ဒီနေ့ ရာသီဥတုအေးသလောက် နွေးထွေးပေးမယ့်ရင်ခွင်မရှိတဲ့သူတွေအတွက်တော့ သနားစရာလေး...နော် ခိုခို😏🤌
#kuukuu

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီနေ့ ရာသီဥတုအေးသလောက် နွေးထွေးပေးမယ့်ရင်ခွင်မရှိတဲ့သူတွေအတွက်တော့ သနားစရာလေး...နော် ခိုခို😏🤌
#kuukuu
တရုတ် - မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ နဲ့ သဘောတူစာချုပ် (၇)ခု ရေးထိုးချုပ်ဆို
နိုဝင်ဘာ ၇
တရုတ် - မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ နဲ့ သဘောတူစာချုပ် (၇)ခု ကို နိုဝင်ဘာ (၆) ရက်နေ့က ရေးထိုးချုပ်ဆိုခဲ့ကြတယ်လို့သိရပါတယ်။
စာချွန်လွှာနဲ့ သဘောတူစာချုပ် တွေကို နစက ဥက္ကဌနဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအပြီး ချုပ်ဆိုခဲ့ကြတာလို့ သိရပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးတဲ့ထဲမှာ တိကျစွာ တိုင်းတာခြင်း နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်နားလည်မှုစာချွန်လွှာ၊ အားကစားမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ နဲ့ တရုတ်နိုင်ငံရဲ့ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန (SAC)နှင့် မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့အကြား နားလည်မှုစာချွန်ဆိုတဲ့ (၃)စောင်ကို ရေးထိုးခဲ့ကြတာလို့ သိရတယ်။
သဘောတူ စာချုပ်တွေအနေနဲ့ကတော့ မြန်မာကောင်စစ်ဝန်ရုံး (ကူမင်းမြို့)နဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး)တို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ အတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များ၊ အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ ချုပ်ဆိုခဲ့ကြတာလို့ သိရပါတယ်။
နစက ဥက္ကဌဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်နဲ့ ထိပ်သီးအစည်းတွေ တက်ရောက်ဖို့ ရောက်ရှိနေချိန် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်းတွေ့ဆုံခဲ့ပြီး စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါသေးတယ်။
#သတင်းဟင်းလေးအိုးကြီး
မြစိမ်းရောင် စက်မှုဇုန်ထဲက ငါး အကွက် C 4 မှာရှိတဲ့ အအေးခန်းမှာမီးလောင်မှု ဖြစ်ပွား
နိုဝင်ဘာ ၇
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ထဲက မြစိမ်းရောင် စက်မှုဇုန်မှာရှိတဲ့ အကွက်အမှတ် C4 က ငါးအအေးခန်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဟာ နိုဝင်ဘာ ၇ ရက်နံနက် (၃) နာရီ ခွဲ အချိန်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထန်းတပင်မြို့နယ်နဲ့ လှိုင်သာယာ မီးသတ် စခန်းတို့ မီးသတ်ယာဉ်တွေနဲ့ မီး ငြိမ်း သတ်ခဲ့ရတယ်လို့သိရပါတယ်။
မီးကိုတော့ (၄) နာရီ လောက်မှာ အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှု အခြေနေကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
#centralnewsnaypyitaw
တရုတ်ကို အခြေပြုပြီး မြန်မာကိုပျက်စီးအောင်လုပ်မှု လက်မခံဟု တရုတ်ပြော
နိုဝင်ဘာ ၇၊ နေပြည်တော်။
တရုတ်နိုင်ငံအတွင်း အခြေပြုပြီး မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ဘူးဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြော ကြားလိုက်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်ဝန်ကြီးချုပ် လီချန်နှင့် ကူမင်းမြို့ရှိ Haigeng Garden Hotel (ဟိုင်ဂင် ဂါဒင်းဟိုတယ်)၌ တွေ့ဆုံ၍ မြန်မာ-တရုတ်အရေး ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုတွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ကာ နှစ်နိုင်ငံအကြားသာမက ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု တို့ကို ထပ်လောင်းအသိအမှတ်ပြုပါကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီး အောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည် မဟုတ်ဘူး”ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ပလောင် တပ်ဖွဲ့ (TNLA)၊ ရခိုင်တပ်ဖွဲ့(AA)၊ ကချင်တပ်ဖွဲ့(KIA)တို့က မြန်မာ့တပ်မတော်ကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို သိမ်းပိုက်ခဲ့သည်။
TNLA-AA-MNDAA တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ PDF များ၊ BPLA၊ KNDF၊ PLA တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ လောက်ကိုင်၊ ကုန်ကြမ်း၊ မုံးကိုး၊ ဖောင်ဆိုင်း၊ ချင်းရွှေဟော် တို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင်၊ နွားထိုးကြီး၊ သပိတ်ကျင်း စသည့် ဒေသများကို သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ၁၀၂၇ စစ်ဆင်ရေးကို တရုတ်နှင့် UWSA က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားရေး အင်အားစု များက စွပ်စွဲ၍ တရုတ်နိုင်ငံ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များမှာ ပြုလုပ်ခဲ့ သည်။
တရုတ်ဝန်ကြီးချုပ် လီချန်က “မြန်မာနိုင်ငံ၏အရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အရေးပင်ဖြစ်သဖြင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်”ဟု ပြောသည်။
MNDAA-TNLA-AA တို့သည် မြန်မာအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ(၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ် ဒေသတွင်ရှိသည့် တပ်မတော်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် အင်အား သုံးစတင် တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော် လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် လီချန်ကို ပြောကြားခဲ့သည်။
၎င်းက “ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင် မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA -TNLA-AA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာလျင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက် နိုင်မည်”ဟု ပြောသည်။
နစကသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က လက်နက်ကိုင်နည်းလမ်းဖြင့် မတောင်းဆိုဘဲ နိုင်ငံရေးနည်း လမ်းအရ တွေ့ဆုံဆွေးနွေးရန်၊ ရွေးကောက်ပွဲကနေ တောင်းဆိုရန် လက်နက်ကိုင်အဖွဲ့များနှင့် PDF များကို ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
တရုတ်နိုင်ငံအနေဖြင့် နစကမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က နစကဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ပုံ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌတွေ့ဆုံစဥ်
#centralnewsnaypyitaw