21 w - Translate

ဆယ်စုနှစ်အတွင်း ငွေကြေးအသုံးအများဆုံးအသင်း စာရင်းတွင် မန်ယူ ဦးဆောင်

ဆယ်စုနှစ်ကာလအတွင်း ငွေကြေးအသုံးအများဆုံးအသင်း စာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးနေရာကနေ ဦးဆောင်နေပါတယ်။

CIES လို့ခေါ်တဲ့ ဘောလုံးအချက်အလက် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး လက်ရှိအချိန်အထိ ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးအသုံးအများဆုံးအသင်း စာရင်းမှာ မန်ယူအသင်းက နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာပါ။

မန်ယူအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့ပြီး ၁၀ နှစ်အတွင်း ပေါင် ၁ ဒသမ ၀၈ ဘီလီယံအထိ အသုံးပြုခဲ့တာပါ။

မန်ယူအသင်းရဲ့နောက်မှာ ချဲလ်ဆီးက ရပ်တည်နေပြီး ၁၀ နှစ်အတွင်း ပေါင် ၁ ဒသမ ၀၇ ဘီလီယံ အသုံးပြုခဲ့တာပါ။

အဲဒီနောက် ပီအက်စ်ဂျီက ပေါင် ၈၂၅ သန်းနဲ့ အဆင့် ၃၊ အာဆင်နယ်က ပေါင် ၆၆၁ သန်းနဲ့ အဆင့် ၄၊ စပါးက ပေါင် ၅၉၁ သန်းနဲ့ အဆင့် ၅၊ မန်စီးတီးက ပေါင် ၅၈၅ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။

ငွေသုံးအများဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ဆော်ဒီကလပ် အယ်ဟီလယ်လည်း ပါဝင်ပြီး အေစီမီလန်၊ နယူးကာဆယ်၊ ဘာစီလိုနာတို့ ပါဝင်ပါတယ်။

ထိပ်ဆုံးအသင်း ၂၀ ထဲမှာ ပရီးမီးယားလိဂ်က ဝက်စ်ဟမ်း၊ ဗီလာ၊ ဘုန်းမောက်၊ လီဗာပူး၊ ပဲလေ့စ်နဲ့ ဝုဗ်အသင်းတွေလည်း ပါဝင်ပါတယ်။
DVB
Photo-Reuters

image
21 w - Translate

22 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,400
USD Sell - MMK 4,500
EUR Buy - MMK 4,605
EUR Sell - MMK 4,725
SGD Buy - MMK 3,300
SGD Sell - MMK 3,370
THB Buy - MMK 126.58
THB Sell - MMK 129.87
JPY Buy - MMK 28.48
JPY Sell - MMK 29.22
MYR Buy - MMK 985
MYR Sell - MMK 1,010
CNY Buy - MMK 606
CNY Sell - MMK 622

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,910,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,280,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
21 w - Translate

CBM sells US$24M on 20 Nov

The Central Bank of Myanmar (CBM) pumped US$24 million on 20 November, $20 million and 100 million Thai baht on 19 November and over $12,000 on 18 November as well.
CBM announced on 16 November to sell $35 million to fuel oil importers on 16 November.
CBM injected $400,000 into the financial market on 14 November. It sold 14.5 million baht on 12 November, after announcing the sale of 15 million baht to importers on 11 November.
It sold over 800,000 yuan on 11 November, over 2.17 million yuan and $3,000 again on 8 November after sales of over 2.1 million baht, two million yuan and over $3,300 on 7 November and about $9,000, 490,000 yuan and 1.2 million baht on 6 November.
It announced on 5 November to sell seven million yuan and 20 million baht to importers on foreign exchange trading platforms. CBM sold $15 million, 1.5 million yuan and 100.8 million baht on 4 November.
CBM injected over $91 million, over 9.8 million yuan and over 610 million baht into the financial market in October 2024. CBM also sold over $76 million, 86 million baht and 4.8 million yuan in September. Moreover, CBM sold over $190 million, 19 million yuan and 79 million baht in August.
CBM aims to curb the instability in the foreign exchange market and the currency devaluation. According to CBM’s notification on 15 March, it has been joining hands with law enforcement agencies to combat and prosecute those who attempt to manipulate the currency market under the existing laws. CBM allowed authorized dealers (private banks) to operate online foreign exchange trading freely as per the market rate depending on supply and demand, starting from 5 December 2023. — NN/KK

