18 w - Translate

#tattooideas

image
18 w - Translate

#tattooideas

image
image
image
image
image

!!!!

#fashion

18 w - Translate

macOS မှာ Copilot App သုံးနိုင်ပြီ
Microsoft ကနေ 'CopimacOS မှာ Copilot App သုံးနိုင်ပြီ
Microsoft ကနေ 'Copilot' App ကို Mac App Store မှာ တရားဝင်တင်ပေးခဲ့ပြီး Mac အသုံးပြုသူများအတွက် တရားဝင်မူရင်း macOS ဗားရှင်းဖြင့် စတင်အသုံးပြုနိုင်ပြီလို့ ဆိုလာပါတယ်။ ယခင်က Mac အသုံးပြုသူများအနေနဲ့ web browser မှတဆင့် ဝင်ရောက်အသုံးပြုခဲ့ရတာပါ။ အခုတော့ app တစ်ခုအဖြစ် အသုံးပြုနိုင်ပါပြီ။
အခြား AI chatbot တွေဖြစ်တဲ့ ChatGPT နဲ့ Gemini လိုပဲ စာသားများဖန်တီးခြင်း၊ ရုပ်ပုံများဖန်တီးခြင်း၊ သတင်းအချက်အလက်ရှာဖွေခြင်းနဲ့ code ရေးခြင်းတွေ သုံးနိုင်မှာပါ။ Copilot ကို GPT-4၊ DALL-E 3၊ Codex နဲ့ Prometheus (Microsoft ကိုယ်ပိုင် AI မော်ဒယ်) အပါအဝင် AI မော်ဒယ်များစွာဖြင့် အသုံးပြုနိုင်နေပါပြီ။
စိတ်ဝင်စားစရာတစ်ခုက Microsoft ဘက်ကနေ iPhone နှင့် iPad အတွက် Copilot ကို 2023 ခုနှစ် ဒီဇင်ဘာလတုန်းက ထုတ်ပေးခဲ့ပြီနောက်ပိုင်း Apple User တွေ တဖြည်းဖြည်း အသုံးပြုနှုန်းမြင့်မားလာတယ်လို့လည်း ဆိုပါတယ်။ Copilot ကို Window၊ in iOS၊ iPadOS နှင့် ယခု macOS တို့မှာ ထည့်သွင်းလာတာဟာ Microsoft အနေနဲ့ သူတို့ရဲ့ AI assistant ကို ပလပ်ဖောင်းများစွာတွင်အသုံးပြုနိုင်ကြောင်း ထင်ရှားစေခဲ့တာပါ။ Google ၏ Gemini နှင့် ယှဉ်ပြိုင်စေပြီး Apple မှာ အသုံးပြုနိုင်တာကြောင့် Apple GPT လို့တောင် ခေါ်ဝေါ်မှုတွေရှိနေပါတယ်။
ဒါပေမဲ့ ကန့်သတ်ချက်လေးတော့ ရှိပါဦးမယ်။ macOS အတွက် Microsoft Copilot ကို App အနေနဲ့သုံးမယ်ဆိုရင် macOS ဗားရှင်း 14.0 နှင့်အထက် လိုအပ်ပြီး Apple ရဲ့ M1 chip လောက်သာ support ပေးမှာပါ။ macOS 15.1 နှင့် M1 ချစ်ပ် သို့မဟုတ် နောက်ပိုင်းတွင် လိုအပ်သည့် hardwareနှင့် softwareလိုအပ်ချက်များပါရှိသော Apple ၏ AI စနစ်၊ Apple Intelligence နှင့် ဆင်တူသည်။
လွန်ခဲ့သောတစ်နှစ်ကျော်က Apple silicon Macs တွင် အသုံးပြုခဲ့တဲ့ AI assistant ဗားရှင်းတစ်ခုရှိခဲ့ဖူးပါတယ်။ တကယ်တော့ ဒါဟာ macOS မှာသုံးတဲ့ iPad ဗားရှင်းပါ။ နောက်ပိုင်းတွင် Microsoft တွင် ၎င်းဗားရှင်းကို ဖယ်ရှားခဲ့သည်။ Microsoft Copilot သည် 2025 ခုနှစ် ဇန်နဝါရီလအထိ Windows appများနှင့် websiteများတွင်အသုံးပြုသူ 28 သန်းခန့်ရှိသည်ဟုသိရပါသည်။lot' App ကို Mac App Store မှာ တရားဝင်တင်ပေးခဲ့ပြီး Mac အသုံးပြုသူများအတွက် တရားဝင်မူရင်း macOS ဗားရှင်းဖြင့် စတင်အသုံးပြုနိုင်ပြီလို့ ဆိုလာပါတယ်။ ယခင်က Mac အသုံးပြုသူများအနေနဲ့ web browser မှတဆင့် ဝင်ရောက်အသုံးပြုခဲ့ရတာပါ။ အခုတော့ app တစ်ခုအဖြစ် အသုံးပြုနိုင်ပါပြီ။
