18 w - Translate

❝ လူ့ဘဝမှာ အစွဲအလန်း သိပ်ကြီးတဲ့သူတွေဟာ
တမလွန် ရောက်တဲ့အခါ အမျှဝေသံကြားရဖို့ 99% မသေချာဘူးတဲ့။
ဒါကြောင့် ဘယ်လိုအရာမျိုးကိုမှ
လိုတာထက် ပိုပြီး မတွယ်တာ မစွဲလန်းမိပါစေနဲ့ ❞
“လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်” စာအုပ်မှာ အပိုင်း ( ၄ ) ပိုင်း ခွဲပြီး ရေးသားထားပါတယ်။
အပိုင်း ( ၁ ) မှာ အနာဂတ်ပျောက်နေသလို ခံစားရတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စာတိုတွေကို ရေးသားထားပါတယ်။
အပိုင်း ( ၂ ) မှာ စိတ်ကျန်းမာရေးအပြင် Life Style နဲ့ ပတ်သက်တာတွေ ရေးသားထားပါတယ်။
အပိုင်း ( ၃ ) မှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့တတ်ဖို့၊ မိဘကို မေတ္တာပို့တတ်ဖို့အတွက် မေတ္တာပို့နည်းတွေ ရေးသားထားသလို ဘုရားတရား မမေ့ဖို့အတွက် စာစုတွေကိုလည်း ရေးသားထားပါတယ်။
အပိုင်း ( ၄ ) မှာတော့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားထားပါတယ်။

image

The Odyssey မှာ ပါဖို့ ကမ်းလှမ်းခံရသော်လည်း ငြင်းပယ်ခဲ့တဲ့ Robert Downey Jr.
ကမ္ဘာ့စာပေကို လေ့လာသူတိုင်း မဖြစ်မနေ ဖတ်ရှုလေ့လာရတဲ့ ရှေးခေတ် ဂရိကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ ‘The Odyssey’ ကို ဟောလိဝုဒ်ရဲ့ အထင်ကရ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Christopher Nolan က ရုပ်ရှင်အဖြစ် အသက်သွင်း ဖန်တီးသွားဖို့ ရှိနေပါတယ်။
‘The Odyssey’ မှာဆိုရင် ကမ္ဘာကျော်ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Matt Damon, Robert Pattinson, Tom Holland, Anne Hathaway, Charlize Theron, Zendaya နဲ့ Lupita Nyong’o တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်သရုပ်ဆောင်သွားမှာပါ။
ဒါတင်မကသေးဘဲ The Odyssey မှာ ပါဝင်လာမယ့် Poseidon ဇာတ်ကောင်နေရာအတွက် Christopher Nolan က သူနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ သရုပ်ဆောင် Robert Downey Jr. ကို ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။
ဒါပေမဲ့ RDJ က Marvel Studios က ထုတ်လုပ်သွားမယ့် Avengers: Doomsday ရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင် Dr.Doom အဖြစ်သရုပ်ဆောင်ဖို့ လက်ခံထားပြီးဖြစ်တဲ့အပြင် ရုပ်ရှင်အတွက် ရိုက်ကူးရေး လုပ်ငန်းတွေလည်း စတင်နေပြီ ဖြစ်တဲ့အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

image

#fashion

18 w - Translate

❝ လောကကြီးမှာ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞
ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။
▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ

image

#cute

တော်\ဆိူးနေပြီ
🤨

18 w - Translate

AI Assistant များစွာပါဝင်သွားမယ့် AI Phone

တော်တော်များများသိကြတဲ့ TMobile ရဲ့ မိခင်ကုမ္ပဏီလို့ဆိုရမယ့် Deutsche Telekom ကနေ AI Phone ကို ဖန်တီးနေတယ်လို့ MWC 2025 မှာ ကြေညာလာတာပါ။