image

မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး

နိုဝင်ဘာ ၂၂

မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁ ရက်၊ ညနေပိုင်းက ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက ဆေးရုံလမ်းရဲ့ အနောက်ဘက်မှာရှိတဲ့ “စိမ်း” ဆေးခန်းမှာ မနေ့ ညနေ ၅ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ဝန်းကျင်အရွယ် ဆရာဝန်မကြီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဆရာမကြီးက အသပြာဆရာမကြီး မဟုတ်ဘူး။ သူက လူနာတိုင်းကို ပိုက်ဆံယူပြီး ကုပေးတာမဟုတ်ဘူး။ မရှိတဲ့သူတွေကို စေတနာနဲ့ အခမဲ့ ကုပေးနေတာ။ ပြစ်မှုကျူးလွန်တဲ့သူက မနက်ပိုင်းတခေါက် ဆေးခန်းလာပြသေးတယ်ပြောတယ်။ ပိုက်ဆံမပါလာတော့ ဆရာဝန်မကြီးက ရတယ် မပေးနဲ့လို့ ပြောတာကို သူက ညနေလာပြန်ပေးမယ်လို့ ပြောတယ်တဲ့။ ညနေ တခေါက်ပြန်လာတဲ့အချိန်မှာ အခင်းဖြစ်တာပေါ့။ ဓားနဲ့ ထိုးလိုက်တာ ချက်ကောင်းကို တချက်တည်းနဲ့ ထိသွားတယ်၊ ၄ လက်မလောက် နက်တယ်ပြောတယ်။ တချို့ကတော့ ဆရာမကြီးရဲ့ ပိုက်ဆံအိတ်ကို ဆွဲတယ်လည်းပြောတယ်။ တချို့ကတော့ ဖုန်းလုတယ်ပြောတယ်။ ဘယ်ဟာအမှန်လဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ ဆရာဝန်မကြီးဟာ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီးတယောက် ဖြစ်တယ်လို့ သိရပြီး လည်ပင်းနဲ့ ဗိုက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီဆေးခန်းမှာ ထိုင်ပေးနေတဲ့ သူ့ရဲ့ PA အစ်မကြီးတယောက် ရှိတယ်။ သူ့ကိုလည်း ဓားနဲ့ ထိုးသွားတယ်။ သူကတော့ ဒဏ်ရာ ရသွားတယ်။ သူက ဓားနဲ့ထိုးတဲ့သူကို ဝင်လုံးတာ။ အဲဒီတော့ သူ့ကိုပါ ဓားနဲ့ထိုးလိုက်တော့ ဆရာမကြီးက ကယ်ကြပါဦး ဆိုပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတာ။ ဆရာမကြီးက အဲဒီအချိန်ထိ သတိလည်း ကောင်းသေးတယ်။ ဒါပေမယ့် သွေးတွေတအားထွက်နေပြီ” လို့ သူက ပြောပါတယ်။

ပြစ်မှု ကျူးလွန်သူဟာ အသက် ၂၉ နှစ်ဝန်းကျင်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ သူ့ရဲ့ဆိုင်ကယ်ကို သော့ဖွင့်ဖို့လုပ်ပြီးမှ ခြေလျင်ထွက်ပြေးတာမှာ အနီးဝန်းကျင်ကလူတွေ ဝိုင်းဝန်းဖမ်းပြီး ဖမ်းမိခဲ့တာဖြစ်ကာ လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို မကွေးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မကွေးမြို့ပေါ်မှာ ဓားထိုးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း မကွေးမြို့နယ်၊ ကျွဲခြံကျေးရွာမှာ အမျိုးသားတယောက် ဓားခုတ်ခံရပြီး သေဆုံးခဲ့ကာ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) ကလည်း မကွေးမြို့၊ ကမ်းနားလမ်း၊ ဘီလူးညီနောင် နတ်ကွင်းနားမှာရှိတဲ့ ရေကစားမဏ္ဍပ်နားမှာ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် သေဆုံးခဲ့ကာ နောက်ထပ် အမျိုးသားတယောက်ကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

ကမ္ဘာစစ်မဖြစ်အောင်တော့ သတိထားနေကြတာပဲ။ ဒါပေမယ့် စစ်ပွဲတွေက တိုးတိုးလာနေတာကိုတော့တွေ့နေရတယ်။

ယူကရိန်းအရှေ့ပိုင်းက နီပရိုမြို့ကို မနေ့က တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ရုရှားသမ္မတဗလာဒီမီယာပူတင်က ထွက်ပြောလိုက်ပါပြီ။

ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို အမေရိကန်နဲ့ ယူကေလုပ် တာဝေးပစ်လက်နက်တွေနဲ့ ယူကရိန်းက ပစ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ နီပရိုမြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲကာလအတွင်း တိုက်ချင်းပစ် ဒုံးကျည်တွေ ရုရှားက ပထမဆုံးသုံးခဲ့လို့ တကမ္ဘာလုံး အုတ်သော်သောင်းနင်းဖြစ်ခဲ့ပါတယ်။

ယူကရိန်းကို လက်နက်တွေ အသုံးပြုခွင့်ပေးခဲ့တဲ့ နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်လာနိုင်တယ်လို့ ပူတင်က ပြောပါတယ်။

အိုရက်ရှနစ်လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ သာမန် တာလတ်ပစ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဒုံးကျည်ဟာ တစ်စက္ကန့်ကို ၂ ဒသမ ၅ ကီလိုမီတာ အမြန်နှုန်းရှိတယ်လို့ သူက ပြောပါတယ်။

