3 ပတ် - ဘာသာပြန်ပါ။

ငလျင်ဘေးကြောင့် ထိခိုက်မှုများအား ကူညီရန် ယူနန်မှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ နိုင်ငံဖြတ်ကျော်ပြီး မြန်မာနိုင်ငံ ရောက်ရှိ
တရုတ်နိုင်ငံ ယူနန်မှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ နိုင်ငံဖြတ်ကျော်ပြီး မြန်မာနိုင်ငံ၏ ငလျင်ဘေးကြောင့် ထိခိုက်မှုများအား ကူညီရန်ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် အတွေ့အကြုံများသော၊ ကျွမ်းကျင်းအရည်အချင်းရှိသော Blue Sky Rescue (ယူနန်) အဖွဲ့ဝင် (၁၆) ဦး ပါဝင်ပြီး ယနေ့ မတ်လ (၂၉) ရက် နံနက် (၉)နာရီခွဲတွင် ယူနန်ပြည်နယ် ရွှေလီနယ်စပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံ မူဆယ်မြို့သို့ ရောက်ရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၎င်းကယ်ဆယ်ရေးအဖွဲ့တွင် PPE အကာအကွယ်ပစ္စည်း၊ ဆေးဘက်ဆိုင်ရာအရေးပေါ်အထုပ်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီး မီးပေးနိုင်သော ကိရိယာ၊ မြို့ပြ ငလျင်ကယ်ဆယ်ရေးသုံး ကိရိယာများ (အဆောက်အဦဖြိုဖျက်ရေးကိရိယာများ) စသည့် ပစ္စည်းများကို ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ယူဆောင်လာကြကြောင်း သိရသည်။
ယမန်နေ့ မတ်(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ရ ဒသမ ရ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာများကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားသည်။
အဆိုပါ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

image
image
image
image
image
3 ပတ် - ဘာသာပြန်ပါ။

မတ်လ (၂၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
3 ပတ် - ဘာသာပြန်ပါ။

စာအုပ်တစ်အုပ် ဖတ်ပြီးသွားတဲ့အခါ........
စာအုပ်တစ်ဖတ်ပြီးသွားရင် ဇာတ်လမ်းကြိုက်ပြီး လွမ်းမောတသနေတတ်တာ အမြဲလိုလိုဖြစ်နေကြ ကိုယ့်ဒုက္ခ ။
ဒီစာအုပ်မှ အဆန်းကြီး စာအုပ်ဖတ်ပြီး စာရေးဆရာကို
အသဲအသန် သိချင်နေမိတာ ။ စာရာရေးဆရာနာမည်ကလည်း မြင်နေကြတွေ့ကြ နာမည်မဟုတ် ပါပီယွန်တဲ့ ။
သူ့စာအုပ် နှစ်အုပ်ရှိပြီ ဖတ်ဖြစ်တာ အရင်ဆုံး ဖတ်ဖြစ်တဲ့ စာအုပ်က ''ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင် ဝက်ဝံရုပ်အကျိုးအပဲ့လေး'' အဲစာအုပ်က ဆရာပါပီရဲ့ ဒီဇင်ဘာမှာ ထွက်ထားတဲ့ စာအုပ် အရမ်းကောင်းပါတယ် ။
ထူးခြားတဲ့ရေးဟန်က ဇာတ်တစ်ခုလုံးကို သယ်သွားလိုက်တာ လှိုင်းစီးရသလိုပဲ ရင်ထဲမှာ ကြောက်လန့်မောဟိုက်လို့ အရမ်းအရေးကောင်းပါတယ် ။ စာကြောင်းတွေက ရိုးရှင်းပြီး ဇာတ်လမ်းဆင်ထားတာက ဆန်းပြားပါတယ် ။ ကြုံတဲ့အခါဖတ်ကြည့်ပါ ။ ရိုးအီနေတဲ့ ရသစာပေထဲက ဆန်းပြားတဲ့ တင်ဆက်ပုံကို တွေ့ရပါလိမ့်မယ် ။
အခု ကိုယ်ဖတ်တဲ့စာအုပ်က ဆရာပါပီယွန်ရဲ့ ''ပယ်ရီ ပယ်ရီ ချစ်ကန်း''ပါ ။ ဝယ်ပြီး လအတော်ကြာ မဖတ်ဖြစ်ခဲ့ဘူး ။ အခုရက် ဖတ်ကြည့်တော့ ထူးခြားတဲ့ သူ့ဘဝနဲ့ သူ့စာရေးဟန်ကြောင့် ဝတ္တုတိုတွေက တမျိူး ဖတ်ကောင်းနေပြန်တယ် ။ ဖတ်ရင်း ဒီစာရေးဆရာက ဘယ်လိုလူလဲ ၊ ဘယ်လိုပုံစံလည်း ၊ သိချင်လာမိပါတယ် ။ (ကိုယ့်အတွက်တော့ ဝတ္တုတို စာအုပ်သာဆိုတယ် လုံးဝလက်ကမချနိုင်အောင် ဆွဲဆောင်နိုင်ပါတယ် ။
စိတ်ပင်ပန်းရခြင်းတွေကို ပါပီဒေါင်းတို့ ဝံပုလွေပါပီတို့နဲ့ လက်နက်ဆွဲကိုင် တော်လှန်လိုက်တာ ကိုယ်မှာ '' ဆရာပါပီယွန် '' ကို သိချင်တဲ့ရောဂါနှင့် တခြားသူတွေပါ ဖတ်စေချင်တဲ့ရောဂါပါ တိုးသွားရော ။
9.4.2020
Phyo Wai Mon Soe 1960
#ပါပီယွန် #ပယ်ရီပယ်ရီချစ်ကန်း

