3 w - Translate

ယမကာလုလင်နဲ့ အသပြာလုလင်ဆိုတာကတော့
အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ စာအုပ်နှစ်အုပ်ပါ ။
ဆရာမင်းလူရဲ့ လက်ရာတွေထဲမှာ လူကြိုက်အများဆုံး စာအုပ်တွေထဲက နှစ်အုပ်ပါပဲ ။
ထူးခြားတာကတော့ စာပေအမျိုးအစားပါ ။ ဝတ္ထုလား၊ အက်ဆေးလား၊ ကိုယ်တွေ့ အတ္ထုပ္ပတ္တိလား၊ ဆောင်းပါးလား အစရှိတဲ့ ပုံသေတံဆိပ်ကပ်ဖို့ မလွယ်တဲ့ စာအုပ်တွေ ဖြစ်ပါတယ် ။
အဲ့ဒီအကြောင်းကိုလည်း ဆရာက အမှာစာထဲမှာ
သေချာရေးသားခဲ့ပါသေးတယ် ။ သေချာတာကတော့ ဆရာမင်းလူရဲ့ ထုံးစံအတိုင်း ကပ်သီးကပ်ဖဲ့ အတွေးလေးတွေ၊ တစိမ့်စိမ့်တွေးပြီး တခစ်ခစ်ရယ်ရတဲ့ အသော့အထေ့လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာအုပ်တွေပါပဲ။
#မင်းလူ
#အသပြာလုလင်
#ယမကာလုလင်

image
3 w - Translate

တကယ်ရောင်းသင့်တာ 🫠
.
Apple TV+ က Severance Series က တလောကမှ Season 2 အဆုံးသတ်သွားတာဖြစ်ပါတယ်။ ဒီ Severance Series က Apple ဘက်ကနေ Season 2 မစခင်ထဲ တခြား Apple TV+ Show တွေထက် ပိုပြီး Promotion တွေလုပ်ခဲ့သလို အခုလည်း ထပ်ပြီး ထူးထူးခြားခြား Promote လုပ်နေပြန်ပါပြီ။​
ဒါကတော့ Apple Website ထဲက Mac တွေရဲ့ နေရာမှာ Severance Series ထဲက LUMON ကုမ္ပဏီက Micro Data Refinement လုပ်တဲ့နေရာမှာ သုံးရတဲ့ Terminal Pro ကွန်ပျူတာကို ထည့်ပြီး ပြသထားတာဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုမကောင်းတာက ဒီ Lumon Terminal Pro ကို ဝယ်နိုင်မှာတော့မဟုတ်ပဲ Apple ကနေ Severance Series ကို Series အကုန်လုံးကို Mac mini | iMac နဲ့ MacBook Pro တွေကိုပဲ သုံးပြီး ဘယ်လိုရိုက်၊ ဘယ်လို Edit လုပ်ထားတယ်ဆိုတဲ့ Video ကိုပဲ ကြည့်လို့ရပါမယ်။
Severance Series က Apple TV+ ရဲ့ အကောင်းဆုံး Series တစ်ခုလို့ပြောလို့ရတယ်၊​ Concept ကအစ ကွဲထွက်ပြီး ပြင်ပဘဝနဲ့ အလုပ်ထဲကဘဝကို မဆက်စပ်မိတော့တဲ့အထိ ခွဲခြားထားတဲ့ Work/Life Balance ကို ရည်ရွယ်ထားတယ်ဆိုပေမယ့် တစ်ပိုင်းပြီးလေ စိတ်ဝင်စားစရာပိုကောင်းလာလေဖြစ်တဲ့ Series ပါ။
Apple TV+ က Overall Series တွေတော်တော်လေးကောင်းတယ်၊ ဒါပေမယ့် တလောကသတင်းအရဆို Apple က အခုအထိ Apple TV+ နဲ့ ပတ်သက်ပြီး တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံအရှုံးပေါ်နေတုန်းလို့လည်း သိရတယ်။ ဒါကြောင့်ပဲ ပိုကြည့်အောင် အခုလို ကြော်ငြာနေလားတော့ မသိဘူးပေါ့...။​
ဘာပဲဖြစ်ဖြစ် Sci-Fi ပိုင်း စိတ်ဝင်စားရင် Apple TV+ က တော်တော်လေးကောင်းတဲ့ Streaming Service တစ်ခုပါ၊ လောလောဆယ် Mac ဝယ်ရင် Apple TV+ ကို ၃ လ Free ကြည့်လို့ရအောင်လည်း Promotion လုပ်နေတယ်ဆိုတော့ Severance လို Series တွေက ကြည့်ကြည့်သင့်ပါတယ်။ ကြည့်ပြီးရင်လည်း Season 2 Ending က Mark လုပ်ရပ်မှန်လား ငြင်းကြတာပေါ့

