Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး ဦးသစ်လင်းအုန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၎င်း၏ ခန့်အပ်လွှာကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတထံ ပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်၌ နိုဝင်ဘာ (၅) ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်ထံသို့ သံအမတ်ကြီး ဦးသစ်လင်းအုန်းက ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်း/အရှေ့တွင် မိုးရွာသွန်းမှုကြောင့် ဆိုက်ခေါင်တံတားအစားထိုး ယာယီတံတားချဉ်းကပ်လမ်း ဆိုးရွားစွာပျက်စီးနေ
ရှမ်းပြည်နယ်အရှေ့တွင် မိုးရွာသွန်းမှုကြောင့် ဆိုက်ခေါင်တံတားအစားထိုး ယာယီတံတား၏ ချဉ်းကပ်လမ်း ဆိုးရွားစွာပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားယာဉ်များ အခက်ကြုံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
နိုဝင်ဘာ (၆) ရက်မှ (၈)ရက်နေ့အထိ နိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလကသတင်းထုတ်ပြန်ထားသည့်အတွက် ချောင်းရေထပ်မံမြင့်တက်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ယင်းအတွက် ပျက်စီးနေသော တံတားချဉ်းကပ်လမ်း ရေကြီရေလျှံမဖြစ်ပွားစေရန် ချောင်းနဘေးနံရံများကို သဲအိတ်ကာရံခြင်းလုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု သိရသည်။
"တံတားလေးရှိပြန်တော့လည်း မိုးရွာတော့ သွားလို့လာလို့အဆင်မပြေပြန်ဘူး။ သဲကြမ်းနည်းနည်းဖို့လိုက်ရင် အဆင်ပြေနိုင်မယ်ထင်တယ်။ မုန်တိုင်းသတင်း က လည်း ရှိသေးတယ်။ သတိပြုသွားလာကြရမှာပေါ့"ဟု ၎င်းက ဆိုသည်။
ဆိုက်ခေါင်-မိုင်းဆတ်သွား ယာယီတံတားသစ်ကို အောက်တိုဘာ (၃၀) ရက် နံနက်ပိုင်းမှ စတင်၍ ဖြတ်သန်းခွင့်ပြုခဲ့ပြီး တံတား၏ အရှည် (၂၂၇) ပေ နှင့် အကျယ်မှာ (၁၀) ပေရှိကာ အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်၊ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရပြီး စက်တင်ဘာ (၂၇) ရက်မှစ တင်၍ ယာယီသံဘေလီတံတားအစားထိုးတည်ဆောက်ပေးခဲ့သည်။
ယင်းကဲ့သို့ တည်ဆောက်နေစဉ်ကာလအတွင်း အောက်တိုဘာ (၁၇) ရက် နံနက် (၁၁) နာရီအချိန်၌ တံတားကြမ်းခင်းနေစဉ် ဒုတိယအကြိမ် ပြန်လည်ပြိုကျခဲ့သဖြင့် ယခု ယာယီတံ တားငယ်ကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။