ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Gas prices are hovering near their lowest summer level in four years as millions of people ready themselves to hit the roads over the Fourth of July holiday weekend.
https://abcnews.go.com/Busines....s/gas-prices-lowest-
MESL က ဦးဆောင်ကျင်းပပြီး SEA Game ကို သွားရောက်ယှဥ်ပြိုင်ရမယ့် လက်ရွေးစဥ်တွေကို ရွေးချယ်ပေးမယ့် National Esports Championship - NEC ရဲ့ Open Qualifier ပွဲစဥ်တွေဟာ ယခုလ ၂၁ ရက်နေ့မှာစတင်ပါမယ်။ MESL Pro Series Season 2 ရဲ့ Top 5 အသင်းတွေ ဖြစ်တဲ့ Zino ၊ Falcon ၊ Blackthorn ၊ Mega Myanmar နဲ့ Newborns တို့က Dircet Invited Slot ကို ရရှိထားပါတယ်။ ထူးခြားချက်အနေနဲ့ ဒီပြိုင်ပွဲမှာ MSL ရဲ့ Top 4 တစ်သင်းမှ ပါဝင်နေခြင်းမရှိသေးပါဘူး။ မကြာသေးခင်က Ai Night ပြောထားပုံအရ Ai Esports ဟာ NEC ကို ဝင်ရောက်ယှဥ်ပြိုင်ဖို့များနေပါတယ်။ Yangon Galaticos ကလည်း သေချာပေါက် ပြိုင်ဖို့များပါတယ်။ Paladins ကလည်း သူတို့အတွက် အခွင့်အရေးမလို့ လက်လွှတ်ခံမယ်မထင်ပါဘူး။ Mythic Seal ကတော့ ဝင်ရောက်ယှဥ်ပြိုင်ဖို့ရာခိုင်နှုန်းနည်းပါတယ်။ MSC နဲ့ ပွဲချိန်အရမ်း ကပ်နေတာကြောင့်ပါ။ အကယ်၍ Ai Epsorts နဲ့ Yangon Galaticos နှစ်သင်းလုံးသာ ပါဝင်ခဲ့ရင် ဒီပွဲက သူတို့နှစ်သင်းလုံးရဲ့ ပထမဆုံးသော ပြည်ပထွက်ခွာခွင့်အတွက် တိုက်ပွဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။
The Trump administration is sending 200 Marines to Florida to aid federal ICE officers, according to a statement from U.S. Northern Command.
Last month, the Pentagon announced that it planned to send a total of 700 troops to Florida, Louisiana and Texas to help immigration officials with logistical and administration support.
There are already approximately 100 National Guard personnel assigned to the Florida immigration detention center that Trump is calling "Alligator Alcatraz."
Read more: https://abcnews.visitlink.me/IowU-N
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နဲ့ ကွေ့ကျိုးပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေ
ဇွန်လလယ်ပိုင်းကစပြီး ကွေ့ကျိုးပြည်နယ်နဲ့ ဟူနန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ကွေ့ကျိုးပြည်နယ် ချန်တုန်းနန်မြောင်နဲ့ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှာရှိတဲ့ ရုံကျန်း၊ ချုံကျန်း စတဲ့နေရာတွေက ဒေသခံအမြောက်အမြားဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရာပြီး ပျက်ဆီးမှု ကြီးကြီးမားမား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကစလို့ ရုံကျန်းခရိုင်က နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ချွမ်းချောင်းအားကစားရုံဟာလည်း အချိန်ငါးရက်အတွင်း နှစ်ကြိမ် ရေနစ်မြုပ်ခဲ့ရတယ်လို့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။
ဒီတစ်ပတ်အတွင်း ပြင်းထန်တဲ့ ရေကြီးရေလျှံမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေကြီးရေလျှံမှုဒဏ်ခံစားရတဲ့ ကွေ့ကျိုးပြည်နယ်နဲ့ ဟူနန်ပြည်နယ်တွေအတွက် သဘာဝဘေးသက်သာလျော့ပါးရေး အရေးပေါ်ရန်ပုံငွေကနေ ယွမ် သန်း ၁၄၀ သုံးစွဲဖို့ ထပ်မံလျာထားတယ်လို့ သိရပါတယ်။
ထပ်မံလျာထားတဲ့ရန်ပုံငွေဟာ ယခင် ယွမ် သန်း ၁၆၀ ထုတ်ပေးထားပြီးတဲ့နောက် အသစ်ထပ်မံထုတ်ပေးလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီးဌာနကပြောဆိုထားပါတယ်။
ဝန်ကြီးဌာနကထုတ်ပေးထားတဲ့ အရေးပေါ်ရန်ပုံငွေတွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ရေဘေးသင့်သူတွေကို နေရာရွှေ့ပြောင်းရေးအပါအဝင် ယာယီ လူနေထိုင်မှုအကူအညီတွေနဲ့ ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးအတွက် ကနဦးပံ့ပိုးကူညီတာဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးမြိုတရုတ်ကောင်စစ်ဝန်ချုပ်ရုံးဆိုင်ရာ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမည်
လာမယ့် ဇူလိုင်လ ၇ ရက်မှ စတင်၍ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဗီဇာနှင့် ကောင်စစ် ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းအစီအစဉ်အရ ရုံးပိတ်ရက်များမှလွဲ၍ အပတ်စဉ်တိုင်း၏ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့တို့တွင် ရုံးဖွင့်မည်ဖြစ်ပြီး မနက် ၈ နာရီခွဲ မှ နေ့လယ် ၁၁ နာရီခွဲထိ လျှောက်လွှာများ လက်ခံကာ နေ့လယ် ၂ နာရီ မှ ၃ နာရီ အထိ အခကြေးငွေများလက်ခံခြင်းနှင့်သက်ဆိုင်ရာလက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့အတူ နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားသက်သေခံလက်မှတ်များကို တရုတ်ကောင်စစ်ဝန် APP မှတစ်ဆင့် လျှောက်လွှာတင်ပြီး ကြိုတင်စာရင်းသွင်းရမှာဖြစ်သလို ကန့်သတ်ချက်များကြောင့် ကောင်စစ်ဝန်ချုပ်ရုံးသည် ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့ ဇွန်လ ၃၀ ရက်မှစတင်၍ “တရုတ်ဗီဇာအွန်လိုင်းစနစ်” ကို တရားဝင် စတင်အသုံးပြုလျက်ရှိပြီး ဗီဇာလျှောက်ထားလိုပါက သံရုံးရဲ့တရားဝင် ဗီဇာဝက်ဘ် ဆိုက်မှတစ်ဆင့် အွန်လိုင်းမှာ ဖောင်ဖြည့်ကာ လျှောက်လွှာအတွက်လိုအပ်သော စာရွက်စာတမ်းများကိုလည်း အွန်လိုင်းမှ upload လုပ်နိုင်ပြီး သံရုံး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် Email များကိုလည်း သံရုံးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်တယ်လို့ ဇွန်လ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်သက်ရောက် မှုကြောင့် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လက်ခံနိုင်ခြင်းမရှိ သေးတာကြောင့် မန္တလေးမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများပြန်လည်လက်ခံနိုင်ချိန်ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးသွားမယ်လို့ ဧပြီလ ၁၅ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။