image

imageimage
4 w - Translate

DICA report: 14,500 companies fail to file AR in Jan-Sept

A total of 14,500 companies were struck off the register in the past nine months (January-September) of 2024 as they were unable to file annual returns (AR) on the online registry system, MyCO, according to the Directorate of Investment and Company Administration (DICA).
DICA’s statistics indicated that 750 companies in January 2024, 600 in February, 1,650 in March and 2,000 each in April, May and June, 2,500 in July, 1,000 in August and 2,000 in September did not file the AR.
DICA notified those companies that failed to file their AR on the MyCO that were struck off the register from the date of the directive, under 430 (F) of Myanmar Companies Law, according to the DICA’s notification.
A total of 6,400 companies also failed to submit the AR in 2023. The registration and re-registration of companies on the MyCO website commenced on 1 August 2018, in keeping with the Myanmar Companies Law 2017.
All registered companies need to submit AR on the MyCO registry system within two months of incorporation and at least once every year (not later than one month after the anniversary of the incorporation), according to Section 97 of the law.
Under Section 266 (A) of the Myanmar Companies Law 2017, public companies must submit annual returns and financial statements (G-5) simultaneously. All overseas corporations must submit ARs in the prescribed format on MyCO within 28 days of the financial year ending under Section 53 (A-1) of the Myanmar Companies Law 2017.
As per DICA’s report, thousands of companies were suspended for failing to submit AR forms before the due date. Newly established companies are required to submit ARs within two months of incorporation or face a fine of K100,000 for filing late returns.
DICA has notified that any company which fails to submit its AR within 13 months will be notified of its suspension (I-9A). If it fails to submit the AR within 28 days of receiving the notice, the system will show the company’s status as suspended. Companies can restore their status only after shelling out a fine of K50,000 for the AR fee, K100,000 for restoration of the company on the register, and K100,000 for late filing of documents, totalling K250,000. If a company fails to restore its status within six months of suspension, the registrar will strike its name off the register, according to the DICA notice. — NN/KK

image

လူမျိုးရေးပြဿနာ ပေါ်လာပါက လာချိဒ်ဒေသစစ်ပွဲဖော်သူ တာဝန်ဟုပြော

အောက်တိုဘာ ၃၀

လာချိဒ်လူမျိုး အများစုနေထိုင်ရာ ကချင်ပြည်နယ်အရှေ့မြောက်ဖျား ကချင်အထူးဒေသ(၁) ဒေသတွင် စစ်ပွဲများ ဖော်ဆောင်လာခြင်းကြောင့် လူမျိုးရေးပြဿနာ ပေါ်ပေါက်လာပါက စစ်ပွဲဖော်ဆောင်သူ အဖွဲ့အစည်း၏ တာဝန် ဖြစ်သည်ဟု လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။

လာချိဒ်တစ်မျိုးသားလုံး၏ သဘောထား ထုတ်ပြန်ချက်ဟုဆိုကာ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အရှေ့မြောက်ဖျား ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကံပိုက် တည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးရ ဒေသတွင် လာချိဒ်လူမျိုးများ အေဒီ- ၇၀၀ ခန့်မှ ယနေ့ထိ ခေတ်အဆက်ဆက် ဘိုးဘေးများ ငြိမ်းချမ်းစွာ နေထိုင်ရာ ဇာတိချက်မြှုပ်မြေ ဌာနေဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သည့် ကချင်အထူးဒေသ(၁)ဒေသအတွင်းက ချီဖွေ၊ ပန်ဝါ၊ ကံပိုက်တည်၊ ဆဒုံး စသည့် ဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KIA လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ တိုက်ခိုက်လာခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် ချီဖွေမြို့နယ်အား KIA-KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ပန်ဝါမြို့ကို ထပ်မံသိမ်းပိုက်ခဲ့သလို အောက်တိုဘာ ၂၁ ရက်နေ့၌ ကံပိုက် တည်နှင့် ဆဒုံးကြား စင်ကြိုက် ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် ၁၀၀၃ ကို သိမ်းပိုက်ခဲ့သည်။

