18 w - Translate

M3 Chip အသစ်နဲ့ iPad Air အသစ်ကို Apple ကနေ တိတ်တခိုး မိတ်ဆက်သွားပါတယ်။

သူနဲ့တွဲသုံးလို့ရမယ့် magic keyboard အသစ်ကိုလည်း ကြေငြာသွားပြီး အရင်‌ iPad Air တွေနဲ့လည်း တွဲပြီးအသုံးပြုနိုင်မှာပါ။

၁၁လက်မ iPad Air ကို ဒေါ်လာ ၆၀၀ ၊ ၁၃လက်မ iPad Air ကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းချမှာဖြစ်ပြီး အပြာ၊ခရမ်း၊အဖြူနဲ့မီးခိုးရောင်ထဲက ရွေးချယ်နိုင်မှာပါ။

image
18 w - Translate

မီးလင်းတဲ့ Nothing Phone (3a) စီးရီးကို MWC 2025 မှာ မိတ်ဆက်လိုက်ပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ telephoto lens နဲ့ ဒီဇိုင်းပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေ အကုန်နီးပါး တူတူပါပဲ။

- 6.7inches Amoled 120hz Full HD+
- Snapdragon 7s Gen 3
- 5000 mAh + 50W fast charging
- IP 64
- 50MP + 50MP + 8MP back cameras
- 50MP for 3a Pro | 32MP for 3a (Selfie)

image
18 w - Translate

"ဆာလာက အရမ်းထူးချွန်တဲ့ကစားသမားပါ၊ ဒီရာသီမှာဆို ဘယ်သူ့ထက်မဆို သူက ပိုကောင်းမွန်ခဲ့ပါတယ်၊ ဒါက သံသယဖြစ်စရာကိုမရှိဘူး၊ ဘလွန်းဒီအောဆုနဲ့ သူ ထိုက်တန်နေပါပြီ"
- နေမာ

image
18 w - Translate

Tecno က သူတို့ရဲ့ Camon 40 စီးရီးကို ကြေငြာသွားပါတယ်။
Camon 40 | 40 Pro | 40 Pro 5G | 40 Premier ဆိုပြီး လေးမျိုးလာမှာပါ။ ဈေးအပေါဆုံး Camon 40 မှာ 120hz Amoled၊ Mediatek G100၊ 5200 mAh နဲ့ 45W တို့ကို သုံးထားပါတယ်။
ဈေးအများဆုံး 40 Premier မှာတော့ LTPO Amoled 144hz၊ Dimensity 8350၊ 50MP ကင်မရာသုံးလုံး၊ IP68/69 နဲ့အတူ 70W အမြန်အားသွင်းစနစ်တို့ကို ထည့်ပေးထားပါတယ်။

image
18 w - Translate

real madrid vs atletico madrid
ညက တော့သွားတဲ့ ရီးရဲလ် နဲ့ အေတီကိုပွဲကတော့ တော်တော်ကိုမိုက်တာပါ။၂ဖက်လုံးကလဲ သေသေချာချာ ကန်သွားခဲ့ပြီးတော့ သွင်းသွားတဲ့ဂိုးတွေတိုင်းကလည်း တကယ် quality ပြည့်ပြည့် နဲ့ ဂိုးတွေကြီးပါပဲ ။ဒုတိယအကျော့ကတော့ဘယ်လိုလာမလဲတော့မသိပါဘူး တော်တော်တော့ရင်ခုန်ဖို့တော့ကောင်းနေပါပြီ။

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image
18 w - Translate

HONOR ရဲ့ ဘတ်ဂျက်ဘုရင် လို့ခေါ်တဲ့ဖုန်းကို စတင်ရောင်းချတော့မယ်
HONOR ရဲ့ X series ထဲမှာ ဈေးအသက်သာဆုံးနဲ့ ရောင်းချပေးသွားမယ့် HONOR X5b Plus ကို မတ်လ ၁၀ ရက် (10.03.2025) မှာ တစ်နိုင်ငံလုံးကို ဖြန့်ချီပေးသွားတော့မယ်လို့သိရပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ HONOR ရဲ့ ဖုန်းအားလုံးထက် လျှော့နည်းမယ့် ဈေးနှုန်းနဲ့ ထွက်လာဖို့ရှိပြီး X series ရဲ့ မာကျောမှု၊ အကြမ်းခံမှုတွေအပြင် Design ပိုင်းမှာလဲ ဘတ်ဂျက်ဖုန်းတစ်လုံးလို့ မထင်ရလောက်အောင် လှပသေသပ်မှုတွေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်လို့ ထွက်ရှိလာဖို့အတွက် ကြိုတင်ရင်ခုန်လို့ရနေပါပြီ။

image
18 w - Translate

RANSFER
နယူးကာဆယ်တိုက်စစ်မှူး အီဆက်အတွက် ပီအက်စ်ဂျီအသင်းဟာ အဆန်စီယို၊ မူအာနီ နဲ့ ဂွန်ကာလိုရာမိုစ့် တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ စိတ်ဝင်စားနေပါတယ် 👀
[RMCSport]🌖

image

ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များ
ငလျင်လှုပ်ရှားနိုင်သည့်ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသများတွင် နေထိုင်ကြသူများအဖို့ ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါ၍ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ပါသည်။
ငလျင်မလှုပ်မီ ဆောင်ရွက်ရန် အချက်များ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။
ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ပါသည်။
ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ပါ။

18 w - Translate

တကယ်ခြောက်ခြားစရာ ခြေစွမ်းနဲ့ PSV ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဆင်ပျံကြီး
===================================================================
FULLTIME: PSV 1 : 7 Arsenal
* ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ဆင်ပျံကြီးတို့ဟာ PSV တို့နဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပ အကျော့မှာတော့ ဂိုးပြတ် နိုင်ပွဲပြန်လည် ရရှိခဲ့ပါတယ်။
* ပထမပိုင်းမှာကတည်းက ဆင်ပျံကြီးတို့ဟာ ပွဲစဉ်ကို တောက်လျှောက် စိုးမိုးထားနိုင်ခဲ့ပြီး တင်ဘာ နွမ်နရီ မာရီနိုတို့ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။
* ဒုတိယပိုင်းအစမှာလည်း ကရားရေလွှတ်သလို အော်ဒီဂတ်နဲ့ ထရော့ဆက်တို့ရဲ့ သွင်းဂိုးတွေ ဆက်တိုက်ရရှိခဲ့ပြီး တကယ်ခြောက်ခြားစရာရလဒ်ကို အသင်းခေါင်းဆောင် အိုဒီဂတ်ကပဲ လှပတဲ့ အဝေးကန်ချက်နဲ့ ကာလာဖီအိုရီတို့က ရယူပေးခဲ့တာပါ။
* PSV ဟာ ဆင်ပျံကြီးတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ ချာတိတ်အဆင့်သာဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီချေပဂိုးနဲ့သာ အိမ်ကွင်း ပုရိတ်သတ်တွေကို နှစ်သိမ့်နိုင်ခဲ့ပါတယ်။
* ပြတ်သားလွန်းလှတဲ့ နိုင်ပွဲ
ကြောင့် ဆင်ပျံကြီးတို့ ဒုတိယအကျော့အတွက်လည်း တဝက်စိတ်အေးခဲ့ရပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဒုတိယနေရာ ဆက်လက် တည်မြဲဖို့အတွက် နိုင်ပွဲပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

image