Laptop ရဲ့ USB port ကို ပိတ်ထားခြင်း/ဖွင့်ခြင်းကို အောက်ပါနည်းလမ်းများ။ Windows နှင့် macOS အတွက် နည်းလမ်းများကို သီးခြားရှင်းပြထားပါတယ်။

#windows အတွက် USB Port ပိတ်နည်း/ဖွင့်နည်း

နည်း ၁: Device Manager မှတဆင့်
1. Win + X နှိပ်ပြီး Device Manager ကိုဖွင့်ပါ။
2. Universal Serial Bus controllers ကိုချဲ့ပါ။
3. USB Root Hub (သို့) USB Host Controller ကို Right-click နှိပ် Disable device ကိုရွေးပါ။
- USB Port အားလုံးကိုပိတ်လိုပါက အထက်ပါအဆင့်ကို USB Controller တိုင်းအတွက်လုပ်ဆောင်ပါ။
4. ပြန်ဖွင့်လိုပါက Disabled device ကို Right-click နှိပ် Enable device လုပ်ပါ။

နည်း ၂: Registry Editor သုံး၍
1. Win + R နှိပ် regedit ရိုက်ပြီး Registry Editor ဖွင့်ပါ။
2. အောက်ပါ path သို့သွားပါ:
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR
3. Start ကို Double-click နှိပ်ပြီး Value data ကို 4 ထားလိုက်ပါက USB storage devices ပိတ်သွားမည်။
- ပြန်ဖွင့်လိုပါက Value data ကို 3 ပြန်ပြင်ပါ။

နည်း ၃: Group Policy Editor (Windows Pro/Enterprise)
1. Win + R နှိပ် gpedit.msc ရိုက်ပါ။
2. အောက်ပါ path သို့သွားပါ:
Computer Configuration > Administrative Templates > System > Removable Storage Access
3. Removable Disks: Deny execute access နှင့် Deny read/write access တို့ကို Enabled လုပ်ပါ။
- ပြန်ဖွင့်လိုပါက Disabled/Not Configured ပြန်ပြင်ပါ။

#macos အတွက် USB Port ပိတ်နည်း/ဖွင့်နည်း

နည်း ၁: Terminal သုံး၍ Kernel Extension ပိတ်ခြင်း
1. Terminal ဖွင့်ပြီး အောက်ပါ command ရိုက်ပါ:
sudo kextunload /System/Library/Extensions/IOUSBFamily.kext/Contents/PlugIns/AppleUSBHub.kext

📌- ဤသည်မှာ USB Port များကို ယာယီပိတ်ထားခြင်းဖြစ်သည် (စက်ပြန်စပါက အလိုအလျောက်ပြန်ဖွင့်သွားမည်)။
2. ပြန်ဖွင့်လိုပါက:
sudo kextload /System/Library/Extensions/IOUSBFamily.kext/Contents/PlugIns/AppleUSBHub.kext

နည်း ၂: System Preferences မှတဆင့်
1. Apple Menu > System Preferences > Security & Privacy > Privacy သို့သွားပါ။
2. Full Disk Access (သို့) Peripheral Devices တွင် USB ကိုအသုံးပြုမည့် application များကို Restrict လုပ်နိုင်သည်။

⚠️သတိပြုရန်
- Registry/Group Policy ပြင်ဆင်ခြင်းများတွင် Administrator rights လိုအပ်ပါသည်။
- USB Port ပိတ်ထားပါက Keyboard/Mouse တို့အလုပ်မလုပ်တော့သည့်အတွက် Bluetooth devices ဖြင့်အစားထိုးစဉ်းစားပါ။
- macOS တွင် USB Port ပိတ်ခြင်းကို လုံခြုံရေးအဆင့်မြင့် စနစ်များတွင် ပို၍အသုံးပြုလေ့ရှိပါသည်။


𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
1 y - Translate - Youtube

ကြွားချင်အုံး (၇) အစအဆုံး

အရှေ့က ♈️♏️♊️♍️♐️♌️ , အနောက်က ဘုမသိဘမသိလိုက်နေတာ ♉️♓️♑️♋️♒️♎️ အပြင်လောကမှာလဲ ဒီလိုပဲ ကိုယမျက်စိပိတ် နားပိတ် အကုန် ပိတ်ပြီး ယုံကြည်ရတဲ့လူက ကိုယ့်ကို ser ချင်နေတဲ့လူ အန္တရာယ်ဒုက္ခအပေးဆုံး ဖြစ်နေတတ်ရော ?

