20 ပတ် - ဘာသာပြန်ပါ။

မြန်မာတို့ရဲ့ နှစ်ကူးပန်းငုဝါလေးတွေ
မကြာခင်မှာ ရောက်ရှိလာတော့မယ်...🥰💛💐

#flowers

image
20 ပတ် - ဘာသာပြန်ပါ။

မြန်မာတို့ရဲ့ နှစ်ကူးပန်းငုဝါလေးတွေ
မကြာခင်မှာ ရောက်ရှိလာတော့မယ်...🥰💛💐

#flowers

image
20 ပတ် - ဘာသာပြန်ပါ။

မြန်မာတို့ရဲ့ နှစ်ကူးပန်းငုဝါလေးတွေ
မကြာခင်မှာ ရောက်ရှိလာတော့မယ်...🥰💛💐

#flowers

image
20 ပတ် - ဘာသာပြန်ပါ။

မြန်မာတို့ရဲ့ နှစ်ကူးပန်းငုဝါလေးတွေ
မကြာခင်မှာ ရောက်ရှိလာတော့မယ်...🥰💛💐

#flowers

image
20 ပတ် - ဘာသာပြန်ပါ။

မြန်မာတို့ရဲ့ နှစ်ကူးပန်းငုဝါလေးတွေ
မကြာခင်မှာ ရောက်ရှိလာတော့မယ်...🥰💛💐

#flowers

image
image
image
image
20 ပတ် - ဘာသာပြန်ပါ။

ပြည်ပမှတင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ယခုဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်

ဖေဖော်ဝါရီ ၁၈

ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်တွင် တင်သွင်းခွင့်ပြုထားသည့် ပြည်ပမှ ဘိလပ်မြေများ ယခုဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ယခုပွင့်လင်းရာသီချိန်၌ ဆောက်လုပ်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေးအတွက် ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်း ဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပမှဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတိုမှ အားဖြည့်တင်သွင်းခွင့်ပြုထားကြောင်းနှင့် အဆိုပါ ပြည်ပဘိလပ်မြေများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပြည်ပမှ ဘိလပ်မြေများတင်သွင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်သွင်းခွင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုထားကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်း၌ ဘိလပ်မြေလိုအပ်ချက် မြင့်တက်လာခဲ့၍ လက်ရှိတွင် ဘိလပ်မြေဈေးနှုန်းများမှာ အမှတ်တံဆိပ်နှင့် မှာယူသည့်အိတ်အရေအတွက်အပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၈,၀၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image

ကျားဖြန့်မှာ ရှယ်ယာထည့် အကျိုးအမြတ်ယူထားခြင်းမရှိဟု BGF ပြော

ဖေဖော်ဝါရီ ၁၈

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များတွင် ကရင်နယ်ခြားစောင့် တပ်(BGF) အနေဖြင့် ရှယ်ယာထည့်ကာ အကျိုးအမြတ် ယူထားခြင်းမရှိကြောင်း BGF ၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကျားဖြန့်လုပ်ငန်းများတွင် BGF အနေဖြင့် လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘဲ မြေငှားရမ်းရုံ သာ ဖြစ်ကြောင်း၊ မြေရှင်ဖြစ်နေသည့်အတွက် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည်ဟု စွပ်စွဲခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ကျနော်တို့က မြေငှားတာပဲ။ ဒီအပေါ်မှာ အဆောက်အဦ လာဆောက်တာလည်း တရုတ်နိုင်ငံဘက်က လာဆောက်တယ်။ သူတို့ဘာသာသူတို့ ရင်းနှီးမြှုပ်နှံတယ်။ သူတို့ဘာသာ သူတို့ ဒီအလုပ်တွေ လုပ်တယ်။ ကျနော်တို့က လုံးဝ ပါဝင်ပတ်သက်တာမရှိဘူး။ ကျနော်တို့က မြေငှားသက်သက်ပဲ။ ကျနော်တို့က တော့ လုံးဝ ပတ်သက်ခြင်းမရှိဘူး။ ကျနော်တို့ကိုယ်တိုင် လုပ်ငန်းတွေမှာ ရှယ်ယာထည့်ဝင်ပြီး အကျိုးအမြတ်ယူ နေတာလည်း မရှိဘူး။ ကျနော်တို့က မြေကြီးကိုငှားတယ်။ ဒီအပေါ်မှာ အဆောက်အဦဆောက်တယ် ဒီသဘော တရားပဲ။ ဥပမာ ခြံဝင်းတစ်ခြံကို ငှားလိုက်တယ်။ ဒီအပေါ်မှာ လူတစ်ယောက်က အိမ်ဆောက်တယ်။ အဲဒီအိမ်ပေါ် မှာ မကောင်းမှုလုပ်တာ တစ်ခုခုဆို မြေပိုင်ရှင်နဲ့ ပတ်သက်မှုရှိသလားဆိုတာ ဥပမာပြောပြတာပေါ့။ အဆင်မပြေ တဲ့ လူကတော့လည်း မျိုးစုံစွပ်စွဲ ပြောဆိုနေမှာပဲလေ။ ဒါကတော့ ရှင်းရှင်းပြောရရင် ကျနော်တို့က မြေရှင်ဖြစ်တာ ကို။ မြေရှင်ဖြစ်တော့ အနီးစပ်ဆုံး စွပ်စွဲခံရတာ မဆန်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ပထမ ပြောထားပြီးသားပဲ ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် မြဝတီမြို့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ က ရောက်ရှိလာခဲ့သည်။

