image
4 w - Translate

🤢အိမ်က အငယ်ဆုံးကို😶
မိန်းမတော်ထားသောအခါ📌👻

#foryouシ
#flowershop

image
4 w - Translate

ကဲ...ပြော

image
4 w - Translate

ကရင်ပြည်နယ် ဘားအံမြို့ နောင်လုံတောင်ကြားအနီးက

ကော့ကသောင်ဂူ

ဘားအံမြို့ကနေလာရင် ၁၀ မိနစ်ခန့် ဆိုရင် ရောက်ပါပြီ။ နောင်လုံတောင်ကြားမရောက်ခင်နားမှာ နောင်လုံတောင်ကြားမရောက်ခင် ဘယ်ဖက်မှာ ကော့ကသောင်ဂူအဝင် မုတ်ဝရှိပါတယ်။ ညာဖက်မှာ ကော့ကသောင်ဂူရှိပြီး တည့်တည့်ဆက်သွားလိုက်ရင် ဗုဒ္ဓဂါယာနဲ့ လက္ခဏရွာကို ရောက်ပါတယ်။

ကော့ကသောင်ဂူဟာ ဘားအံက တခြားဂူတွေလိုတော့ မရှည်ပဲ ဂူရဲ့အပြင်ဖက်မှာ လည်ပတ်စရာနေရာတွေ ပေါများပါတယ်။ စားသောက်ဆိုင်တန်းက ကော့ကသောင်ဂူ အနောက်မှာရှိပါတယ်။ သဘာဝရေကူးကန်နဲ့ စားသောက်ဆိုင်တန်းရှိတာမို့လို့ လာလည်သူများပြားပါတယ်။ စားသောက်ဆိုင်တန်းသွားတဲ့ လမ်းတစ်ဝက်မှာ ပတ္တမြားဂူလည်း ရှိပါတယ်။

ကော့ကသောင်ဂူအရှေ့မှာ တောင်တက်လို့ရတဲ့ တောင်တက်လှေခါးလည်း ရှိပါတယ်။ တောင်က သိပ်မမြင့်ပဲ ၁၀ မိနစ်ခန့်သာ တက်ရတာပါ။ တောင်ပေါ်ကနေကြည့်ရင် နောင်လုံတောင်ကြားကို အပေါ်စီးကနေ မြင်နိုင်ပါတယ်။

ကော့ကသောင်ဂူအနောက်မှာလည်း တောင်ပတ်လမ်းတစ်ခုလည်း ထပ်ဖောက်နေတာမို့လို့ နောင်တစ်ချိန်မှာ လည်ပတ်စရာနေရာတစ်ခု ထပ်တိုးလာနိုင်ပါတယ်

image
4 w - Translate

သခွားမွှေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးဖိအားကို ကျဆင်းစေပါတယ်။

(၂) သွေးစီးဆင်းမူ အတွက် ကောင်းမွန်စေပါတယ်။

(၃) မျက်လုံးကျန်းမာရေးနှင့် အကျိုးကျန်းမာရေး အတွက် ထိန်းသိမ်းပေး ပါတယ်။

(၄) သွေးဖိအားကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်စေ ပါတယ်။

(၅) ဆီချိုရောဂါသည်များအတွက် သကြားဓာတ် များကို လျော့ချပေးနိုင်သည့် အတွက် စားသင့်ပါတယ်။

(၆) ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင် ပါတယ်။

(၇) နှလုံး ၊ အဆုပ် နှင့် ခန္ဓာကိုယ် အတွင်း သွေးကြောများ အတွက် ကောင်းမွန်စေ ပါတယ်။

(၈) ကိုယ်တွင်း၌ အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဓာတုဖြစ်စဉ် အစုစုတို့၏ ကျန်းမာရေး အတွက် ကောင်းမွန်စေ ပါတယ်။

image
4 w - Translate

အိုင်းစတိုင်းက ဒီလိုပြောတယ်

၁။ အမြဲတန်း သိချင်စိတ်ကို ပြင်းပြနေပါစေ
၂။ ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
၃။ ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
၄။ မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
၅။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ
၆။ အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ
၇။ မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ
၈။ သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။
၉။ ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ
၁၀။ မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်

image
4 w - Translate

အကြောက် သစ်ကိုင်းကို ခုတ်ပြစ်လိုက်ပါ

တခါက ဘုရင် တစ်ပါးသည် အလွန်လှပသော သိမ်းငှက် နှစ်ကောင် လက်ဆောင် ရရှိသည်၊ သိမ်းငှက်များကို လေ့ကျင့်ပေးသော ဆရာ လက်ထဲ အပ်လိုက်ရာ တစ်ကောင်မှာ နန်းတော်ထက် ကောင်းကင်တွင် လှပစွာ ပျံဝဲနိုင်လာသည်။