နော်......

1 y - Translate

👉Click here: https://movie.freshnews96.com/12326/
🌙 Hotel Del Luna: Season 2 – Official Trailer (2024)
Starring: IU & Kim Soo-hyun
⭐ Rating: 9.2/10

"🌌 Some souls never leave… and some hearts never forget."

The doors of Hotel Del Luna reopen under a new moon, where the line between the living and the dead blurs once more. After centuries of waiting, Jang Man-wol (IU) returns—but she is not the same. The hotel is now under the watch of a mysterious new manager, portrayed by Kim Soo-hyun, whose connection to Man-wol is deeper than even he remembers. 🌕👁️🕯️

As restless spirits check in with unfinished stories, and ancient curses awaken, the two must navigate love, fate, and the painful weight of memories that span lifetimes. Each room holds a secret, every ghost a message—and time is running out.

With stunning cinematography, haunting romance, and a score that lingers like a whisper, Hotel Del Luna Season 2 is a spellbinding return to the hotel where healing and heartbreak go hand in hand. 🕊️✨

🎥 Love doesn’t end at goodbye… it begins again at the moonlight’s edge.
🏨 Coming 2024 – Where every soul has a story.

image
1 y - Translate - Youtube

Tea Time | Mr Bean

1 y - Translate - Youtube

Underwater World 8K ULTRA HD – Marine Life, Sea Animals and Coral Reef

◼ အပစ်ရပ်ဆက်ချိုးဖောက်နေပါကပိုမိုပြတ်သားသောတုံ့ပြန်မှုရှိလာနိုင်ကြောင်းကမ္ဘောဒီးယားကိုထိုင်းစစ်တပ်သတိပေး
အငြင်းပွားနေသော နယ်စပ်တစ်လျှောက် နေရာသုံးနေရာ၌ ကမ္ဘောဒီးယားဘက် က ယနေ့တွင် အ ပစ် အ ခတ် ရပ်စဲမှုကို ချိုးဖောက်ခဲ့ကြောင်း ထိုင်းစစ်ဘက် က စွပ်စွဲလိုက်ပြီး ယင်းသို့ ဆက်ဖြစ်နေပါက ၎င်းတို့ဘက်မှ ပို မို ပြတ်သားသော တုံ့ပြန်မှု ထွက်ပေါ်လာစေနိုင်ကြောင်းလည်း သတိ ပေးပြောကြားသည်။
မလေးရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်စလုံးက သဘောတူညီခဲ့ကာ တနင်္လာည သန်းခေါင်တွင်အ သက် ဝင်ခဲ့သော အပစ်အခတ်ရပ်စဲမှု နှစ်ရက်မပြည့်မီမှာပင် ယင်းစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ဆယ်နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ကာ ငါးရက်ကြာမြင့်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံ၍၊ အရပ်သား သုံးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက် ပြေး ခဲ့ ရသော တိုက်ခိုက်မှုများအား အဆုံးသတ်ရန် အဆိုပါအပစ်အခတ် ရပ်စဲမှုက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားမြောက်ပိုင်းနယ်စပ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကက်ပြည်နယ် မှ စခန်းများကို ကမ္ဘော ဒီးယားတပ်ဖွဲ့များက ယနေ့ ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်ဘက် က ပြောကြားသည်။
“ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ လောင်ချာတွေ အသုံးပြုခဲ့ပါပြီး ထိုင်းဘက်ကလည်း ကိုယ့် ကိုယ်ကိုယ်ကာကွယ်တဲ့ အနေနဲ့ တုံပြန်ခဲ့ပါတယ်” ဟု ထိုင်းစစ်ဘက်ပြောခွင့်ရသူ ဗိုလ်ချုပ် ဝင်းထိုင်းဆူဝါရီ က သ တင်းထောက်များအား ပြောကြားသည်။
“ဒါဟာ သဘောတူညီချက် ရပြီးကတည်းကဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး သဘောတူညီချက်တွေကို အလေးမထားဘဲ စစ်ရှိန်လျော့ပါးရေးကြိုးပမ်းမှုတွေကို ဖျက်ဆီးတဲ့ နှစ်နိုင်ငံကြားယုံကြည်မှုလျော့ကျစေတဲ့ အပြု အ မူကို ထင်ဟပ်နေပါတယ်။” ဟု ထိုင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ က ဆက်ပြော သည်။
