မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ ရှင်းလင်းမှု ၈၀ ရာခိုင်နှုန်း ပြီးစီး +++++
မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ဖယ်ရှားရှင်းလင်းမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ မန်းစည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ အဆောက်အအုံပျက်စီးမှုတွေကို လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ရှင်းလင်းဖယ်ရှားနေတယ်လို့ ဆိုပါတယ်။ မေလ ၁ ရက်နေ့မှာ Golden City အဆောက်အအုံ ရှင်းလင်းမှု ရာနှုန်းပြည့် ပြီးစီးသွားပြီးလို့ ဆိုပါတယ်။