အခြား AI chatbot တွေဖြစ်တဲ့ ChatGPT နဲ့ Gemini လိုပဲ စာသားများဖန်တီးခြင်း၊ ရုပ်ပုံများဖန်တီးခြင်း၊ သတင်းအချက်အလက်ရှာဖွေခြင်းနဲ့ code ရေးခြင်းတွေ သုံးနိုင်မှာပါ။ Copilot ကို GPT-4၊ DALL-E 3၊ Codex နဲ့ Prometheus (Microsoft ကိုယ်ပိုင် AI မော်ဒယ်) အပါအဝင် AI မော်ဒယ်များစွာဖြင့် အသုံးပြုနိုင်နေပါပြီ။
စိတ်ဝင်စားစရာတစ်ခုက Microsoft ဘက်ကနေ iPhone နှင့် iPad အတွက် Copilot ကို 2023 ခုနှစ် ဒီဇင်ဘာလတုန်းက ထုတ်ပေးခဲ့ပြီနောက်ပိုင်း Apple User တွေ တဖြည်းဖြည်း အသုံးပြုနှုန်းမြင့်မားလာတယ်လို့လည်း ဆိုပါတယ်။ Copilot ကို Window၊ in iOS၊ iPadOS နှင့် ယခု macOS တို့မှာ ထည့်သွင်းလာတာဟာ Microsoft အနေနဲ့ သူတို့ရဲ့ AI assistant ကို ပလပ်ဖောင်းများစွာတွင်အသုံးပြုနိုင်ကြောင်း ထင်ရှားစေခဲ့တာပါ။ Google ၏ Gemini နှင့် ယှဉ်ပြိုင်စေပြီး Apple မှာ အသုံးပြုနိုင်တာကြောင့် Apple GPT လို့တောင် ခေါ်ဝေါ်မှုတွေရှိနေပါတယ်။
ဒါပေမဲ့ ကန့်သတ်ချက်လေးတော့ ရှိပါဦးမယ်။ macOS အတွက် Microsoft Copilot ကို App အနေနဲ့သုံးမယ်ဆိုရင် macOS ဗားရှင်း 14.0 နှင့်အထက် လိုအပ်ပြီး Apple ရဲ့ M1 chip လောက်သာ support ပေးမှာပါ။ macOS 15.1 နှင့် M1 ချစ်ပ် သို့မဟုတ် နောက်ပိုင်းတွင် လိုအပ်သည့် hardwareနှင့် softwareလိုအပ်ချက်များပါရှိသော Apple ၏ AI စနစ်၊ Apple Intelligence နှင့် ဆင်တူသည်။
လွန်ခဲ့သောတစ်နှစ်ကျော်က Apple silicon Macs တွင် အသုံးပြုခဲ့တဲ့ AI assistant ဗားရှင်းတစ်ခုရှိခဲ့ဖူးပါတယ်။ တကယ်တော့ ဒါဟာ macOS မှာသုံးတဲ့ iPad ဗားရှင်းပါ။ နောက်ပိုင်းတွင် Microsoft တွင် ၎င်းဗားရှင်းကို ဖယ်ရှားခဲ့သည်။ Microsoft Copilot သည် 2025 ခုနှစ် ဇန်နဝါရီလအထိ Windows appများနှင့် websiteများတွင်အသုံးပြုသူ 28 သန်းခန့်ရှိသည်ဟုသိရပါသည်။

image
18 w - Translate

TRANSFER
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဈေးကွက်အတွင်း ဂိုးသမားသစ်ကိုရှာဖွေနေပြီး အေစီမီလန်ဂိုးသမား မိုင်နွန်ကို အဓိကပစ်မှတ်ထားနေပါတယ်။ဒါပေမယ့် မိုင်နွန်ကိုခေါ်ဖို့ဆိုရင် အိုနာနာအသင်းကထွက်ခွာမှဖြစ်နိုင်ချေရှိလာမှာပါ။
[Sport Witness]🌖

image

#cute

သခွားသီး ရခိုင်သုပ်

ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ .............