‘’ရုရှားဟာ ဘယ်အခြေအနေအတွက်မဆို အသင့်ရှိပါတယ်၊ ဒါကို သံသယမရှိသင့်ဘူး၊ တုံ့ပြန်မှုတစ်ခု အမြဲရှိနေမှာပါ’’ လို့ ပူတင်က ပြောပါတယ်။
BBC

image

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ခုံဒိုင်ချုပ်ဦးဒေါင်းနီ ယနေ့ ကွယ်လွန်

နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ခုံဒိုင်ချုပ်ဦးဒေါင်းနီ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ဒိုင်ချုပ် ဦးတင်စိုး(ခ) ဦးဒေါင်းနီ အသက် (၇၃) နှစ်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ မိနစ်၂၀ တွင် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်းလည်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ခုံဒိုင်ချုပ်ဖြစ်သလို လက်ဝှေ့ကျော်လည်းဖြစ်ခဲ့ဖူးပြီးအသက်အရွယ်ကြီးရင့်လာသော ဦးဒေါင်းနီသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်သူ ဦးဒေါင်းနီ၏ ရုပ်အလောင်းကိုမူ လာမည့် နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရေဝေးသုသာန်၌ သင်္ဂြိုမည်ဖြစ်သည်။

#centralnewsnaypyitaw

image

မမြင်ရဘူးမှတ်လား ..😹

image
21 w - Translate

ယောက်ျားတစ်ယောက်ကို ငွေကြောင့်ချစ်မသွားနိုင်ဘူး ။ ငွေကြောင့်လဲ လိုအပ်မိမှာမဟုတ်ဘူး ။

အကြင်နာစစ်ရင် ကိုယ်ကပန်းကလေးတစ်ပွင့်တည်းဆိုလဲ လက်ခံမှာ ၊ စကားလဲ တခွန်းတည်းဆိုလဲ ချစ်မိမှာပဲ ။

ပင်ပန်းနေတဲ့အချိန် ပုခုံးတဖက်မှီလို့ရတာနဲ့တင် ဘာဆိုဘာမှ မတောင်းတမိပါဘူး ။

အဲ့ဒါကြောင့် လူတယောက်ကိုရွေးရင်တော့ သူ့နှလုံးသားကိုပဲ ဦးစားပေးကြည့်မယ် ။
တကယ်မြတ်နိုးရင် ကျန်တဲ့လုပ်ရပ်အားလုံးဟာ အလိုလိုဖြစ်လာတာပါပဲ။

💭 || 22.11.2024

image

ယူကရိန်းနှင့် ဂါဇာပဋိပက္ခများ အဆုံးသတ်ရန် တရုတ်သမ္မတတိုက်တွန်း

နိုဝင်ဘာ ၂၂

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ဘရာဇီးvfနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန်နှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တိုက်တွန်းမှုများ ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၊ ဘရာစီလီယာ (Brasilia) မြို့တော်သို့ ရောက်ရှိလာသည့် ရှီကို ဘရာဇီးလ်သမ္မတ လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) က ကော်ဇောနီဖြင့် ကြိုဆိုခဲ့ပြီး ရှီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၎င်းတို့ ၂ ဦးသည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အဆိုပြုထားသည့် ပူးတွဲလမ်းပြမြေပုံ၏ အရေးကြီးပုံကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။

လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေး အကျပ်အတည်းများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် တရုတ်နှင့်ရုရှား သည် ငြိမ်းချမ်းရေး၊ သံတမန်ရေးနှင့် ဆွေးနွေးညှိနှိုင်းရေးများကို ရှေ့တန်းတင်ထားကြောင်း လူလာက ပြောကြား ခဲ့သည်။

ရှီကလည်း ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာပြီး ငြိမ်းချမ်းရေးယူရန်၊ ဂါဇာတွင် အပစ်အခတ် ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး တရုတ်နှင့် ဘရာဇီးလ်တို့၏ ပူးတွဲအဆိုပြုချက်ကို ရုရှားက ထောက်ခံခဲ့သော်လည်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ငြင်းပယ်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂါဇာ၌ ထာဝရအပစ်ခတ်ရပ်စဲရေးကို တောင်းဆို ထားသည့် ကြေညာချက် ထုတ်ပြန်ရန် မဲပေးခဲ့သော်လည်း အစ္စရေး၏ မဟာမိတ်ဖြစ်သော အမေရိကန်က ဗီတို အာဏာဖြင့် ပယ်ချခဲ့သည်။

ရှီနှင့် လူလာတို့သည် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်အရေးတို့ အပါအဝင် နယ်ပယ် အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၃၅ ခု ချုပ်ဆိုခဲ့သည်။

Source: NDTV

ပုံ - ရှီကျင့်ဖျင်ကို တွေ့ရစဉ်

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image
21 w - Translate

တစုံတယောက်ကို စောင့်ဆိုင်းရတယ်ဆိုတာ
ကိုယ့်ဝဋ်ကြွေးနဲ့ကိုယ် အဆိပ်တွေကို
နည်းနည်းချင်းစီ မျိုနေရသလိုပါပဲ။

#မင်းခိုက်စိုးစန်

image