ထို့နောက် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့်မြဝတီမြို့များမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အပါအဝင် လူကုန်ကူး ခံထားရသူများ ကယ်ထုတ်နိုင်ရေးအတွက် ထိုင်း-တရုတ်-မြန်မာ သုံးနိုင်ငံ အစည်းအဝေး ပြုလုပ်ခဲ့ ကြကာ ရလဒ်ကောင်းများ ရခဲ့ကြောင်း BGF ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောသည်။

ကျားဖြန့်သည် သတင်းများပေါ်တွင်သာ ကြောက်စရာကောင်းခြင်းဖြစ်ပြီး တကယ့်တကယ်မှာ ဘာမှမဟုတ် ကြောင်း ၎င်းက ဆက်ပြောသည်။

ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ထူးတာကတော့ နေရပ်ပြန်ရေးကိစ္စတွေ၊ ဒီမှာလည်း အလုပ်လုပ်နေပြီ ဆိုတာ သိတော့ ဘာမှထွေထွေထူးထူး မပြောဘူး။ မြန်မာနိုင်ငံ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေ၊ တရုတ်နိုင်ငံ တာဝန်ရှိသူတွေ အဲဒီ ၃ ဖွဲ့ ဆွေးနွေးတာပေါ့။ ဒါပေမယ့် ရလဒ်ကောင်းတွေ ရတယ်လို့တော့ သိရပါတယ်။ လက်ရှိ ကတော့ ကျနော်တို့ ဖမ်းဆီးရမိထားတာ ၂၀၀၀ ကျော်နေပြီ။ ဒါက နေ့တိုင်းလုပ်နေတာပေါ့။ အခုကတော့ စစ်ဆေး နေဆဲပေါ့။ စစ်ဆေးပြီးတာကတော့ ပြန်ပို့ဖို့ အသင့်ဖြစ်နေတာကတော့ ၁၀၀၀ ကျော်ကျော်ရှိပြီ။ ကျားဖြန့်တွေ ပိုပိုများတာက သတင်းတွေအရပေါ့။ သတင်းတွေပေါ်မှာလည်း ဖတ်ရင်တော့ ကြောက်စရာကောင်းတာပေါ့။ အရင်တုန်းက ကျနော်တို့ မြဝတီမြို့လိုပေါ့ သတင်းတွေ ဖတ်ပြီးမလာရဲကြဘူး။ ဒီတိုင်းပါပဲ။ တကယ်တမ်း လာကြည့်တော့လည်း ဘာမှမဟုတ်ပါဘူး။ ကျနော်တို့ ဒီဘက်ခြမ်းမှာက သတင်းတွေကြောင့်ပါ။ တစ်ခုခုဆို ရွှေကုက္ကိုလ်ပဲ ခေါင်းစဉ်တပ်လို့ ကောင်းနေတော့ ရွှေကုက္ကိုလ်ပဲ လက်ညှိုးထိုးစရာရှိနေတာပေါ့ ဒီသဘောတရား ပါပဲ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က သုံးနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့်ဂိုဏ်းများမှ လူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထို့နောက် သုံးနိုင်ငံကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြကာ ဥပဒေနှင့်အညီ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိမှာတော့ BGF သည် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိနေသည်။

