ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
" BTK Ban ခံရတဲ့ကိစ္စမှာလည် Rule နဲ့မညီတာက MLBB Moonton ကိုယ်တိုင်ဖြစ်နေပါတယ် "
Moonton ရဲ့ NACT RuleBook အသက်၀င်တာက NACT Spring ကာလဖြစ်တဲ့ May 9 ရက်နေ့ကနေ May 18 ရက်နေအထိဖြစ်ပါတယ်။
Moonton ရဲ့ MSC Rulebook အသက်စ၀င်မဲ့နေ့က လာမဲ့နောက်လ July 10 ရက်နေ့မှစအသက်၀င်မှာဖြစ်ပါတယ်။
June 27 - 28 မှာ HOK ရဲ့ 48 Hours Streaming Challenge မှာ Hoon နဲ့ Mobazane ကပါ၀င်ခဲ့ပါတယ်။ NACT , MSC Rule ရဲ Date နဲ့ညှိနေခဲ့တာမျိုးမရှိခဲ့ပါဖူး၊ MLBB ဆီကနေဘာ၀င်ငွေမှမရှိတဲ့ NACT Regions မှာရပ်တည်ဖို့အတွက် Streaming လုပ်ခဲ့ရတာပါ။ နောက်ပြီးဒါကသူတို့ရဲလွှတ်လပ်ခွင့်ပါပဲ။ MLBB ရဲ့ Tournament စည်းကမ်းကိုချိုးဖောက်ခဲ့တာမျိုးလည်မရှိပါဖူး။
လက်ရှိမှာ EWC MSC ပါ၀င်ထားတဲ့ဘယ်အသင်းကမှ Rule အသက်မ၀င်ခင်မှာ BTK ကို Moonton က အတင်းအဓ္ဓမ NACT , MSC Rule ကိုပြပြီး Mobazane နဲ့ Hoon တို့ကို Ban ခဲ့တာပဲဖြစ်ပါတယ်။
ကိုယ်ကြိုက်တာကိုယ်လုပ်ခွင့်ဆိုတာလူတိုင်းမှာရှိပါတယ်၊စည်းနဲ့ကမ်းနဲ့တော့လုပ်ရမှာပေါ့ဗျာ။ လက်ရှိအခြေအနေအရ Hoon နဲ့ Mobazane တို့ကစည်းနဲ့ကမ်းနဲ့လုပ်ခဲ့တာဖြစ်ပြီးတော့ တကယ့် Professional နဲ့ Personal မခွဲခြားခဲ့တာကတော့ Moonton ကိုယ်တိုင်ပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ NACT Regions မှာ MLBB ကပျောက်ကွယ်ဖိုအလားအလာများနေပါပြီး။
To be honest NACT Regions ကဆော့တဲ့သူနည်းပေမဲ့ ဆော့တဲ့သူအများစုကချမ်းသာကြတဲ့အတွက် Moonton အနေနဲ့ USD Income ကို NACT ကနေရရှိနေတာမလို့ အကယ်၍ NACT မှာသာ MLBB ကပျောက်ကွယ်သွားခဲ့ရင် သက်ရောက်မှုတော့ရှိပါတယ်။
အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်ပြတိုက်သို လာရောက်သူများ လိုက်နာရမည့်အချက်ထုတ်ပြန်
လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် အာဇာနည်နေ့အတွက် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက် ကြမည့်သူများအနေနဲ့ Drone ယာဉ်များအပြင် အခြားသယ်ဆောင်ခွင့်မပြုသည့် ပစ္စည်း(၁၀)မျိုးစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။
အဆိုပါနေရာများသို့ လာရောက်ကြမည့် ပြည်သူများအနေနဲ့ Drone ယာဉ်များယူဆောင်လာခြင်း၊ လွှတ်တင်ခြင်းများမပြုလုပ်ရန်နှင့် လက်ကိုင်ဖုန်း၊ အလံ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း/ဗူး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်၊ သံပိုက်များနှင့် ဘောလ်ပင် စသည့်ပစ္စည်းအမျိုးမျိုးတို့အားယူဆောင်၍ ဝင်ရောက် ခွင့်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လာရောက်သူများအနေနဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း နံပါတ်စတဲ့ အချက်များကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်)ဝန်ထမ်းကတ်(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်တဲ့ အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။
လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ နှာခေါင်းစည်း(Mask)များမပျက်မကွက် စနစ်တကျတပ်ရန်နှင့် သတ်မှတ် ထားတဲ့ နေရာမှာလက်ဆေး၍ Hand Sanitizer အသုံးပြုပြီးမှ ဝင်ရောက်ရန်နှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစတဲ့ ရောဂါလက္ခဏာများဖြစ်ပွား နေပါက လုံးဝလာရောက်ခြင်းမပြုကြရန်လည်း မေတ္တာရပ်ခံ ထားပါတယ်။
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို ရေပေးဝေနိုင်ရေး စီမံကိန်းများစီစဉ်ရေးဆွဲ
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာတွင် ရေပေးဝေရေးလုပ်ငန်း ၁၄ ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါစီမံချက်မှာ ရေတိမ်သောအဝီစိတွင်းများနှင့် လက်ရေ တွင်းများတည်ဆောက်ခြင်း၊ ရေကန်တူးဖော်ခြင်း၊ ပိုက်လိုင်းများ တပ်ဆင်ခြင်းနှင့် စိမ့်စမ်းရေထုတ်စနစ်များ ပါဝင် ပါတယ်။