သို့သော် နောက်တစ်ကောင်မှာကား ယင်းကို မူလကပင် တင်ထားပေးသည့် အကိုင်းကြီး တစ်ကိုင်းမှာပင် နားနေပြီး ပျံသန်းနိုင်ခြင်း လုံးဝ မရှိသေးပေ။ ဘုရင်ကြီးမှာ ပို၍ တော်သော လေ့ကျင့် ပေးနိုင်သူများ၊ ဆေးဆရာများကို ခေါ်ယူပြီး ယင်းငှက်ကို ပျံသန်းနိုင်အောင် ပြုလုပ်စေသော်လည်း မအောင်မြင်ပေ။

ထိုကြောင့် ဘုရင်ကြီးက နောက်ဆုံးတွင် အလွန်တော်သော မှူးကြီး မတ်ကြီးများကို တိုင်ပင်ပြီး အကြံဥာဏ် ယူ၍ အမျိုးမျိုး ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နံနက်တိုင်း မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တိုင်း သစ်ကိုင်းပေါ်တွင် ပျံသန်းမှု လုံးဝ မရှိဘဲ ငူငူကြီး နားနေသော သိမ်းငှက်ကိုသာ တွေ့နေရသည်။

နောက်ဆုံး ရှင်ဘုရင်ကြီးမှာ ကြံရာ မရတော့သဖြင့် သူ၏ အမတ် တစ်ဦးကို ခေါ်ပြီး ကျေးလက် တောရွာ တစ်ရွာမှ သဘာဝနှင့် နီးစပ်သော သာမန် ရွာသား တစ်ဦးကို ခေါ်လာခိုင်းလိုက်သည်။

နောက်နေ့ နံနက် ရောက်သော် ဘုရင်ကြီးမှာ မျှော်လင့့်ချက် မထားဘဲ ထုံးစံအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် လှပစွာ ပျံသန်းနေသော နဂို လေးလံသော သိမ်းငှက်ကို အံ့သြဖွယ်တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။

ထိုကြောင့် ထိုရွာသားကို ရှေ့တော် သွင်းစေပြီး သိမ်းငှက်ကို မည်သို့ မည်ပုံ ပျံသန်းနိုင်အောင် လုပ်ပေး ခဲ့ကြောင်း ခေါ်ယူပြီးမေးမြန်းသည်။

တကယ်တော့ သိမ်းငှက်ကို ပျံအောင် လုပ်ရတာ တော်တော် လွယ်ပါတယ်။ ကျွန်တော်မျိုးက သိမ်းငှက် နားနေတဲ့ အကိုင်းကို ဓားနဲ့ ခုတ်ပြစ်လိုက်တာနဲ့ ထပျံတော့တာပါဘဲ။

မှန်ပါပေသည်၊ သိမ်းငှက်ကဲ့သို့ပင် လူသားများသည်လည်း မိမိတို့နှင့် ( familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ်ချင်ကြ။ အထူးသဖြင့် သက်တောင့် သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး ( comfort zone) ကိုဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ၊ အမှန်တွင် လူတစ်ဦး၏ လုပ်ကိုင်နိုင်စွမ်းမှာ အကန့်အသတ် မရှိ၊ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တစ်ကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ မှီခို တွယ်ဖက်ထားသော သစ်ကိုင်းကဲ့သို့သော အကြောက်တရားများကို ခုတ်ဖယ်ပြစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့။

Photo Ref : peregrinefund.org
လူပိန်း (ရိုးရာလေး)
www.yoyarlay.com

#lupain_yyl
#article_yyl

(unicode version)
အကြောက် သစ်ကိုင်းကို ခုတ်ပြစ်လိုက်ပါ

တခါက ဘုရင် တစ်ပါးသည် အလွန်လှပသော သိမ်းငှက် နှစ်ကောင် လက်ဆောင် ရရှိသည်၊ သိမ်းငှက်များကို လေ့ကျင့်ပေးသော ဆရာ လက်ထဲ အပ်လိုက်ရာ တစ်ကောင်မှာ နန်းတော်ထက် ကောင်းကင်တွင် လှပစွာ ပျံဝဲနိုင်လာသည်။