ယင်းစွပ်စွဲချက်များကို ကမ္ဘောဒီးယားက ပယ်ချလိုက်ကာ ၎င်းတို့ဘက်က အပစ်အခတ်ရပ်စဲရေးကို ပိုင်း ဖြတ် ထားပြီး လေ့လာသူများထားရှိရန် တောင်းဆိုခဲ့သည်။
“ အပစ်ရပ်စဲမှု စွပ်စွဲချက်တွေဟာ မှားယွင်းပြီး အထိအခိုက်မခံတဲ့ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို လမ်းလွဲထိခိုက်စေနိုင်တာကြောင့်က မ္ဘောဒီးယားကအခိုင်အမာပယ်ချပါတယ်။”ဟုကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနပြော ရေးဆိုခွင့်ရှိသူချွန်ဆွန်ရီ က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားကာ စောင့် ကြည့်ရေးယန္တရားတစ်ခုနှင့် အမှီအခိုကင်းသောစောင့်ကြည့်မှုကို ကမ္ဘောဒီးယားအစိုးရက ထောက်ခံကြောင်းလည်း ဆက်ပြောသည်။
တပ်ဖွဲ့များ ရွှေ့ပြောင်းမှုကို ရပ်တန့်ရန် သဘောတူထားသည့် အပစ်အခတ်ရပ်စဲမှုသည် ဩဂုတ်‌ ၄ ရက်တွင် ကာ ကွယ်ရေးဝန်ကြီးများ ကမ္ဘောဒီးယားတွင် တွေ့ဆုံရေးအပါအဝင် စစ်ဘက်အဆင့်မြင့်အရာရှိများ အစည်း အ ဝေး များအတွက်ပါ လမ်းခင်းပေးထားသည်။
လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှု သတင်းများ မကြားရသော်လည်း မည်သည့်ဘက်ကမှ တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းသည့် သတင်းများလည်း မကြားရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
နှစ်ဖက် အပစ်မရပ်ခဲ့ပါက ၎င်းတို့နှစ်နိုင်ငံနှင့် အခွန်ဆွေးနွေးမှုများ ဆက်လုပ်မည်မဟုတ်ကြောင်း အမေရိ ကန် သမ္မတ ဒေါ်နယ်ထရန့် က အပစ်ရပ်ရေးဆွေးနွေးပွဲ မတိုင်ခင်က သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း

image
1 y - Translate

◼ ညောင်ဦးရှိ Denko ဆီဆိုင်ဓားပြတိုက်သူများထဲမှနှစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးမိဟုဆို
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ Denko ဆီဆိုင်ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူများထဲမှနှစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက ကယနေ့(ဇူလိုင် ၃၀ ရက်)တွင် ထုတ်ပြန်သည်။
ယခုလဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီးညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ DENKO စက်သုံးဆီဆိုင်သို့ အမည်မသိအမျိုးသားခြောက်ဦး (စိစစ်ဆဲ)မှ ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်းလေးလုံး၊ ရွှေနားကပ်နှစ်ရံ၊ ဆိုင်ကယ်နှစ်စီး၊ ဆီရောင်းချရငွေငါးသိန်းကျပ်ကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ထို့နောက် ဆီဆိုင်မန်နေဂျာဖြစ်သူ အသက်(၄၀)အရွယ်ရှိ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်းနှင့် ဒုမန်နေဂျာဖြစ်သူ အသက်(၄၂)နှစ်အရွယ်ရှိ ဦးဆန်းလွင်ဦးတို့နှစ်ဦးအား ဆီဖြည့်ရန်ရောက်ရှိနေသည့် အသက် (၃၈)နှစ်အရွယ်ရှိ ဦးစန်းယု၏ HONDA Fit အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စက်သုံးဆီဆိုင်၏ အနောက် တောင်ဘက်ငါးမိုင်ခန့်အကွာ ကန်ပေါက်(အရှေ့) ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် တွင် ကျူးလွန်သူဟုယူဆရသူများအနက် လေးဦး(စိစစ်ဆဲ)မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့အနက်နှစ်ဦးအား MA-13 သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် ကျည်အိမ်တစ်ခု၊ MA- 1 သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် ကျည်အိမ် တစ်ခုတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသူများကို ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့်လှစ်ထားပြီး ၎င်းတို့နှစ်ဦးအား ကယ်တင်နိုင်ရန်နှင့်ပါရှိသွားသည့်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစက ကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image
1 y - Translate