image
3 w - Translate

လောကမှာ အကောင်းဆုံး လက်စားချေနည်းဟာ အောင်မြင်အောင် ကြိုးစားခြင်းပဲ ။
လူဆိုတာ မိမိကိုယ်ကိုယ် ချစ်ရမယ် ။
တိုးတက်လိုစိတ် ရှိရမယ် ။
ဘယ်အရာမဆို မခံချင်စိတ်ထားရမယ် ။
တစ်ပါးသူက ကိုယ့်အပေါ်မှာ နိမ့်ချခဲ့သမျှကို
အကောင်းဆုံး ပြန်လည်တုံ့ပြန်လိုရင်
သူတို့ထက်သာအောင် ကြိုးစားပြလိုက်ပါ ။
ဘဝမှာ အောင်မြင်အောင် ကြိုးစားပြီး
အကောင်းဆုံး လက်စားချေတတ်ကြပါစေ ။
#တန်ဖိုးရှိစွာနေထိုင်ပါ #တိမ်သွေးအိမ်

image
3 w - Translate

A federal judge is blocking the dismantling of the Consumer Financial Protection Bureau, finding the Trump administration acted "completely in violation of law" when it attempted to shutter the organization.

https://abcnews.go.com/Politic....s/judge-blocks-disma

image
3 w - Translate

ဒီပုံမှာမြင်နေရတာက 5 ⭐️ ဟော်တယ်တစ်ခုမဟုတ်ပါဘူး။ နော်ဝေးနိုင်ငံရဲ့ထောင်ပါ။နော်ဝေးနိုင်ငံရဲ့ ထောင်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ လူသားအဆန်ဆုံးဖြစ်ပါတယ်။
ထောင်ထဲမှာ တက္ကသိုလ်ဘွဲ့ရယူခြင်းအပါအဝင် ပညာရေးနဲ့သက်ဆိုင်တဲ့ သင်တန်းတွေ တက်နိုင်ပါတယ်။ အလုပ်ရုံတွေမှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်းတွေ၊ တည်ဆောက်ရေး၊ ချည်ထည်လုပ်ငန်းတွေ၊ သစ်တောထိန်းသိမ်းမှုစတာတွေမှာ အလုပ်လဲလုပ်နိုင်ပါတယ်။
ဒါတင်မကသေးပါဘူး.. ထောင်ထဲမှာ Gym ၊ ဘောလုံးကွင်း၊ ဘတ်စကက်ဘောကွင်းတွေလဲရှိပါတယ်။ ဂီတ၊ ပန်းချီ၊ လက်မှုပညာ၊ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်း စတာတွေလုပ်နိုင်ပါတယ်။
ကျန်းမာရေးအတွက်လဲ ဘာမှစိတ်မပူရသလို စိတ်ပိုင်းဆိုင်ရာ ကုသမှု၊ စိတ်ဝေဒနာ လျှော့ချရေး သင်တန်းတွေ၊ ပြန်လည်လူမှုထဲမှာ ရောစပ်နိုင်ရေး သင်တန်းတွေ တက်နိုင်ပါတယ်။ မိသားစုတွေနဲ့ တွေ့နိုင်သလို၊ တချို့ထောင်တွေမှာတော့ မိသားစုနဲ့အတူ တည်းခိုခန်းတွေမှာ တည်းခိုခွင့်ရှိပါသေးတယ်။

image
3 w - Translate

More than 1,000 people are dead following a powerful 7.7 magnitude earthquake in Myanmar, according to the latest official death toll released by the military government and cited by The Associated Press.