ပုံ - BGF ‌ခေါင်းဆောင်များနဲ့ ကျားဖြန့်ဂိုဏ်းက လူများကို ဖမ်းမိထားစဉ်

Credit - Central News Independence News Agency

#သတင်းဟင်းလေးအိုးကြီး

image
20 ပတ် - ဘာသာပြန်ပါ။

❝အမြစ်လိုတွယ်နေဆဲ အနာတရတွေ❞

သေချာတာကတော့ သူတို့နှစ်ယောက်လုံး ဒဏ်ရာတွေကိုယ်စီရှိကြတယ်၊ သူတို့နှစ်ယောက်ပဲသိတဲ့ အဲ့ဒီဒဏ်ရာတွေကို အချင်းချင်းဖေးမရင်း သံယောဇဥ်တွေ တည်ဆောက်မိကြတာ၊ သူတို့နှစ်ယောက်တွေ့ဆုံမှုဟာ သိပ်ကြီးထူးခြားမနေခဲ့ပါဘူး၊၊

၁၀နှစ်အရွယ်ကလေးမလေး ဆာရာဆာ
၁၉နှစ်အရွယ်ကျောင်းသား ဖုမိ
အဲ့ဒီနေ့က ပန်းခြံထဲမှာ စာထိုင်ဖတ်နေတုန်း မိုးတွေရွာလာတော့ ကလေးမလေးကို အိမ်ပြန်ဖို့ပြောတယ်၊ မိဘတွေကလည်း အတူမရှိတဲ့အပြင် ငရဲခန်းနဲ့တူတဲ့ သူ့ရဲ့အိမ်ကို ကောင်မလေးက မပြန်ချင်ဘူး၊ ဖုမိက သူ့အိမ်ကိုခေါ်သွားတယ်၊ မုန့်တွေစားလိုက် ဆော့လိုက် အိပ်လိုက်နဲ့ လွတ်လပ်ပျော်ပါးနေတာ ၂လလောက်ကြာတော့ ရဲတွေက ရှာတွေ့သွားတယ်၊ ကောင်မလေးကိုအိမ်ပြန်ခေါ်သွားတယ်၊ ဖုမိကတော့ အဖမ်းခံခဲ့ရတယ်၊ ကလေးတွေအပေါ်လိင်စိတ်ရှိနေတဲ့သူအဖြစ် အင်တာနက်မှာ ဟိုးဟိုးကျော်သွားတယ်၊၊

၁၅နှစ်လောက်ကြာတဲ့အထိ အဲ့ဒီဇာတ်လမ်းနဲ့ အဲ့ဒီလူနှစ်ယောက်အကြောင်းက လူပြောများနေတုန်း၊ကောင်မလေးကတော့ ရဲတွေနဲ့ လူကြီးတွေရှေ့မှာ အမှန်ကိုမပြောနိုင်ခဲ့လို့ ဖုမိဘဝကို ဖျက်ဆီးမိခဲ့တယ်ဆိုတဲ့ စိတ်နဲ့ ၁၅နှစ်ကို ဖြတ်သန်းခဲ့တယ်၊ အမေနဲ့မိသားစုဆီကပါ ယုံကြည်မှုမရခဲ့တဲ့ ဖုမိကလည်း ကောင်မလေးရဲ့ မလုံခြုံတဲ့ဘဝနဲ့ စိတ်ဒဏ်ရာတွေကို သိထားလို့ ကောင်မလေးအတွက် ပူပန်နေခဲ့တယ်၊၁၅နှစ်ကြာပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ မထင်မှတ်တဲ့ တစ်နေရာမှာ ပြန်ဆုံကြတယ်၊ ဖုမိက မသိချင်ယောင်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ ၂၅နှစ်အရွယ် ဆရာဆာရဲ့ နာကျင်မှုတွေကို အရင်တခါလိုပဲ ထွေးပွေ့ပေးမိပြန်တယ်၊ အရင်တခါကအတိုင်းပဲ ကံကြမ္မာက သူတို့နှစ်ယောက်ဆီကို တပတ်ပြန်လှည့်လာတယ်၊ ဒီတခါတော့ သူတို့နှစ်ယောက်တည်း မဟုတ်တော့ဘူး၊ ဆာရာဆာနဲ့ တွဲနေတဲ့ ရိုရယ် ဖုမိနဲ့တွဲနေတဲ့ အယုမိတို့ပါ ပါလာတယ်၊ အဲ့ဒီရှုပ်ထွေးမှုတွေတင်မကဘဲ ဖုမိမှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုရှိနေပါသေးတယ်၊ ဘယ်သူ့ကိုမှ မပြောရဲ မပြရဲ ဘယ်သူမှလည်းမသိခဲ့တဲ့ အဲ့ဒီလျှို့ဝှက်ချက်ကို ဆာရာဆာကိုတော့ ပြောပြခဲ့တယ်၊ အဲ့ဒီလိုလူမသိသူမသိ စိတ်ဒဏ်ရာတွေကို တစ်ယောက်နဲ့တစ်ယောက် စာနာနားလည်ပေးရင်း တစ်ယောက်လက်တစ်ယောက်တွဲပြီး လောကကြီးကို လူတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