◼ ရေကြီးနေသဖြင့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ်(၁)တံတား သွားလာ၍မရဖြစ်
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးအမှတ်(၁) တံတားမှာ ပိတ်ထားခြင်းမရှိသော်လည်း မြဝတီမြို့ပေါ်တွင် ရေကြီးရေလျှံနေခြင်းကြောင့် သွားလာကူးလူး၍မရဖြစ်နေကြောင်း မြဝတီမြို့ရှိ ဒေသခံများထံမှ သိရသည်။
"မြဝတီ-မဲဆောက်တံတားကမပိတ်ပါဘူး။ ရေကြီးနေလို့သွားမရလို့ မသွားကြတာ။ လူကတော့သွားလို့ရတယ်။ မြန်မာဘက်ခြမ်းမှာတံတားထိပ်ထိ လှေလေးတွေ ဘောလေးတွေနဲ့ပို့ဆောင်ပေးနေတယ်။ ပြီးတော့တံတားပေါ်မှာလည်း ဒေသခံတွေကသူတို့ရဲ့ကားတွေကို ရေဘေးလွတ်အောင်ဆိုပြီး တံတားပေါ်သွားထားကြတော့ တံတားပေါ်မှာကားပိတ်သလိုမျိုးဖြစ်နေတယ်။ အမှန်တော့ တံတားပေါ် မှာရှိနေတဲ့ကားတွေက အကုန်ရပ်ထားတာ။ ရေပြန်ကျတာနဲ့ပိုင်ရှင်တွေကလာပြန်ယူကြတာပါ" ဟု မြဝတီမြို့ရှိဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်သောင်ရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် မြဝတီမြို့ရှိအနိမ့်ပိုင်ရပ်ကွက်များဖြစ်သည့် အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) တို့တွင် ယနေ့(ဇူလိုင် ၃၀ ရက်) နံနက်ပိုင်မှစတင်ကာ ရေဝင်ရောက် မှုများရှိပြီး အမြင့်ပိုင်းဖြစ်သည့်မြဝတီမြို့လယ်၊ ချစ်ကြည်ရေးတံတားအရှေ့၊ ရွှေမြင်းဝန်စေတီရှေ့ စသည့်နေရာများမှာလည်း ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။
အလာတူမြဝတီ - မဲဆောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း “လူကတော့ရတယ် ခင်ဗျ။ မြန်မာဘက်ခြမ်းမှာ လှေလေးတွေဘောလေးတွေနဲ့ပို့ဆောင်ပေးပါတယ်။ ညွှန်ကြားချက်အရ လို့သိရပါတယ်။ ရေကအခုတော့ကျစပြုလာပါပြီ။ ရေကျလို့ကားသွားရရင်တော့ တံတားပြန်ဖွင့်မှာပါ။ ထိုင်းဘက်ကတံတားအောက်ပိတ်ပါတယ်" ဟု ပြောသည်။
မြဝတီမြို့တွင်ယနေ့မွန်လွဲ ၁ နာရီခွဲခန့်မှစတင်ပြီးရေများပြန်လည်းကျဆင်းလျက်ရှိကြောင်းနှင့် အနိမ့်ပိုင်းရပ်ကွက်မှရေဘေးသင့်ဒေသခံများမှာ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဘီဝမ်း
#ပြည်တွင်းသတင်း

image