ဘယ်သူမှမသိတဲ့
ဒဏ်ရာတွေကို
ဘယ်သူမှ
မသိအောင်ပဲ ထားလိုက်တယ်
စာနာမဲ့လူတွေထပ်
ဖိနင်းချင်တဲ့လူတွေက
ပိုပြီး များတယ်လေ...
#စာတို
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်သူမှမသိတဲ့
ဒဏ်ရာတွေကို
ဘယ်သူမှ
မသိအောင်ပဲ ထားလိုက်တယ်
စာနာမဲ့လူတွေထပ်
ဖိနင်းချင်တဲ့လူတွေက
ပိုပြီး များတယ်လေ...
#စာတို
တစ်ခါတစ်လေ ခံစားချက်တွေက ရှင်းပြရခက်တယ်
sometimes feeling are difficult to explain:
#စာတို
ဖီအိုရင်တီးနားနဲ့ပွဲမှာ ဘက်တစ်အတွက် အန်တိုနီက အနိုင်ဂိုးတဂိုးသွင်းပေးခဲ့ပါတယ်။ ဘက်တစ်ကစားသမားဘ၀ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါကွန်ဖရင့်ဗိုလ်လုပွဲကို တက်ဖို့ပါ နီးစပ်နေပါပြီ။
၂-၁ နဲ့ ဘက်တစ်တို့အနိုင်ရခဲ့ပြီး ဒုတိယအကျော့အတွက် အသာစီးရသွားခဲ့တာပါ။ အန်တိုနီဟာ သူ အားမသန်တဲ့ ညာခြေနဲ့ ကန်သွင်းခဲ့ပြီး outside of the box အနေအထားပါ။ ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ယူနိုက်တက်မှာ ၁၀ ဂိုးလောက် ပါဝင်ပတ်သက်နိုင်ဖို့ ပွဲပေါင်းများစွာကစားခဲ့ရပေမယ့် ဘက်တစ်မှာတော့ သူ ၁၉ ပွဲကစားပြီးချိန်မှာပဲ ရယူနိုင်ခဲ့ပါတယ်။ အသင်းကို ဆုဖလားရတဲ့အထိ ကူညီပေးနိုင်မလားဆိုတာကတော့…။
မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ ရှင်းလင်းမှု ၈၀ ရာခိုင်နှုန်း ပြီးစီး +++++
မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ဖယ်ရှားရှင်းလင်းမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ မန်းစည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ အဆောက်အအုံပျက်စီးမှုတွေကို လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ရှင်းလင်းဖယ်ရှားနေတယ်လို့ ဆိုပါတယ်။ မေလ ၁ ရက်နေ့မှာ Golden City အဆောက်အအုံ ရှင်းလင်းမှု ရာနှုန်းပြည့် ပြီးစီးသွားပြီးလို့ ဆိုပါတယ်။
ငလျင်ဘေးသင့် အာမခံလုပ်သားများကို ကျပ် ၂၁ ဘီလီယံကျော် ထောက်ပံ့ပေးမည် +++++
မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို ငွေကျပ် ၂၁၇၀၃.၁၀၄ သန်း (၂၁.၇၀၃ ဘီလီယံ) ထောက်ပံ့ပေးအပ်ဖို့ စီစဉ်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အနေနဲ့ ကျပ် ၂၁ ဘီလီယံကျော် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခွန်စည်းကြပ်မှုပြဿနာ ဆွေးနွေးရန် တရုတ်ကို အမေရိကန်ကမ်းလှမ်းထားဟုဆို
တရုတ်ထုတ်ကုန်များအပေါ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ၁၄၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထား ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူများက လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တရုတ်တာဝန်ရှိသူများကို ကမ်းလှမ်းထားကြောင်း တရုတ်မီဒီယာများ၏ အဆိုအရသိရသည်။
လက်ရှိအချိန်အထိ အခွန်စည်းကြပ်မှုပြဿနာနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့အကြား ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် အခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ရရှိရန် တရုတ်နှင့်ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားထားသည်။
တရုတ်နိုင်ငံနှင့် အခွန်စည်းကြပ်မှုပြဿနာဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် အမေရိကန်အစိုးရတွင် အခွင့်အလမ်းသာနေသည် ဟုမိမိယုံကြည်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူး ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သည့်ယခုနှစ် ဇန်နဝါရီလမှာပင် တရုတ်နိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ထုတ်ကုန်များကို အခွန်စည်းကြပ်မှုများ စတင်ပြုလုပ်ခဲ့သည်။
ရိုက်တာ