image
20 ပတ် - ဘာသာပြန်ပါ။

❝ဂြိုလ်သားသူငယ်ချင်းအဖော်❞

𝐓𝐡𝐫𝐨𝐰𝐛𝐚𝐜𝐤: CJ7

Stephen Chow နဲ့မကြီးပြင်းလာတဲ့ကိုယ်တွေအတွက် Stephen Chow ရဲ့ရုပ်ရှင်တွေထဲ CJ7 ရုပ်ရှင်ကိုတော့ မှတ်မှတ်ရရဖြစ်စေခဲ့ပါတယ်။ တခြားသူတွေ Stephen Chow ရုပ်ရှင်တွေအကြောင်းပြောကြရင် မျက်စိကလယ်နားကလယ်ဖြစ်ပေမယ့် Stephen Chow ရဲ့ CJ7 အကြောင်းဆိုရင်တော့ ကိုယ်နဲ့အကျွမ်းတဝင်ဖြစ်တဲ့စကားဝိုင်းထဲရောက်သွားသလိုပါပဲ။ တကယ်တော့ ကိုယ်ကတရုတ်ရုပ်ရှင်လောကနဲ့ ကြီးပြင်းလာတာမဟုတ်တော့ Bruce Lee, Jackie Chan, Stephen Chow နဲ့ Jet Li တို့ဆို နာမည်ကြားဖူးရုံ၊ ရုပ်ရှင်ကြည့်ဖူးရင်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။

ကလေးတစ်ယောက်အဖေ Ti က သားဖြစ်သူ Dicky ဘဝကို ပညာရေးကသာမြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်လို့ ကိုယ်ပိုင်ကျောင်းပို့နိုင်ဖို့ရာ ကြိုးစားနေတဲ့ ဆောက်လုပ်ရေးသမားပါ။ Dicky ကလည်း စာကြိုးစားရှာပေမယ့် ဆင်းရဲလို့ ကျောင်းကချမ်းသားတဲ့ကလေးတွေ စနောက်အနိုင်ကျင့်တာခံရတယ်။ သားဖြစ်သူလိုချင်တဲ့ တန်ဖိုးကြီးအရုပ်ကို မဝယ်ပေးနိုင်လို့ အမှိုက်ပုံထဲက လင်းဖြာနေတဲ့အလုံးတစ်လုံးကိုရှာတွေ့တော့ Dicky ကိုပေးလိုက်ပါတယ်။ ဒီအလုံးလေးဟာ နောက်ကျတော့ Dicky ရဲ့ဂြိုလ်သားသူငယ်ချင်းဖြစ်လာပါတယ်။

ရုပ်ရှင်ကရိုးရိုးရှင်းရှင်းနဲ့ ကလေးတွေအကြိုက်တွေ့စေခဲ့တဲ့ကားပါ။ အခုအချိန်ပြန်ကြည့်ရင် တမျိုးတဖုံခံစားချက်မျိုးဖြစ်နိုင်ပေမယ့် ဒီဖက်အာရှဖက်မှာ အဲ့ခေတ်အခါက ဂြိုလ်သားသူငယ်ချင်းဆိုတဲ့ သဘောတရားက ကလေးတိုင်းသဘောကျစရာဖြစ်ခဲ့ပါတယ်။ အင်တာနက်ခေတ်မှာ CJ7 ကလေးသရုပ်ဆောင်က ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဆိုတဲ့ပို့စ်လည်း အမြဲတွေ့မြင်ကြမှာပါ။ ဒီရုပ်ရှင်က ရုပ်ရှင်ဝေဖန်ရေးသမားတွေ အကြိုက်မဟုတ်ပေမယ့် Stephen Chow ရဲ့ ကြည့်ပျော်ရှုပျော်ရုပ်ရှင်ထဲပါဝင်ခဲ့ပါတယ်။ Stephen Chow ရဲ့ပုံမှန်ရုပ်ရှင်တွေလိုပဲ ဟာသပေမယ့် လူနေမှုအလွှာတစ်ခုရဲ့ အခက်အခဲတွေ၊ ရိုးရိုးကျင့် မြင့်မြင့်ကြံသင်တဲ့အကြောင်းနဲ့ ရယ်ရပြီး တအောင့်အကြာမှာမှ ခံစားရတဲ့ဟာသတွေပေါင်းကာ သူ့ရဲ့တခြားရုပ်ရှင်တွေလောက် ထိထိမိမိမရှိပေမယ့် ကလေးအကြိုက်ရုပ်ရှင်ကို ငယ်ဘဝအမှတ်တရဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်ထင်ပါတယ်။