သို့သော် နောက်တစ်ကောင်မှာကား ယင်းကို မူလကပင် တင်ထားပေးသည့် အကိုင်းကြီး တစ်ကိုင်းမှာပင် နားနေပြီး ပျံသန်းနိုင်ခြင်း လုံးဝ မရှိသေးပေ။ ဘုရင်ကြီးမှာ ပို၍ တော်သော လေ့ကျင့် ပေးနိုင်သူများ၊ ဆေးဆရာများကို ခေါ်ယူပြီး ယင်းငှက်ကို ပျံသန်းနိုင်အောင် ပြုလုပ်စေသော်လည်း မအောင်မြင်ပေ။

ထိုကြောင့် ဘုရင်ကြီးက နောက်ဆုံးတွင် အလွန်တော်သော မှူးကြီး မတ်ကြီးများကို တိုင်ပင်ပြီး အကြံဉာဏ် ယူ၍ အမျိုးမျိုး ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နံနက်တိုင်း မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တိုင်း သစ်ကိုင်းပေါ်တွင် ပျံသန်းမှု လုံးဝ မရှိဘဲ ငူငူကြီး နားနေသော သိမ်းငှက်ကိုသာ တွေ့နေရသည်။

နောက်ဆုံး ရှင်ဘုရင်ကြီးမှာ ကြံရာ မရတော့သဖြင့် သူ၏ အမတ် တစ်ဦးကို ခေါ်ပြီး ကျေးလက် တောရွာ တစ်ရွာမှ သဘာဝနှင့် နီးစပ်သော သာမန် ရွာသား တစ်ဦးကို ခေါ်လာခိုင်းလိုက်သည်။

နောက်နေ့ နံနက် ရောက်သော် ဘုရင်ကြီးမှာ မျှော်လင့့်ချက် မထားဘဲ ထုံးစံအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် လှပစွာ ပျံသန်းနေသော နဂို လေးလံသော သိမ်းငှက်ကို အံ့သြဖွယ်တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။

ထိုကြောင့် ထိုရွာသားကို ရှေ့တော် သွင်းစေပြီး သိမ်းငှက်ကို မည်သို့ မည်ပုံ ပျံသန်းနိုင်အောင် လုပ်ပေး ခဲ့ကြောင်း ခေါ်ယူပြီးမေးမြန်းသည်။

တကယ်တော့ သိမ်းငှက်ကို ပျံအောင် လုပ်ရတာ တော်တော် လွယ်ပါတယ်။ ကျွန်တော်မျိုးက သိမ်းငှက် နားနေတဲ့ အကိုင်းကို ဓားနဲ့ ခုတ်ပြစ်လိုက််တာနဲ့ ထပျံတော့တာပါဘဲ။

မှန်ပါပေသည်၊ သိမ်းငှက်ကဲ့သို့ပင် လူသားများသည်လည်း မိမိတို့နှင့် ( familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ်ချင်ကြ။ အထူးသဖြင့် သက်တောင့် သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး ( comfort zone) ကိုဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ၊ အမှန်တွင် လူတစ်ဦး၏ လုပ်ကိုင်နိုင်စွမ််းမှာ အကန့်အသတ် မရှိ၊ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တစ်ကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ မှီခို တွယ်ဖက်ထားသော သစ်ကိုင်းကဲ့သို့သော အကြောက်တရားများကို ခုတ်ဖယ်ပြစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့။

image
4 w - Translate

ဟုတ်ပါ့

image
4 w - Translate

မနက်က ဈေးထဲသွားတာ
ငါးလှလှလေးတွေ တွေ့လို့ ပြန်လာချက်စားလိုက်ပါပြီး😋
လိုင်းပေါ်ကသူငယ်ချင်းတို့ စားကြပါအုန်းခမျ🎉

image
4 w - Translate

ပုဇွန်ဆိတ်အစပ်ကြော်
ပုဇွန်ကိုခေါင်းချိုးအမြီးချွေထား
အခွံကနုနုလေးတွေမို့ အခွံမခွာပါဘူး
ပီးရင်ဆားဆနွမ်းမျှင်ငပိနဲနဲနယ်ထား.
အရသာမှုန့် မထည့်ပါဘူး. ပုဇွန်ကအရမ်းချိုပါတယ်. ထုံးစံအတိုင်းငြုတ်သီးပုဂျင်းကြက်သွန်ဖြူနီ
ထောင်းမယ်ဆီသတ်ပုဇွန်ထည့်မွှေ. အိုးချခါနီးနံနံပင်အုပ်ထည့်ပါ. စပ်စပ်လေးနဲ့
ထမင်းမြိန်ပါတယ်လို့.

image