KIA-KPDF ပူးပေါင်းတပ်ဖွဲ့က ကချင်အထူးဒေသ(၁) နယ်မြေကို တိုက်ပွဲဖော်ဆောင်လာခြင်းကြောင့် ဒေသတွင်း နေ လာချိဒ်လူမျိုးများနှင့် တခြားသော မျိုးနွယ်စုပေါင်း ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက “ ၂၀၂၄ ခုနှစ်၊ လာချိဒ်လူမျိုးများ နေထိုင်ရာဒေသများတွင် တိုင်း တစ်ပါးရန်ကို တိုက်ခိုက်သကဲ့သို့ စစ်မက်တိုက်ပွဲများ ဖော်ဆောင်ခြင်းကြောင့် ဌာနေတိုင်းရင်းသားဒေသခံ ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခြင်း၊ လူသားချင်း စာနာမှုကင်းမဲ့စွာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေ ရသဖြင့် လာချိဒ်တစ်မျိုးသားလုံး လွန်စွာဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ရပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့ သည်။

ထို့နောက် ကချင်အထူးဒေသ(၁)တွင် ကချင်မျိုးနွယ်စု အချင်းချင်း လက်နက်ကိုင်စစ်မက် ဖော်ဆောင်ဖန်တီးသည့် တာဝန်ရှိသူများအားလုံး စစ်ပွဲများ ချက်ခြင်းရပ်တန့်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။

လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက “ လူမျိုးရေးပြဿနာနှင့် သမိုင်းဆိုးကျိုးများ ပေါ်ပေါက်လာပါက စစ်မက်ဖော်ဆောင်သူ အဖွဲ့အစည်း၏ တာဝန်သာဖြစ်ပါသည်။ ကချင်မျိုးနွယ်စုအချင်းချင်း လက်နက်ဖြင့် တိုက်ပွဲ ဖော်ဆောင်တိုက်ခိုက်ခြင်းကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခြင်းကို လာချိဒ်တစ်မျိုး သားလုံးမှ လိုလားပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်”ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုဒေသ(ကချင်အထူးဒေသ-၁) များတွင် အဖက်ဖက်၌ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရာ ၁၉၉၀ ခုနှစ်တွင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်၍ ထာဝရ ငြိမ်းချမ်းရေး ရယူပြီး ဌာနေပြည်သူများ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဘက်စုံဖွံ့ဖြိုးတိုး တက်လာပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဟု လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ကချင်အထူးဒေသ(၁)နယ်မြေများသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ဒေသများဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များရှိသလို တရုတ်နိုင်ငံ၏ မြေရှားသတ္ထူ တူးဖော်ရေး စီမံကိန်းများနှင့် တစ်ရှူးငှက် ပျော် စိုက်ခင်းများ စီမံကိန်းများလည်း ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂွမ်ရှောင်နှင့် တွေ့ဆုံကာ တိုက်ပွဲများ ရပ်တန့်ရန် ဆွေးနွေးခဲ့ကြသည်။

သို့သော် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသည့်နောက်ပိုင်း တရုတ်အစိုးရဘက်က တရုတ်နိုင်ငံနှင့်ထိစပ်နေသော ကချင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ်ပေါက်များကို ပိတ်ဆို့ထားသည်။

ပုံ - KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်(ဓာတ်ပုံ-Supplied)

#centralnewsnaypyitaw

image

တောင်ကြီးတန်ဆောင်တိုင်ပွဲ ဟိုတယ်ဘိုကင်များ ပြည့်လုနီးပါးဖြစ်နေ

အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အတွက် လက်ရှိတွင် တောင်ကြီး၊ ကလော၊ ညောင်ရွှေ စသည့်မြို့များတွင် ဟိုတယ်ဘိုကင်များ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့ (တန်ဆောင်မုန်း လပြည့် နေ့)အထိ ၇ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေပြီ ဖြစ် သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။