Follow live updates: https://abcnews.visitlink.me/ShOdak

image
3 w - Translate

ကမ္ဘာ့သမိုင်းမှာ ဈေးအကြီးဆုံး နွားတစ်ကောင်အဖြစ် မှတ်တမ်းတင်ထားတာကတော့ ၂၀၁၉ ခုနှစ်မှာ ဩစတြေးလျမှာ ရောင်းချခဲ့တဲ့ Wagyu ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ နွားမျိုးစိတ်ပါ တစ်ကောင်ဖြစ်ပါတယ်။
ဒီ Wagyu နွားကို အမေရိကန်ဒေါ်လာ ၂၈၀,၀၀၀ လောက် (မြန်မာငွေသိန်းပေါင်း ၁၂၆၀၀ ) နဲ့ လေလံတင်ရောင်းခဲ့တာပါ။ ဒီနွားဟာ မျိုးရိုးဗီဇအရ အလွန်ရှားပါးပြီး အသားအရည်အသွေးအတွက် ထိပ်တန်းအဆင့်ရထားတဲ့ နွားဖြစ်ပါတယ်။
ဒီနွားတွေဟာ ၎င်းတို့ရဲ့ အသားအရည်အသွေးကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးပါတယ်။ အထူးသဖြင့် **Kobe Beef** လို့ခေါ်တဲ့ Wagyu နွားမျိုးက ဈေးအကြီးဆုံးတွေထဲက တစ်မျိုးဖြစ်ပါတယ်။
Wagyu နွားတွေဟာ မျိုးရိုးဗီဇအရ အဆီဓာတ်ကို အသားထဲမှာ သေးငယ်တဲ့ အစက်လေးတွေအဖြစ် (marbling) ပါဝင်ပြီး၊ ဒါက အသားကို နူးညံ့၊ အရသာရှိပြီး ထူးခြားတဲ့ texture ဖြစ်စေပါတယ်။
Wagyu နွားတစ်ကောင်ရဲ့ ဈေးနှုန်းက အမျိုးအစား၊ မွေးမြူမှုပုံစံ၊ အသက်နဲ့ အသားအရည်အသွေးပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ၊ Kobe Beef ရဲ့ စျေးကွက်မှာ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၅၀၀ ကနေ ၁,၀၀၀ အထိ (မြန်မာငွေ ၄၅ သိန်း ကျော်လောက်) ရှိနိုင်ပါတယ်။ တစ်ကောင်လုံးဆိုရင် အလေးချိန် ၅၀၀-၆၀၀ ကီလိုရှိတဲ့ နွားတစ်ကောင်ကို ဒေါ်လာ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ (မြန်မာငွေ သိန်းပေါင်း ၁၃၅၀ ကနေ ၂၂၅၀ ကျော်လောက်) အထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် လေလံပွဲတွေ ဒါမှမဟုတ် အထူးမွေးမြူထားတဲ့ နွားတွေဆိုရင် ဒီထက်တောင် ပိုကြီးတဲ့ ဈေးနှုန်းတွေ ရှိတတ်ပါသေးတယ်။
ဘာကြောင့် ဒီနွားတွေက ဈေးကြီးတာလဲ?
Wagyu နွားတွေကို အထူးဂရုစိုက်ပြီး မွေးမြူရပါတယ်။ အချို့ဒေသမှာ သူတို့ကို ဘီယာ ဒါမှမဟုတ် ဆာကေး (ဂျပန်အရက်) တိုက်တာ၊ နှိပ်နယ်ပေးတာ၊ အရည်အသွေးမြင့် အစာတွေ (ဥပမာ၊ အဆီဓာတ်မြင့်တဲ့ ပြောင်းဆန်) ကျွေးတာမျိုးတွေ လုပ်ပါတယ်။ ဒီလိုလုပ်တာက အသားရဲ့ marbling ကို ပိုကောင်းစေပါတယ်။
သာမန်နွားတွေကို ၁၈-၂၄ လလောက် မွေးပြီး ရောင်းပေမယ့် Wagyu နွားတွေကို ၃၀ လ ဒါမှမဟုတ် ဒီထက်ပိုမွေးမြူရတာမျိုး ရှိပါတယ်။
Kobe Beef လို အမျိုးစိတ်တွေက တစ်နှစ်ကို အကန့်အသတ်နဲ့ပဲ ထုတ်လုပ်တာမို့ ဝယ်လိုအားများပြီး ဈေးတက်ပါတယ်။ တစ်နှစ်ကို Kobe Beef အဖြစ် အသိအမှတ်ပြုခံရတဲ့ နွားက ၃,၀၀၀ လောက်ပဲ ရှိပါတယ်။
ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး နွားဆိုရင် Wagyu၊ အထူးသဖြင့် Kobe Beef ထုတ်တဲ့ နွားတွေကို ဥပမာပြရမှာပါ။ ဒါပေမယ့် တကယ့်တစ်ကောင်ချင်းဈေးနှုန်းကတော့ လေလံပွဲတွေ၊ မျိုးရိုးဗီဇ၊ ဒါမှမဟုတ် ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ Wagyu နွားတွေဟာ ဈေးကြီးတာရော၊ အရသာထူးခြားတာရောကြောင့် ကမ္ဘာ့ထိပ်တန်း အရသာ စားချင်သူတွေရဲ့ အိပ်မက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။

