Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တချို့လူတွေက
သနားစရာ ...
လူတိုင်းအတွက်
လိုက်တွေးတတ်ပေမယ့်
သူတို့ကိုယ် သူတို့အတွက်ကျတော့
မတွေးတတ်ကြဘူး
ပျော်နေလားဆိုတဲ့
မေးခွန်းတွေကို
အင်း ... အဆင်ပြေနေတာပဲလေဆိုပြီး
ရောချပြီးပဲ ဖြေတတ်တော့တဲ့
လူတွေပေါ့ ။
သူတို့အတွက်ဆိုတာမျိုး
ဘာမှ ရှိမနေတော့ဘူး
ပျော်ရဲ့လား ပျော်မနေဘူးဆိုတာ
အရေးကြီးမနေတော့ဘူး
ပြီးတော့ ...
ငါ မရှိခြင်းက
အဆင်ပြေလားဆိုပြီး
ထွက်သွားပေးဖို့လဲ
၀န်လေးမနေတော့ဘူး ။
အတွေးမှာ ...
ကိုယ်ကြောင့်
တစ်စုံတစ်ယောက်
မထိခိုက်ခဲ့ဘူး
မနစ်နာခဲ့ဘူး
အဆင်မပြေမဖြစ်ခဲ့ဘူးဆိုတဲ့
စိတ်နဲ့ပဲ ဖြေစရာရှိတယ် ။
ဘာဆိုဘာမှတော့ ရှိမနေတော့ဘူး ။
#ကျေးကို
အမေ့ကို အခုကြုံတွေ့နေရတဲ့ ပြဿနာမျိုးစုံအကြောင်း ရင်ဖွင့်ချင်တယ်။
ရွယ်တူတွေရဲ့ ပြိုင်ဆိုင်မှုတွေကြားက ဖိအားတွေ၊ အသည်းကွဲတာတွေ၊ ကိုယ့်ရည်မှန်းချက်နဲ့လုပ်နေတဲ့အရာတွေ လုံးဝမကိုက်ညီလို့ လမ်းပျော"က်နေရတာတွေ၊
အမေမျှော်မှန်းသလောက် ဖြစ်မလာမှာကို တွေးပြီး အကြော"က်ကြီးကြော"က်နေတာတွေ။
ဘာလို့ ဒီတစ်ခါ ဘယ်သူငယ်ချင်းမှ မတဘဲ အမေ့ကိုဘဲ အားကိုးတကြီး တမိနေမိလဲ မသိဘူး။
အမေ နားထောင်ပေးပြီး နားလည်ပေးရင် သိပ်ကောင်းမှာပဲ။