ဖီအိုရင်တီးနားနဲ့ပွဲမှာ ဘက်တစ်အတွက် အန်တိုနီက အနိုင်ဂိုးတဂိုးသွင်းပေးခဲ့ပါတယ်။ ဘက်တစ်ကစားသမားဘ၀ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါကွန်ဖရင့်ဗိုလ်လုပွဲကို တက်ဖို့ပါ နီးစပ်နေပါပြီ။
၂-၁ နဲ့ ဘက်တစ်တို့အနိုင်ရခဲ့ပြီး ဒုတိယအကျော့အတွက် အသာစီးရသွားခဲ့တာပါ။ အန်တိုနီဟာ သူ အားမသန်တဲ့ ညာခြေနဲ့ ကန်သွင်းခဲ့ပြီး outside of the box အနေအထားပါ။ ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ယူနိုက်တက်မှာ ၁၀ ဂိုးလောက် ပါဝင်ပတ်သက်နိုင်ဖို့ ပွဲပေါင်းများစွာကစားခဲ့ရပေမယ့် ဘက်တစ်မှာတော့ သူ ၁၉ ပွဲကစားပြီးချိန်မှာပဲ ရယူနိုင်ခဲ့ပါတယ်။ အသင်းကို ဆုဖလားရတဲ့အထိ ကူညီပေးနိုင်မလားဆိုတာကတော့…။