ဒီ AI Phone ကို Perlexity AI နဲ့ ဖန်တီးထားတဲ့အပြင် Perplexity AI လည်း built-in ပါဝင်လာမယ့်သဘောပါပဲ။ ဒါ့အပြင် Google Cloud AI, ElevenLabs, Picsart နှင့် အခြား AI tools တွေကိုလည်း support ပေးမယ်လို့ဆိုပါတယ်။ (တကယ့်ကို AI Phone ပါပဲ)

image
18 w - Translate

Samsung MX မှာ အကြီးဆုံးဖြစ်တဲ့ chief TM Roh နေရာမှာ Choi won-joon ကို အစားထိုးခန့်အပ်မယ်လို့ သိရပါတယ်။
Choi won-joon အကြောင်း
Choi won-joon က ဆမ်ဆောင်းမှာ ထင်ရှားတဲ့လူတဦးဖြစ်ပြီး Galaxy S25 series ရဲ့ အောင်မြင်မှုကြောင့် အခုလို promote ဖြစ်လာတာလို့ ပြောပါတယ်။
Choi ဟာ ဆိုးလ်နေရှင်နယ်တက္ကသိုလ်ကနေ မာစတာဘွဲ့ရရှိထားသူဖြစ်ပြီး အမေရိကန်ရှိ စတန်းဖို့ဒ်တက္ကသိုလ်ကနေလည်း ပါရဂူဘွဲ့ ရရှိထားသူတယောက်ဖြစ်ပါတယ်။
၂၀၁၆ မှာ Samsung Electronics ကို စတင်ဝင်ရောက်လာခဲ့ပြီး ထုတ်ကုန်ဖန်တီးတဲ့အဖွဲ့မှာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

image

*#မျှစ်ရခိုင်ချက်နည်း*



မျှစ်ကို အစိပ် ရှည်ရှည်လေးစိပ် ရေစိမ်ထားပါ..
ငရုတ်သီးစိမ်း မိမိစားနိုင်သလောက်ကိုကျက်အောင်ပြုတ်

ငပိစိမ်းစား အနည်းငယ် ကြက်သွန်နီ နနွင်း ဆား ဟင်းချိုမှုန့် တို့ပါရောထောင်း

ရေစိမ်ထားတဲ့မျစ်တွေဆယ်ပြီး ရောနယ် ဆီထည့် ပါ မျှစ်မြုပ်လုနီးပါးရေထည့် ပြီးအဖုံးအုပ်ချက်ပါ

ရေခမ်းခါနီးရင် အရသာ မြည်းပါ လိုအပ်ရင် အရသာထပ်ဖြည့်ပေးပြီး ချလို့ရပါပြီရှင်..

Credit Ni Ni Win

image
18 w - Translate

ညက အယ်လ်နာဆာတို့ အီရန်မှာ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို သွားကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို လိုက်ပါသွားခြင်းမရှိဘဲ ဆော်ဒီမှာသာ နေခဲ့တာပါ။ ၂၀၂၃ က ဖြစ်ရပ်တခုကြောင့် သူ နေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၃ တုန်းကလည်း အယ်လ်နာဆာဟာ အဲဒီအသင်းနဲ့ပဲ သွားကစားခဲ့ရတာပါ။ ရော်နယ်ဒိုလိုက်ပါသွားခဲ့ပြီး အီရန်မှာ နာမည်ကြီးနေတဲ့ ခြေထောက်နဲ့ပန်းချီဆွဲသူ မသန်စွမ်းအမျိုးသမီးငယ်တဦးကို သူ တွေ့ဆုံပေးခဲ့ပါတယ်။ လက်ဆောင်တွေချင်းအပြန်အလှန် ပေးခဲ့ပြီး ရော်နယ်ဒိုက ပွေ့ဖက်ပေးကာ ခေါင်းကိုလည်း နမ်းရှုံ့ခဲ့ပါတယ်။

အီရန်မှာ ကိုယ်နဲ့လက်ထပ်ထားတဲ့ အမျိုးသမီးမဟုတ်ရင် အဲလိုမျိုးလုပ်တာက ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် ချမှတ်လို့ရတဲ့ ဥပဒေပြဌာန်းထားတာပါ။ ရော်နယ်ဒိုအပေါ်ဝေဖန်မှုတွေ၊ တရားစွဲမယ်ဆိုပြီး အသံတွေပါ ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ဖြစ်မလာသလို အီရန်အစိုးရကလည်း အရေးယူမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အခုတခါတော့ အလားတူဖြစ်ရပ်တွေ မဖြစ်အောင် ရော်နယ်ဒိုက ကြိုရှောင်လိုက်ပုံရပါတယ်။

image