Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လတ်တလော ပုဂံကို ခရီးသွားဖို့ စီစဉ်ထားတဲ့သူတွေ ခရီးစဉ်ဖျက်သိမ်းလိုက်တာ အကောင်းဆုံး အဖြေပါပဲ။
ယနေ့ (၁၈-၂-၂၀၂၅) မနက်ပိုင်း ပုဂံရှေးဟောင်းနယ်မြေ အလိုတော်ပြည့်ဘုရားမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ခရီးသွားတွေကို ကြပ်မတ်ပါတော့မယ်။ လက်ရှိအချိန် ပုဂံကို ရောက်နေတဲ့ ခရီးသွား လူငယ်များ အထူးသတိထားကြပါ။ ဖြစ်နိုင်ရင် ဟိုတယ်ထဲကနေ အပြင်မထွက်ကြပါနဲ့။
ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး။ တခုခု ဖြစ်သွားရင်လည်း ဘာမှ မတတ်နိုင်ပါဘူး။ အပျော်တွေထဲမှာ မျောမနေဘဲ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင် သုံးသပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#ပုဂံ
#အလိုတော်ပြည့်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့လူငယ်တောင်ပံတိုက်စစ်ကစားသမား အာမတ်ဒ်ဒီဂျန်လ်လိုကို လေ့ကျင့်နေစဉ်အတွင်းဒဏ်ရာရရှိခဲ့တာကြောင့်လာမဲ့အပတ်မှာဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်စေဖို့ပို့ဆောင်ရန်ပြင်ဆင်နေပါတယ်။အခြေအနေအရပြင်းထန်မှုရှိပြီး ဒီရာသီကုန်အထိအနားယူရဖို့သေချာသလောက်ရှိနေပြီလည်းဖြစ်ပါတယ်။
မနေ့တုန်းကသတင်းအနေအထားအရတော့ ဒီဂျန်လိုရဲ့ဒဏ်ရာဟာ ခြေချင်းဝတ်မှာဒဏ်ရာရရှိခဲ့ပြီး ကလပ်အသင်းဆေးအဖွဲ့အနေနဲ့ သူ့ကိုလာမဲ့ရာသီကာလမှာကြံ့ခိုင်မှုပြီးပြည့်စုံလာဖို့အတွက်အမြန်ဆုံးခွဲစိတ်ကုသမှုခံယူစေဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီဂျန်လိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးအမြန်ဆုံးတရားဝင်ထုတ်ပြန်ကြေငြာလာဖို့ပြင်ဆင်နေပြီး ကလပ်အသင်းအနေနဲ့လည်း ကစားသမားရဲ့ပြန်လည်ထူထောင်ရေးကိုလာမဲ့နှစ်သစ်မတိုင်ခင်အကောင်းဆုံးမာကျောမှုရှိလာစေဖို့အာရုံစိုက်နေတာဖြစ်ပါတယ်။
အသင်းရဲ့လူငယ်ကစားသမား ဒီဂျန်လ်လိုအနေနဲ့ ဒီရာသီရဲ့လက်ကျန်ကာလတလျှောက်လုံးအသင်းအတွက်ပါဝင်ကစားပေးရတာမြင်ရမှာမဟုတ်တဲ့သရဲနီအသင်းပရိသတ်တွေအတွက်တော့သတင်းဆိုးဖြစ်တယ်လို့ယူဆရပါတယ်။
#ဘောလုံးသတင်းစုံ
စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု သမ္မတကတော် ပါဝင်ဖွယ်ရှိ
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၈
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk-yeol) ၏ အောင်မြင်ခဲ့ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှု၌ သမ္မတကတော် ကင်မ် ကေဝန် ဟီး (Kim Keon-hee) လည်း ပါဝင်ပတ်သက်ဖွယ်ရှိနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်ဟု South China morning Post မှ ဖော်ပြခဲ့သည်။
ယွန်းနှင့်ကင်မ်တို့သည် ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှု စွဲချက်များကို ဖုံးကွယ်ရန်အတွက် စစ်အုပ်ချုပ်ရေးအမိန့် ကို ကြေညာရန် စီစဉ်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲနေကြသည်။
၎င်းတို့ ဇနီးမောင်နှံသည် ၂၀၂၂ ခုနှစ် ဒေသန္တရ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်ကို ကြားဝင်စွက်ဖက်ခဲ့ကြောင်း အတိုက်အခံ ကိုရီးယားဒီမိုကရက်တစ်ပါတီ (DPK) က ဖေဖော်ဝါရီ ၁၆ ရက်တွင် စွပ်စွဲခဲ့သည်။
ထို့ကြောင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုတွင် ကင်မ်လည်း ပါဝင်ပတ်သက် နေနိုင်သဖြင့် အထူးစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် DPK က တောင်းဆိုနေသည်။