image
20 ပတ် - ဘာသာပြန်ပါ။

part-2
ကျွန်တော့်အနေဖြင့် စကားပြောရတာ သဘောကျ သလောက် လူအများအတွက် အဘယ့်ကြောင့် အဆင်မပြေသည် ကိုသိသည်။ ပြောမှားဆိုမှားဖြစ်မည်ကို စိုးရိမ်ကြသည်။ အပြော အဆို မှန်သော်လည်း ကာလဒေသ မမှန်မည်ကို စိုးရိမ်ကြ သည်။ တိတ်ဆိတ်နေပြီး အရူးဟု အထင်ခံရခြင်းထက် စကား ပြောပြီး အရူးမဟုတ်ဟု အထင်ခံရခြင်းက ပိုကောင်းကြောင်း စာရေးဆရာတစ်ယောက်က ရေးခဲ့သည်။ လူစိမ်းတစ်ယောက်ကို ပြောသည့်အခါ၊ လူပေါင်းများစွာကို တစ်ချိန်တည်းပြောသည့် အခါ ပို၍ကြောက်လန့်တတ်ကြသည်။
ဤစာအုပ်က အကြောက်တရားကို ဖယ်ရှားပေးလိမ့် မည်ဟု မျှော်လင့်သည်။ ကျွန်တော် နားလည်သမျှဆိုလျှင် သင် ၏သဘောထားသာ မှန်ကန်လျှင်၊ သင်၏စိတ်နေထားသာ မှန်ကန်လျှင် စကားမပြောနိုင်သည့်သူ မည်သူမျှမရှိ။ ဤစာအုပ် ဖတ်ပြီးနောက် စိတ်ချလက်ချ ပြောနိုင်ဆိုနိုင်မည်။ တစ်ဖက်သား နားလည်ရန် ဘယ်လိုပြောမည်ကို သိလာမည်။ ကောင်းကောင်း ပြောတတ်ပြီး ပြောရတာကိုလည်း ပျော်လာမည်။
အခြေအနေအမျိုးမျိုးနှင့် ကြုံကြိုက်သည့်အခါ မည်သို့ ပြောမည်ကို လက်တွေ့ ဥပမာများဖြင့် ပြထားသည်။ သင်၏ ဆွေးမျိုးသားချင်း မင်္ဂလာဆောင်မှအစ ညစာစားပွဲများ၊ မိဘ ဆရာအသင်း အစည်းအဝေးများအထိ အခြေအနေမျိုးစုံပါဝင် သည်။ ရုပ်မြင်သံကြား၌တွေ့ သည့် ဧည့်သည်များထံမှရရှိသည့်သင်ခန်းစာများ၊ ကျွန်တော်၏ သင်ခန်းစာများကို မည်သို့အသုံး ချနိုင်ပုံ၊ အချို့သင်ခန်းစာများမှ အကူအညီ ခက်ခက်ခဲခဲရလာပုံ တို့ကို တွေ့ရမည်။
လူနှင့်အခြားသတ္တဝါများ ခြားနားသည့် အရာတစ်ခုမှာ စကားပြောဆိုခြင်းဖြစ်ပြီး စကားပြောဆိုခြင်းသည် လူသားတို့ ဆက်သွယ်ရေး၏ အခြေခံအကျဆုံး ပုံစံဖြစ်သည်။ သာမန်လူ တစ်ယောက်သည် တစ်နေ့လျှင် ဝေါဟာရ တစ်သောင်းရှစ်ထောင် ခန့် ပြောလေ့ရှိသည်ဟုဆိုသည်။ ထိုစကားကို သံသယမဖြစ်ပါ။ ကျွန်တော့်အနေဖြင့် ထိုထက်မက ဖြစ်နိုင်သေးသည်။ ထိုသို့ဆို လျှင် စကားပြော အရည်အသွေးပိုကောင်းရန် အဘယ်ကြောင့် မလေ့ကျင့်ပါသနည်း။ ယခုစကြစို့။ စာမျက်နှာကို လှန်လိုက်ပါ။
ဟာဘီရေ... နားထောင်ပေတော့။


လယ်ရီကင်း

image