၎င်းက “လောလောဆယ်ကတော့ ဟိုတယ်ဘိုကင်တွေကတော့ ကျနော်သိသလောက်တော့ ပြည့်သလောက် ဖြစ်နေပြီဗျ ကလောနဲ့ တောင်ကြီးကတော့လေ။ အင်းလေးတော့ နည်းနည်းကျန်တယ်ဗျ။ မနေ့က မိတ်ဆွေ တစ်ယောက်ကို လှမ်းပြီးတော့ မေးကြည့်တော့ တော်တော်လေး မေးရတယ် ဟိုတယ်တွေ တော်တော်များများ ပြည့်နေကြပြီ။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ပြည့်နေပြီပေါ့။ ခရီးသွား အခြေအနေကတော့ ကျနော်တို့ မှန်းပါတယ် ခါတိုင်းနှစ်တွေလိုပဲ ဒေသခံတွေကလည်း ဒီအနားပတ်ဝန်းကျင် တောင်ကြီးသားတွေကလည်း မီးပုံးပျံ ပွဲဆိုတာ သူတို့အတွက်ကတော့ တကယ့်ကို ခရေဇီဖြစ်တဲ့ ပွဲတော်တစ်ခုပဲလေ။ မီးပုံးပျံပွဲရာသီဆိုတာနဲ့ သူတို့က မရဘူး၊ အဲဒီအတွက် ဒေသခံလူထုကလည်း အများကြီးလာမယ်လို့ မျှော်လင့်ထားပါတယ်။ အလားတူပဲ ကျနော်တို့ တောင်ကြီးတို့၊ ကလောတို့၊ အင်းလေးဒေသဆိုတာ နယ်မြေတည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်တဲ့အတွက် ပြည်တွင်း က မန္တလေး၊ ရန်ကုန် စသဖြင့်ပေါ့လေ နေပြည်တော် အဲဒီဘက်က ခရီးသွားတွေလည်း တန်ဆောင်တိုင် ကာလ အချိန်မှာ လာရောက်လည်ပတ်မယ်လို့ မျှော်မှန်းထားပါတယ်ဗျ” ဟု ပြောသည်။

ပွဲတော်ရက်အတွင်း တစ်ရက်လျှင် မီးပုံးပျံ ၇ လုံးမှ ၉ လုံးအထိ လွှတ်တင်မည်ဖြစ်ပြီး စုစုပေါင်း ညလွှတ် မီးပုံးပျံ အလုံး ၆၀ ကျော်နှင့် နေ့လွှတ် အရုပ်များလည်း ပါဝင်သွားမည် ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပခဲ့သော်လည်း လာရောက် လည်ပတ်သူ နည်းပါးခဲ့ကြောင်း၊ ထို့နောက် ယခုနှစ်တွင်လည်း နယ်မြေတည်ငြိမ်မှု မရှိသည့်အချိန်၊ ကုန်ဈေးနှုန်း မြင့်တက်ချိန်တွင် ပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍လည်း ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။

ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသက်လွင်တိုးက “ပြောရခက်ပါတယ်။ သွားမယ့်သူက သွားကြမှာပဲလေ ပြည်တွင်းတွေပေါ့။ အခုလည်း အင်းလေးလည်း အခြေအနေ ဆိုးပေမယ့် သွားတဲ့သူက သွားတာပဲ။ ကလောလည်း အခုထိ နလန်ထူဖို့ လုပ်နေတုန်းပေါ့နော်။ ဒါပေမယ့် သွားတဲ့သူက သွားမှာပဲ။ အင်းလေးကတော့ ဒီနှစ် ဖောင်တော်ဦး မလုပ်ဖြစ်ဘူးပေါ့နော်။ မလုပ်ဖြစ်တာလည်း ကောင်းကောင်းပေါ့။ အကုန်လုံးက ရေဘေးသင့်သွားတာကိုး။ တောင်ကြီးတန်ဆောင်တိုင်ကတော့ သူတို့ လုံခြုံရေး သူတို့ အစီအမံတွေ ကောင်းတယ်ဆိုရင်တော့ ဘာမှမဖြစ်တော့လည်း အစဉ်အလာမပျက် လုပ်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ခုနကပြောသလိုပေါ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်သာလုပ်ကြပေမယ့် ပြည်သူရဲ့ စိတ်မှာတော့ အကုန်လုံးက တကယ် မပျော်နိုင်ကြဘူးပေါ့နော်။ အဲဒါတွေကတော့ တကယ် ရသအစစ်ကိုပေါ့နော်၊ အကုန်လုံး မခံစားနိုင်ဘူးပေါ့နော် လက်ရှိအခြေအနေကြောင့်ပေါ့နော်” ဟု ပြောသည်။

