Copy & Paste နည်းပညာရဲ့ ဖခင်ကြီး Larry Tesler
--------------------------------------------------
ကျွန်တော်တို့ နေ့စဉ်သုံးနေကြတဲ့ Copy & Paste လုပ်ဆောင်ချက်ဟာ ကွန်ပျူတာနည်းပညာမှာ အရေးပါတဲ့ တီထွင်မှုတစ်ခုပါ။ ဒီနည်းပညာကို ပထမဆုံး တီထွင်ခဲ့သူကတော့ Larry Tesler ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ကျွန်တော်တို့ ဒီနေ့ခေတ်ကွန်ပျူတာသုံးနေသူတိုင်း အချိန်ကုန်အများကြီး သက်သာနေရတာလည်း ဖြစ်ပါတယ်။
Larry Tesler ရဲ့ ငယ်ဘဝနဲ့ ပညာရေး အကြောင်းကိုပြောရရင် Larry Tesler ဟာ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်ခဲ့ပြီး၊ Stanford တက္ကသိုလ်မှာ သင်္ချာဘာသာနဲ့ ဘွဲ့ရခဲ့ပါတယ်။
Copy & Paste ကို တီထွင်ရခြင်း အကြောင်းရင်းကတော့ ၁၉၇၃ ခုနှစ်မှာ Xerox PARC ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ် Tesler ဟာ ကွန်ပျူတာအသုံးပြုသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းပညာတစ်ခု လိုအပ်နေတာကို သတိထားမိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စာသားတွေကို ရွှေ့ပြောင်းဖို့အတွက် ရှုပ်ထွေးတဲ့ Commands တွေ ရိုက်ထည့်ရတာမို့ အချိန်ကုန်ပြီး ခုခေတ်လိုမျိုး မလွယ်ကူခဲ့ပါဘူး။ ဒါ့ကြောင့် Tesler က "ကွန်ပျူတာကို လူတိုင်း လွယ်လွယ်ကူကူ သုံးနိုင်ရမယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ Copy & Paste စနစ်ကို တီထွင်ခဲ့ပါတယ်။
သူ့ရဲ့ အခြားထင်ရှားတဲ့ ပါဝင်မှုတွေကို ပြောရရင် Copy & Paste အပြင် Tesler ဟာ Apple ကုမ္ပဏီမှာ ၁၉၈၀ ကနေ ၁၉၉၇ အထိ အလုပ်လုပ်ခဲ့ရင်း Macintosh ကွန်ပျူတာတွေရဲ့ User Interface ဒီဇိုင်းမှာ အဓိက အလုပ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် Amazon နဲ့ Yahoo! လိုကုမ္ပဏီတွေမှာလည်း အကြီးတန်း ရာထူးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
Larry Tesler ဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပေမယ့် သူတီထွင်ခဲ့တဲ့ Copy & Paste နည်းပညာကိုတော့ ဒီနေ့အထိ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာ နေ့စဉ်သုံးနေကြဆဲ ဖြစ်သလို၊ ဒီနည်းပညာကြောင့်ပဲ အချိန်တွေအများကြီး အကုန်သက်သာစေခဲ့ပါတယ်။