image

မပျော်တော့ပါ😌

image
3 ပတ် - ဘာသာပြန်ပါ။

“ဒေဗာရာ”

ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့
တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊
ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့
ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို
လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့
ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။
ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။
သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။
ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။
အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။
ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။

#crd
#storymode

image
3 ပတ် - ဘာသာပြန်ပါ။

Utah became the first state to prohibit flying LGBTQ+ pride flags at schools and all government buildings after Republican Gov. Spencer Cox announced he was allowing a ban on unsanctioned flag displays to become law without his signature.

Starting May 7, state or local government buildings will be fined $500 a day for flying any flag other than the United States flag, the Utah state flag, military flags or a short list of others approved by lawmakers.

Read more: https://abcnews.visitlink.me/W-UoiA

image
3 ပတ် - ဘာသာပြန်ပါ။

Night at the Museum: Kahmunrah Rises Again (2022)

သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့
ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး
လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။
၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက
၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့
နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။
၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ
အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့
တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။
ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့
လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။
ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန်
နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက်
တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။
တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး
ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့
ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။
ဒါကိုအဖေဖြစ်သူလာရီက ပြတိုက်ညစောင့်လုပ်ဖို့ သူ့ကိုတိုက်တွန်းလာတဲ့အခါ…
ညစောင့်အလုပ်စတဲ့ပထမညရဲ့ အရေးအကြီးဆုံးတာဝန်က
မြေအောက်ခန်းကိုဆင်းပြီး ကုန်တင်ကုန်ချတံခါးကို သော့ခတ်ရမှာပေမဲ့
မြေအောက်ခန်းကိုကြောက်နေတဲ့နစ်ခ်တစ်ယောက် ထုံးစံအတိုင်း လွဲဖြစ်အောင်လွဲရင်းနဲ့
အဖေ့ရဲ့ရန်သူတော်ကြီး ခါမူရာလွတ်သွားအောင် လုပ်မိတဲ့အခါမှာတော့…
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်နေတဲ့ teenage crisisနဲ့ နစ်ခ်တစ်ယောက်
ပြတိုက်ထဲကဗရုတ်တစ်သိုက်နဲ့အတူ ခါမူရာကိုတစ်ကျော့ပြန် ပြန်လည်ရင်ဆိုင်လို့ ကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလားဆိုတာ
အားလုံးအတူတူကြည့်ရှုရင်း ရယ်မောခြင်းနဲ့ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/194

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
3 ပတ် - ဘာသာပြန်ပါ။

နတ်ဆိုးကြီးအား လုပ်ကျွေးပြုစုဖို့အတွက် ငရဲဘုံသို့ သွေးဆောင်ခံရသော မိန်းကလေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Silent Hill Revelation (မြန်မာစာတန်းထိုး)