အခုကြိုးပမ်းမှုများက ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီ မှာ ရေပြတ်လပ်မှုမှ ကာကွယ်ရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အခုစီမံကိန်းက တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၂,၃၅၉ စုမှ လူ ၁၀,၈၀၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရပါတယ်။
PX-7 နဲ J3X ကို နောက်ရက်ကြ Ai Esports က Welcome Bot ဆိုပြီမကြာခင်တင်တော့မှာမြင်ယောင်နေတယ်။
Night ကတော့ Ai ကိုပြန်၀င်လာထဲက Talents အနေနဲပြန်၀င်လာတာဆိုတော့ Night ထွက်သွာတာကအရမ်းတော့ကိစ္စကြီးမနေဖူ Ai Esports Rumors ဆိုတော့သီသင့်တယ်ထင်လို့တင်လိုက်တာ။
Ai Esports ကတကယ်လိုအပ်နေတာကို Hiccup ကိုအနောက်ကနေ Analysis Coach အနေနဲကူညီပေးမဲ့သူမျိုးပဲ ၊ နောက်ပြီး Backup Plan အနေနဲ့ Paladins က Ai Esports ရဲအသင်းခွဲဆိုတော့ ဘယ်လိုတွေရှေဆက်မြင်ရမလဲတော့စိတ်၀င်စားတယ်။
MLBB လောကမှာ Caster Zyzy က၀င်ငွေအမျာဆုံးထင်ခဲ့တာ Zyzy ထက်များတဲ့သူရှိနေတာပဲ
Onic Indonesia ရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ Kairi က Salary အပြင် အခြာကြော်ညာတွေကနေရရှိနေတဲ့ Income ကတစ်လကို Php Peso 2 Millions / USD 35600 ကျော်ရှိပါတယ်။ လက်ရှိမြန်မာငွေပေါက်ဈေးနဲ့ဆိုရင် သိန်း ၁၄၀၀ ကျော်၀င်နေတာပဲဖြစ်ပါတယ်။
Kairi ဟာ Indonesia မှာနာမည်ကျော်ကြာတဲ့ Gamer တစ်ယောက်တင်မဟုတ်ပဲနဲ့ တစ်နိုင်ငံလုံမှာထောင်ထာတဲ့ Billboard ကြော်ညာတွေမှာပါနေရာယူထာတဲ့သူမလို့ ၀င်ငွေကောင်းနေတာလည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကိုဇေ Caster Zyzy ထက် Kairi ရဲ့တစ်လ၀င်ငွေကအနည်ငယ် များနေတာကိုတွေရမှာပဲဖြစ်ပါတယ်။
" တစ်သင်းလုံပြောင်းကုန်တာဆိုတော့ Zino ကလူအသစ်တွေနဲပြန်လာမှာလာ Disband သွားပြီးလာ 😦 "
NEC ရဲ့ Shooting ကနေ Leak ထွက်လာတဲ့ပုံအရ Kafu က Raion Esports မှာပါ၀င်နေပါတယ်။ ကျန်တဲ့လူတွေကတော့ Zino Esports ရဲ့ Line Up ကလူတွေပါ။ ဆိုတော့ Zino Esports ကထွက်သွာတော့မှာလာ ပြန်လာနိုင်ချေရှိသေလားဆိုတာစောင့်ကြည်ရပါအုံးမယ်။
အင်ဒိုနီးရှား ဘာလီကျွန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်လို့ လေးယောက်သေပြီး ၃၀ ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူလေးယောက်ထက်မနည်းသေဆုံးပြီး အယောက် ၃၀ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
ဂျာဗားကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ ဘန်ယူဝမ်ဂီမှ ဘာလီကို ခုတ်မောင်းလာတဲ့ ကူးတို့သင်္ဘောဟာ ဇွန် ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ခရီးသည် ၅၃ ယောက်၊ အမှုထမ်း ၁၂ ယောက်နဲ့ မော်တော်ယာဉ် ၂၂ စီး တင်ဆောင်ထားပါတယ်။
လက်ရှိမှာတော့ အသက်ရှင်ကျန်ရစ်သူ ၃၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်တင်ထားနိုင်ခဲ့ပြီး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
သင်္ဘောမနစ်မြုပ်မီတွင် အင်ဂျင်ပြဿနာရှိကြောင်း သင်္ဘောကုမ္ပဏီက သတင်းဌာနတွေကို ပြောပါတယ်။ ဂျာဗားကျွန်းနဲ့ ဘာလီအကြားရှိ ရေလမ်းကြောင်းဟာ ဒေသခံများ မကြာခဏ အသုံးအများဆုံး ရေလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ ကမ်းရိုးတန်းမြို့ ဘန်ယူဝမ်ဂီမှာ နေထိုင်သူတွေဖြစ်ပြီး အခြားသူတွေကတော့ ဂျာဗားကုန်းတွင်းပိုင်းက လာရောက်သူတွေဖြစ်ပါတယ်။ နိုင်ငံခြားသားတွေတော့ သင်္ဘောမှာ မပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုကတော့ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို အရေးပေါ်တုံ့ပြန်မှုတွေကို အရေးပေါ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေ လိုက်နာမှု အားနည်းမှုနဲ့အတူ ရေကြောင်းမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ မတ်လအတွင်းကလည်း ဘာလီကျွန်းမှာ လူ ၁၆ ဦးလိုက်ပါတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် ဩစတြေးလျအမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။