ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထမင်းပေါင်း
***********
အိုးထဲဆီထည့်၍ ဆီဆူလာရင်
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ ထည့်မွှေပီးတာနဲ့
အသား ထည့်မွှေပါ။
အသား ကျက်ရင် အသီး အရွက်များ ထည့်မွှေပါ။
ရွှေလီဆောစ့်ထည့်ပါ။
ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး ထည့်မွှေပါ။
အရည်ပျစ်ချွဲချွဲလေး ဖြစ်လာရင်
ရွှေပဲသီး နဲ့ တရုတ်နံနံထည့်မွှေ
ငုံးဥပြုတ်လေး ထည့်ပြီးရင်တော့
ထမင်းပေါ် လောင်းချပြီး
ထမင်းပေါင်းပူပူလေး သုံးဆောင်နိုင်ပါပြီ။
ဒီရုပ်ရှင်ကို အခုမှ ကြည့်မိတဲ့ ကိုယ့်အတွက်ကတော့ နောက်ကျမှ ကြည့်မိလေခြင်းလို့တောင် ခံစားရစေပါတယ်။Oscar သုံးခုရ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် ဖြစ်ရပ်မှန်ရုပ်ရှင်လည်းဖြစ်တာမလို့ လူတိုင်း ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အဓိက သရုပ်ဆောင်နှစ်ယောက် ဒွန် နှင့် တိုနီ တို့ရဲ့ နယ်လှည့်ဖျော်ဖြေရေးခရီး အကြောင်းပဲဖြစ်ပါတယ်။၁၉၆၂နောက်ပိုင်းကို အခြေပြု ရိုက်ကူးထားပြီး အဲ့အချိန်တုန်းက အသားရောင် အဖြူအမဲ ခွဲခြားမှုတွေက အနည်းနဲ့အများ လွှမ်းမိုးမှုရှိနေသေးတာပေါ့။တိုနီကတော့ အီတီလီယန် လူဖြူ တစ်ယောက်ဖြစ်ပြီး သူက ပိုက်ဆံရရင် အကုန်လုပ်တဲ့ ကျပန်းအလုပ်သမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူလုပ်ပေးရမယ့် အလုပ်ကိုတော့ နည်းနည်းလေးမှ မလစ်ဟင်းဘဲ မရရအောင် တိတိကျကျ လုပ်ပေးတဲ့ လူစားမျိုးဖြစ်ပါတယ်။တိုနီ အလုပ်လုပ်တဲ့ ကော်ပါးဆိုင် က ယာယီပိတ်သွားတော့ တိုနီလည်း အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ဒီလို အလုပ်လက်မဲ့ ဖြစ်နေတဲ့ အချိန်မှာ အလုပ်ပေးဖို့ဖြစ်လာတဲ့သူကတော့ ဒွန် ဖြစ်ပါတယ်။ဒွန်ကတော့ လူမဲ ဒေါက်တာဘွဲ့ရ တစ်ယောက်ဖြစ်ပြီးတော့ စန္ဒယား ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။တိုနီက ဒွန်ရဲ့ ၈ ပတ်ကြာ နယ်လှည့်ဖျော်ဖြေပွဲကို တစ်ပွဲမှ မလွတ်ဘဲ အချိန်မှီအောင် ကားမောင်းလိုက်ပို့ပေးရမှာဖြစ်ပါတယ်။တိုနီလည်း အလုပ်မရှိ ပိုက်ဆံရတာလည်းမဆိုးတော့ လူမဲ တစ်ယောက်ကို လူဖြူတစ်ယောက်က ကားမောင်းလိုက်ပို့ဖို့အကြောင်းဖန်လာပါတော့တယ်။ဒီလိုနဲ့ ဒွန်ကို တိုနီက ကားမောင်းပို့ပေးရင်း ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ဒွန်က လူမဲတစ်ယောက်ဖြစ်ပေမယ့် လူဖြူတစ်ယောက်လို နေထိုင်ပြီး တိုနီကတော့ လူဖြူဆိုပေမယ့် လူမဲနေသလို ဖြစ်သလိုနဲ့ လွှတ်လွှတ်လပ်လပ် နေတဲ့ လူစားမျိုးပါ။ပြီးတော့ တိုနီက ဒေါသကို ရှေ့တန်းတင်ပြီး ပြသာနာတွေကို လက်နဲ့ပဲ ဖြေရှင်းတတ်တဲ့လူစားမျိုးဖြစ်ပေမယ့် ဒွန်ကတော့ စကားအပြောအဆိုကအစ ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ သည်းခံစိတ် အားကောင်းတဲ့ လူမဲတစ်ယောက်ဖြစ်ပါတယ်။တိုနီတစ်ယောက် ဒွန်ရဲ့ ဖျော်ဖြေပွဲတွေကို အချိန်မှီ လိုက်ပို့ပေးနိုင်ဖို့ လမ်းမှာတွေ့မယ့် ပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲ... ဒွန်ရဲ့ နောက်ဆုံးဖျော်ဖြေပွဲအပြီး တိုနီတစ်ယောက် သူ့မိသားစုစီကို ခရစ်စမတ်နေ့အမှီရော အိမ်ပြန်ရောက်နိုင်မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
ပေပင်ဆေ:ဘက်ဝင်ပုံ ဖတ်ချိန်တမိနစ်
+++++++++++++
"ပေတစ်သီး၊ ကျီးတစ်သား"ဆိုသလို တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးတဲ့ ပေသီးပင်
ပေပင်သည် မြန်မာနိုင်ငံတွင် အပူပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ရှိပါသည်။ ရှေးယခင်အခါက မြန်မာများစာပေရေးသားရာတွင် ပေရွက်၊ ထန်းရွက်ပေါ်တွင်သာ ရေးခဲ့ကြသော အလေ့အထရှိကြပါသည်။
ပေပင်သည် တစ်သက်တွင် တစ်ကြိမ်သာ အသီးသီးပြီး ထပ်မသီးတော့သော အပင်တစ်မျိုးဖြစ်သည်။ သက်တမ်းမှာ နှစ်(၃၀-၈၀)အတွင်းရှိကြသည်။ "ပေတစ်သီး၊ ကျီးတစ်သား" ဆိုသည့် စကားပုံအတိုင်း အသီးတစ်ကြိမ် သီးပြီးလျှင် သွေ့ခြောက်ကာ ေ.သသွားတတ်ပါသည်။
ပေပင်သည် ထန်းပင်ထက် လုံးပတ်ကြီး၍ အရွက်လည်း ပိုကြီးပါသည်။ ပေပင်မှလည်း ပေရည်ထွက်ပြီး ငန်သော အရသာ ရှိသည်။
ပေသီးမှာ ထန်းသီးထက် ပိုသေးပြီး ထန်းသီးထက် အရသာပိုကောင်းပါသည်။ ပေသီးအဆံက ပိုနုပါသည်။ ပေသီး၏ ပင်ကိုယ်သဘာဝက ချွဲချွဲလေးဖြစ်နေသည့်အတွက် ရေဆေ:စားစရာမလိုဘဲ သဘာဝအတိုင်း စားသုံးနိုင်ပါသည်။ ပေသီးကို နို့ဆီ၊ သကြား၊ ရေခဲ တို့ဖြင့် ပေသီးသုပ် လုပ်စားနိုင်သလို ရေခဲခြစ်၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့သစ်ခွတို့တွင်လည်း ထည့်၍ စားသုံးနိုင်ပါသည်
သို့သော် "သပြေ ထန်းလျက်၊ ပေနဲ့ ဝက်" ဆိုသည့် စကားပုံလေးအတိုင်း ပေသီးနှင့် ဝက်သားသည် တွဲဖက်မစားသင့်သော အစားအစာဖြစ်ပြီး ခေါင်းကို*က်မူးဝေတတ်သောကြောင့် ပေသီးစားပြီး ဝက်သားမစားသင့်ပါချေ။
ပေပင်၏ ဆေ:ဖက်ဝင်ပုံ