ချက်နည်း .............

သခွါးသီးကို ရေဆေးပြီး နှစ်ခြမ်းခြမ်းပေးပါ ....... အစေ့နဲ့ အူတွေကို ဖယ်ပေးပါ ....... ပြီးရင်တော့ သခွါးသီးအသားကို အမျှင်သိပ်မထူစေဘဲ သေချာခြစ်ပေးပါ ....... ကြက်သွန်နီ ပါးပါးလှီးပေးထားပါ ......

ငရုတ်သီး ၊ ငပိ မီးကင်ပြီး ထောင်းပေးပါ ....... ပြီးရင်တော့ ခြစ်ထားတဲ့ သခွါးသီး ၊ လှီးထားတဲ့ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ငရုတ်သီးငပိထောင်းကို ရောနယ်ပေးပါ ....... အပေါ့ အငံ မိမိကြိုက်သလိုထည့်ပေးပါ ....... သံပုရာသီး ညှစ်ပေးပါ ..........
နောက်ဆုံးမှာ အဖြူရောင် နံနံပင် ပင်ပေါက်လေးကို ထည့်လေ့ ရှိပါတယ် ..... ချဉ် ငံ စပ် အရသာနဲ့ သခွါးသီးရခိုင်သုပ်လေးကို ရပါပြီရှင် .........

ဒီမှာ နံနံပင်ပေါက် ရှာမရလို့ နံနံပင်အကြီးကို သုံးလိုက်ရပါတယ် ............

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ 🙂

Credit : Yadana Moe

image
18 w - Translate

အကောင်းဆုံးပါ

အချို့ပြသနာတွေက ဖြေရှင်းတာထက်
ရှောင်ထွက်လိုက်တာ အကောင်းဆုံးပါ..။

အချို့ စကားလုံးတွေက ပြောလိုက်တာထက်
မျိုသိပ်လိုက်တာ အကောင်းဆုံးပါ..။
အချို့ လူတွေက အလျော့ပေးပြီးနေတာထက်
ဥပေက္ခာ ပြုပေးလိုက်တာ အကောင်းဆုံးပါ..။
အချို့ မျော်လင့်ချက်တွေက မျော်လင့်နေတာထက်
ကိုယ်တိုင် ရိုက်ချိုးပစ်လိုက်တာ အကောင်းဆုံးပါ..။
အချို့ အသံတွေက နားစွင့်နေတာထက်
နားပိတ်ထားလိုက်တာ အကောင်းဆုံးပါ..။
အချို့ မြင်နေရတာတွေက ကြည့်မိတာထက်
မမြင်ချင်ယောင် ဆောင်ပေးလိုက်တာ အကောင်းဆုံးပါ..။
အချို့ ဆက်ဆံရေးတွေက
သံသယနဲ့ လက်တွဲနေတာထက်
လက်တွဲဖြုတ်လိုက်တာက အကောင်းဆုံးပါ..။

