ့ ပြန်တွေးတော့ ဆရာနိုးအတွက်တော့ ကျေနပ်ကြည်နူးခြင်းဖြစ်မိတယ်။ အကြောင်း ကတော့ မကွယ်လွန်မီတစ်လလောက်က မိမိရွတ်ဖတ်ပေးခဲ့တဲ့ “ဗောဇ္ဈင်သုတ်" တရားဟာ ဆရာနိုးလို ပိဋကတ်နှံ့စပ်၊ ဘာသာရေး ကျွမ်းကျင်ကျေညက်တဲ့ပုဂ္ဂိုလ် မျိုးအတွက် “ဗောဇ္ဈင်သုတ်”ရဲ့ အနှစ်ဖြစ်တဲ့ “သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ”စတဲ့ ဗောဇ္ဈင်(၇)ပါး အာရုံပြုနေမိ၊ နှလုံးသွင်းမိ၊ ကြည်နူးပီတိဖြစ်မိသည့်အတွက် မှိန်းအိပ်နေတဲ့မျက်လုံးက ပွင့်လာ ကြည့်လာတာကို တွေ ့ခဲ့ရလို ့ ဝမ်းသာကြည်နူးဖြစ်ခဲ့ရပါတယ်။ ဆရာကိုယ်တိုင် ကလည်း ပီတိဖြစ်မိကြောင်း သမီးကို ပြောပြခဲ့ပါတယ်။ စည်း
ယခုလည်း မြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာဟောခဲ့တဲ့ 'ဝါဆိုလပြည့်နေ့' မှာမှ တိုက်တိုက်ဆိုင်ဆိုင် ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းခဲ့ရတယ်။
ကျန်ရစ်သူကတော့ အင်မတန်တန်ဖိုးကြီးတဲ့ပုဂ္ဂိုလ် ဆုံးရှုံးရတဲ့အတွက် ဝမ်း နည်းပက်လက် ဖြစ်ကောင်းဖြစ်ပေမှာပဲ။ တကယ်တော့ ကိုယ်ပိုင်တယ်ထင်လို့ ဆုံးရှုံး လိုက်ရတာလို့ မြင်မိသည့်အတွက် ဆွေးရ၊ ပူပန်ရတာပါ။ အမှန်တော့ ကိုယ့်ကိုယ် ကိုယ်တောင် မပိုင်ဘူးဆိုတာ သဘောပေါက် နှလုံးသွင်းမိရင် ဖြေသာလာမှာပါ။
မလေးနွယ်နဲ့ ကျန်ရစ်သူများ သတိတရားထား၊ သံဝေဂပွားများနိုင်ဖို့.. ပန်း
* ရင့်ရော်ယိုယွင်း၊ အိုမင်းခြင်း၊ မကင်းသေရမြဲ၊
ဘုရားသော်မှ၊ ကွင်းမရ၊ မင်းက ဘာမို့လဲ။
* အသေကိုယ်စီ၊ တွေ့ကြမည်၊ ကြံစည်လွတ်အောင်ခဲ၊
ဘုရားတောင်မှ၊ ရှောင်မရ၊ မောင်က ဘာမို့လဲ။
* တန်ခိုးကြီးသူ၊ နတ်နှင့်လူ၊ ဘယ်သူကျန်ခဲ့လဲ၊
သေမင်းခေါ်က၊ ငြင်းမရ၊ မင်းက ဘာမို့လဲ။
ဦးဝိမလ(စွန်းလွန်း)
၅ - ၃ - ၂ဝ၂၃