တောင်ကြီးမြို့တွင် ဟိုတယ် အလုံးရေ ၄၇ လုံး၊ ကလောတွင် ဟိုတယ် ၇၂ လုံးနှင့် ဟိုတယ်အားလုံး ဖွင့်လှစ်ထား လျက်ရှိနေပြီး အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ဟိုတယ် ၁၁၀ တွင် ၅၆ လုံး ပိတ်ထားကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် တချို့သောဟိုတယ်များသည် အောက်တိုဘာ ၂၆ ရက်နေ့ ကတည်းကပင် ဘိုကင်ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

ပုံ - တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပြုလုပ်နေစဥ်

#centralnewsnaypyitaw

image

Playing whilst watching vs just watching? ⚽️

4 w - Translate

မန်ယူဆီ ပြောင်းရွှေ့မည့် နည်းပြအာမိုရင်ကို သစ္စာဖောက်အဖြစ် စပို့တင်းလစ္စဘွန်း ပရိသတ်များ ဝေဖန်

မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မယ့် နည်းပြအာမိုရင်ကို သစ္စာဖောက်တဲ့သူလို့ စပို့တင်းလစ္စဘွန်းပရိသတ်တွေက ဝေဖန်ကြပါတယ်။

အသက် ၃၉ နှစ်ရှိ ပေါ်တူဂီနည်းပြကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းက စာချုပ်ပါလျော်ကြေး ဖြစ်တဲ့ ပေါင် ၈ ဒသမ ၃၁ သန်း ပေးချေပြီး ခေါ်ယူခဲ့တာပါ။

စပို့တင်းဘက်က တရားဝင် သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတော့ နည်းပြအာမိုရင်ကို သစ္စာဖောက်သူလို့ ဝေဖန်ခဲ့ကြတာပါ။

ဘဝမှာ သည်းခံနိုင်တဲ့ အချက်တွေရှိပေမဲ့ သစ္စာဖောက်သူတွေအတွက်တော့ မိမိက တန်ဖိုးထားမှာ၊ စာရင်းသွင်းမှာ မဟုတ်ကြောင်း ပရိသတ်တယောက်က ပြောပါတယ်။ စပို့တင်းဒုတိယဥက္ကဋ္ဌဟောင်း ဒီယက်ဇ်ဖာရီယာကတော့ အာမိုရင် ထွက်ခွာမှုဟာ သစ္စာမဲ့မှုတခုဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အာမိုရင်ဟာ ၂၀၂၀-၂၀၂၁ ရာသီက ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါ်တူဂီလိဂ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး မနှစ်ကရာသီကလည်း ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
DVB

image
4 w - Translate

The scariest Halloween 🎃👻🍬 decorations EVER

image
4 w - Translate

၈ မျိုးတောင်ရှိတယ်နော်
What type was it? 🤣

4 w - Translate

30 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,480
USD Sell - MMK 4,580
EUR Buy - MMK 4,825
EUR Sell - MMK 4,960
SGD Buy - MMK 3,350
SGD Sell - MMK 3,440
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 29.14
JPY Sell - MMK 29.93
MYR Buy - MMK 1,015
MYR Sell - MMK 1,045
CNY Buy - MMK 625
CNY Sell - MMK 645

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,100,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image