Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေကြည်ချမ်းမြ
---------------
ဒီနှစ်ပိုင်းထဲ ကျနော့်အမေဖြစ်ရတာ
အမေ အရမ်းပင်ပန်းခဲ့မှာပဲ
ခြံတံခါးရှေ့ လူရိပ်တွေ့တိုင်း
သားငယ်လား ဆိုပြီး
မျက်ခုံးပေါ် လက်ကလေးအုပ်
မျက်မှောင်ကြုတ်ပြီး ကြည့်သေးလား
ရွှေစာရံဘုရား အတော်ချစ်တဲ့ သားမို့
တပေါင်းပွဲအမှီ ပြန်လာမယ်လို့ ယုံနေတုန်းလား
လူမစုံတော့တဲ့ ထမင်းဝိုင်းထဲ
မရှိတဲ့သားငယ် ကြိုက်တတ်တဲ့ ဟင်းလေး
ရွေးချက်တုန်းလား
ဘုရားစင်ပေါ်
ဗယာကြော်တွေ သားငယ်သက်စေ့ ကပ်တုန်းပဲလား
အိမ်ရှေ့မှာ
သားငယ်စိုက်တဲ့ ကံ့ကော်ပွင့်တော့
ရွာထဲက အပျိုဖြန်းမှန်သမျှ
ချွေးမ...လို့ လိုက်ခေါ်တဲ့ အမေ
အမေ့သားငယ်ဟာ
ရောက်ရာအရပ် ပန်းတွေစိုက်မှာ
အခုလည်း သရဖီတွေပွင့်ပြီမို့
"ကျနော့်မှာ
မခူးရက်လည်း ပျိုးပြီး နမ်းရှာတယ်
အမေ့ကိုလည်း
ရူးမတတ်ပဲ ခိုးပြီး လွမ်းပါတယ် ”
လူအချို့ ကျနော့်ကို စွန့်ပစ်တဲ့အခါ
နို့ပျဉ်းကျ အမေ့ရင်ခွင်ကို လွမ်းတယ်
ထူသူမဲ့ ကျနော် ကျရှုံးတဲ့အခါ
အရေတွန့် အမေ့လက်ဖဝါးလေး လွမ်းတယ်
ထိမိတဲ့
ခလုတ်တွေက များလိုက်တာ
ကျနော့်မှာ ဘာမှမရှိတော့ပါ
သို့သော်...အမေရှိတယ်
ဒီနှစ်ပိုင်းထဲ ကျနော့်အမေဖြစ်ရတာ
အမေ အရမ်းပင်ပန်းမှာ ။
ဆန်းကျော်စွာဝင်း
တစ်ခါတစ်လေ ဘယ်ကိုမှမရောက်ချင်တော့ပဲ
ဒီအတိုင်း ငြိမ်ငြိမ်ကလေး ရပ်နေချင်တော့တယ်။
ဘယ်သူ့က်ိုမှ ထပ်ပြီးသွားရှာစရာ မလိုသလို
ဘယ်သူ့ကိုမှ ထပ်ပြီးထားခဲ့စရာလည်း မလိုပြန်ဘူး ။
နည်းနည်းတော့ အထီးကျန်သလိုခံစားရပေမယ့် ။
အဆင်ပြေပါတယ် ။ တစ်နေရာရာကို ရောက်ပြီးမှ
လှည့်ပြန်ခဲ့ရတာထက် စာရင် တစ်ယောက်ယောက်ကို
ရှာတွေ့ခဲ့ပြီးမှ ဘာမှဆက်မဖြစ်တော့တာထက်စာရင်
ဒီအတိုင်းလေးက အဆင်ပြေပါတယ် ။
- ခက်နှောင်
မနက်အိပ်ယာနိုးတာနဲ့ စာပို့တယ်။
ဘာပဲလုပ်လုပ် အသိပေးတယ်။
အကောင်းအဆိုး တိုင်ပင်တယ်။
ပျော်ရွင်မူ၊ဝမ်းနည်းမူတွေ မျှဝေပေးတယ်။
ကျွန်တော်လိုချင်တဲ့
ချစ်ခြင်းမေတ္တာဟာ ဒါပါပဲ…။🌻🤍
#yp
အရပ်ကလေး ကွာတာလဲ
သဘောကျတယ် ။
သွားတက်ကလေး ပါတာလဲ
သဘောကျတယ် ။
သေးသေးကလေး မို့
နွေးနွေးလေး အကို့ရင်ခွင်ထဲ
ထွေးပွေ့ထားချင်တယ် .. ။
🌻🤍
#haru
မျက်လုံး ညောင်းလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ
ကွန်ပျူတာရှေ့ အကြာကြီး ထိုင်အလုပ်လုပ်ရသူတွေ၊ စာရင်းအင်းတွေနဲ့ တွက်ချက် အလုပ်လုပ်ရသူတွေဟာ ရေရှည်မှာ မျက်လုံးညောင်းလာ ၊ မျက်စိတွေ ခြောက်သွေ့ယားယံတာတွေ ကြုံလာရတတ်ပါတယ်။
မျက်စိတွေ ခြောက်သွေ့ ယားယံနေတယ်လို့ ခံစားရလာရင်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပေးကြည့်ပါ။ ဒီနည်းနဲ့ သက်သာလာနိုင်ပါတယ်။ ပြီးတော့ မျက်စိကို ပြန်လည် လန်းဆန်းလာစေဖို့ ဒီနည်းလမ်းတွေ သုံးကြည့်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်တဲ့လူဆိုရင်တော့ ဒီနည်းတွေ မသုံးခင်မှာ မျက်ကပ်မှန် ချွတ်ထားဖို့ လိုပါတယ်။
၁)လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်ပေးပါ ။ ပြီးတော့ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးတွေနဲ့ မျက်လုံးကို အုပ်ထားပေးပါ။ မျက်စိမှိတ်ပြီး အသက် ဖြေးဖြေးမှန်မှန် ရှူပါလ။ ပြီးတော့ လက်ဖနောင့်နဲ့ မျက်လုံးကို ဖွဖွလေး ဖိ ပေးပါ။ ဒီအတိုင်း သုံးလေးခေါက်လောက် လုပ်ကြည့်ပါ။
၂)လက်မ နှစ်ဖက်နဲ့ မျက်ခုံးတွေကို နှိပ်နယ်ပေးပါ။ မျက်ခုံး နှစ်ခု ဆုံတဲ့နားကနေ နားထင်ဘက်ကို တဖြည်းဖြည်း နှိပ်သွားပေးပါ။
ဒီနည်းလမ်းတွေ အတိုင်း လုပ်ကြည့်မယ်ဆို မျက်စိ အညောင်းအညာပြေ ပြီး ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။