image
3 w - Translate

တောင်ကိုရီးယားက မြန်မာကို ဒေါ်လာ ၂ သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်မည်
မတ် ၂၉၊ ဆိုးလ် / The Korea Herald
တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေထံ အဆိုပါ အကူအညီတွေ ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်ကူညီဖို့ နိုင်ငံတကာအဖွဲ့အစည်းကတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဒေါ်လာ ၂ သန်းလောက် ပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်ရင် ထပ်လောင်းအကူအညီတွေကို ပေးအပ်နိုင်ရေး ပြန်လည်သုံးသပ်သွားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
သောကြာနေ့က ရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုနဲ့ ၆.၄ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှာ လှုပ်ခတ်သွားခဲ့ရာ လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံခြားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိမှာ ငလျင်ဒဏ်သင့် နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိပြီး အေ-သအပျောက်ဦးရေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။

image
3 w - Translate

Take Me Home (2016)

သူငယ်ချင်းတယောက် က  Crushကို မြင်ရင် ရင်တအားခုန်တယ်ဆိုလို့ ဒီသရဲကားပြပီး ငြင်းခဲ့ရသေးတယ်... ဒီတခါတော့ မင်းသားချောလေး Mario ရဲ့ သရဲကားလေးနဲ့ မိတ်ဆက်ပေးပြစေ..2016 ထွက်တာဆိုတော့ ကြာတော့ကြာနေပေမဲ့ မကြည့်ရသေးတဲ့သူတွေအဖို့ ကြည့်သင့်တဲ့ ကားလေးပါနော်ဇာတ်လမ်းအစမှာ တန်က accident တခုကြောင့် အတိတ်မေ့နေတဲ့ ကောင်လေးတယောက် သူ့နာမည်အပြည့်အစုံကိုတောင်မမှတ်မိပါဘူးသူ့နာမည် တန် ဆိုတာကလွဲရင် သူဘယ်ကလာလဲ.သူ့မိသားစုကဘယ်သူတွေလဲဆိုတာ ဘာမှမမှတ်မိဘူးသူ့မိသားစုကိုသူလိုက်ရှာခဲ့တယ်တစ်ခုခုက တန့်ကို သူ့မိသားစုဆီကို လမ်းညွှန်ခဲ့တဲ့အတွက် မိသားစုနြဲ့့ပန်တွေ့ခဲ့ရတယ်ဒီလိုနဲ့ သူဘာတွေဖြစ်ခဲ့တာလဲဆိုတာရယ် သူ့မိသားစုရဲ့အကြောင်းတွေကို သိဖို့ကြိုးစားရင်း တဖြေးဖြေးနဲ့ကြောက်မက်ဖွက်အဖြစ်အပျက်တွေနဲ့ သူ့မိသားစုရဲ့ လျို့ဝှက်ချက်တွေကို သိခွင့်ရတဲ့အခါဘာတွေဆက်ဖြစ်မယ်ဆိုတာ။

image
3 w - Translate

New Gods: Yang Jian ( 2022 )

ဒီနေ့မှာဆိုရင် ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ
ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး
တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင်
တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့
《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ
မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့
《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို
ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့
ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ –
“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”
❐ ဘာတွေဆက်ဖြစ်ကြမှာလဲ
❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ
❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလားဆိုတာ
စိတ်ဝင်တစားကြည့်ရှုရမဲ့ တရုတ်ကာတွန်းဇာတ်ကား
ကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ရှင် အခုပဲကြည့်ရှုလိုက်ရအောင်လားနော်
 
ဇာတ်ကားလင့်
https://t.me/c/2188357916/422

Channel Join ရန်လင့်
https://t.me/+AvGMyMPOuQMyMzNl

image