၁၉၉၉ ကထုတ်ထားတဲ့ Silent Hill ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ ဒီဇာတ်ကားကို တော်တော်လေးကောင်းတယ်လို့ထင်ပါတယ်။ Horror ဆိုတာထက် Mystery, Thriller ဖြစ်တယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Da Silver လင်မယားက ကောင်မလေးတစ်ယောက်ကို မွေးစားထားပါတယ်။ သူတို့ရဲ့ မွေးစားသမီးလေးကို သမီးအရင်းလေးလိုပဲချစ်ကြပါတယ်။ ကောင်မလေးက အိပ်ရင်းလမ်းလျှောက်ပြီးတော့ ဆိတ်ငြိမ်တောင်ကုန်းဆိုတဲ့နေရာက သူ့ကို ဆွဲခေါ်နေသလိုဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ အဲဒီအချိန်မှာ အမေလုပ်သူက သမီးဖြစ်သူ နေကောင်းလာဖို့အတွက် ဆိတ်ငြိမ်တောင်ကုန်းကို ခေါ်သွားပါတော့တယ်။ သူတို့အဲဒီကိုရောက်တဲ့အချိန်မှာ ဘာတွေဖြစ်မလဲ။ ဘာဖြစ်လို့ ဒီကောင်မလေးကို ဒီနေရာက ခေါ်နေရတာလဲ။ ဆိတ်ငြိမ်တောင်ကုန်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဇာတ်လမ်းမှာကြည့်လိုက်ပါတော့…

image
3 ပတ် - ဘာသာပြန်ပါ။

ငါးတွေကိုမသတ်ဘဲ ဟင်းချက်ပြမယ့် တရုတ်စားဖိုမှူး

➪➪➪➪➪➪➪➪➪➪➪➪➪➪

Kung Fu chef (2009)

ဒီကားကဟင်းချက်နည်းစနစ်တွေ အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်နာမည်အတိုင်း ဟင်းချက်တာကိုသူတို့ ရိုးရာကွန်ဖြူးပညာရပ်နဲ့ ပေါင်းစပ်ချက်ပါထားတာ
တော့နည်းနည်းဆန်းနေပါလိမ့်မယ်။ ရိုးရာချက်
ပြုတ်နည်းကိုဘဲ သုံးစွဲရိုက်ပြထားပါတယ်။
ဟင်းချက်တာကလွယ်တဲ့ ကိစ္စမဟုတ်ဘဲ
တကယ့် မှော်ဆန်တဲ့ ပညာရပ်တစ်ခု ဖြစ်ပြီး
ဓားကိုင်တဲ့ လက်အနေအထားကအစ
ချက်ပြုတ်တဲ့ သူ ကိုယ်အနေအထား စိတ်
အနေအထားကိုပါလိုက်ပြီး ကိုယ်ချက်ပြုတ်လိုက်
တဲ့ ပါလိုက်ပြောင်းသွားတဲ့ ဆန်းကြယ်
တဲ့ ပညာရပ်ဆိုတာ လေ့လာမိခဲ့ရပါတယ်။အဲ့
ဒါကြောင့်ထင်ပါတယ် ချက်ပြုတ်နည်းချင်း
အတူတူတောင် စိတ်ပျော်ရွှင်နေတဲ့ သူချက်တာနဲ့ ဒေသထွက်နေတဲ့သူချက်တာအရသာကွာတယ်လို့ သတိထားမိပါတယ်။ဟင်းချက် နည်းတွေကသာမန် ချက်ပြုတ်
တဲ့ပုံစံမျိုးမဟုတ်ဘဲ ဆရာကြီးအဆင့်
ချက်ပြုတ် နည်းတွေအကြောင်းကိုရိုက်ကူးထားပါတယ်။

image
3 ပတ် - ဘာသာပြန်ပါ။

လာမယ့် July လထဲမှာထွက်ရှိမယ့် Dr. STONE SCIENCE FUTURE Part 2

ဒီ Final Season ကတော့ Part 3 ခုလာမှာမို ဒီ Part 2 နောက်မှာ နောက် Part တစ်ခုကျန်ပါသေးတယ်။

image