ဟိုတယ်ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲမီးလောင်မှု မန္တလေးရှိ ရှင်းသန့်ဟိုတယ်တွင် ယနေ့ဖြစ်ပွား၊ ဟိုတယ်မန်နေဂျာ မီးပေါ့ဆမှူဖြင့် အရေးယူခံရ

ဖေဖော်ဝါရီ ၂၄

ဟိုတယ်ဝန်ထမ်းအိပ်ဆောင်အတွင်း ဖုန်းအားသွင်းထားရာမှ မီးပလပ်ခုံ အပူလွန်ကဲ မီးလောင်မှု မန္တလေးမြို့ရှိ ရှင်းသန့်ဟိုတယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၈ (A) လမ်း၊ (ဇ) ရပ်ကွက်ရှိ ရှင်းသန့်ဟိုတယ်၏ ဝန်ထမ်းအိပ်ဆောင်တွင် အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။

“ဟိုတယ်ဝန်ထမ်း‌တွေ အိပ်နေတုန်းလောင်တာ။ ဖုန်းအားသွင်းတာကနေ Shock ဖြစ်တာပါ။ အဲဒီက‌နေ မွေ့ယာကို မီးကူးတာကနေ လောင်တာ။ ဒဏ်ရာအနာတရမရှိကြပါဘူး”ဟု အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ၂၀’×၆၀’ အရွယ်အစမီးလေရှိ)ထပ် အထပ်သားခင်း အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်း မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သည့် ဟိုတယ်မန်နေဂျာ အသက် ၃၃ နှစ်အရွယ်ရှိသူ အမျိုးသားအား စက်မှုနယ်မြေရဲစန်းတွင် (ပ-၂၆/ ၂၈၅/၂ဝ၂၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image