❛ စိတ်ကိုအနားမပေးတာကောင်းတယ်။
စိတ်ဟာ အားတာနဲ့ တစ်ပြိုင်နက်
အတိတ်ဆီ ရောက်သွားတတ်တယ်။
ပြီးရင် အတိတ်သေတ္တာထဲက
နာကျင်စရာတွေကို တစ်ခုပြီးတစ်ခု
ဆွဲထုတ်လာပြီး ခင်ဗျားကို ပြမယ်။
“မေ့ချင်ယောင် ဟန်ဆောင်မနေနဲ့၊
ဟောဒီမှာ တွေ့လား၊ ဒါက ဘယ်သူ၊
ဘယ်တုန်းက၊ ဘယ်လို ဖြစ်ခဲ့တာ” ဘာညာ။
အဲဒီမှာ ပျောက်ချင်ယောင်ဆောင်ထားပေမယ့်
ကောင်းကောင်းမကျက်သေးတဲ့
ခင်ဗျားရဲ့ အနာနဲ့ ဒဏ်ရာဟာ
သွေးတစိမ့်စိမ့် ထွက်လာမယ်။
ကိုယ့်ဒဏ်ရာ ကိုယ်ပြန်ကြည့်ပြီး
ငိုချင်ရင် ငို၊ ရယ်ချင်ရင် ရယ် ❜
▫️ညီထက် // ဘဝ၏အရသာစာအုပ် - မှ
