5 w - Translate

ရင်ခုန်သံတွေဟာ ညာဖို့မကောင်းဘူးမောင်ရဲ့။
ချစ်နေသေးရင် ပြန်လာဖို့ဝန်မလေးရဘူး။

#ပါရီယာနာ

imageimage
5 w - Translate

WAIT THIS IS JUST FACEBOOK WTF-

Shanzayyyy <3 changed her profile picture
5 w

image
Shanzayyyy <3 changed her profile picture
5 w

image

ဗုဒ္ဓ နှင့် နျာယ

ဗုဒ္ဓသည် နျာယ‌ ခေါ် တက္ကနည်း သဒ္ဒါနည်းကို လုံးဝပစ်ပယ်သည်မဟုတ်ပေ။

နိရုတ္တိပဋိသမ္ဘိဒါ ဆိုသော ပဋိသမ္ဘိဒါက သစ္စိကတဉာဏ်ချည်းကို မဆိုလိုနေပေ။

ထို့ပြင် "ပါဠိနယ" "ဗာတ္တိံသ တန္တယုတ္တိယော" (သဒ္ဒနီတိကျမ်း) နှင့်တကွ နည်းလေးဆယ် နေတ္တိဟာရ စသည် စသည်တို့ပါ တန္တြယုတ္တိ နှင့် နယ၊ နေတ္တိ စသည်တို့ပါ နီ ဓာတ်သည် တန္တြ-ယုက္တိ-နျာယ ဟူသော သက္ကတပုဒ်နှင့် ဓာတ်တူနံတူများသာ ဖြစ်ပါသည်။
ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

imageimage

ဓွနိ

အိန္ဒိယရသစာပေအယူအဆတွင် ဓွနိ အယူအဆဆိုသော သဘောတရားတခုရှိသည်။ ဒါကို စကားပြေအရေးအသားဘက်မှာပါ စွာသော အဘိနဝဂုပ္တ ဆိုသည့်ဆရာကြီးက ဦးဆောင်လက်ခံသည်။

စာ သို့မဟုတ် အနုပညာ၏ တန်ဖိုးမှာ ဓွနိဖြစ်သည်။ ဓွနိသည် အလင်္ကာ (တဲခနိက)၊ ရသ (စာဖတ်သူ့အကျိုးရသ)၊ ဂုဏ် (အကြောင်းအရာနှင့် တင်ပြမှုအရည်အသွေး) စသည်တို့ထက် တန်ဖိုးပိုရှိသည်။ ဓွနိ ဆိုတာကမှ အနုပညာ၏ အနုပညာမြောက်စေသောအကြောင်းတရားဟု ဓွနိဂိုဏ်းက လက်ခံသည်။

ဓွနိကို ပါဠိပြန်လျှင် ဓနိ ဖြစ်ပါသည်။ ဓွန ဓာတ်သည် သဒ္ဒေ အသံကို ညွှန်းသည်။ အနုပညာရှင်၏ အသံ၊ ဟန်၊ လေ၊ စိတ်ဇောစေတနာ စသဖြင့် အကုန်ယူရမလိုဖြစ်နေပြီး ဘာသာပြန်ရခက်သည်၊ သူတို့ ခုပြန်ကြတာက Suggestion ဟု ဖြစ်ပါသည်။ poeticness ကဗျာဓာတ်လည်း suggestive power ဟု ယူလိုက ယူနိုင်သည်။ ဘာမှန်းမသိတာကိုက အသိဖြစ်ပါသည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

ဆရာပါရဂူ ပြောသော သရော်စကား၊ ထေ့ငေါ့မှု ဘာညာသည် ဓွနိမဟုတ်ပါ။ အဓိပ္ပါယ်အကောက် လွဲပါသည်။ ဆရာဇော်ဂျီပြောသည့် စာစေတနာ ဘာညာကလည်း ပလေတိုလိုလို ဘာလိုလိုနဲ့ ဆိုရှယ်လစ်အကြိုက် မာ့က္စ်စ်ဝါဒယိမ်းနေသည်။