သို့သော် အာဏာရ ပြည်သူ့အင်အားပါတီ (PPP) ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အတိုက်အခံများ၏ စွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်းနှင့် တည်ငြိမ်မှု ပျက်ယွင်းစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။
မကြာသေးမီက အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ ချိုတေးယုံ (Cho Tae-yong) ၏ ထုတ်ဖော် ပြောဆိုမှုများအရ ကင်မ်သည် နိုင်ငံရေးအရှုပ်တော်ပုံထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ကင်မ်သည် စစ်အုပ်ချုပ်ရေးအမိန့် မကြေညာမီက ၎င်းအား မက်ဆေ့ချ် ၂ စောင်ပို့ခဲ့ပြီး ထိုမက်ဆေ့ချ်များကို နောက်တစ်ရက်တွင် စာပြန်ခဲ့ကြောင်း ချိုက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှု၌ ပြောကြားခဲ့သည်။
သမ္မတကတော်က ထိုကဲ့သို့ မက်ဆေ့ချ်များကို အရင်က ပို့လေ့ပို့ထ မရှိကြောင်းနှင့် ထိုမက်ဆေ့ချ်များထဲတွင် ရေးသားထားသည့် အကြောင်းအရာများကိုမူ မမှတ်မိတော့ကြောင်း ချိုက ပြောကြားခဲ့သည်။
ကင်မ်သည် ယခုစွပ်စွဲချက်များ မတိုင်မီ ယခင်ကလည်း အဂတိလိုက်စားမှု၊ စတော့ရှယ်ယာစျေးများကို ကြိုးကိုင် ချယ်လှယ်မှုများဖြင့် စွပ်စွဲခံထားရသည်။
Source: South China Morning Post
ပုံ - သမ္မတယွန်းဆော့ရွဲနဲ့ ဇနီးကို တွေ့ရစဉ်
#centralnewsnaypyitaw
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်-ရုရှားဆွေးနွေးပွဲ ဆော်ဒီမှာ စတင်
ရီယတ်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ ဦးဆောင်ဆွေးနွေးနေပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးပွဲမှာ ယူကရိန်း သို့မဟုတ် ဥရောပနိုင်ငံတွေကိုတော့ ဖိတ်ကြားခဲ့တာမရှိပါဘူး။ ဒါဟာ စစ်ပွဲအဆုံးသတ်ရေး ရုရှားက အလေးအနက်ထားလားဆိုတာ စောင့်ကြည့်ဖို့ ပထမဆုံးခြေလှမ်းလို့ အမေရိကန်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်-ရုရှား ဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြင်သစ်မှာ စုဝေးနေကြပါတယ်။
အစည်းအဝေးမှာ ပြင်သစ်သမ္မတ မက်ခရို၊ ဂျာမနီအဓိပတိ အိုလုပ်ရှုဇ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာအပါအဝင် ဥရောပခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ တက်ရောက်သူတွေဟာ ဆော်ဒီမှာကျင်းပမယ့် အမေရိကန်-ရုရှား ဆွေးနွေးပွဲဖြစ်နိုင်ခြေနဲ့ ယူကရိန်းလက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းအရေးမှာ ဥရောပအနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရင် မြေပြင်မှာ ဗြိတိန်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဗြိတီန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ ဒါပမယ့်လည်း အချိန်မတန်သေးဘူးလို့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်က ပြောပါတယ်။
ဆွေးနွေးမှုတွေထဲမှာ .ယူကရိန်းကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်မယ့်အစီအစဉ်နဲ့ စစ်ပြီးချိန်မှာ လုပ်ဆောင်မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်ကတော့ ယူကရိန်းအတွက် ဥရောပနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။
Ref:BBC/NHK
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________
" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...
ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။
သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။
ဘာလို့လဲဆိုတော့...
တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။
ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။
ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။
စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။
လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။
ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။
ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။
#crd_to_owner_with_respect
#foryou
#စာပေဗဟုသုတဆုံဆည်းရာ
#နိုင်ငံတကာသတင်း
◾️ယူကရိန်းသို့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များစေလွှတ်ရေးတွင် ဥရောပခေါင်းဆောင်များသဘောထားကွဲ
ဥရောပ၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်သွားရေးအတွက် ကာ ကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားရမည်ဖြစ်ကြောင်း ပါရီမြို့တွင် အရေးပေါ် ဆွေး နွေးပွဲပြုလုပ်နေသော ဥရောပခေါင်းဆောင်များက တိုက်တွန်းကြသော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပံ့ပို့ရေး ငြိမ်းချမ်းရေးထိန်းသိန်းမှု တပ်ဖွဲ့များ ယူကရိန်းသို့ စေလွှတ်ရေးတွင် သဘောထားကွဲလွဲခဲ့ကြကြောင်းရိုက်တာသတင်းကဆိုသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်ကို တစ်ပြိုင်နက်တည်းမလုပ်ဘဲ ယူကရိန်းစစ်ပွဲအပစ်ရပ်ရေးလုပ်ဆောင်ခြင်းမှာ အန္တရာယ်ရှိကြောင်း ဥရောပ ခေါင်း ဆောင်များက သဘောတူကြသည်။
ထို့ပြင် အမေရိကန်၏ အထောက်အပံ့ပေါ်မူတည်၍ ၎င်းတို့ကလည်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ပေးရန်အသင့်ရှိကြောင်းကိုလည်းဥရောပခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု ဥရောပ အရာရှိ ကြီး တစ်ဦးက ပြောသည်။
မိမိတို့အနေဖြင့် ‘အင်အားတောင့်တင်းမှုမှတစ်ဆင့်ငြိမ်းချမ်းရေးဆီသို့’ ဆိုသော သမ္မတထရန့်၏ နည်းလမ်းကို သဘောတူကြောင်း အမည်မဖော်သူ အရာရှိကြီးက ပြောကြားသည်။
အမေရိကန်အရာရှိများနှင့် ရုရှားအရာရှိများ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ အ စည်းအဝေးကျင်းပရန်ရှိနေစဉ် ပြင်သစ်သမ္မတ မက်ခရွန်က ပါရီမြို့အရေးပေါ် အစည်းအဝေးကို ခေါ်ယူခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးများမတိုင်မီတွင် မက်ခရွန်က အမေရိကန် သမ္မတ ထရန့်အား ဖုန်းပြောဆိုခဲ့ကြောင်း နှစ်ဖက်စလုံးမှ အရာရှိများက ပြောကြားကြသည်။
ထို့ပြင်ပြင်သစ်သမ္မတ မက်ခရွန်နှင့် အချိန်ကြာဖုန်းပြောခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ပြောကြားသည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် ရုရှားသမ္မတ ပူတင်ထံ ဖုန်းခေါ်ဆို စကားပြောခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဒေါ်နယ်ထရန့်က ကြေ ညာခဲ့ရာ ယူကရိန်းနှင့် ဥရောပမဟာမိတ်များအား အံ့အားသင့်စေခဲ့သည်။
ထို့နောက်ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စေလွှတ်သွားရန် စိတ်အားထက်သန်ကြောင်း အရေးပေါ် အစည်း အဝေးမတိုင်မီ ပြောကြားခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဥရောပအနေနှင့်တပ်ဖွဲ့များ စေလွှတ်နိုင်ရန် အမေရိကန်ထံမှ လုံခြုံရေးအာမခံချက် ရရှိရန် လိုအပ်ကြောင်းဆိုသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များယူကရိန်းသို့စေလွှတ်ရေးကိုဗြိတိန်ဝန် ကြီးချုပ်ကတွန်း အား ပေးနေသော်လည်း ယင်းကိစ္စအပေါ် အခြားဥရောပ ခေါင်း ဆောင်များကြား သဘောထားကွဲလွဲနေကြပြီး ၎င်းတို့ထဲတွင် ဂျာမနီအဓိပတိ အိုလက်ရှိုးဇ် နှင့် အီတလီ ၊ ပိုလန် နှင့် စပိန်ဝန်ကြီးချုပ်များလည်း ပါဝင်ကြသည်။
ယူကရိန်း၏သဘောထားမပါဘဲနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရှိနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် မရှိဘဲ ဂျာမနီငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်များ ယူကရိန်းသို့ စေလွှတ်ခြင်းက အလွန်မသင့်လျော်ကြောင်း အိုလက်ရှိုးဇ် ကပြောသည်။
သတင်း-ရဲမင်း