အသည်း၊ အဆုတ်ရောဂါကြောင့် ဗိုက်ဖောင်းကားပြီး ရေဖျဥ်းစွဲကာ ဗိုက်ထဲမှ ရေများဖေါက်ထုတ်နေရသော ဝေဒနာရှင်များကို 'ပေအရွက်စိမ်းစိမ်း'ကို ထုထောင်း၊ ညှစ်ပြီး ရရှိလာသောအရည် လက်ဖက်ရည်အကြမ်းပန်းကန်တစ်လုံးစာကို လူနာအား တိုက်ပေးပါက ရောဂါသက်သာပျောက်ကင်းစေသည်ဟု မှတ်ရဖူးပါသည်။ ဆေ:ဖက်လည်းဝင်၊ အရသာလည်းကောင်းမွန်ထူးခြားပြီး တစ်ပင်လုံး အသုံးဝင်သည့်ပေပင်များ ဖြစ်ကြပါသည်။
ဗိဿနိုးခေတ်ကို ကျောရိုးယူထားတဲ့ ဒီ “မဟူရာမေတ္တာ” စာအုပ်ဟာ ဆရာနိုင်ဝင်းဆွေရဲ့ ပြောင်မြောက်လှတဲ့ လက်ရာတွေထဲက တစ်ခုပါပဲ။ ဇာတ်လမ်းရှုကွက်ကို “သျှီဝမြို့စားလေး သူသ” အပေါ်မှာ အခြေတည်ပြီး၊ အဲ့ဒီကတစ်ဆင့် ပန်ထွာဘုရင်မအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တစ်စထက်တစ်စ ပုံဖော်ထားပါတယ်။ “အုံ့ပုန်းအချစ်” ကနေအစပြုပြီး ဇာတ်လမ်းတစ်လျှောက် ချစ်ခြင်းမေတ္တာပမာဏကြီးမားလာပုံကို အဲ့ဒီခေတ်ကာလ တိုင်းပြည်ရေးအခြေအနေတွေနဲ့ ယှဉ်တွဲပြီး တင်ပြထားပုံက စိတ်ဝင်စားစရာကောင်းလှပါတယ်။
ပန်ထွာဘုရင်မအုပ်စိုးရာ ဗိဿနိုးတိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကို ဖော်ပြရမှာ မြှုပ်ကွက်တွေ၊ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ရေးသားထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် သရေခေတ္တရာဘက်က သူလျှိုကို ပန်ထွာဘုရင်မရဲ့ အယုံအကြည်လွန်ကဲမှုအကြောင်း တင်ပြပုံက စာဖတ်သူကို စိတ်ထဲမယိုးမယွဖြစ်စေမှာ သေချာလှသလို၊ တစ်ဖက်မှာလည်း ပန်ထွာဘုရင်မရဲ့ သတိပေါ့ဆမှုအပေါ်မှာ စာဖတ်သူတွေ အပြစ်တင်ကြမှာ မလွဲပါဘူး။
ဒီနိုင်ငံရေးဇာတ်လမ်းတွေနဲ့အပြိုင် ယှဉ်တွဲပြထားတာကတော့ သူရဲကောင်းတို့ရဲ့ စိတ်နေစိတ်ထားပါပဲ။ ‘သူသ’ နဲ့ ‘သမာန’ ကြားက ဓားရေးပြိုင်ပွဲအဖြစ်အပျက်၊ ‘ပါလ’၊ ‘ဒက္ခဏာ’ စတဲ့ ဇာတ်ကောင်တွေဖန်တီးမှု၊ ပန်ထွာကျဆုံးခန်းတိုက်ပွဲ စတာတွေကနေတစ်ဆင့် စာရေးသူဟာ သူ့အတွေးအမြင်နဲ့ ပေါင်းစပ်ပြီး အဲ့ဒီခေတ်ကာလ သူရဲကောင်းတွေရဲ့ စိတ်နေသဘောထားကို အတိုင်းအတာတစ်ခုအထိ တင်ပြထားပါတယ်။
“တစ်ကြောင်း၊ တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသလို လွန်ခဲ့တဲ့နှစ်ထောင်ချီက သမိုင်းဖြစ်တဲ့အတွက် ဇာတ်လမ်းသဘောကိုသာ ယူထားတာဖြစ်ပြီး၊ ကျန်တာတွေကတော့ ဆရာနိုင်ဝင်းဆွေရဲ့ အတွေးအရေးတွေပါ။ အကြောင်းအရာ၊ အချက်အလက်အားဖြင့် တခြားသမိုင်းစာအုပ်တွေနဲ့ အတိုင်းအတာတစ်ခုအထိ ကွဲပြားနိုင်ပေမယ့် ရသပေးစွမ်းမှုအားကတော့ မလျော့ဘူးလို့ ဆိုနိုင်ပါတယ်။
Review @ Arr Mann (A Lifelong Learner)
#နိုင်ဝင်းဆွေ #မဟူရာမေတ္တာ