image
18 w - Translate

#နိုင်ငံတကာသတင်း
◼ထရန့်၏အခွန်စည်းကြပ်မှုအားအမေရိကန်သွင်းကုန်၂၅ ရာခိုင်နှုန်းအပေါ် ချက်ခြင်း အခွန်ကောက်တုံ့ပြန်မည်ဟုကနေဒါပြောကြား
ကနေဒါနိုင်ငံအပေါ် အခွန်စည်းကြပ်ရန် ထရန့်၏ဆုံးဖြတ်ချက် ယနေ့တွင် အသက်ဝင်လာပါက ဒေါ်လာ ဘီလီယံ ၃၀ ပမာဏရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် ချက်ခြင်းအခွန်စည်းကြပ်ခြင်းဖြင့်တုံ့ပြန်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒူးက ပြောကြားလိုက်သည်။
" ရက် ၃၀ ဆိုင်းငံ့ထားပြီးနောက် ဒီနေ့မှာ အမေရိကန် အစိုးရက ကနေဒါ ပို့ကုန်များ အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် ကနေဒါ စွမ်းအင်ထုတ်ကုန်အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်ဖို့ဆက်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောပါမယ်၊ ဒီလုပ်ရပ်က မတရားပါဘူး။” ဟု ဂျပ်စတင်ထရူးဒူးက ပြောကြားသည်။
အမေရိကန်၏ စည်းကြပ်ခွန်များ ယနေ့ညတွင် အသက်ဝင်လာပါက ကနေဒါအနေနှင့်ဒေသစံတော်ချိန် မနက်ဖြန် ၁၂ နာရီ ၁ မိနစ်မှ စတင်ပြီး ဒေါ်လာ ၁၅၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်သွင်းကုန်များ၏ ၂၅ ရာခိုင်နှုန်း ဖြစ်သည့် ဘီလီယံ ၃၀ ပမာဏရှိ ကုန်ပစ္စည်းများအပေါ် ချက်ချင်း အခွန် စည်းကြပ်မှုများဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း၎င်းကပြောကြားသည်။
ထို့ပြင်ကျန်သည့် ဒေါ်လာ ၁၂၅ ဘီလီယံပမာဏရှိသောအမေရိကန်သွင်းကုန်များကိုလည်း ၂၁ ရက်အတွင်း စည်းကြပ်ခွန်များကောက်ခံသွားမည်ဟုထရူးဒူးကဆိုသည်။
အမေရိကန်၏ကုန်သွယ်ရေးအရေးယူမှုကို ရုပ်သိမ်းသည်အထိ ကနေဒါ၏ စည် းကြပ်ခွန်များ ဆက် လက် တည်ရှိနေမည်ဖြစ်ပြီး၊ အမေရိကန်၏ အခွန်စည်းကြပ်မှုများ မရပ်တန့်ပါကအခွန်စည်းကြပ်မှုမဟုတ်သည့် အစီအမံများစွာကို ဆက်လက်ဆောင်ရွက်ရန် ပြည်နယ်များ၊ နယ်မြေများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။
အဆိုပါ စည်းကြပ်ခွန်များကို ပြန်လည်စဉ်းစားရန် အမေရိကန်အစိုးရအားတိုက်တွန်းနေစဉ်အတွင်း ၎င်းတို့၏ စီးပွားရေး၊အလုပ်အကိုင်များ၊အလုပ်သမားများနှင့်မျှတသောသဘောတူညီချက်များအတွက် ကနေဒါက ရပ်တည်နေကြောင်းထရူးဒူးကပြောကြားသည်။
“အမေရိကန်ရဲ့စည်းကြပ်ခွန်တွေကြောင့်အမေရိကန်တွေဟာမီးဖိုချောင်သုံးပစ္စည်းတွေ၊ ဓာတ်ငွေ့နဲ့ ကားတွေအတွက်စရိတ်ပိုကုန်တော့မှာဖြစ်ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာလည်း ဆုံးရှုံးသွားနိုင်ပါတယ်။” ဟု၎င်းကပြောသည်။
ထို့ပြင်အမေရိကန်၏အကောက်ခွန်များက မယုံနိုင်လောက်အောင် အောင်မြင်နေသော ကုန်သွယ်မှုဆက်ဆံရေးကို ဖျက်ဆီးလိမ့်မည်ဖြစ်ပြီးသမ္မတထရန့်က ၎င်း၏ပထမသက်တမ်းနောက်ဆုံးကာလတွင် ညှိနှိုင်းခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်းကနေဒါဝန်ကြီးချုပ်ကပြောကြားသည်။
အလားတူ တရုတ်သွင်းကုန်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်ကောက်ခံမှု စတင်အသက်ဝင်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် အမေရိကန်ကုန်ပစ္စည်းအချို့အပေါ် လက်တုံ့ပြန် အခွန်စည်းကြပ်မည်ဟု တရုတ်နိုင်ငံကလည်းယနေ့တွင် ကြေညာလိုက်သည်။
သတင်း-လင်းခေတ်
ကိုးကား-CNN

image