MESL က ဦးဆောင်ကျင်းပပြီး SEA Game ကို သွားရောက်ယှဥ်ပြိုင်ရမယ့် လက်ရွေးစဥ်တွေကို ရွေးချယ်ပေးမယ့် National Esports Championship - NEC ရဲ့ Open Qualifier ပွဲစဥ်တွေဟာ ယခုလ ၂၁ ရက်နေ့မှာစတင်ပါမယ်။ MESL Pro Series Season 2 ရဲ့ Top 5 အသင်းတွေ ဖြစ်တဲ့ Zino ၊ Falcon ၊ Blackthorn ၊ Mega Myanmar နဲ့ Newborns တို့က Dircet Invited Slot ကို ရရှိထားပါတယ်။ ထူးခြားချက်အနေနဲ့ ဒီပြိုင်ပွဲမှာ MSL ရဲ့ Top 4 တစ်သင်းမှ ပါဝင်နေခြင်းမရှိသေးပါဘူး။ မကြာသေးခင်က Ai Night ပြောထားပုံအရ Ai Esports ဟာ NEC ကို ဝင်ရောက်ယှဥ်ပြိုင်ဖို့များနေပါတယ်။ Yangon Galaticos ကလည်း သေချာပေါက် ပြိုင်ဖို့များပါတယ်။ Paladins ကလည်း သူတို့အတွက် အခွင့်အရေးမလို့ လက်လွှတ်ခံမယ်မထင်ပါဘူး။ Mythic Seal ကတော့ ဝင်ရောက်ယှဥ်ပြိုင်ဖို့ရာခိုင်နှုန်းနည်းပါတယ်။ MSC နဲ့ ပွဲချိန်အရမ်း ကပ်နေတာကြောင့်ပါ။ အကယ်၍ Ai Epsorts နဲ့ Yangon Galaticos နှစ်သင်းလုံးသာ ပါဝင်ခဲ့ရင် ဒီပွဲက သူတို့နှစ်သင်းလုံးရဲ့ ပထမဆုံးသော ပြည်ပထွက်ခွာခွင့်အတွက် တိုက်ပွဲကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။
