Apu Lay shared a post  
24 w

24 w

နေ့စဉ်မိုးလေဝသသတင်း
---------------------------

(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=====================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍၊ မိုးအသင့်အတင့်ရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍၊ မိုးအသင့်အတင့်ရွာပြီး တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍၊ မိုးအသင့်အတင့်ရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Credit - မိုးဇလ

#သတင်းဟင်းလေးအိုးကြီး

image
image
image

စစ်မှန်တာပဲသောက်ချင်တာ

image

နိုဝင်ဘာ ၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

24 w - Translate

Trump အနိုင်ရပြီးနောက် စတော့ရှယ်ယာစျေးများ ထိုးတက်လာ။

2024 ခုနှစ် ရွေးကောက်ပွဲတွင် Donald Trump အနိုင်ရပြီးနောက် အမေရိကန်စတော့ဈေးကွက်သည် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိသွားသော်လည်း ရေရှည်တည်တံ့မည်လားကို မေးခွန်းထုတ်စရာဖြစ်လာသည်။

Dow Jones Industrial Average (^DJI) သည် 3.5% သို့ ခုန်တက်သွားပြီး 2022 ခုနှစ်နောက်ပိုင်း ၎င်း၏အကောင်းဆုံးနေ့အဖြစ် စံချိန်တင်ပြီး 3.5% သို့မဟုတ် 1,500 မှတ်ခန့် ခုန်တက်သွားခဲ့သည်။ စံသတ်မှတ်ချက် S&P 500 (^GSPC) သည် 5,900 အဆင့်ကိုကျော်ရန် အကြမ်းဖျင်း 2.5% တက်သွားခဲ့ပြီး၊ နည်းပညာ ဆိုင်ရာ Nasdaq Composite (^IXIC) သည် 2.9% ခန့် မြင့်တက်လာပြီး စံချိန်သစ်တင်ခဲ့သည်။

image

image
24 w - Translate

Myanmar Women League 2024 ၏ သွင်းဂိုးအများဆုံးရရှိသူ တိုက်စစ်မှူးများ

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် တစ်ပွဲသာ ကျန်ရှိနေချိန်၌ သွင်းဂိုးအများဆုံးသွင်းယူနိုင်သည့် တိုက်စစ်မှူးနှစ်ဦးထွက်ပေါ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက ယ‌နေ့တွင် အသိ‌ပေးထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ ISPE အသင်းမှ တိုက်စစ်မှူးလင်းမြင့်မိုရ်နှင့် ဧရာဝတီအသင်းမှ တိုက်စစ်မှူး စန်းသော်သော်တို့ဖြစ်ပြီး၊ ပွဲစဉ် တစ်လျှောက် သွင်းဂိုး (၁၉) ဂိုးစီသွင်းယူ၍ အပြိုင်ရပ်တည်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စန်းသော်သော် ကစားနေသည့် ဧရာဝတီအသင်းသည် ပွဲစဉ်အားလုံး ကစားရန် ပြီးဆုံးပြီဖြစ်သဖြင့် သွင်းဂိုး (၁၉) ဂိုးနှင့်သာ နှစ်သိမ့်ခဲ့ရပြီဖြစ်သည်။

သို့သော် တိုက်စစ်မှူး လင်းမြင့်မိုရ် ကစားနေသည့် ISPE အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားကြရဦးမည်ဖြစ်ရာ၊ ထိုပွဲစဉ် အတွင်း ၎င်းအနေဖြင့် သွင်းဂိုးထပ်မံ ရရှိပါက ယခုနှစ်အတွက် ဂိုးသွင်းအများဆုံး သွင်းယူနိုင်သည့် ကစားသမားဆုကို ဆွတ်ခူးမည်ဖြစ်သည်။

သွင်းဂိုး ထပ်မံမသွင်းယူနိုင်ပါက (၁၉) ဂိုးစီဖြင့် တိုက်စစ်မှူးနှစ်ဦး ပူးတွဲဆု ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ISPE အသင်းမှ ခင်မာလာထွန်းနှင့် မြဝတီ( ယခု ဧရာဝတီ အသင်း)မှ စန်းသော်သော်တို့က သွင်းဂိုး (၁၆) ဂိုးစီဖြင့် ပူးတွဲ ရရှိခဲ့ကြသည်။

image
24 w - Translate

ရုံးဆ"င်းဖို့ စော"င့်နေသူတစ်ယော"က်ရဲ့ ရ"င်ဖွ"င့်သံ ☺️

image

စီချွမ့် ချဉ်စပ် ဟင်းချို
--------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
--------------------------------------
ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
ဂျင်း – ၃ပြား
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
--------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။

၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။

၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။

၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။

၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။

၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

image