ဓွနိ သည် ဓွနိ ဖြစ်ပါ၏။

image
Shanzayyyy <3 changed her profile picture
5 w

image

အၑ္ဋာဓျာယီ ခေါ် ပါဏိနီကျမ်း၌

၁.၄.၂ ဝိပြတိၑေဓေ ပရံ ကာရ်္ယမ်

ဟူသော ပရိဘာသာသုတ်တသုတ် ပါရှိသည်။ ဒီသုတ်၏အဆိုကို တိုက်ရိုက်ပြန်ဆိုလျှင် ဆိုလိုရင်းက အစီအရင်အပြအညွှန် ဆန့်ကျင်ဖက်နှစ်ခု တပြိုင်နက်ဖြစ်ဖို့ကြုံလာလျှင် နောက်ကိစ္စကို ဦးစားပေးဆောင်ရွက်ပါဟု ဖြစ်ပါသည်။

အစဉ်အလာဋီကာများအတိုင်း သက္ကတရော ပါဠိမှာရော ယူဆဖွင့်ဆိုကြသည်မှာ အားကောင်းမှုတူသော ရှေ့သုတ်အဆိုကို နောက်သုတ်အစီအရင်က ဆန့်ကျင်လာလျှင် နောက်သုတ်ကို အတည်ထပ်ယူဟုဖြစ်ပါသည်။

"တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ ယတြ ဒွေါ် ပြသင်္ဂါဝနျာရ်္ထာဝေကသ္မိန် ယုဂပတ် ပြာပ္နုတး သ တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ တသ္မိန် ဝိပြတိၑေဓေ ပရံ ကာရ်္ယံ ဘဝတိ၊ ဥတ္သရ်္ဂါပဝါဒနိတျာနိတျာန္တရင်္ဂဗဟိရင်္ဂေၑု တုလျဗလတာ နာသ္တီတိ နာယမသျ ယောဂသျ ဝိၑယး၊ ဗလဝတဲဝ တတြ ဘဝိတဝျမ်၊ အပြဝၖတ္တော် ပရ်္ယာယေဏ ဝါ ပြဝၖတ္တော် ပြာပ္တါယာံ ဝစနမာရဘျတေ၊ အတော ဒီရ်္ဃော ယဉိ ၇.၃.၁၀၁ သုပိ စ ၇.၃.၁၀၂ ဣတျသျာဝကာၐး — ဝၖက္ၑာဘျာမ်၊ ပ္လက္ၑာဘျာမ်၊ ဗဟုဝစနေ ဈလျေတ်၇.၃.၁၀၃ ဣတျသျာဝကာၐး — ဝၖက္ၑေၑု၊ ပ္လက္ၑေၑု၊ ဣဟောဘယံ ပြာပ္နေါတိဝၖက္ၑေဘျး, ပ္လက္ၑေဘျ ဣတိ၊ ပရံ ဘဝတိ ဝိပြတိၑေဓေန။"

ဒီလိုအတိုင်းယူဆမှုကြောင့် ကွန်ပြူတာကုဒ်သွင်းစနစ်၌ ဘယ်ရုပ်က ဘယ်ရုပ်၏ ရှေ့ကိစ္စလဲ ‌နောက်ကိစ္စလဲ၊ ဘယ်သုတ်က အားပိုကောင်းသလဲ စသဖြင့် ထပ်မှတ်သားဖို့ရှိနေပြီး ဒါတွေကို သတ်မှတ်ရခက်နေခဲ့သည်။ ဒါကို Rajpopat ဆိုသော Cambridge PhD ဘွဲ့ယူကျောင်းသားက ပြင်ဆင် အနက်ယူသည်။

