Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ် - မြန်မာ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်မည်
တရုတ် - မြန်မာနှစ်နိုင်ငံခရီးသွားကဏ္ဍတွင် အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်ခြင်းဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေး သင်တန်းများဖွင့်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံတွင် တရုတ်ခရီးသွားစျေးကွက် မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ ဂရုပြုမှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍတွင် အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်ခြင်းဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မာစေမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
အလားတူ အခမ်းအနားသို့တက်ရောက်လာသည့် တရုတ်သံမှူး Mr. Li Qianguo ကလည်း တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် Air China အရောင်းကိုယ်စားလှယ်မှ အပြည်ပြည်ဆိုင်ရာနှင့်ဒေသတွင်း လေကြောင်းခရီးစဉ်များကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဒေသအသီးသီးမှ သင်တန်းသား သင်တန်းသူပေါင်း (၂၄၀) ကျော် တက်ရောက်မည့် အဆိုပါသင်တန်းများကို တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မှအရင်းအနှီးထည့်ဝင် ကူညီစီစဥ်၍ ရက်ပေါင်း (၂၀) ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတ နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက ထရမ့်၏ 'သမိုင်းဝင်တစ်ကျော့ပြန်ပြန်လာခြင်း' အတွက် ချီးကျူးဂုဏ်ပြုကြ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ပြင်သစ်သမ္မတ အီမန်နျူယယ်မိုက်ခရွန်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက ထရမ့်၏ 'သမိုင်းဝင်တစ်ကျော့ပြန်ပြန်လာခြင်း' အတွက် ချီးကျူးဂုဏ်ပြုကြသည်။
နေတန်ယာဟုက X တွင် ၎င်း၏ဂုဏ်ပြုလွှာကို မျှဝေခဲ့ပြီး "ချစ်ခင်ရပါသော ဒေါ်နယ်နှင့် မယ်လီနီယာထရမ့်၊ သမိုင်း၏အကြီးကျယ်ဆုံးပြန်လည်ရောက်ရှိလာခြင်းအတွက် ဂုဏ်ယူပါသည်။ အိမ်ဖြူတော်သို့ သင်၏သမိုင်းဝင်ပြန်လာခြင်းသည် အမေရိကအတွက် အစပြုခြင်းအသစ်နှင့် အစ္စရေးနှင့် အမေရိကကြား မဟာမိတ်ပြုမှုကြီးကို အားကောင်းမောင်းသန်သော ကတိကဝတ်တစ်ခုပေးပါသည်။ ဒါဟာ ကြီးမားတဲ့ အောင်ပွဲပါပဲ။ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှုနှင့် သင်၏ ဘင်ဂျမင် နှင့် ဆာရာ နေတန်ယာဟု"ဟူ၍ရေးသားထားသည်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မိုက်ခရွန် ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး “ဂုဏ်ယူပါတယ် သမ္မတ ဒေါ်နယ်ထရမ့်။ လေးနှစ်ကျော်ကြာအောင် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခင်ဗျားရဲ့ခံယူချက်တွေ ကျွန်တော်နဲ့ အတူတကွပါပဲ။ လေးစားမှုနှင့် ရည်မှန်းချက်။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်”ဟူ၍ရေးသားထားသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီး ကလည်း "အထင်ကြီးစရာကောင်းသော ရွေးကောက်ပွဲအောင်ပွဲ" ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။
ဇလန်းစကီး က "သူရဲ့ အထင်ကြီးလောက်စရာကောင်းတဲ့ ရွေးကောက်ပွဲအောင်ပွဲအတွက် ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုပါတယ်။ ယူကရိန်း-အမေရိကန်အကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြတဲ့ စက်တင်ဘာလတုန်းက သမ္မတ ထရမ့်နဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံမှုကို ပြန်အမှတ်ရမိပါတယ်”ဟု X တွင်ရေးသားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း ထရမ့်အား ဂုဏ်ပြုစကား ပြောကြားပြီး "ခင်ဗျားရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ အောင်ပွဲအတွက် အသဲနှလုံးနဲ့ ဂုဏ်ပြုပါတယ်" ဟု ပြောကြားခဲ့သည်။ “ယခင်သက်တမ်းအတွင်း အောင်မြင်မှုများအပေါ် သင်တည်ဆောက်သကဲ့သို အိန္ဒိယ-အမေရိကန် ဘက်စုံကမ္ဘာလုံးဆိုင်ရာနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည်စတင်ရန် မျှော်လင့်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် ကျွန်ုပ်တို့၏ပြည်သူလူထု ပိုမိုကောင်းမွန်လာစေရန် အတူတကွ လုပ်ဆောင်ကြပါစို့။”ဟုလည်း မိုဒီက ရေးသားထားသည်။
လာအို၊ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့နှင့် နစကဥက္ကဌ မြန်မာ့အရေးဆွေးနွေး
နိုဝင်ဘာ ၆၊ နေပြည်တော်။
လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့နှင့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးကြကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဌသည် နိုဝင်ဘာ ၆ ရက်နေ့က ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ HUALUXE Kunming ဟိုတယ်မှာ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Hun Manet တို့နှင့်လည်း Green Lake ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပ မည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်လာသည့် တခြားသော နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
လာအို၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ များနှင့် လက်ရှိ ပကတိ အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံအတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ နှင့် အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါနေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်လိုအပ်သည့် အခြေအနေများကို နစကဥက္ကဌ ချပြ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အလားတူ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားအခြေအနေ၊ လူမှုရေး အခြေအနေနှင့် ယဉ်ကျေးမှု အခြေအနေများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#centralnewsnaypyitaw