သူ့အယူအဆ၌

ပါဏိနိ၏ ရှေ့နောက်ကိစ္စပရိဘာသာအမှာအမိန့် သည် သုတ်အစီအရင်ကို ဆိုလိုသည်မဟုတ်၊ ရှေ့ပုဒ်ရင်းနှင့် နောက်ပုဒ်ရင်း (ဥပမာ ဓာတ်နှင့် ပစ္စည်း အတွဲအဖက်တွင်) ဆိုင်ရာသုတ်အရ နှစ်ပုဒ်စလုံးကို ဝိဓိစီရင်ရမလိုဖြစ်လာလျှင် နောက်ပုဒ် (ဓာတ်၏ နောက်ကနေရာကျသော ပစ္စည်း) ကို စီရင်ရမည်ဖြစ်ကြောင်း ယူဆပါက နေရာများစွာ အဆင်ပြေကြောင်း တွေ့ရပါသတတတ်။

ဒါနဲ့ ၂၀၂၁ ကိုဗစ်အလွန် မှာ သူ့စာတမ်းကျမ်း ဖြစ်လာသည်။ မီဒီယာထုံးစံအတိုင်း နှစ်နှစ်ထောင့်ငါးရာ ပြဿနာကြီး ခုမှ ရှင်းသွားပြီ ဘာညာ မွှန်းကြသည်။ အဆိုးဆုံးက ဘီဘီစီ ပင်။

သူတို့လုပ်မှပဲ ကာတျာယနတို့ ပတဉ္ဇလိတို့ ခု‌ခေတ်ပညာရှင်ကြီးများထဲက Cardona တို့ Joshi တို့ ဒါလေးတောင် မသိဘူးလား ဖြစ်ကုန်သဖြင့် "ပါဏိနိကို ပါဏိနိအမြင်အတိုင်း နားလည်ခြင်း" ဆိုသော ခေါင်းစဉ်များဖြင့် တုံ့ပြန်စာတမ်းများ ထပ်ပေါ်လာသည်။

အမြင်သစ်အရ ပါဏိနီကို ပရိုဂရမ္မင်းမှာ တမျိုးသုံးကြည့်ဖို့ လမ်းစဆိုသော်လည်း သာမန်မှာတော့ နည်းဟောင်းများဖြင့်ပင် အလုပ်ဖြစ်နေခဲ့ကြတာကိုလည်း မငြင်းနိုင်။ ခုထိမပေါ်သေး‌သည့် လမ်းစကိုလည်း စောင့်မျှော်ကြည့်ပြီး ရင်ခုန်သင့်ပါသည်။ ဒါက ပညာရပ်ကို ချစ်သူတိုင်း ထားအပ်သည့် စိတ်သဘောထားဖြစ်သည်။

မီဒီယာလှော်တိုင်းလည်း တကယ်မဟုတ်နိုင်သဖြင့် ပရိယာယ်စကားမှန်သမျှကို ထထ ကြေညာစရာမလိုပေ။

ရာဇပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ။ ဆိုသလို

စာပရိယာယ်၊ ငတာ့နှယ်၊ နားဝယ်မလည်ရှာ ဟု အသစ်နိယာမ် အညွှန်းခံဖြစ်လာပေလိမ့်မည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

image
image
image
5 w - Translate

ကျွေးချင်လိုက်တာ။ ပင်ပင်ပန်းပန်းချက်ထားတာလေး။

image
5 w - Translate

" ကျတော်တို့ တစ်ခုခု ဖြစ်သွားမှာကို အရမ်းကြောက်တဲ့သူ ရှိရင် ကျတော်တို့ဘာဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး " တဲ့ ....

သိပ်မှန်တာပေါ့ ....

ဒါပေမယ့် ကျတော်တို့နာကျင်သွားမှာကို ကြောက်တဲ့သူ ၊ စိုးရိမ်တဲ့သူမျိုး မရှိခဲ့ကြဘူး ။ ကျတော်တို့ကသာ Over Protection ဖြစ်ပေးခဲ့ကြတာလေ ။

ချစ်ခြင်းမေတ္တာမမျှတခဲ့တဲ့ ဆက်ဆံရေးတွေချည်းပါပဲ။

#elza

image